← Chapters

အခန်း (၁၀၉၇)

Vol. 74 Ch. 1097

အခန်း (၁၀၉၇)

Vol. 74 Ch. 1097

ဆယ်ရက်အတွင်း အချိန်နှင့်တည်နေရာ ပိုးတီကောင်သည် ဆဋ္ဌဂံကြယ်ကျောက်တုံး သန်းနှစ်ဆယ်ကျော်ကို စားသုံးပြီးသည့်နောက်မှာတော့ အောင်အောင်မြင်မြင်ဖြင့် အချိန်နှင့်တည်နေရာပိုးကောင်အဖြစ် အသွင်ပြောင်းလဲ ခဲ့ပြီဖြစ်သည်။ ပုံပန်းသွင်ပြင်ကို ကြည့်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း အရင်တုန်းက ဆော့ခဲ့ဖူးသည့် LOL ဂိမ်းထဲမှ Baron Nashor နှင့် ဆင်တူလျက်ရှိနေသည်။

ဝှစ် ဝှစ် …..။

အချိန်နှင့်တည်နေရာပိုးကောင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ထူးခြားလွန်းလှသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်တွင် ဖြစ်တည်ပြီးသည့်နောက်မှာတော့ အစီအရင်၏ တည်နေရာ အတားအဆီးသည် တုန်ခါသွားစေ၏။

“မင်း အချိန်နဲ့ တည်နေရာ လမ်းကြောင်းတွေကို ဖွင့်လှစ်နိုင်ပြီပေါ့” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

အချိန်နှင့်တည်နေရာပိုးကောင်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒါက ကိစ္စသေးသေးလေးပါ”

ဖြောက် ဖြောက် ဖြောက်

ပြောပြီးသည့်နောက်မှာတော့ ၎င်း၏ ပါးစပ်ထဲမှ ရှည်လျားချွန်ထက်လှသော သွားကြီးများ ရုတ်တရက် ထွက်ပေါ် လာပြီး အရှေ့တွင်ရှိနေသော တည်နေရာအတားအဆီးကို ကိုက်ကာ အားရပါးရ စားသုံးလျက်ရှိ၏။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်၏။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ တည်နေရာကို အတင်းချိုးဖြတ်ရပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်သတ္တဝါသည် ထိုအတားအဆီး အစီအရင်အား တစ်ခါတည်း ဝါး၍စားလျက် ရှိနေတော့၏။ အချိန်နှင့် တည်နေရာပိုးကောင်၏ စွမ်းရည်သည် ၎င်း၏ပါးစပ်ကြီးကို ဟကာဖြင့် တည်နေရာထဲတွင် အပေါက်ကြီးများဖြစ်အောင် စားသုံးခြင်းပင် ဖြစ်သည်။ အံ့အားသင့်စရာ ကောင်းလွန်းချေသည်။

“သခင်... ဘယ်ကို သွားချင်လဲ။ ကျုပ်ခေါ်သွားမယ်”

“ဝိညာဉ်ကုန်းမြေတိုက်လေ”

“ဒါဆိုရင် တိကျတဲ့ တည်နေရာတစ်ခုကို ပေးပါ့လား”

အချိန်နှင့် တည်နေရာပိုးကောင်သည် တည်နေရာများအား နက်ရှိုင်းစွာ စားသုံးဝါးမြိုနိုင်စွမ်း ရှိတော့၏။ သို့ပေမဲ့ စကြဝဋ္ဌာကြီးဆိုသည်မှာ အလွန်တရာ ကြီးမားကျယ်ပြန့် လွန်းလှ၏။ တိကျသည့် တည်နေရာ မရှိဘဲနှင့် မည်သို့မှ ခရီးသွားလာ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့နောက်လိုက်ခဲ့တော့”

......

အသင်္ချေမြို့

လေ့ကျင့်ရေးကွင်းပြင်ထဲတွင်တော့ များပြားလှသော စစ်သည်များသည် လေ့ကျင့်လျက် ရှိနေကြ၏။ သားရဲပေါင်း နှစ်သိန်းကျော်သည်လည်း မြို့၏ ပတ်ပတ်လည်တွင် ရွေ့လျား သွားလာလျက် ရှိနေကြသည်။ ၎င်းတို့၏ ပုံပန်း သွင်ပြင်များသည် ပုံမှန်အတိုင်း ဖြစ်နေကြသည်ဆိုသော်လည်း ရွှဲရမ်ကွေ့၏ အမိန့် ရရှိသည်နှင့် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေကြောင်း သိသာ ထင်ရှားလှသည်။

