အခန်း (၁၁၀၀)
Vol. 74 Ch. 1100
ရီရှင်းချန်သည် သူ၏ အခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူသည် ယခင်ဘဝက ရရှိခဲ့သော ထိုက်ရွှမ် ကျမ်းစာနှင့်ပတ်သက်ပြီး ပြန်လည်ကာ စဉ်းစားတွေးတောလျက် ရှိနေ၏။ ထိုကျမ်းစာနှင့်ပတ်သက်၍ သေသေချာချာ စဉ်းစားသုံးသပ်ရမည်ဆိုလျှင် အလွန်တရာ ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ သူ့အနေနှင့် ပြန်လည် မွေးဖွားပြီး ကျင့်ကြံခြင်းအဆင့်များကို ပြန်လည်ရရှိသည့်နောက်မှာတော့ မည်မျှ ပေးဆပ်ခဲ့ရသည်ဆိုဆို ဤအရာမှာ ထိုက်တန်လွန်းလှသည်ဟု တွက်ချက်ရမှာ သေချာသည်။
ရီရှင်းချန်သည် လီချင်းယန်နှင့် တခြားသောသူများထက် ပိုမို မြန်ဆန်စွာ အဆင့်တက်နိုင်သည်မှာ ထိုက်ရွှမ်ကျမ်းစာ တည်ရှိနေသောကြောင့် ဖြစ်၏။ နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်းနည်းစနစ်ဆိုသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ညအင်ပါယာအား အတိတ်ဆီသို့ပြန်သွားဖို့ အခွင့်အရေးပေးရမည်ဆိုလျှင် သူသည် ဤကျမ်းစာအတွက် ဆက်လက်ကာ တိုက်ခိုက်ရန် ရွေးချယ်မိမှာ သေချာသည်။
လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများသည် သိုင်းကျင့်ကြံသူများအား အလွန်တရာ ကောင်းမွန်လှသည့် တိုက်ခိုက်ရေး စွမ်းအင်များကို ပံ့ပိုးပေးနိုင်ခဲ့၏။ သို့ပေမဲ့ ကျင့်ကြံခြင်းနည်းစနစ်မှာတော့ အလွန်တရာ အကျိုးများ လှသည့်အရာပင် ဖြစ်ပေတော့သည်။ ထိုကျင့်ကြံခြင်းနည်းစနစ်သာ မရှိဘူးဆိုပါက မည်မျှကောင်းမွန်သည့် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ ရှိသည်ဆိုဆို အသုံးဝင်နိုင်လိမ့်မည်မဟုတ်ချေ။
သို့ပေမဲ့ သူ အသက်ကို ရင်း၍ နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ရရှိခဲ့သည်နှင့် ပတ်သက်၍ ဝမ်းမြောက်လျက် ရှိနေသည့်အချိန်မှာပဲ ၎င်း၏ဂိုဏ်းချုပ်သည် လေဟာနယ်ထဲတွင် ဖြတ်သန်း သွားလာရင်း နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ရရှိခဲ့ကြောင်းသာ သိရှိမည်ဆိုပါက ကျိန်းသေပေါက် အံ့ချီးနပမ်းဖြင့် သွေးအန်နေပေလိမ့်မည်။
သူတို့သည် တူညီသော လူသား များသာ ဖြစ်ကြ၏။ အဘယ်ကြောင့် ဤမျှကွာခြားချက် ကြီးမားနေရသနည်း။
“ဂျူနီယာညီလေးရီ”
နောက်တစ်ရက် ရီရှင်းချန်တစ်ယောက် စောစောနိုးထပြီး သူ၏နေ့စဉ်လေ့ကျင့်ခန်းများကို ပြုလုပ်ရန် ပြင်ဆင်နေ သည့်အချိန်မှာပဲ ရှောင်ကျီသည် သူ၏နောက်မှ ရောက်ရှိလာကာ ပြောလိုက်၏။ “ဟောခန်းသခင်လီဆီကနေ သတင်းတစ်ခု ရထားတယ်။ အနောက်တောင်ဘက်မှာ ထူးဆန်းတဲ့သတ္တဝါတစ်ကောင် ပေါ်နေတယ်တဲ့။ အဲ့ကို သွားပြီးတော့ အညံ့ခံအောင် ပြုလုပ်ဖို့ စိတ်ဝင်စားလား”
“စိတ်မဝင်စားဘူး” ဖေးအားညိုသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး အားကောင်းချင်နေမိ၏။ ထိပ်ဆုံးအခြေအနေဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ လေဟာနယ်ကို ဖြတ်သန်းကာ အထက်နယ်မြေဆီသို့သွား၍ ထိုအမျိုးသမီးကို သွား၍ ကလဲ့စားချေချင်စိတ်သာ သူ၏ စိတ်ထဲတွင် ရှိနေ၏။
