← Chapters

အခန်း (၁၀၉၉)

Vol. 74 Ch. 1099

အခန်း (၁၀၉၉)

Vol. 74 Ch. 1099

ဝေါ့

အချိန်နှင့်တည်နေရာလမ်းကြောင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မယုံကြည်နိုင်မှုများ ပြည့်နှက်လျက် ရှိနေသော မျက်ဝန်းတစ်စုံနှင့်အတူ သွေးများ အန်ထွက်လျက် ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ သူသည် သိုလှောင်လက်စွပ်ထဲတွင် မည်သည့်ပစ္စည်းများ ရှိမည်ဆိုသည်ကို စိတ်ဝိညာဉ်အာရုံများ ဖြန့်ကျက်ကာ အတင်း ကြည့်ရှုခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အထဲတွင်ရှိသော အားအင်တစ်ခုသည် သူ့အား တွန်းကန်ခဲ့ပြီးသည့် နောက် မရီဒန်များကိုပင် ဒဏ်ရာ ရရှိစေခဲ့၏။

“မဟုတ်သေးဘူး”

သူ့အနေနှင့် တခြားသောသူများ၏ ပစ္စည်းများကို ယူငင်ရာတွင် အလွန်တရာ လုံခြုံခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤတစ်ကြိမ်တွင် ဤကဲ့သို့ မတော်တဆမှုမျိုး ဖြစ်ပွားရသနည်း။

စနစ်က ရှင်းပြလိုက်သည်။ “သိုလှောင်လက်စွပ်ထဲမှာ အရမ်းကို အားကောင်းတဲ့ စိတ်ဝိညာဉ်စည်းတစ်ခု တည်ရှိနေတယ်။ ဒါက သူ့ရဲ့ ပစ္စည်းတွေကို တခြားသူတွေ ယူမသွားအောင်လို့ တားဆီးထားတာပဲဖြစ်ရမယ်”

“..........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ တစ်ဖက်လူသည် သေသွားခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ထိုသူကျန်ခဲ့သော ဤအတားအဆီးမှာတော့ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုကို ကာကွယ်ပေးလျက် ရှိနေသေး၏။

စနစ်က ပြောလိုက်သည်။ “ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတွေက သူတို့ရဲ့ ကိုယ်ပိုင်ချမ်းသာမှုတွေကို အရမ်းပဲ စိုးရိမ်ပူပန်တတ်ကြတယ်လေ။ ဒါကြောင့် တခြားသူတွေ ယူမသွားစေချင်ဘူး”

“ငါ... မချိုးဖြတ်နိုင်ဘူးဆိုတာ လုံးဝမယုံဘူး”

ကုန်းရှန့်သည် ဒေါသများ တလိပ်လိပ် တက်လာ၏။ ပြီးသည့်နောက် သိုလှောင်လက်စွပ်ကို သေသေချာချာဖြင့် ပြန်လည်ပြင်ဆင်ကာ စိတ်ဝိညာဉ်အာရုံများဖြင့် စုစည်း၍ ဆက်လက် ဖြိုခွင်းလျက် ရှိနေတော့၏။ သို့ပေမဲ့ ယခင်ကအတိုင်း ကျရှုံးလျက်ပင် ရှိနေသေးသည်။

ဒုတိယအကြိမ်တွင် သေသေချာချာ အာရုံဖြန့်ကျက်မှုကို ပြုလုပ်သောကြောင့် တန်ပြန်မှုကို အနည်းငယ်ခံစားလိုက်ရသည် ဆိုသော်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရရှိမှုမျိုးတော့ မရှိပေ။ ကိစ္စမရှိပေ။ သူ့အနေနှင့် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ဆီသို့ ရောက်ရှိရန် အချိန်အနည်းငယ် ယူရဦးမှာဖြစ်သည်။ ဘာမှလုပ်စရာမရှိသည့်အချိန်မျိုးတွင် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ ရယူရန် ကြိုးစားနိုင်စွမ်း ရှိနေ၏။

ဖြောက် ဖြောက် ဖြောက် …။

အချိန်နှင့်တည်နေရာပိုးကောင်သည် လေဟာနယ်၏ အတွင်းပိုင်းဆီသို့ ဆက်လက်ကာ ဝါးမြိုလျက် ရှိနေသည်။

...........

