← Chapters

အခန်း (၁၁၀၂)

Vol. 74 Ch. 1102

အခန်း (၁၁၀၂)

Vol. 74 Ch. 1102

ယွမ်သခင်လေးသည် ကျန့်ရာနှင့်တစ်ခြားသူများအားလုံး ယူဆောင်လာခဲ့ကြသော စိတ်ဝိညာဉ်ကျောက်တုံးများ၊ ကျောက်ရိုင်းတုံးများ၊ တစ်ခြားသောပစ္စည်းများ ပုံထားသော အရာကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ၎င်း၏ အမူအရာများသည် တလက်လက်နှင့်တောက်ပလျက်ရှိနေတော့၏။

သူသည် ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ဂိုဏ်းတွင်ရှိနေသော အရင်းအမြစ်များအားလုံးသည် တစ်ခြားသောသူများ အားလုံးဆီမှ ငွေညှစ်၍ရသည့်အရာများဖြစ်ကြောင်းကို သေသေချာချာ နားလည်နေပြီးဖြစ်၏။ ဤအရာသည် အရှက်မဲ့ လွန်းလှ၏။ သို့ပေမဲ့ သူသည် ကြိုက်နှစ်သက်လွန်းသည်။

ဆေးတောင်ထွတ် ..။

အဓိက ဆေးဟောခန်းတွင်တော့ ရီရှင်းချန်သည် ထိုဆေးဟောခန်း၏ အပြင်ဘက်မှာတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို လျှောက်လျက်ရှိနေတော့သည်။ ၎င်း၏ မျက်နှာတစ်ခုလုံးသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။

ကျောက်စိမ်းပန်းပုသည် ဒဏ်ရာရရှိရုံသာဖြစ်ပြီး အသက်အန္တရာယ်မရှိသည်ကို သိသည်ဆိုသော်လည်း သူ့အနေနှင့် အလွန်တရာ စိုးရိမ်ပူပန်လျက်ရှိနေသေးသည်။

ဤလောကကြီးတွင် ညအင်ပါယာ စိတ်တစ်ခုလုံး မတည်မြဲဖြစ်အောင် ပြုလုပ်နိုင်သည့် တစ်ခုတည်းသောသူသည် ၎င်း၏ ပဋိညာဉ်သားရဲပင်ဖြစ်တော့၏။ ဤနေရာတွင် ကုန်းရှန့်သာ ရှိမည်ဆိုပါက ခေါ်၍ ခေါင်းကို တဒေါက်ဒေါက် နှင့် ခေါက်မိပေလိမ့်မည်။

မိန်းကလေးတစ်ယောက်၏ နောက်ကျောက ဓားနဲ့ထိုးပြီး သတ်ဖြတ်ခံရတာလည်း အံ့အားသင့်စရာမဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ မိန်းကလေးတစ်ယောက်ထက်ပိုပြီး ပဋိညာဉ်သားရဲကို သံယောဇဉ်တွယ်နေရတာလဲ။ ဒါမျိုးကို ဘယ်မိန်းမက သည်းညည်းခံနိုင်မှာလဲ။

ကျွီ …။

တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ စွန်းပုကုံးသည် အသာလျှောက်ထွက်ပြီးသည့် နောက်မှာတော့ ပြောလိုက်တော့၏။

“စီနီယာအစ်ကိုရီ … ကျောက်စိမ်းပန်းပုက အဆင်ပြေပါတယ်။ အနည်းငယ်လောက် ပြန်ပြီးတော့ အားမွေးလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်။”

ဝှစ်

ရီရှင်းချန်သည် အလောတကြီးဖြင့် အထဲသို့ လျှောက်ဝင်သွား၏။ ဆေးခုတင်ပေါ်မှာတော့ အိတ်ကပ်တစ်ခု အရွယ်အစားသာရှိသော ကျောက်စိမ်းပန်းပုသည် ခန္ဓာကိုယ်တစ်ခုလုံး ပတ်တီးများအဖွေးသားနှင့် ဖြစ်လို့နေခဲ့၏။

