အခန်း (၁၀၉၈)
Vol. 74 Ch. 1098
အစီအရင်အင်ပါယာ ချန်ရစ်ခဲ့သော အစီအရင်သည် ရှန်ကွမ်းရှင်းရောင်၏ အားဖြည့်မှုနှင့်အတူ အလွန်ခိုင်ခံ့ခဲ့သည်။ ထိုအရာအား အချိန်နှင့်တည်နေရာ ပိုးကောင်သည် သူ၏မျက်စိရှေ့တွင် စားသုံးခဲ့သည်ဖြစ်၏။
ဤအကောင်လေး သည် အစီအရင်နှင့် တူညီသော အတားအဆီးများကို စားသုံးပစ်နိုင်သည်ဟု ကုန်းရှန့်က တွေးတောလိုက်မိ၏။ ဤအရာမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းနေသည်။
ဂြိုလ်တိုက်ပွဲ တည်နေရာကြီးတွင် များပြားလှသော ခံတပ်များ တည်ရှိနေပြီး ထိုခံတပ်ထဲတွင် မမြင်နိုင်သော အတားအဆီး အစီအရင်များ တည်ရှိနေ၏။ စစ်ကြေညာခြင်းမှ မဟုတ်လျှင် ထိုအထဲသို့ ချိုးဖြတ်ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ အခု အချိန်နှင့်တည်နေရာ ပိုးကောင် တည်ရှိနေသောကြောင့် တစ်ဖက်လူများ၏ တည်နေရာထဲသို့ ၎င်းအနေနှင့် စိတ်ရှိတိုင်း ဝင်ထွက်နိုင်နေပြီ ဖြစ်၏။
“ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် ရယ်မောကာဖြင့် ပြောလိုက်တော့သည်။ “ဂြိုဟ်တိုက်ပွဲ တည်နေရာထဲမှာ ငါ့ကို လာရန်မစနဲ့နော်။ မဟုတ်ရင် ငါက မင်းတို့အိမ်ကို ချက်ချင်း လာလည်ပစ်မယ်”
“..........”
စနစ်က ပြောလိုက်သည်။ “လက်ခံသူကို ကြည့်ရတာ ဗီလိန်နဲ့တောင် ဆင်ဆင်လာတယ်”
ဂြိုဟ်နှစ်ခုကို ချိတ်ဆက်ထားခဲ့သော အချိန်နှင့် တည်နေရာ လှိုဏ်ခေါင်းကြီးအား ပြင်ဆင်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရမိနေ၏။ တစ်ဖက်လူများသည် ဝင်လာနိုင်မည် မဟုတ်သောကြောင့် သူ့အနေနှင့် အချိန်နှင့် တည်နေရာ ပိုးကောင်အား တွင်းတူးစေကာ တစ်ဖက်လူများဆီသို့ သွားရောက်ရန် စီစဉ်ထားခဲ့တော့၏။
“မင်းအနေနဲ့ ဒီတည်နေရာလမ်းကြောင်းကြီးကို ဖွင့်ပြီးသွားရင် အနောက်ကနေ တစ်ခါတည်း ပြန်ပိတ်ခဲ့လို့ရလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ဆိုလိုသည့်အရာမှာ သူ့အနေနှင့် တစ်ဖက်လူ၏ ကုန်းမြေတိုက်ဆီသို့ သွားချင်၏။ သို့ပေမဲ့ ထိုကဲ့သို့ သွားရာတွင် လမ်းအဖြစ် ကျန်ရှိနေမည်ဆိုပါက တစ်ဖက်လူများ အားလုံးသည် သူတို့၏ ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် အရှေ့ဆီသို့ တိုးသွားသည့်အချိန်တွင် အနောက်တွင် လည်း လမ်းကို ပိတ်သွားမည်ဖြစ်၏။
“ရပါတယ်”
အချိန်နှင့်တည်နေရာ ပိုးကောင်က ပြောလိုက်၏။ “ဒါပေမဲ့ တူးရင်း ပြင်ရင်းနဲ့ဆိုတော့ စွမ်းအင်တွေ တော်တော် ကုန်လိမ့်မယ်လေ။ ဒါတွေအကုန်လုံး လုပ်ပြီးသွားရင် အချိန်ကာလတစ်ခုအထိ အားနည်းနေလိမ့်မယ်”
ကျွင်းချောင်ရှောင်းအနေနှင့် ဂရုမစိုက်ချေ။ သူ့အနေနှင့် ဝင်လို့ရမည့် လမ်းကြောင်းကို ပိတ်ပင်ထားနိုင်မည်လျှင် ဝိညာဉ်မျိုးနွယ်များ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးထားနိုင်မည်ဖြစ်သည်။