များပြားလှသော တည်နေရာ အသီးသီးမှ ထိပ်တန်းစစ်သည် များအားလုံးသည် လက်ရှိ သားရဲစီးဟောခန်းမှလူများနှင့် ရင်ဆိုင်မည်ဆိုပါက စွမ်းအင်ကင်းမဲ့သလိုပင် ဖြစ်နေပေ လိမ့်မည်။

“နံပါတ်သုံး... ငါနည်းနည်း ကြောက်ရွံ့နေသလိုပဲ”

မဟူရာသဲဂိုဏ်းမှ တပည့်များသည် ကျောက်ရိုင်းများကို လာရောက်ပို့ဆောင်သည့်လမ်းမှာတော့ များပြားလှသော ဝံပုလွေသားရဲများ၊ ကြမ်းတမ်းလွန်းလှသော စိတ်ဝိညာဉ် သားရဲများ တည်ရှိနေသည်ကို မြင်ရပြီးသည့်နောက် နဖူးစပ်တွင် ချွေးအေးများ ထွက်သည်အထိ ထိတ်လန့် ကြောက်ရွံ့လျက် ရှိနေ၏။

၎င်းတို့သည် လူသားများသာ နေထိုင်သည့်မြို့ထဲတွင် နေထိုင်ခဲ့ကြသူများဖြစ်၏။ ထို့ကြောင့် နေရာအနှံ့ သားရဲများ တည်ရှိနေသည်ကို မြင်ရပြီးသည့်နောက်မှာ ထိတ်လန့်ကြောက်ရွံ့နေသည်မှာ သဘာဝပင် ဖြစ်တော့သည်။

“ငါလည်း ဒီကို ပထမဦးဆုံး ရောက်တုန်းက နည်းနည်းကြောက်မိတယ်လေ”

နံပါတ်သုံးဟု ခေါ်သော တပည့်သည် အတွေ့အကြုံရင့်ကျက်စွာဖြင့် ပြောလိုက်တော့သည်။ “ဒါပေမဲ့ စိတ်ပူစရာ မလိုဘူး။ သူတို့က ရင်းနှီးမှု ရှိကြတယ်လေ။ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”

ဝှစ်

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုသည် ရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ ထူးဆန်းလွန်းသော ပုံပန်း သွင်ပြင်နှင့် သတ္တဝါကြီးတစ်ကောင် ပေါ်ပေါက်လာခဲ့၏။ “ဒါဘာကြီးလဲ။ ဒီလို သတ္တဝါမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”

မြို့ထဲတွင် များပြားလှသော ကြမ်းတမ်းသည့် သားရဲရိုင်းများ တည်ရှိနေ၏။ ထို့ကြောင့် ၎င်းတို့မြင်ဖူးသည့် သားရဲ များဖြစ်သောကြောင့် တော်တော်များများသည် အသားကျလျက် ရှိနေ၏။ သို့ပေမဲ့ ဘာမှန်းမသိဘဲ အချိန်နှင့် တည်နေရာပိုးကောင်ကြီးသည် ရောက်ရှိလာခဲ့သည်။

ရွှီး ရွှီး

တည်နေရာအစီအရင်၏ အပြင်ဘက်ကို တည်နေရာ ရွေ့ပြောင်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရွှဲရမ်ကွေ့အား သွားရောက်ကာ စကားမပြောတော့ချေ။ ချက်ချင်းပဲ အတားအဆီး အစီအရင်ကြီး တည်ရှိရာ နေရာဆီသို့ သွားရောက်လိုက်တော့သည်။

“သခင်”

တည်နေရာနှင့် အချိန်ပိုးကောင်သည် ရောက်ရှိလာခြင်းမှာပဲ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ မျိုးနွယ်တွေရဲ့အော်ရာ ဒီနေရာကနေ ရတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်တုန်းက ဝိညာဉ်မျိုးနွယ်တွေက အချိန်နဲ့ တည်နေရာပိုးကောင်ကို အသုံးပြုပြီး တည်နေရာ အတားအဆီးကို ချိုးဖြတ်တယ်။ ပြီးတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ကျူးကျော်ဝင်ရောက်လာခဲ့တာပဲ”

“ကျုပ် နားလည်ပြီ”