“ဘာတွေဖြစ်နေတာလဲ။ ဝင်ပေါက် ဘယ်ရောက်သွားတာလဲ”

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ များပြားလှသည့် ဝိညာဉ်မျိုးနွယ်များ၏ စွမ်းအားမြင့်ကျင့်ကြံသူ တော်တော်များများသည် လှိုဏ်ခေါင်းတည်နေရာ သို့ရောက်ရှိပြီးသည့်နောက်မှာတော့ ထွက်လမ်း မရှိတော့သည်ကို မြင်လိုက်ရတော့သည်။ ၎င်းတို့အားလုံးသည် တည်နေရာမှာတင် ကြက်သေ သေကာ ဆွံ့အလျက် ရှိနေတော့၏။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးဘက်ကနေ စည်းခတ်ခဲ့တာလား”

“ဒါက ပြည့်စုံတဲ့ တည်နေရာအတားအဆီးတစ်ခုပဲလေ။ အစီအရင်ရဲ့အော်ရာတွေလည်း လုံးဝမရှိဘူး။ ဒါက စည်းခတ်သွားတာ လုံးဝမဟုတ်ဘူး”

“ဒါဆိုရင် ငါတို့ ဆက်ပြီးတော့ တိုက်ခိုက်ရမှာလား”

“မဟုတ်ဘူး။ ငါတို့ ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်သွားမယ်ဆိုရင် ဒီလမ်းကြောင်းကြီးတစ်ခုလုံးက မတည်မငြိမ် ဖြစ်ပြီးတော့ အားလုံး လေဟာနယ်ထဲမှာ ပိတ်ပြီး သေဆုံးကုန်လိမ့်မယ်”

လှိုဏ်ခေါင်း၏ အဆုံးဘက်ဆီသို့ ရောက်ရှိပြီး ဝင်ရောက်ရန် လမ်းမရှိတော့သည်ကို မြင်ရပြီးသည့်နောက်မှာတော့ ဝိညာဉ်မျိုးနွယ်၏ စွမ်းအားမြင့် ကျင့်ကြံသူများသည် မည်သို့လုပ်ရမည်မှန်း မသိတော့ချေ။

“သွားကြရအောင်”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “ကုန်းမြေတိုက်ကြီးဆီ ပြန်ပြီးတော့ ဧကရီဆီ သတင်းပို့ရအောင်”

.........

ဖြောက် ဖြောက် ဖြောက်

တခြားသော အချိန်နှင့်တည်နေရာလမ်းကြောင်းထဲမှာတော့ ပိုးကောင်သည် ဆက်လက်ကာ တူးလျက် ရှိနေတော့၏။

ကျွင်းချောင်ရှောင်းမှာတော့ အနောက်မှလိုက်ရင်း ချွေးတဒီးဒီး ကျလျက် ရှိနေတော့သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာဖြင့် သိုလှောင်လက်စွပ်ထဲတွင်ရှိနေသောအရာများကို ကြည့်ရှုရန် အလွန် အမင်းကြိုးစားခဲ့ရ၏။ သို့ပေမဲ့ ယခုအထိ အောင်မြင်မှု မရခဲ့ချေ။

စနစ်က ပြောလိုက်၏။ “ဒီအထဲမှာရှိတဲ့အရာတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ပိုင်ရှင်က အသက်ရှင်နေတုန်းက အရမ်းကို အားကောင်းတဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်။ အခု သေပြီဆိုရင်တောင်မှ လက်ခံသူအနေနဲ့ ကိုယ့်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင်နဲ့ ဘယ်လိုမှ ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ အရှုံးပေးလိုက်တာ ပိုကောင်းမယ်”

မူလအားဖြင့် အရှုံးပေးရန် ပြင်ဆင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ထိုစကားသံကို ကြားသည့်အချိန် မှာတော့ အံကို ကြိတ်ကာ ပြောလိုက်တော့၏။ “မရဘူး။ ငါကတော့ အဆုံးထိ တိုက်ခိုက်ရမှာပဲ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူ... အနာဂတ်မှာ ဒီထက်ပိုပြီး အားကောင်းလာမယ်ဆိုရင် ဒါကို ဖွင့်ဖို့ အခွင့်အရေးရလိမ့်မယ်လေ။ အခုအချိန်မှာတော့ အခွင့်အရေး မရှိပါဘူး”

အဘယ်ကြောင့် သူသည် ဤမျှ ယုံကြည်ချက် ရှိနေသနည်း။ သိုလှောင်လက်စွပ်၏ စည်းထဲတွင် ရှိနေသော အားအင်အဆင့်ကို သူသေသေချာချာ သုံးသပ်ပြီးပြီဖြစ်၏။