သူသည် သူ၏ သခင်အော်ရာများထွက်ပေါ်လျက်ရှိနေသည့် မရင်းနှီးသည့်လူသားကို စူးစိုက်ကြည့်နေသည်။

ရီရှင်းချန်၏ မျက်နှာပေါ်တွင်ရှိသော အေးစက်မောက်မာမှုများအားလုံးသည် ပျောက်ကွယ်သွား၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ရောင်းရင်း။ ငါတို့ပြန်ပြီးတွေ့ကြပြီ။”

ဂီး

ကျောက်စိမ်းပန်းပုသည် တိုးညှင်းစွာဖြင့် အော်ဟစ်လိုက်သေး၏။ သူ၏ ရှေ့တွင်ရှိသော လူသားသည် မရင်းနှီးသည့် ပုံပန်းသွင်ပြင်မျိုး ရှိသည်ဆိုသော်လည်း ၎င်းဆီမှထွက်ပေါ်နေသည့် အော်ရာများမှာတော့ သူ့အနေနှင့် အလွန်တရာ ရင်းနှီးလွန်းနေ၏။ ထိုသူသည် သူ အကြာကြီးစောင့်မျှော်နေခဲ့ရသည့် သူ၏ သခင်ပင်ဖြစ်ရပေလိမ့်မည်။

သားရဲနှင့်လူတစ်ယောက်တို့သည် မည်သည့်စကားမျှ မဆိုကြချေ။ တစ်ယောက်နှင့် တစ်ယောက် စူးစိုက်ကြည့်လျက် ရှိနေကြ၏။ ၎င်းတို့နှစ်ယောက်၏ စိတ်ထဲမှာတော့ နွေးထွေးသည့် ခံစားချက်များ တည်ရှိလို့နေလေသည်။

…

ရီရှင်းချန်နှင့်ကျောက်စိမ်းပန်းပုတို့ ပြန်လည်ပေါင်းဆုံပြီးသည့်အခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာနှင့်အချိန်ပိုးကောင် ဖောက်ပေးထားသော လမ်းအတိုင်း ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ဆီသို့ သွားလာ လျက်ရှိနေတော့၏။

စနစ်က ပြောလိုက်သည်။ “အဆင့်မြင့် ဒါမှမဟုတ် အရမ်းကိုအဆင့်မြင့်တဲ့ အသိမြင်အဆောင်တွေသာ ရှိမယ်ဆိုလို့ရှိရင် တစ်စက္ကန့်အတွင်း ဘယ်သိုင်းနည်းစနစ်ကိုမဆို လေ့လာသင်ယူနိုင်စွမ်းရှိတယ်။ ဘာကို နှောင့်နှေးနေတာလဲ။”

လမ်းတစ်လျှောက်မှာတော့ စနစ်သည့် လက်ခံသူအား ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုအောင် စိတ်ရှည်လက်ရှည်နှင် ဆွဲဆောင်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် မကြားချင်အောင် ဆောင်ထား၏။ သူသည် ရှေ့သို့ သွားနေရသည် ဆိုသော်လည်း ဘေးတစ်ဖက်တစ်ချက်တွင်ရှိသော အဆုံးမဲ့လေဟာနယ်ကြီးတစ်ခုထဲကို သေသေချာချာ ကြည့်ရှုလျက် လည်း ရှိနေသည်။ ကံကောင်းမည်ဆိုလျှင် အလွန်အားကောင်းလှသော စွမ်းအားမြင့်ကျင့်ကြံသူများ၏ အလောင်းများကို ထပ်မံကာ တွေ့ရနိုင်သေးသည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ထပ်မံ၍ တစ်ယောက်ကိုမျှ ထပ်မံ၍ မတွေ့တော့ချေ။