အချိန်နဲ့ တည်နေရာပိုးကောင်က ပြောလိုက်တော့သည်။ “သခင်... လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းတုန်းက ချန်ခဲ့တဲ့ တည်နေရာကနေပြီးတော့ သွားစေချင်တာလား။ ဒါမှမဟုတ် တခြားတည်နေရာက သွားမလား”

“တခြားလမ်းက ..” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “ဒီမှာ အစောကြီးကတည်းက အချိန်နဲ့ တည်နေရာ လမ်းကြောင်းတစ်ခု တည်ရှိနေပြီ ဆိုမှတော့ ဘာလို့ ဒါကို သုံးပြီးတော့ မဝင်ဘဲ တခြားလမ်းတစ်ခုကို ဖွင့်ပြီး သွားချင်ရတာလဲ”

“ငါတို့ အရင်ထဲက ဖွင့်လှစ်ပြီးသား လမ်းအတိုင်း သွားလိုက်မယ်ဆိုရင် တဖက်ကလူတွေက ငါတို့ကို လွယ်လွယ်ကူကူ တွေ့သွားမှာပေါ့။ ဒါဆိုရင် ခိုးဝင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဘယ်ရောက်တော့မလဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။

အစီအရင်အင်ပါယာ ဖန်တီးထားသော အစီအရင်သည် ဤတည်နေရာထဲတွင် တည်ရှိနေသည်ဆိုသောလည်း ခဏတာသာ ဖြစ်တော့၏။ အကယ်၍ ၎င်းတို့အနေနှင့် ထိုအရာကို ပယ်ဖျက်ပြီး ယခင်က လမ်းကြောင်းအတိုင်း လျှောက်၍သွားမည်ဆိုပါက တစ်ဖက်လူများကို ဤနေရာသို့ ဝင်ရောက်လာရန် ကူညီပေးလိုက်ခြင်းနှင့်ပင် ဆင်တူပေလိမ့်မည် မဟုတ်ပါလား။ ကုန်းရှန့်သည် ထိုကဲ့သို့ ညံ့ဖျင်းလှသော အလုပ်ကို လုပ်လိမ့်မည် မဟုတ်ချေ။

“နားလည်ပါပြီ”

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်တော့သည်။ “သခင်... တကယ့်ကို တခြားလမ်းကြောင်း တစ်ခုကို ဖွင့်ပြီး သွားချင်တာလား”

“သိပ်မှန်တာပေါ့”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်မိသွားသည်။ ဤကောင်လေးသည် တိုးတက် ပြောင်းလဲသွားပြီးသည့်နောက် သူ၏ အသိစိတ်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းသည်လည်း အလွန်ပင် တိုးတက် လာခဲ့တော့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် ဆဋ္ဌဂံကြယ်ကျောက်တုံး သန်းနှစ်ဆယ်ဆိုသည်မှာ အလဟသ မဟုတ်တော့ချေ။ “မဟုတ်သေးဘူး။ ငါ့ရင်တွေအရမ်းနာတယ်”

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “တကယ်လို့ ကျုပ်ဖွင့်ခဲ့တဲ့ အချိန်နဲ့ တည်နေရာ လမ်းကြောင်းကို ဝိညာဉ်မျိုးနွယ်တွေက ရှာဖွေတွေ့ရှိသွားမယ်ဆိုရင် ပြဿနာတက်မှာလည်း တူတူပဲ မဟုတ်ဘူးလား”

“ဒါက” … ကျွင်းချောင်ရှောင်းသည်လည်း အရင်တုန်းက ထိုကိစ္စကို စဉ်းစားထားမိခဲ့၏။ ဤအရာကို ဖြေရှင်းနိုင်ရန် အတွက် သူသည် လမ်းကြောင်းများကို ဖောက်ပြီးသည့်နောက် သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ဖန်တီးကာ ဖုံးကွယ်ထားရန် စဉ်းစားမိခဲ့တော့၏။ ဤနည်းလမ်းသည် တခြားသူများ ရှာဖွေတွေ့ရှိသွားမည်ကိုတော့ စိုးရိမ်ရ၏။ သို့ပေမဲ့ ပိုမို မြန်ဆန်စေရန်အတွက် သူသည် ထိုကဲ့သို့သော အရာများကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ တခြားသော နည်းလမ်းလည်း မရှိပေ။

“တကယ်တော့ သခင် စိတ်ပူစရာ မလိုပါဘူး”

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “ကျုပ်က ဝင်ပေါက်တွေကို ဖွင့်နိုင်တဲ့အပြင် ဝင်ပေါက်တွေကို ပြန်လည် ပြင်ဆင်နိုင်တယ်လေ”