လက်ခံသူ၏ လက်ရှိစိတ်ဝိညာဉ်စွမ်းအင်များအရဆိုလျှင် ဤအရာကို ချိုးဖြတ်နိုင်ဖို့ဆိုသည်မှာ ဖြစ်နိုင်ချေ သုညပင် ဖြစ်သည်။ သူ့အနေနှင့် ပါးပိတ်ခံရမည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်မည်ကို စိုးရိမ်နေစရာ မလိုပေ။ ဤကိစ္စမှာ သေချာတိကျ ခိုင်မာလွန်းလှသည်။

“သခင်”

အချိန်နှင့်တည်နေရာပိုးကောင်က မေးလိုက်သည်။ “ဘာတွေလုပ်နေတာလဲ”

“ချိုးဖြတ်နေတာလေ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ရပ်ကာဖြင့် ပြောလိုက်သည်။ “ဒီသိုလှောင် လက်စွပ်ထဲမှာရှိတဲ့ စည်းအတားအဆီး အစီအရင်ကို မင်းအနေနဲ့ ချိုးဖြတ်ပစ်လို့ရလား”

“စည်းအတားအဆီးလား”

တည်နေရာနှင့်အချိန်ပိုးကောင်သည် အသာလှည့်ကာ သိုလှောင်လက်စွပ်ကို လှမ်းယူ ကြည့်လိုက်၏။

ဆွစ်

ထူးဆန်းလှသည့်အော်ရာများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ အာရုံဖြန့်ကျက်မှုကို ခုခံကာကွယ်ထားသည့် စည်းအစီအရင်ကြီးသည် ရုတ်တရက်ဆိုသလိုပဲ ကျိုးပြတ်သွားတော့သည်။ သူသည် အမှုမထားသလို လှမ်း၍ ပြောလိုက်၏။ “ဒါက အရမ်းလွယ်လွန်းတယ်”

ကျွင်းချောင်ရှောင်း “....”

ငါ့အနေနဲ့ ရက်ပေါင်းအတော်ကြာအောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မကျိုးပြတ်ခဲ့ဘူး။ ဒါပေမဲ့ ပိုးကောင်ကတော့ တစ်စက္ကန့်တောင်မကြာဘူး။ ချိုးဖြတ်ပစ်လိုက်တယ်။ ဒါက ငါ့ရဲ့ အတ္တတရားကို ထိခိုက်စေတဲ့အရာပဲ။

စနစ် “...”

ငါလောကမှာ ပါးပိတ်အခံရဆုံး စနစ်ဆိုရင်တောင်မှ ဒီလို ထပ်တလဲလဲ ရိုက်နေဖို့တော့ မလိုပါဘူး။

...................

တည်နေရာနှင့်အချိန်ပိုးကောင်သည် သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုစည်းကို ချိုးဖြတ်ပြီး သည့်နောက်မှာတော့ အရှေ့ကို ဆက်ကာ လမ်းကြောင်းဖောက်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းမှာတော့ မည်သည့်အတားအဆီးမှ မရှိတော့သောကြောင့် သိုလှောင်လက်စွပ်ထဲသို့ဝင်ကာ အားရပါးရ ကြည့်ရှုတော့သည်။ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ သိုလှောင်လက်စွပ်ဖြစ်သောကြောင့် အတွင်းတွင်ရှိသော ပစ္စည်းများမှာ လည်း အရေအတွက် အလွန်များပြားလှ၏။ ထို့အပြင် များပြားလှသည့် သိုင်းအရင်းအမြစ်များလည်း တည်ရှိလို့ နေ၏။ ဥပမာအားဖြင့် ဆဋ္ဌဂံကြယ်ကျောက်တုံး ဆယ်သန်းပင် ဖြစ်သည်။

“ဖြစ်နိုင်တာက”

ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်စွာ ထိန်းချုပ်ကာ ပြောလိုက်တော့သည်။ “ဒီလူက ဘုံကိုးပါးကုန်းမြေတိုက်ကြီးက စွမ်းအားမြင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်”

နေ့စဉ် ကိုယ်တိုင်ရေးမှတ်တမ်းကဲ့သို့သော အရာမျိုးကို ရှာဖွေမတွေ့ရှိရဘူး ဆိုသော်လည်း ၎င်း၏ ကျင့်ကြံခြင်း နှင့်ဆိုင်သော အရင်းအမြစ်များကို သေချာကြည့်ရှုပြီးသည့်နောက်မှာတော့ ထိုလူသည် ဘုံကိုးပါးကုန်းမြေတိုက်ကြီး ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူအတည်ပြုလိုက်မိ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချကာ ပြောလိုက်၏။ “ဒီလို စွမ်းအားမြင့် ကျင့်ကြံသူတွေတောင်မှ အဆုံးမဲ့တဲ့ လေဟာနယ်ထဲမှာ ပိတ်မိပြီး သေဆုံးသွားနိုင်သေးတယ်။ လူသားတွေရဲ့ဘဝက အန္တရာယ်တွေနဲ့ ပြည့်နှက်နေကြတာပါလား”