“ဒါဆိုရင်လည်း ကောင်းကောင်းမွန်မွန် အရင်နားထားအုံး။ ရက်အနည်းငယ်အတွင်းမှာ ငါတို့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးဆီကို သွားကြမယ်”
သူ့တွင်လက်ရှိတည်ရှိနေသော အချိန်နှင့်တည်နေရာ ပိုးကောင်သည် အရွယ်ရောက်လာပြီဖြစ်၏။ ထို့ကြောင့် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်နိုင်စွမ်း ရှိသည်။ ဝိညာဉ်မျိုးနွယ်တို့၏ ကုန်းမြေတိုက်ကြီးတွင် မည်ကဲ့သို့သော အရာများ တည်ရှိနေသည်ကို သွားရောက်ကြည့်ရှုရန် သူ့အနေနှင့် မစောင့်နိုင်တော့သလိုပင် ဖြစ်မိနေတော့သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း အနေဖြင့် ရန်သူများသည် မည်သို့သော သူများဖြစ်သည်ကို သိရှိချင်စိတ်များ ဖြစ်လို့နေ၏။ ထို့ကြောင့် သူ့အနေနှင့် တစ်ယောက်တည်းသွားရန် စီစဉ်ထားခဲ့သည်။
ဂိုဏ်းသည် ကျင့်ကြံခြင်းတွင် အာရုံစိုက်လျက် ရှိနေသေး၏။ သိုင်းဘုရင်၊ သိုင်းအုပ်စိုးသူနှင့် ထပ်သီးပိုင်းအကြီးအကဲတို့ လုံလောက်သွားပြီဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
လက်ရှိ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်အရဆိုလျှင် ထိပ်တန်းဂိုဏ်းတစ်ခုခုကို သွားရောက်ရိုက်နှက်ရန် ပြဿနာ မရှိလှချေ။ သို့ပေမဲ့ လောကကြီးတစ်ခုလုံးနှင့် ရန်ဘက်ပြုလုပ်ရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို တိုက်ခိုက်ရန် သူ့တွင် စွမ်းရည်မရှိသေးဟု သုံးသပ်လိုက်မိ၏။
..............
ကျွင်းချောင်ရှောင်းသည် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာလိုက်၏။ ပြီးသည့်နောက်မှာတော့ ယွမ်သခင်လေးနှင့် တခြားသောသူများကို ဆင့်ခေါ်ကာဖြင့် သူသည် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ကြီးဆီသို့ သွားရောက်တော့မည်ဖြစ်ကြောင်းကို ပြောဆိုခဲ့တော့သည်။ အားလုံးသည် သူမရှိသည့်အချိန်တွင် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးကြိုးစားစား အလုပ်လုပ်ရန်လည်း မှာကြားလိုက်၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်မိ၏။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ ကုန်းမြေတိုက်ကြီးက အန္တရာယ်တွေနဲ့ ပြည့်နေမှာပဲ။ တပည့်က ဂိုဏ်းချုပ်နဲ့ တူတူ လိုက်ချင်ပါတယ်”
“ကျွန်တော်လည်း လိုက်ချင်တယ်”
ရီရှင်းချန်က ပြောလိုက်သည်။ သူ့အနေနှင့် ကျွင်းချောင်ရှောင်းတစ်ယောက် ဒုက္ခရောက်မှာကို စိုးရိမ်နေ၍ မဟုတ်ချေ။ အဓိကအားဖြင့် တခြားဂြိုဟ်များဆီသို့ သွားရောက်၍ စိတ်လှုပ်ရှားစရာများကို ရှာဖွေတွေ့ရှိနိုင်ရန်ပင် ဖြစ်တော့သည်။ ထို့ပြင် တကယ်တမ်း တိုက်ပွဲများကို ရင်ဆိုင် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ မိမိကိုယ်ကို ပိုမို အားကောင်းလာအောင်လည်း ပြုလုပ်နိုင်သေး၏။
“မလိုဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏ “ဒီတစ်ကြိမ် ငါသွားတဲ့ရည်ရွယ်ချက်က ရန်သူတွေရဲ့ သတင်းအချက်အလက်ကို စုစည်းရုံပဲလေ။ တစ်ယောက်တည်း သွားရမယ်”
သူသည် ဓားနှင့်သိုင်းသူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်၏။ ထို့အပြင် စည်းဓားမော့ကဲ့သို့သော ဝှက်ဖဲများလည်း တည်ရှိနေသေး၏။ သို့ပေမဲ့ တခြားတစ်ဖက်သည် မည်မျှ အားကောင်းသည်ကို သူသေချာ မသိချေ။ ထို့ကြောင့် သူ၏တပည့်များကို စွန့်စား၍ ခေါ်ဆောင်သွားရန် အစီအစဉ်မရှိပေ။
စနစ်သည် စောဒက တက်လိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းအတွက် အရှုပ်ထုတ် ဖြစ်လာနိုင်တဲ့ အရာတွေကို ခေါ်မသွားချင်တာ မဟုတ်လား”
ယွမ်သခင်လေးသည် ပြိုင်စံရှားဂိုဏ်းနှင့် အသားကျနေပြီ ဖြစ်၏။ ထို့ကြောင့် များပြားလှသော အတွင်းရေးကိစ္စရပ် များကို တာဝန်ယူ ဆောင်ရွက်လျက် ရှိနေ၏။ လီချင်းယန်နှင့် ရှောင်ကျီတို့သည်လည်း ဆေးလုံးများ သန့်စင်ခြင်းနှင့် ပန်းပဲလုပ်ငန်းစဉ်များတွင် ရင်းနှီးကာ တာဝန်အပြည့် ယူပြီးသား ဖြစ်တော့၏။
ထို့ကြောင့် အရာအားလုံး စီစဉ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်၏ ထမင်းကြော်နှင့် လန်ကောင်း၏ ဝိုင်များကို စားသောက်ကာဖြင့် အသင်္ချေမြို့ဆီသို့ ဦးတည်လိုက်တော့၏။ ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ဆီမှ ပြန်လာရန် မည်မျှ ကြာလိမ့်မည်ကို သူသေချာ မသိချေ။ ထို့ကြောင့် မထွက်ခွာခင်မှာပဲ ဂိုဏ်းနှင့် တပည့်နှင့် အထက်ပိုင်း အကြီးအကဲများသည် သူ့ကို လိုက်ပါ ပို့ဆောင်ကြတော့သည်။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် မျက်ရည်စက်လက်ဖြင့် ပြောလိုက်တော့သည်။ “အသက်ရှင်ရက် ပြန်လာရမယ်နော်”
“.........” ကျွင်းချောင်ရှောင်း။
တပည့်များသည် သူ့အား လိုက်ပို့နေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်သွားတော့သည်။
တည်နေရာရွေ့ပြောင်းခါနီးမှာပဲ လုချင်းချင်း၏ အသံသည် သူ၏ နားထဲသို့ ဝင်လာခဲ့၏။ “ကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ ကိစ္စဆိုတာ သေချာတယ်လေ။ ဘာလို့ ဂိုဏ်းချုပ်က ဒီတာဝန်ကြီ တစ်ခုလုံးကို ပခုံးပေါ်ကို ထမ်းတင်ထားရတာလဲ”
“ဘာလို့လဲဆိုတော့”
ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို မောင်ပိုင်စီးချင်လို့ပေါ့”