“ကောင်းပြီ”
ရှောင်ကျီက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ဒုတိယစီနီယာအစ်ကိုကို သွားရှာတော့မယ်။ သူက အစိမ်းရောင်သိမ်းငှက်ကို စိတ်ဝင်စားမှာပဲ”
စမ်းသပ်မှု မျှော်စင်ဆီသို့ သွားရန်ပြင်နေသော ရီရှင်းချန်သည် ရုတ်တရပ် ရပ်ကာ ပြောလိုက်၏။ “အစိမ်းရောင် သိမ်းငှက်လား”
“ဟုတ်တယ်”
ရှောင်ကျီက ပြောလိုက်၏။ “ဒီအရာက ကျောက်စိမ်းနဲ့ ထွင်းထုထားသလို ပုံစံမျိုးရှိတဲ့ အစိမ်းရောင် သိမ်းငှက်တစ်ကောင်ပဲ”
“သွားကြရအောင်” ရီရှင်းချန်သည် စမ်းသပ်မှုမျှော်စင်ဆီသို့ သွားမည့်အကြံအစည်ကို လက်လွှတ်လိုက်တော့၏။
ရှောင်ကျီသည် အနည်းငယ် ဆွံ့အလို့နေတော့သည်။ စောနကလေးတင် စိတ်မဝင်စားဘူးဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။ အခု အဘယ်ကြောင့်ချက်ချင်းကြီး စိတ်ပြောင်းသွားရသနည်း။
အဘယ်ကြောင့်ဆိုသော် ညအင်ပါယာသည် အရင်ဘဝ၌ ပဋိညာဉ်သားရဲတစ်ကောင် ရှိခဲ့ဖူး၏။ ထိုအရာအား ကျောက်စိမ်းပန်းပု ဟုခေါ်သည်။ အသွင်အပြင်နှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် ကျောက်စိမ်းတစ်ခုကို ပန်းပု ထွင်းထုထားသကဲ့သို့ လှပလွန်းလှ၏။ ထို့အပြင် သူသည် ဤသတ္တဝါအား အနောက်တောင်ဘက်တွင် တွေ့ရှိကာ ပဋိညာဉ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်၏။
“ရောင်းရင်းကြီး”
ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာလာပြီးသည့်နောက် ရီရှင်းချန်သည် တွေးလိုက်မိသည်။ “မင်းပဲ ဖြစ်နေမလား”
ယခင်ဘဝတုန်းက သူသည် မိတ်ဆွေရင်းချာများ တစ်ယောက်မှ မရှိခဲ့ချေ။ သူနှင့်တစ်သက်လုံးအဖော်အဖြစ် ဤ ကျောက်စိမ်းပန်းပုသည်သာ တည်ရှိလျက်ရှိနေ၏။ ထို့ကြောင့် သခင်နှင့် ကျေးကျွန်ကြားတွင် ရင်းနှီးပတ်သက်မှု များသည် အလွန်တရာ နက်ရှိုင်းလွန်းလှ၏။
အနောက်တောင်ဘက်ဆီသို့ သွားရောက်ရာလမ်းတွင် အလွန်ပင် လူစည်ကားလျက် ရှိနေ၏။ အဘယ်ကြောင့် ဆိုသော် ဤနေရာတွင် ကျောက်စိမ်းပန်းပုထွင်းထုထားသော ငှက်တစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာသည်ကို အားလုံးက သိရှိသွားသောကြောင့်ဖြစ်သည်။
ထိုငှက်ကြီးသည် သတ်မှတ်ထားသည့်အချိန်အတွင်းတွင် ကျယ်လောင်လှသည့် အော်သံကြီးကို ပြုလုပ်၏။ ထိုအသံကြီးသည် မိုင်တစ်ထောင်အကွာအဝေးဆီတွင် ပဲ့တင် ထပ်လျက် ရှိနေ၏။
ပထမတုန်းက ဘာတွေဖြစ်နေသည်ဆိုသည်ကို သိုင်းကျင့်ကြံသူများက မသိရှိကြချေ။ လူတစ်ယောက်သည် ရှေ့ဆီသို့ သွားရောက်ပြီးသည့်နောက်မှာတော့ ဤကျောက်စိမ်းနှင့်ထွင်းထုထားသည့် ပန်းပုရုပ်ကဲ့သို့ ဆင်တူ လှသော သိမ်းငှက်အစိမ်းရောင်ကြီးကို မြင်လိုက်ပြီသည့်နောက်မှာတော့ ထိုသတင်းစကားသည် ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ဤအရာသည် သာမန်စိတ်ဝိညာဉ်သားရဲသာ ဆိုပါက ဤမျှလောက် လူအများ ဂရုစိုက်ကြလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပျံသန်းနိုင်သော စိတ်ဝိညာဉ်သားရဲလည်း ဖြစ်လို့နေခဲ့သည်။