ဂြိုဟ်တစ်ခုချင်းဆီတိုင်းတွင် လေဟာနယ်ကို ချိုးဖြတ်နိုင်သော ထိပ်တန်းကျွမ်းကျင်သူ တော်တော်များများ ရှိပေလိမ့် မည်။ သို့ပေမဲ့ အရေအတွက်မှာ အလွန်တရာ နည်းပါးလွန်းလှ၏။

ဂြိုဟ်တစ်ခုချင်းစီအရ နည်းပါးလွန်းလှသည်ဆိုသော် လည်း ကျယ်ပြောလွန်းလှသော စကြာဝဠာကြီး နှင့်နှိုင်းယှဉ်မည်ဆိုလျှင် ပုရွက်ဆိတ်လေးများကဲ့သို့ များပြားလွန်းပေမည်။

သို့သော်ငြား ဤကဲ့သို့သော လေဟာနယ်တည်နေရာကြီးထဲတွင် များပြားလှသော အလောင်းများ ရှာတွေ့ဖို့ဆိုသည်မှာ တော့ ကောက်ရိုးပုံထဲ အပ်ရှာနေသကဲ့သို့ပင် ခက်ခဲနေပေလိမ့်မည်။

“သခင်”

ရက်အနည်းငယ်လောက် ထပ်မံတူးပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာပိုးကောင်သည် ရုတ်တရက် ရပ်ကာ ပြောလိုက်တော့၏။ “ဖြတ်သွားရမယ့် ဇုန်တည်နေရာထဲကို ရောက်ပြီလေ။ ဒီနေရာကို ဖြတ်သွားမယ်ဆိုရင် နည်းနည်းတော့ နာကျင်လိမ့် မယ်။”

“ဖြတ်သွားရမယ့် တည်နေရာကြီး ဟုတ်လား။”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘာကိုဆိုလိုတာလဲ။”

အချိန်နှင့်တည်နေရာပိုးကောင်က ရှင်းပြလိုက်၏။ “ဂြိုဟ်နှစ်ခုက အရမ်းကို ဝေးတယ်လေ။ အရမ်းကို စွမ်းအားမြင့်ကျင့်ကြံသူတွေဆိုရင်တောင်မှ အဲလိုတည်နေရာမျိုးကို ရောက်ရှိဖို့အတွက် နှစ်ပေါင်းတစ်ရာလောက် လေဟာနယ်ဖြတ်သန်းသွားလာဖို့လိုလိမ့်မယ်။ ဒါကြောင့် တည်နေရာ လမ်းကြောင်းတွေကို တူးပြီးတော့ သွားတဲ့အချိန်မှာ ဖြတ်သန်းသွားလာနိုင်တဲ့ ဖြတ်လမ်းမျိုးကို ရွေးချယ်ပြီး သွားမှ ရမယ်။ ဒါမှ ပိုပြီး မြန်ဆန်တာပေါ့။”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီလောက်ထိ ဆန်းကြယ်လွန်းတာလား။”

…

ဖြောက် ဖြောက် ဖြောက်

အချိန်နှင့်တည်နေရာပိုးကောင်သည် ဆက်လက်ကာ ရှေ့သို့ တူးလျက်ရှိသည်။ ၎င်း၏ ရှေ့တွင်တော့ တည်နေရာ လမ်းကြောင်းတစ်ခုသည် ပေါ်ပေါက်လာခဲ့သည်။ “သခင် …. ဒါက ဖြတ်သွားရမယ့်တည်နေရာတစ်ခုပဲ။”

ကျွင်းချောင်ရှောင်းသည် ခနလောက်တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်တော့၏ “ငါနည်းနည်းတော့ နားလည်လာပြီ။”

ရွှီ

အချိန်နှင့်တည်နေရာပိုးကောင်သည် ထိုဖြတ်သန်းသွားလာရမည့် ဇုန်တည်နေရာကြီးထဲသို့ ရေမြွေတစ်ကောင်ကဲ့သို့ တိုးဝင်သွားခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည်လည်း နီးနီးကပ်ကပ်ဖြင့် အနောက်မှ လိုက်ပါလာခဲ့သည်။