“မင်းက ပြန်လည် ပြင်ဆင်နိုင်တယ် ဟုတ်လား”

“သိပ်မှန်တာပေါ့”

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “သခင်... ဝိညာဉ်မျိုးနွယ်တွေက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်က ဖွင့်လှစ်ထားတဲ့ လမ်းကြောင်းအတိုင်း ဝင်လာမှာကို စိုးရိမ်နေတာ မဟုတ်လား။ ကျုပ် အခု ပြန်ပြင်လိုက်မယ်လေ။ အရင်အတားအဆီး အစီအရင်ထက် ပိုခိုင်မာပြီး ဘယ်တုန်းကမှ အပေါက်မရှိခဲ့သလို အခြေအနေတစ်ခုထိ ကျုပ်ပြန်ပြီး ပြင်ဆင်နိုင်တယ်”

ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိ၏။ “ဒါဆိုရင် အခုလုပ်လိုက်ကြရအောင်”

ဤအတောအတွင်း သူသည် ထိုတည်နေရာလမ်းကြောင်းတွင် စီရင်ထားသော အစီအရင်များ ကျိုးပြတ်သွားပြီး သည့်နောက် ဝိညာဉ်မျိုးနွယ်များ ကျူးကျော်ဝင်ရောက်လာမည်ကို အစဉ်တစိုက် စိတ်ပူလျက်ရှိ၏။ ထိုအရာကိုသာ ပြန်လည် ပြုပြင်နိုင်မည်ဆိုလျှင် စိုးရိမ်သောကများ ပျောက်ကွယ်သွားမည်ဖြစ်၏။

“ကောင်းပြီ” အချိန်နှင့် တည်နေရာပိုးကောင်သည် သူ၏ ကြီးမားလှသော ခေါင်းကြီးကို အရှေ့သို့တိုးကာဖြင့် အတားအဆီး အစီအရင်ဆီသို့ သွားလိုက်တော့၏။ ပြီးနောက် ပြောလိုက်တော့သည်။ “သခင်... ဒီမှာရှိတဲ့ အတားအဆီး အစီအရင်က နည်းနည်းလေး ရှုပ်နေတယ်။ ဒါကို အရင်စားလိုက်ရမလား”

“မဖြစ်ဘူး။ မဖြစ်ဘူး” ကျွင်းချောင်ရှောင်းသည် အလောတကြီး တားလိုက်တော့သည်။ “အတားအဆီးအစီအရင်ကို စားလိုက်တယ်ဆိုတာက စည်းကို ချိုးဖြတ်လိုက်တာနဲ့ တူတူပဲလေ”

“ဒါဆိုလည်း အဆင်ပြေပါတယ်”

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “ဂြိုဟ်နှစ်ခုရဲ့ ခရီးလမ်းက အရမ်းကို ဝေးသေးတယ်လေ။ တကယ်လို့ စည်းကို ချိုးဖြတ်လိုက်မယ်ဆိုရင်တောင် ဝိညာဉ်မျိုးနွယ်တွေအနေနဲ့ ဒီကို ရောက်ရှိလာဖို့ဆိုတာက အချိန် အများကြီး ယူရအုံးမှာ။ အဲဒီအတောအတွင်းမှာ ကျုပ်က အချိန်နဲ့ တည်နေရာ လမ်းကြောင်းကို ပြန်ပြင်ဆင်နိုင်တယ်”

“မင်း သေချာလား”

“သေချာပါတယ်”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ စိုးရိမ်ပူပန်လျက် ရှိနေ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ဒါဆိုရင် မင်းပြင်တာကို အရင်ဆုံး ကြည့်ရအောင်”

ခရက် ခရက် ခရက်

အချိန်နှင့် တည်နေရာပိုးကောင်သည် အတားအဆီးတည်နေရာ အစီအရင်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက် မှာတော့ သူ၏ပါးစပ်ကြီးကိုဟ၍ တည်နေရာ အတားအဆီးကြီးအား သူ၏ပါးစပ်ကြီးကိုဟ၍ ဝါးစားလိုက်တော့ သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် များပြားလှသော မျက်လုံးများသည် တောက်ပလာ၏။ ထူးဆန်းသည့် အလင်းတန်းများသည် ၎င်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တံတွေးကဲ့သို့ အရာမျိုးဖြင့် ပြန်ကာ ထွေးထုတ်လျက်ရှိသည်။