သူတီးတိုးရေရွတ်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲတွင် ရှိသော များပြားလှသည့် သိုင်းကျမ်းစာများကို လှန်လှောကာ ကြည့်ရှုနေမိတော့သည်။

ထင်မှတ်ထားသည့်အတိုင်းပင် လေဟာနယ်ကို ချိုးဖြတ်နိုင်သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ ၎င်း၏ စုစည်းထားသော သိုင်းနည်းစနစ်များအားလုံးသည် အဆင့်မြင့်မားရုံသာမက အမျိုးအစားများလည်း စုံလင်လွန်းလှ၏။

ပစ္စည်းများကို သေသေချာချာ ကြည့်ရှုမည် ဆိုလျှင် သိုင်းစာအုပ်ပေါင်း သုံးရာကျော်ခန့်ပင် တည်ရှိလို့နေတော့သည်။ ထိုအထဲတွင် သူတော်စင်အဆင့် သိုင်းနည်းစနစ် လေးဆယ်၊ နတ်ဘုရားအဆင့် သိုင်းနည်းစနစ် ခြောက်ခုနှင့် နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်းနည်းစနစ် နှစ်ခုတို့ တည်ရှိလို့ နေသည်။

ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူတွေဘက်မှကြည့်ရှုမည်ဆိုလျှင် ဤသိုင်းကျင့်ကြံခြင်း နည်းစနစ်များ၏ တန်ဖိုးသည် ဆဋ္ဌဂံကြယ်ကျောက်တုံး ဆယ်သန်းထက်ပင် ပိုမို၍ များပြားလွန်းနေ၏။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ “ဝိညာဉ်ကုန်းမြေတိုက်ကြီးဆီသို့ သွားရာလမ်းမှာ တော့ သူသည် များပြားလွန်းလှသော သိုင်းပညာ အရင်းအမြစ်များကို ရရှိခဲ့၏။ ထို့အပြင် နတ်ဘုရားအဆင့် သိုင်းနည်းစနစ်ကိုလည်း ရရှိခဲ့၏။ ထိုအရာမှာ အလွန်ကံကောင်းလှခြင်းဟု ဆိုနိုင်၏။

“လောကကြီးမှာ အလကားရတယ်ဆိုတာ ဘာမှမရှိဘူး။ ဒါပေမဲ့ ငါကလွဲရင်ပေါ့ ….”

ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့်နှင့်အထက် သိုင်းနည်းစနစ်အား ဖတ်ရှုရန် မစောင့်နိုင်တော့ချေ။ ထိုနည်းစနစ်သည် ထျန်းကျွင်း ဝိညာဉ်သန့်စင်ခြင်း အတတ်ပညာဖြစ်သည်။

သိုင်းကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ကို ပိုမိုအားကောင်းအောင် ပြုလုပ်ပေးနိုင်၏။ ထိုသူသည် လေဟာနယ်ကို ဖြတ်သန်းကာ သွားလာနိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သူကျင့်ကြံခဲ့သည့်နည်းစနစ် သည် ဝိညာဉ်ကို ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်သည့် နည်းစနစ်ဖြစ်သည်။ သို့ပေမဲ့ ခန္ဓာကိုယ်မှာတော့ လေဟာနယ်ကို ဖြတ်သန်းသည့်အချိန်တွင် မည်သို့မှ မခံစားနိုင်ခဲ့ချေ။ ထို့ကြောင့်ပင် အဆုံးမဲ့သော လေဟာနယ်ထဲတွင် နစ်မြှုပ်ပြီး သေဆုံးသွားခဲ့ခြင်းပင် ဖြစ်၏။

“သနားစရာ ကောင်းလိုက်တာ” ကျွင်းချောင်ရှောင်းသည် ထိုသူအတွက် သုံးစက္ကန့်လောက် ငြိမ်သက် ပေးလိုက်သည်။