သို့ပေမဲ့ ထိုတည်နေရာထဲသို့ ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စုတ်ပြတ်သပ် သကဲ့သို့ပင် ခံစားလာမိတော့၏။

“သခင်”

အချိန်နှင့်တည်နေရာပိုးကောင်သည် မနှောင့်ယှက်ချေ။ မည်သည့်ခံစားချက်မှ မရှိသလိုပင် ပြောလိုက်၏။ “ဒီ ဖြတ်သန်းသွားလာရမည့် ဇုံတည်နေရာကြီးက အရမ်းကို နာကျင်တယ်။ ဒါကို ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်တယ် ဆိုလို့ရင် မြန်မြန်ဆန်ဆန် ခရီးကို ရောက်လိမ့်မယ်။”

…

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမျှ မဆိုချေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်လျက်ရှိသော နာကျင်မှု များကို အောင့်အီး သည်းခံလျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ သူသည် ရှေ့သို့ ဆက်တိုးလိုက်သည်။

အချိန်နှင့်တည်နေရာပိုးကောင်က ပြောလိုက်သည်။ “သခင် …. တစ်ခြားဂြိုဟ်ရဲ့ အော်ရာတွေကို ကျုပ် အနံ့ခံရပြီ။ ရက်အနည်းငယ်အတွင်း အဲနေရာကို ရောက်တော့မယ်လို့ ထင်တယ်။”

“ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်လား။”

ပိုးကောင်သည် လမ်းမှားပြီး သူ့အား တစ်ခြားသော ဂြိုဟ်များဆီသို့ ခေါ်ဆောင်သွားမိမည်ကို သူ အလွန် စိုးရိမ်ပူပန်လျက်ရှိနေ၏။

“သခင် … စိတ်ချပါ။”

အချိန်နှင့်တည်နေရာပိုးကောင်က ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ “ကျုပ်က တည်နေရာတွေ ဖြတ်သန်းသွားလာဖို့ တည်နေရာလမ်းကြောင်းတွေ တူးဆွတဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်တဲ့ သူ တစ်ယောက်ပါ။”

………

“အမှိုက် … အမှိုက်ကောင်တွေ။”

ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ နန်းတော်ထဲမှာတော့ နှင်းဆီဧကရီသည် ခုနှစ်ရောင်အလင်းများ တောက်ပလျက် ရှိနေ သည့် နန်းပလ္လင်၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူမသည် ဒူးထောက်လျက်ရှိနေသော ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများအားလုံးကို ဒေါသတကြီးနှင့် ဆူငေါက်လျက်ရှိနေ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့်ချိတ်ဆက်လျက်ရှိနေသာ စည်းကို ချိုးဖြတ်ရန် သူမ မှာကြားခဲ့၏။ သို့ပေမဲ့ နှစ်ဝက် လောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ မည်သည့်တိုးတက်မှုမှ မရှိချေ။ ဤအရာမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလွန်းလှသည်။

“အရှင်မ … ကျေးဇူးပြုပြီး စိတ်ကိုအေးအေးထားပါ။”

နောက်လိုက်တစ်ယောက်သည် တုန်ယင်နေသည့်လေသံဖြင့် ပြောလိုက်၏။ “ဂြိုဟ်နှစ်ခုကို ချိတ်ဆက်ထားတဲ့ တည်နေရာနဲ့အချိန်လမ်းကြောင်းက အခုပွင့်သွားပြီ။ ဒါပေမဲ့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးဘက်မှာရှိတဲ့ တည်နေရာဝင်ပေါက်က ပြန်ပြီးတော့ ပိတ်ဆို့သွားတယ်။ အရင်တုန်းက အဲဒီ လမ်းကြောင်း တစ်ခါမှ မရှိခဲ့တဲ့ ပုံစံမျိုးဖြစ်သွားတာ”