ပျံသန်းနိုင်သော စိတ်ဝိညာဉ်သားရဲသည် ရိုးရိုးမြေတွင်ပြေးလျက်ရှိသည့် စိတ်ဝိညာဉ်သားရဲများထက် ပိုမိုကာ တန်ဖိုးကြီးလွန်းလှ၏။ ထို့အပြင် ထိုအကောင်များကို လိမ်မာအောင် ထိန်းကျောင်းနိုင်မည်ဆိုပါက ခရီးသွားလာ ရာတွင် အကျိုးကျေးဇူးများကို ရရှိမှာ သေချာ၏။
ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး ထိုသတင်း ပျံ့နှံ့သွားသည့်အချိန်တွင် များပြားလှသည့် မိသားစုများ၊ ဂိုဏ်းများ အားလုံးသည် အနောက်တောင်ဒေသဆီသို့ လာရောက်ကာ စုစည်းကြတော့၏။ ၎င်းတို့အားလုံးသည် ဤစိတ်ဝိညာဉ်သားရဲအား ယူဆောင်ချင်စိတ် ရှိနေကြသည်။
လောကကြီးတစ်ခုလုံးကို ကယ်တင်ရန် ကြိုးစားလျက်ရှိနေသော ကုန်းရှန့်သည် ငှက်တစ်ကောင်အတွက်နှင့် ဤမျှ ရှုပ်ယှတ်ခတ်အောင် ပြုလုပ်နေသည့်လူများကို တွေ့ရှိမည်ဆိုပါက အားရပါးရထ၍ ဆဲဆိုနေပေလိမ့်မည်။ “အသုံးမကျတဲ့ အရူးကောင်တွေ”
.........
ဟူး ဟူး
အနောက်တောင်ဒေသမှာတော့ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် အမြန်ဆန်ဆုံးနှုန်းဖြင့် ပျံသန်းလျက် ရှိနေကြ၏။ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များသည် ၎င်းတို့အား အချိန်အတိုင်း သတင်းအချက်အလက်များ ပေးပို့နေသည် ဖြစ်သောကြောင့် ၎င်းတို့နှစ်ယောက်သည် မြန်မြန်ဆန်ဆန်ပဲ နောက်ဆုံးဖြစ်ပျက်လျက်ရှိသည့်သတင်းများကို ရရှိလျက် ရှိ၏။ ၎င်းတို့သည် အနောက်တောင်ဒေသဆီသို့ အမြန်ဆန်ဆုံးနှုန်းဖြင့် ရောက်ရှိလာခဲ့ကြတော့သည်။
ဟူး ဟူး
ကြမ်းတမ်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် သိုင်းကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအင်များ သည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိနေ၏။
“ဂျူနီယာညီလေးရီ”
ရှောင်ကျီသည် နက်မှောင်လျက်ရှိနေသော တောင်ကြားကြီးကို လှမ်းကြည့်ကာ ပြောလိုက် တော့သည်။ “သိုင်းကျင့်ကြံသူတွေက အရှေ့ကို ကြိုပြီး ရောက်နေကြပြီနဲ့တူတယ်”
ရီရှင်းချန်၏ မျက်လုံးများသည် အေးစက်သည့်အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေ၏။ “ဝင်ကြရအောင်” ပြီးသည့်နောက်မှာတော့ သူသည် တောင်ကြားထဲသို့ ပျံသန်းဝင်ရောက်လိုက်၏။
ရှောင်ကျီသည် ဇဝေဇဝါ ဖြစ်မိနေတော့၏။ ဂျူနီယာညီလေးရီသည် အဘယ့်ကြောင့် အလျင်လိုသည့် ဟန်ပန်မျိုး ဖြစ်ပေါ်နေရသနည်း။
ဘုန်း ဘုန်း
၎င်းတို့နှစ်ယောက်သည် တောင်ကြား၏ အနီးဆုံးတည်နေရာသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ပေါက်ကွဲသံကြီး များကို ရှင်းရှင်းလင်းလင်း ကြားလျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့သည် တောင်ကြား၏အတွင်း၌ တိုက်ခိုက်လျက်ရှိနေသည်ကို မြင်လိုက်ကြရ၏။ စွမ်းအင်များသည် ပေါက်ကွဲထွက် လျက် ရှိနေပြီး ပတ်ဝန်းကျင်တွင်ရှိနေသော သစ်ပင်ပန်းမာန်များ အားလုံးသည် ပျက်စီးလျက် ရှိနေတော့၏။