ဘတ်

ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများအားလုံးသည် ထိုဝါးမြိုလိုက်သည့် တည်နေရာကြီးဆီသို့ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တည်နေရာအတားအဆီး အစီအရင်အသစ်တစ်ခု ဖြစ်တည်လာခဲ့တော့၏။ ကြည့်ရှုရမည် ဆိုလျှင် မည်သည့်ထိခိုက်မှုမှ မခံထားရသည့် တည်နေရာကြီး ကဲ့သို့ပင် ဖြစ်တည်လာခဲ့တော့သည်။

ရှေးယခင် တုန်းက နွီဝါးသည် ကောင်းကင်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ အချိန်နှင့် တည်နေရာပိုးကောင်သည် တည်နေရာ၏ လမ်းကြောင်းအပေါက်ကြီးကို ပြန်လည်ပြင်ဆင်လျက် ရှိနေတော့၏။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းက ထိတ်လန့်တုန်လှုပ်သွားမိခဲ့တော့သည်။ “ဒီလောက် မြန်တာလား”

အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “သခင်... အခုယုံပြီလား”

“ကောင်းပြီ။ ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက်ချကာ ပြောလိုက်တော့၏။ “မင်းအနေနဲ့ သွားပြီးတော့ အတားအဆီး အစီအရင်ကို အရင်စားလိုက်။ ပြီးလို့ရှိရင် ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး ပြင်ဆင် လိုက်တော့။ တကယ်လို့ ဝိညာဉ်မျိုးနွယ်တွေသာ ဒီနေရာကို ရောက်လာမယ်ဆိုရင် မင်းကိုငါ ပြန်စားပစ်မယ်”

အချိန်နှင့် တည်နေရာပိုးကောင်သည် အတားအဆီးအစီအရင်ရှိရာနေရာဆီသို့ သူ၏ဦးခေါင်းကြီးကို တဆတ်ဆတ် နှင့် ရှေ့ကိုတိုးကာသွားလိုက်၏။ ပြီးသည့်နောက်မှာတော့ ပါးစပ်ကြီးကို ဟကာ ချွန်ထက်လွန်းလှသော သွားများဖြင့် အသာဝါးမြိုလျက် ရှိနေတော့သည်။

ဂွပ် ဂွပ် ဂွပ်

အားကောင်းလွန်းလှသော ကိုက်ခဲမှု၏ အောက်မှာတော့ ရှေးအတားအဆီး အစီအရင်ကြီးတစ်ခုလုံးသည် အချိန် မည်မျှ မကြာဘဲ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်၏။

..........

ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်

ဝိညာဉ်မျိုးနွယ်တစ်သောင်းကျော်တို့သည် ကြီးမားလှသော အစီအရင်ကြီးတစ်ခု၏ အောက်တွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေကြ၏။ စွမ်းအင်လှိုင်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အစီအရင်ဆီသို့ စုဝေးရောက်ရှိနေ၏။ ထိုစွမ်းအင်လှိုင်းများသည် ကြီးမားလှသော သစ်သားတုတ်ချောင်းကြီးကဲ့သို့ ဖြစ်တည်ပြီးသည့်နောက်မှာတော့ မမြင်ရသည့် စည်းကြီးတစ်ခုလုံးအား ချိုးဖြတ် ရိုက်နှက်လျက်ရှိနေ၏။

ဘုန်း ဘုန်း

ရုတ်တရက် ကြယ်ကြွေကုန်းမြေတိုက်ကြီးဘက်မှ ဝင်ရောက်မလာစေရန် တာဆီးထားသော စည်းအစီအရင်သည် ရုတ်တရက် မှန်တစ်ခုကဲ့သို့ပင် ကျိုးပြတ်သွားတော့သည်။

ထိုအချိန်မှာတော့ ဝိညာဉ်မျိုးနွယ်တစ်သောင်းကျော် တို့သည် ဇဝေဇဝါ ဖြစ်မိနေကြ၏။ ၎င်းတို့၏ နည်းလမ်းသည် အားအင်များကို စုစည်းကာဖြင့် ချိုးဖြတ်နေသော နည်းလမ်းပင်ဖြစ်တော့၏။ သို့ပေမဲ့ ဤအရာသည်တောင် ပြည့်စုံမလုံလောက်သေးဘဲ စည်းကြီးသည် အဘယ့်ကြောင့် ပျောက်ကွယ်သွားခဲ့ ရသနည်း။