“ပြန်ကောင်းသွားတာ ဟုတ်လား။”

နှင်းဆီဧကရီသည် အေးစက်စက်ပြောလိုက်၏။ “ငါ လိုက်ကြည့်အုံးမယ်။ တကယ်လို့ မင်းတို့သာ လိမ်နေမယ်ဆိုရင် မင်းတို့ဝိညာဉ်တွေအကုန်လုံး ပျက်စီးသွားဖို့ စောင့်မျှော်နေလိုက်တော့။”

ဝှစ်

သူမသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တော့သည်။

……..

နောက်လိုက်သည် သူ၏ နဖူးပေါ်တွင်ရှိနေသော ချွေးစေးများကို သုတ်လိုက်တော့၏။ ပြီးနောက် စိတ်ထဲမှာ ကျိတ်ကာ ဆုတောင်းလျက်ရှိနေ၏။ “ကျေးဇူးပြုပြီး ဘာပြဿနာမှ မရှိပါစေနဲ့။ မဟုတ်ရင် ငါ့ရဲ့သေးငယ်လှတဲ့အသက်လေးက တစ်ခါတည်း ပြီးဆုံးသွားလိမ့်မယ်။”

….

ဖြောက် ဖြောက် ဖြောက် …။

ဂွပ် ဂွပ် ဂွပ် ဂွပ်

အချိန်နှင့်တည်နေရာပိုးကောင်သည် တည်နေရာလမ်းကြောင်းများကို တူးဆွရင်း အလုပ်ကြိုးစားလျက်ရှိနေသည်။ တဖြည်းဖြည်းနှင့် သူတို့သည် ဝိညာဉ်ကုန်းမြေတိုက်ကြီးနှင့်နီးကပ်လာခဲ့ပြီဖြစ်၏။

“ဟမ်”

တည်နေရာတစ်ခုမှနေ ပျံသန်းရောက်ရှိလာခဲ့သော နှင်းဆီဧကရီသည် ရုတ်တရက် တည်နေရာတစ်ခုတွင် မတ်မတ် ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သေသေချာချာ နားစွင့်ထားလိုက်သည်။ “ကြည့်ရတာ အဆုံးမဲ့တဲ့ လေဟာနယ်ထဲကနေ လှုပ်ရှားမှုတစ်ခုခု ဖြစ်ပေါ်လာပုံပဲ။”

“သခင် …”

အချိန်နှင့်တည်နေရာပိုးကောင်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီးသည့်နောက်မှာတော့ ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်မိ၏။ “ဒီနေရာမှာ အရမ်းအားကောင်းတဲ့ အော်ရာတွေ ရှိနေတယ်။ ကြည့်ရတာ ကျုပ်တို့ရဲ့ တည်ရှိမှုကို တစ်ဖက်က သိရှိသွားတဲ့ပုံပဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်တော့သည်။ “ဒါက လေဟာနယ်ထဲကနေ ဖြတ်သန်းသွားလာချိန်မှာ အပြင်ဘက်ကနေ တစ်ယောက်ယောက် ဖြတ်သွားတာလည်း ဖြစ်နိုင်တယ်လေ။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က အထက်နယ်မြေဆီကို တက်သွားတာလည်း ဖြစ်နိုင်တယ်။ ထားလိုက်ပါတော့။ တည်နေရာလမ်းကြောင်းကို ဆက်ပြီး တူးတဲ့ကိစ္စကိုပဲ အာရုံစိုက်ထားရအောင်။”

“ကောင်းပါပြီ။”