“ဂျူနီယာညီလေးရီ... အဆင်ပြေရဲ့လား”
ရှောင်ကျီသည် ရီရှင်းချန်ကို သေသေချာချာ ကြည့်ရှုလေ့လာလျက် ရှိနေ၏။ တောင်ကြားအတွင်းထဲသို့ ဝင်လာပြီး ရီရှင်းချန်၏ မျက်နှာသည် ပိုမိုကာ ပျက်ယွင်းနေသည်ဖြစ်၏။ ၎င်း၏ မျက်လုံးထဲတွင် ပြည့်လျက်ရှိနေသော အေးစက်မှုနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများသည်လည်း ပိုမိုကာ အားကောင်း လာခဲ့သည်။
ဂီး..
ထိုအချိန်မှာပဲ ရှင်းလင်းလှသော အော်သံကြီးတစ်ခုသည် မှောင်မဲလျက်ရှိနေသော တောင်ကြားထဲမှ ထွက်ပေါ်လာ ပြီး တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။
မူလအားဖြင့် အေးစက်လျက်ရှိနေသော ရီရှင်းချန်သည် ထိုအသံကို ကြားလိုက်မိသောအခါ အမှန်ပင် ပျော်ရွှင်သွားပုံ ပေါ်လာတော့သည်။
“ထူးဆန်းလိုက်တာ။ ထူးဆန်းလိုက်တာ”
ရှောင်ကျီသည် အံ့အားသင့်လျက် ရှိနေသည်။ သူသည် ရီရှင်းချန်နှင့် အတူတကွ ခရီးထွက်ရသည်မှာ အလေ့အထတစ်ခုလိုပင် ဖြစ်နေသည်ဆိုသော်လည်း အရက်မူး၍ ရယ်မောနေသည့် အချိန်မှလွဲလျှင် ရီရှင်းချန်သည် အေးစက်၍ မာနတရားရှိသည့်ပုံစံမျိုးနှင့် ခပ်တည်တည်သာ နေထိုင်တတ်သည့်လူတစ်ယောက် ဖြစ်၏။
ရွှီး… ရွှီ
အတောင်ပံခတ်သံသည် မဲမှောင်လျက်ရှိနေသော တောင်ကြားထဲမှ ထွက်ပေါ်လာခဲ့၏။ အဝေးတစ်နေရာရှိ ကျောက်စိမ်းပန်းပု ထွင်းထုထားသည့် ပုံစံမျိုးရှိသော အစိမ်းရောင်သိမ်းငှက်ကြီးတစ်ကောင်သည် ပျံသန်းထွက်ခွာ လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်သည် မီတာနှစ်ရာနီးပါး ကြီးမားလှသည်။
“ကျောက်စိမ်းပန်းပု”
“ကောင်းကင်ဘုံ... ဒါက အရင်တုန်းက ညအင်ပါယာရဲ့ စီးတော်ယာဉ်မလား”
“သူ့ကိုကြည့်ရတာ အရမ်းအားနည်းနေသလိုပဲ”
“မြန်မြန်.... မြန်မြန်... ဒီအခွင့်အရေးကို အရယူပြီး သူ့ကို ပဋိညာဉ်ရေးထိုးနိုင်အောင် ကြိုးစားရမယ်”
ဝှစ် ဝှစ် ဝှစ်
တောင်ကြားထဲတွင် တိုက်ခိုက်လျက်ရှိသော ကျွမ်းကျင်သူများအားလုံးသည် ကောင်းကင်ယံတွင် ပျံသန်းလာ ခဲ့သော ကျောက်စိမ်းပန်းပုအား စူးစိုက်ကာ ကြည့်ရှုနေကြ၏။ ၎င်းတို့သည် အမြန်ဆန်ဆုံးသောနှုန်းဖြင့် ပျံသန်းကာ ရောက်ရှိသွားခဲ့ကြ၏။
“ညအင်ပါယာရဲ့ စီးတော်ယာဉ် ဟုတ်လား”
ရှောင်ကျီသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက နည်းနည်း အားကောင်းလွန်းတယ်”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာ ဆယ်ယောက်ထဲတွင် ညအင်ပါယာသည် လူရှေ့သို့ ထွက်လာတတ်သည့် လူမျိုး မဟုတ်သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုသော် သတင်းစကားကို သူတို့ကြားပြီးဖြစ်သည်။
“ဂျူနီယာညီလေးရီ”
စွမ်းအားမြင့်ကျင့်ကြံသူတစ်ရာကျော်တို့ တောင်ကြားထဲသို့ ပျံသန်းဝင်ရောက်သွားသည်ကို မြင်သည့်နောက်မှာတော့ ရှောင်ကျီသည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ ငါတို့ ထပ်ပြီးတော့ မရှုပ် …”