ဝှစ်

ဝိညာဉ်မျိုးနွယ်တို့၏ ခေါင်းဆောင်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “စည်းက ကျိုးပြတ်သွားပြီ။ ငါတို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို မြန်မြန်ဝင်ရမယ်။ မြန်မြန်....မြန်မြန်။ ဧကရီကို သတင်းပေးလိုက်တော့”

“ကောင်းပါပြီ” နောက်လိုက်တစ်ယောက်သည် နန်းတော်ရှိရာဆီသို့ အလျင်အမြန်နှင့် ပျံသန်းသွား၏။

“သွားကြရအောင်”

ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ “ငါ့နောက်ကနေ လိုက်ခဲ့ကြ။ ကြယ်ကြွေကုန်းမြေတိုက် ကြီးကို သွားပြီးတော့ ဟောခန်းသခင်ကိုးယောက်နဲ့ သွားတွေ့ကြရအောင်”

ဝှစ် ဝှစ်

ဝိညာဉ်မျိုးနွယ်ပေါင်း တစ်သောင်းကျော်တို့သည် အချိန်နှင့်တည်နေရာလမ်းကြောင်းမှတဆင့် တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာခဲ့ကြတော့သည်။ သို့ပေမဲ့ ၎င်းတို့ မထင်မှတ်ထားသည်မှာ စည်းအတားအဆီး အစီအရင်ကြီးသည် ရုတ်တရက် ကျိုးပြတ်သွားခဲ့ပြီ ဖြစ်သော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ဝင်ရမည့် ဝင်ပေါက်သည် အလုံးစုံ ပြန်လည်ပြင်ဆင်ပြီး လုံးဝအပေါက်ဟူ၍ မရှိတော့ချေ။

“အမ်…. ပြီးသွားပြီလား” ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိ၍ နဝေတိမ်တောင်နှင့် ဖြစ်လို့နေ၏။ စောဏကလေးတင် အစီအရင်အင်ပါယာချန်ခဲ့သော အတားအဆီး အစီအရင်ကြီးသည် ပျောက်ကွယ်သွားပြီးသည့်နောက် ဝိညာဉ်မျိုးနွယ်၏ ကုန်းမြေတိုက်ကြီးဆီသို့ သွားရောက်နိုင်သည့် တည်နေရာ လမ်းကြောင်းသည် ချက်ချင်းပဲ ပြန်လည်ပြင်ဆင်ပြီး ဖြစ်နေတော့သည်။

“ကောင်လေး”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ကာ ပြောလိုက်တော့သည်။ “ဂြိုလ်တိုက်ပွဲတည်နေရာ ကြီးထဲမှာ များပြားလှတဲ့ ခံတပ်တည်နေရာတွေ ရှိတယ်။ အဲတာတွေကို အတားအဆီး အစီအရင်တွေနဲ့ ကာဆီးထားတယ်။ မင်း အဲလမ်းကြောင်းတွေကိုလည်း ဖွင့်နိုင်လား”

သူ့အနေနှင့် အဘယ်ကြောင့် ဤကဲ့သို့ မေးခွန်းမျိုးကို မေးရသနည်းဆိုသော် ပိုးကောင်သည် အစီအရင် အင်ပါယာ ဖန်တီးထား ခဲ့သော ရှေးအစီအရင်ကြီးကိုပင် ချိုးဖြတ်၍ ဝါးမြိုခဲ့သူဖြစ်သည်မို့ တခြားသော တည်နေရာများဆီသို့ သွားရောက်နိုင်မလားဆိုသည့် စိတ်ပါဝင်စားမှုဖြင့် မေးမြန်းခဲ့ခြင်းပင် ဖြစ်တော့သည်။

အချိန်နှင့်တည်နေရာပိုးကောင်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်တော့၏။ “တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ သတ္တဝါတစ်ကောင်ဖြစ်တဲ့ကျုပ်က အတားအဆီး အစီအရင်ကို မဆိုနဲ့ နက်ရှိုင်းလှတဲ့ တည်နေရာကြီး တစ်ခုလုံးကိုပါ စားသုံးနိုင်တယ်လေ”

ထိုအချင်းအရာကို ကျွင်းချောင်ရှောင်းကြားသည့်အချိန်မှာတော့ မျက်လုံးထဲတွင် ကြယ်တွေ၊ လတွေ တောက်လောင်လျက် ရှိနေတော့သည်။

ဖလပ် ဖလပ် ဖလပ်

All Chapters