အချိန်နှင့်တည်နေရာပိုးကောင်သည် ဆက်လက်ကာ အလုပ်လုပ်ဆောင်တော့၏။

တစ်ဖက်တွင် သခင်နှင့်ကျေးကျွန် တို့သည် ကောင်းကောင်းမွန်မွန်နှင့် အလုပ်ကြိုးစားလျက် ရှိနေချိန်မှာတော့ နှင်းဆီဧကရီသည် ဇဝေဇဝါနှင့်ဖြစ်မိနေသည်။ “ထူးဆန်းလိုက်တာ။ ဘာလို့ ဘာအသံမှ ထပ်မကြားရတော့တာလဲ။ ထားလိုက်တော့။ ထားလိုက်တော့။”

သူမသည် ခေါင်းကို ခါယမ်းကာ သူမ လမ်းကို ဆက်၍ သွားတော့သည်။ အချိန်အတိုအတွင်းမှာပဲ သူမသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ ဝင်ပေါက်နှင့် ချိတ်ဆက်လျက်ရှိနေသော တည်နေရာလမ်းကြောင်းဆီသို့ ရောက်ရှိလာခဲ့၏။

တစ်ဖက်တွင်ရှိသော တည်နေရာဝင်ပေါက်သည် အလုံးစုံပြန်လည်ကောင်းမွန်သည်ကို သိရှိပြီးသည့်နောက်မှာတော့ သူမသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “ဒါက အရင်ဧကရီအနေနဲ့ အချိန်နှင့်တည်နေရာပိုးကောင်ကို အသုံးပြုပြီးတော့ ဖွင့်ခဲ့တဲ့ လမ်းကြောင်းပဲ။ ဘယ်လို ဖြစ်ပြီး ပြန်ကောင်းသွားရတာလဲ။”

နှင်းဆီဧကရီသည် အကူအညီမဲ့စွာဖြင့် ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ နန်းတော်ဆီသို့ ပြန်လှည့်လာခဲ့ရတော့သည်။ သူမသည် အလွန်အားကောင်းလှသည်ဆိုသော်လည်း တည်နေရာအတားအဆီးအား တိုက်ရိုက်သွား၍ မဖွင့်ရဲချေ။ အမှတ်တမဲ့နှင့် အဆုံးမဲ့သော လေဟာနယ်ထဲသို့ ရောက်ရှိသွားသည်ဆိုသည်နှင့် ကျိန်းသေပေါက် သေဆုံးသွားနိုင် သည်။

….

“သခင် …”

နောက်တစ်ရက်တူးဆွပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာပိုးကောင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ဝိညာဉ်ကုန်းမြေတိုက်ကြီးကို ရောက်ရှိဖို့အတွက် မိုင်ဒါဇင်အနည်းငယ်လောက်ပဲ လိုတော့တယ်။”

“ချီးတဲ့မှ ….”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့ တကယ်ကို ရောက်ပြီပဲ။”

သူ့အနေနှင့် အချိန်နှင့်တည်နေရာလမ်းကြောင်းထဲတွင် ဆယ်ရက်ကြာ အချိန်ဖြုန်းခဲ့ရ၏။ ဤအတောအတွင်း သူ့အား မည်သူမျှ လာရောက်၍ စကားမပြောကြချေ။ ထို့ကြောင့် ရူးသွပ်ချင်စိတ်ပင် ပေါက်မိနေ၏။

လေဟာနယ်ထဲတွင် လမ်းပျောက်ကာ သေဆုံးသွားခဲ့သော အလောင်းများအနေနှင့် မည်မျှအထီးကျန်ဆန်လိုက် သနည်း ဆိုသည်မှာ ပါးစပ်နှင့် ပြောပြရန်ပင် ခက်ခဲလွန်းနေသည်။

ဂွပ် ဂွပ် ဂွပ် …။

တည်နေရာလမ်းကြောင်းဖောက်ခြင်းသည် ဆက်လက်ကာ ဖြစ်တည်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။“ခရီးလမ်းဆုံးကို ရောက်တဲ့အချိန်မှာ တစ်ခြား ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေနဲ့ ခပ်ဝေးဝေးဆီကို သွားရအောင်။”