ဘယ်ရောက်သွားသနည်း။ တစ်ဖက်လူသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ ညအင်ပါယာ ရပ်သောနေရာတွင် မည်သူမှ မရှိတော့ချေ။
ရှောင်ကျီသည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ကျောက်စိမ်းပန်းပုဆီသို့ ဦးတည်ကာ ပြေးလွှားလျက်ရှိသော ရီရှင်းချန်ကို မြင်လိုက်ရသည်။ သူသည် စိတ်ဓာတ်ကျဖြင့် ပြောလိုက်၏။ “ပြဿနာရှုပ်အောင် လုပ်ပြီနဲ့တူတယ်”
ထို့အပြင် ဤကိစ္စသည် ထူးဆန်းနေသည် ဟု သူခံစားနေမိ၏။
ဂျူနီယာညီလေးရီသည် ပျံသန်းကာဖြင့် စိတ်ဝိညာဉ်သားရဲဆီသို့ ဦးတည်သွားလျက် ရှိနေတော့သည်။ ၎င်း၏ ပျံသန်းမှုအရှိန်နှုန်းအရဆိုလျှင် မကြာခင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တိုက်မိမည့် ပုံပန်း သွင်ပြင်မျိုး ရှိလို့နေသည်။
“အမ်”
ထိုကျောက်စိမ်းပန်းပုဆီသို့ ပျံသန်းလာခဲ့သော အလင်းတန်းတစ်ခုကို မြင်ရသည့်အချိန်မှာတော့ ကျင့်ကြံသူ များအားလုံးသည် စိတ်ဝင်တစားဖြင့် ကြည့်ရှုလျက်ရှိနေသည်။ စိတ်ဝိညာဉ်သားရဲ၏ အနီးစပ်ဆုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြသည်။ “သူ့ကို တားထားကြ”
ဝှစ် ဝှစ်
လေထုထဲတွင်တော့ များပြားလှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်သွားပြီးသည့်နောက် တလက်လက် တောက်ပနေသော အလင်းတန်းများအားလုံးသည် ရီရှင်းချန်ဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် ကျောက်စိမ်း ပန်းပုဆီသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို တားဆီးချင်သည်ဆိုသော်လည်း တားဆီးလိုက်သည့် လူများမှာ အလွန်တရာ များပြားလွန်းသောကြောင့် စွမ်းအင်လှိုင်းများသည် ပေါ့သေးသေးမဟုတ်ချေ။
ဂီး
ပျံသန်းနိုင်သော စိတ်ဝိညာဉ်သားရဲသည် ခေါင်းကိုမော့ကာဖြင့် အော်သံပြုလိုက်တော့သည်။ ပြီးနောက် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် ရောက်ရှိလာသော စွမ်းအင်လှိုင်းများအားလုံးကို တားဆီးကာကွယ်ပေးလိုက် တော့သည်။
“မဟုတ်ဘူး” ရီရှင်းချန်သည် အော်ဟစ်လိုက်မိ၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
လေထုထဲတွင်တော့ တလက်လက် တောက်ပနေသည့် အလင်းတန်းများ ဖြစ်ပေါ်လာပြီးသည့်နောက် ကြီးမားလှ သည့် ကျောက်စိမ်းပန်းပုအား ဖုံးလွှမ်းသွားခဲ့တော့သည်။
အား
ရီရှင်းချန်၏ မျက်လုံးသည် ပြူးထွက်လုမတတ် ဖြစ်နေတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော အင်ပါယာ အော်ရာများအားလုံးသည် မည်သို့မှ မဖိနှိပ်နိုင်တော့ဘဲ ၎င်း၏ မရီဒန်များမှတဆင့် အပြင်ဘက်ဆီသို့ ထွက်ပေါ် လာခဲ့တော့သည်။
ဆွစ်
ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုသည် ပေါက်ကွဲမှု တည်နေရာကြားမှ ပျံသန်းထွက်ပေါ်လာတော့သည်။
ဘုတ်