ဝိညာဉ်မျိုးနွယ်များကို တိုက်ခိုက်ရန်အတွက် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စွမ်းအားမြင့် ကျင့်ကြံသူများကို စုစည်းရန်ဆိုသည်မှာ လွယ်ကူလွန်းလှသည့် ကိစ္စပင် ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ယောက် တည်း ပြုမူဆောင်ရွက်ရခြင်းကို နှစ်သက်၏။ ထို့အပြင် အချိန်နှင့် တည်နေရာလမ်းကြောင်းသည် စည်းခတ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် အချိန်ကာလတစ်ခုအထိ တစ်ဖက်လူများသည် သူတို့၏ ကုန်းမြေတိုက်ကြီးဆီ ရောက်ရှိလာမည်ကို စိုးရိမ်နေစရာ မလိုအပ်ချေ။
ဆွစ်
အစီအရင်သည် လှုပ်ခါသွားခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် အသင်္ချေမြို့တွင် ပေါ်ပေါက်လာတော့သည်။ သူသည် ပြန်လည်ပြင်ဆင်ပြီးသော အချိန်နှင့်တည်နေရာလှိုဏ်ခေါင်းဆီသို့ လှမ်း၍ လျှောက်သွားတော့သည်။
ဝှစ် ဝှစ်
လေများ တိုက်ခတ်လာပြီးသည့်နောက် ကောင်းကင်ကြီးတစ်ခုလုံးသည် သဲများနှင့် ပြည့်လျက်ရှိနေတော့သည်။
“ချီးတဲ့မှ... သွားခါနီး လာခါနီး နမိတ်မကောင်း ဘာတွေဖြစ်နေတာလဲ”
“သခင်... ဘယ်အချိန် စကြမလဲ”
“အခု စကြမယ်”
“ကောင်းပါပြီ”
အချိန်နှင့်တည်နေရာပိုးကောင်သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဟကာ ချွန်ထက်လှသော သွားများဖြင့် တည်နေရာအတားအဆီးကို စတင်ကာ ကိုက်ခဲတော့သည်။ သူသည် လေဟာနယ်၏ အတွင်းဘက်ဆီသို့ ဆက်လက်ကာ ကိုက်ဝါးလျက် ရှိနေတော့၏။ ခဏလောက်ကြာပြီး သည့်နောက် အချင်းဝက် တစ်မီတာလောက်ရှိသော အချိန်နှင့်တည်နေရာ လမ်းကြောင်းသည် ပေါ်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်းမရှိဘဲ ထိုအထဲသို့ ဝင်ရောက်သွားခဲ့၏။
ဒွီး ဒွီ
အချိန်နှင့်တည်နေရာပိုးကောင်သည် အတွင်းပိုင်းတည်နေရာရောက်အောင် တူးလိုက်၏။ ပြီးသည့်နောက် စွမ်းအင်လုံးများကို ထုတ်ဖော်ကာဖြင့် အနောက်ဘက်တွင် လမ်းကို ပိတ်လျက်ရှိသည်။ သူ့အနေနှင့် အရှေ့ကို တူးလိုက်၊ အနောက်ကို ပြင်ဆင်လိုက်နှင့် အလုပ်များလျက် ရှိနေတော့သည်။
“သခင်”
အချိန်နှင့်တည်နေရာပိုးကောင်သည် စားသုံးနေရင်းမှာပဲ ပြောလိုက်တော့၏။ “သခင်... ကျုပ် ဖောက်ပေးတဲ့လမ်းအတိုင်း တည့်တည့်ပဲသွားနော်။ တခြားနေရာတွေ လျှောက်မသွားနဲ့။ မဟုတ်လို့ရှိရင် လေဟာနယ်ထဲမှာ ပိတ်မိနေလိမ့်မယ်”
“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် ပြန်လည်တုံ့ပြန်လိုက်၏။ ပြီးသည့်နောက်မှာတော့ ရောင်စုံအလင်းတန်းများ မှတဆင့် မဲမှောင်နေသော ပတ်ဝန်းကျင်တည်နေရာကြီးကို သေသေချာချာ ကြည့်ရှုလိုက်တော့သည်။
ဘယ်လောက်မှန်းမသိသည့် အချိန်ကာလတစ်ခုထိ လှမ်းလျှောက်ပြီးသည့်နောက်မှာတော့ လေဟာနယ်၏ အတွင်းပိုင်းတွင် အလောင်းတစ်ခု တည်ရှိနေသည်ကို သူလှမ်း၍ မြင်လိုက်ရ၏။