စနစ်က ပြောလိုက်သည်။ “ဝိညာဉ်တည်ဆောက်ခြင်းဆေးလုံးတွေက လက်ခံသူရဲ့ဝိညာဉ်ကို ပိုပြီး အားကောင်းစေ နိုင်တယ်ဆိုပေမဲ့ တကယ်တော့ အားနည်းသေးတယ်လေ။ ဒီလိုမျိုး နတ်ဘုရားအဆင့်နဲ့အထက် သိုင်းကျင့်ကြံခြင်း နည်းစနစ်နဲ့ ဝိညာဉ်တွေကို ပိုမို အားကောင်းအောင် ပြုလုပ်မယ်ဆိုရင် အကောင်းဆုံးပဲလေ”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ “ငါ့အနေနဲ့ ဘုံကိုးပါးကုန်းမြေတိုက် ကြီးက စွမ်းအားမြင့် ကျင့်ကြံသူလို အဆုံးစွန်အထိ နားလည်နိုင်စွမ်း ရှိသွားမယ်ဆိုရင် လေဟာနယ်ကို ချိုးဖြတ် နိုင်စွမ်း ရှိသွားမှာလား”

“အင်း... ယုတ္တိဗေဒအရ ပြောမယ်ဆိုရင်တော့ အမှန်ပါပဲ။ ဒါပေမဲ့ လေဟာနယ်ကို ချိုးဖြတ်ဖို့ဆိုတာက မသေချာ၊ မရေရာမှုတွေက အများကြီးပဲလေ။ အထက်နယ်မြေကို တက်လှမ်းနိုင်မလား။ မတတ်လှမ်းနိုင်ဘူးလားဆိုတာက လက်ခံသူရဲ့ ကံတရားအပေါ် မူတည်နေတယ်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထက်နယ်မြေကို တက်နိုင်တာ၊ မတက်နိုင်တာ ငါစိတ်မဝင်စားဘူး။ ငါ့အနေနဲ့ လေဟာနယ်ကို ချိုးဖြတ်နိုင်ပြီဆိုရင် ရပြီ”

သူ့အား လက်ရှိအခြေအနေတွင် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန် အခွင့်အရေးပေးသည်ဆိုပါက ကျိန်းသေပေါက် ငြင်းပယ်မှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းစနစ်၏ တာဝန်အား အဆုံးစွန်အထိ တာဝန်ကျေပွန်အောင် မလုပ်ရသေးချေ။ ထို့ကြောင့် အထက်နယ်မြေ ဆီသို့ တက်လှမ်းသွားမည်ဆိုပါက သူသည် ချိန်ကိုက်ဗုံးပေါက်ကွဲကာ သေဆုံးသွားမှာ သေချာ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ အသိအမြင်အဆောင်အား ဆွဲထုတ် လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဒါဆိုရင်လည်း ဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်ကို စပြီးတော့ ကျင့်ကြံ လိုက်တာပေါ့”

ဖြောက်

အဆောင်ကျိုးကျေသွားပြီးသည့်နောက်မှာတော့ များပြားလှသော သိုင်းနည်းစနစ်များသည် သူ၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။ သို့ပေမဲ့ ထန်းကျွင်းဝိညာဉ်သန့်စင်ခြင်းအတတ်ပညာကို စတင်လေ့လာသည့်အချိန်မှာတော့ မန္တာန်ကိုပင် မနည်းနားလည်အောင် ကြိုးစားနေရ၏။

စနစ်က ထကာပြောလိုက်တော့သည်။ “ဒီလို နတ်ဘုရားအဆင့်နဲ့အထက် နည်းစနစ်မျိုးတွေက အလယ်အလတ် အဆင့် အသိအမြင်အဆောင်နဲ့ ဘယ်လိုလုပ် ရမှာလဲ။ ဒီထက်အဆင့်မြင့်မားတဲ့အရာကို ရှာမှ ရမှာပေါ့”

...............

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ငါ့အနေနဲ့ အချိန်ကာလတစ်ခုအထိ မလေ့ကျင့်နိုင်သေးဘူးဆိုတဲ့ သဘောပေါ့”

စနစ်က ပြောလိုက်သည်။ “အဆင့်မြင့်စတိုးထဲသွားပြီး Refresh လုပ်မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ အသိအမြင် အဆောင်မျိုးကို ရနိုင်တယ်လေ။ ဒါဆိုရင် လွယ်လွယ်ကူကူနဲ့ လေ့ကျင့်လို့ရပြီ”

လက်ခံသူသည် ဂိုဏ်းစုဆောင်းများကို အသုံးပြုမည်ဆိုလျှင် သူ့အနေနှင့် ရင်နာရမည်ဆိုလျှင်တောင် ကိစ္စမရှိချေ။

“ချီးတဲ့မှ... ငါ မင်းကို အားရာဆီကို ပို့ပြီးတော့ လေ့ကျင့်စေချင်မိတယ်”

All Chapters