ရီရှင်းချန်သည် ထိုအရာအား လှမ်း၍ ဖမ်းယူလိုက်တော့သည်။ သေးငယ်လှသော ကျောက်စိမ်းပန်းပုပင် ဖြစ်တော့သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသောကြောင့် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို မထိန်းသိမ်းနိုင် တော့ချေ။ ထို့ကြောင့် အိတ်ကပ်အရွယ်အစားရှိသော သိမ်းငှက်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ ၎င်း၏ မျက်စိသည် မပွင့်တပွင့်ဖြင့် ရှိနေပြီး သူ့အား ဖမ်းယူလိုက်သည့်လူအား ကြိုးစားကာ ကြည့်ရှုလျက် ရှိသည်။
ဝှစ် ဝှစ်
သိုင်းကျင့်ကြံသူတစ်ရာကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာကြ၏။ ညအင်ပါယာ၏ စီးတော်ယာဉ်ကို တခြားသူ ယူဆောင်သွားမည်ကို ၎င်းတို့ မလိုချင်ကြပေ။ ထို့ကြောင့် ပြန်လည်ကာ လုယူရပေလိမ့်မည်။
ဘုန်း ဘုန်း ဘုန်း
ရီရှင်းချန်၏ ဘေးတစ်ဖက်မှတဆင့် ကျည်ဆံများသည် ပျံသန်းထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ရှေ့ဆီသို့ လှမ်းတက်လာကြသော ကျင့်ကြံသူများကို တည့်တည့်ပင် ထိတွေ့တော့၏။ အားလုံးသောသူများ၏ အမူအရာများ သည် ပြောင်းလဲသွားကြ၏ ထိုသူတို့သည် အလျင်အမြန်ပဲ ရှောင်ရှားကုန်ကြ၏။ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးသည့်နောက်မှာတော့ အရှေ့ဆီသို့ ပျံသန်းဝင်ရောက်ရန် ပြင်ဆင်လိုက်ကြသည်။
သို့ပေမဲ့ အစိမ်းရောင်ကျောက်စိမ်းပန်းပုကို ကိုင်ဆောင်ထားသောလူအပြင် နောက်ထပ် ထူးခြားသည့်လက်နက် တစ်ခုကို ကိုင်ဆောင်ထားသည့်လူတစ်ယောက်သည် သူတို့၏ ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေကြောင်းကို မြင်လိုက်ရ၏။ ထိုသူတို့၏ အင်္ကျီအဝတ်အစားပေါ်တွင် ပြိုင်စံရှားဂိုဏ်းဟု ရေးသားထား၏။
“ဟမ်”
အားလုံးသောသူများသည် ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွား၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေပါလား”
“ဂျူနီယာညီလေးရီ”
ရှောင်ကျီသည် ရီရှင်းချန်၏ အနောက်ဘက်တွင် ရပ်ကာဖြင့် မေးလိုက်သည်။ “အဆင်ပြေ ရဲ့လား”
ဂျွတ် … ဂျွတ် ..။
အရိုးကျိုးသံများ ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။ ဒဏ်ရာရထားသော ကျောက်စိမ်းပန်းပုကို ကိုင်ထားသော ရီရှင်းချန်သည် သူ၏ဦးခေါင်းကို မော့လိုက်၏။ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လျက် ရှိနေသည်။ “သူ့ကို ထိခိုက်နာကျင်အောင် လုပ်တဲ့လူတွေက ဒီနေ့ သေကိုသေရမယ်”
ဝှစ် ဝှစ်
ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် စုစည်းလာပြီးသည့်နောက်မှာတော့ ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့်ပေါင်းစပ်ကာ တည်နေရာကြီးတစ်ခုလုံးသည် အလွန်လေးနက်သည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
တည်နေရာထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူ များအားလုံးသည် ဆံပင်မွှေးများပင် ထောင်ထ သွားကြ၏။