အချိန်နှင့်တည်နေရာပိုးကောင်က ပြောလိုက်သည်။ “ဒါက အမှတ်တမဲ့နဲ့ လေဟာနယ်ရဲ့အတွင်းပိုင်းမှာ ပိတ်မိပြီး သေဆုံးသွားခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ယောက် ဖြစ်ရမယ်”
“........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုအလောင်းသည် ပြင်ပဒဏ်ရာများ မရှိချေ။ သို့ပေမဲ့ ၎င်း၏ မျက်နှာပေါ်တွင်တော့ အလွန်တရာ နာကျင်ပြီး သေဆုံးသွားခဲ့သည် အမူအရာမျိုး တည်ရှိလို့နေခဲ့သည်။ ထို့ကြောင့် ဆိုးရွားသည့် သေဆုံးခြင်းနှင့် သေဆုံးသွားခဲ့သည်ဟု ဆိုရမည်။
အချိန်နှင့်တည်နေရာပိုးကောင်က ပြောလိုက်သည်။ “သာမန်လူတွေအနေနဲ့ ဒီလို လေဟာနယ်အတွင်းပိုင်းထဲကို ဝင်ရောက်ဖို့ဆိုတာ အရမ်းခက်ခဲတယ်လေ။ ဒီတော့ ဒီလူက အသက်ရှင်တုန်းက အရမ်းကို အားကောင်းတဲ့ လူတစ်ယောက်ဖြစ်ရမယ်။ ပြီးတော့ လေဟာနယ်ကို ချိုးဖြတ်နိုင်တဲ့စွမ်းအင်လည်း တည်ရှိနေပြီ။ ဒါပေမဲ့ အထက် နယ်မြေကို မရောက်ဘဲနဲ့ ကံဆိုးစွာနဲ့ ဒီနေရာမှာ သေဆုံးသွားခဲ့တာပဲ”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့တော့၏။ လေဟာနယ်ကို ဖြတ်သန်းကာ သွားလာနိုင်သော အစွမ်းကို ပိုင်ဆိုင်သူဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာ အဆင့်ရှိသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ထိုသို့သော လူမျိုးပင်လျှင် လေဟာနယ်ထဲတွင် ပိတ်မိကာ သေဆုံးလျက် ရှိနေသည်။
“ဒါကြောင့် …”
အချိန်နှင့် တည်နေရာပိုးကောင်က ပြောလိုက်သည်။ “အထက်နယ်မြေဆီကို တက်လှမ်းနိုင်ဖို့ လုံလောက်တဲ့ ယုံကြည်ချက် မရှိခင်မှာ ဒီလိုမျိုး လေဟာနယ်ထဲကို လွယ်လွယ်ကူကူနဲ့ ချိုးဖြတ်ဖို့ မလုပ်သင့်ဘူး။ မဟုတ်ရင် ဒီလို အဆုံးသတ်သွားလိမ့်မယ်”
“မင်းအနေနဲ့ တည်နေရာကို လမ်းကြောင်းပြောင်းပြီးတော့ ဒီအလောင်းကို သွားယူပေးလို့ရလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ရတာပေါ့” အချိန်နှင့်တည်နေရာပိုးကောင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ လမ်းကြောင်းကို ပြောင်းလိုက်တော့သည်။ မကြာခင်မှာပဲ သူတို့သည် အလောင်းရှေ့ဆီသို့ ရောက်ရှိသွား၏။
ကျွီ ဂွပ် ဂွပ် ဂွပ်
သူသည် ပါးစပ်ကြီးကိုဟ၍ ထပ်မံကာ ကိုက်ခဲလိုက်၏။ လေဟာနယ်တစ်ခုလုံးသည် ကွဲအက်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းက ဆွံ့အလျက် ရှိနေ၏။ “ဒီအလောင်းက သေသေချာချာ ကြည့်တဲ့အချိန်မှာ အဝတ်အစားနဲ့ အရိုးတွေပဲ ကျန်တော့တာကိုး။ သူက အသက်ရှင်နေတုန်းက တကယ့်ကို လေဟာနယ်ကို ထိုးခွင်းနိုင်တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မယ်ဆိုရင် သူ့ဆီမှာ ကောင်းတဲ့ပစ္စည်းတွေ ရှိနိုင်တယ်”
ကုန်းရှန့်သည် မြန်မြန်ဆန်ဆန်ပဲ ထိုသူ့တွင် ရှိနေသော ပစ္စည်းများကို ရှာဖွေလိုက်တော့၏။
စနစ် “....”