တစ်ခြားချိတ်ဆက်ထားသောလမ်းကြောင်းဆိုသည်မှာ ဝိညာဉ်ကုန်းမြေတိုက်ကြီးဆီမှ မူလက ဖောက်ထားသော လမ်းကြောင်းများကို ဆိုလိုခြင်းပင် ဖြစ်တော့၏။

ထိုသို့သော တည်နေရာထဲတွင် ဝိညာဉ်မျိုးနွယ်များ၏ ကျွမ်းကျင်သူများသည် တကယ့်ကို့ ကြပ်ကြပ်မတ်မတ်နှင့် စောင့်ကြပ်နေကြမှာ သေချာ၏။ ထိုနေရာသို့သာ ရောက်ရှိသွားသည်ဆိုပါက ၎င်းတို့အနေနှင့် အပြင်ကို ထွက်သည် ဆိုသည်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းကို ပြုလုပ်ရပေတော့မည်။

“နားလည်ပါပြီ။”

အချိန်နှင့်တည်နေရာပိုးကောင်သည် ဆက်လက်ကာ လမ်းကြောင်းပြောင်းလိုက်တော့၏။ ထိုအချိန်မှာတော့ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပစ်မှတ်ထားကာ သွားလာဖို့ ပြင်ဆင်နေပြီဖြစ်၏။ “သခင် … ကျုပ်တို့ရောက်ပြီ။”

ဂွပ် ဂွပ် ဂွပ် ….။

အချိန်နှင့်တည်နေရာပိုးကောင်သည် နောက်ဆုံးကျန်သော တည်နေရာအတားအဆီးအား ဝါးမြိုလိုက်တော့၏။ ပြီးသည့်နောက်မှာတော့ မှောင်မဲနေသော ဥမင်လှိုဏ်ခေါင်းသည် ချက်ချင်းဆိုသလိုပဲ လင်းလက်သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်နှင့် မျက်လုံးကို မှိတ်လိုက်မိ၏။ သူ၏ နှုတ်ခမ်းထောင့်၌ အပြုံး တစ်ခု ဖြစ်တည်လာခဲ့သည်။ “ဝိညာဉ်ကုန်းမြေတိုက်ကြီး … ငါ … ကျွင်းချောင်ရှောင်း လာပြီ။”

“ဟမ် ….”

နန်းတော်ဆီသို့ ပြန်လာခဲ့သော နှင်းဆီဧကရီသည် အလွန်အားနည်းလွန်းလှသော တည်နေရာစွမ်းအင်တစ်ခုသည် မိုင်တစ်ထောင် အဝေးတွင် ဖြစ်တည်လာခဲ့သည်ကို အာရုံခံမိလိုက်၏။ ထို့ကြောင့် ထိုတည်နေရာရှိရာဆီသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့၏။

ဝှစ်

အချိန်နှင့်တည်နေရာပိုးကောင်သည် ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်လာပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး သည် အိတ်ကပ်တစ်ခုအရွယ်အစားအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ သူသည် အားပျော့စွာဖြင့် ပြောလိုက်သည်။ “သခင် … ကျုပ်အရမ်းပင်ပန်းနေပြီ။ တော်တော်ကြာ နားဖို့လိုသေးတယ်။”

ကျွင်းချောင်ရှောင်းသည် ထိုလမ်းကြောင်းထဲမှ ခုန်ထွက်ပြီးသည့်နောက်မှာတော့ သူ၏ ပဋိညာဉ်သားရဲအား လက်တစ်ဖက်ဖြင့် ဖမ်းကိုင်ကာ ပြောလိုက်သည်။ “ကောင်လေး … မင်းအလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲကွာ။”

ပြောပြီးသည့်နောက်မှာတော့ သူသည် နက်မှောင်နေသော တည်နေရာကြီးနှင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို အာရုံခံ ကြည့်ရှုလိုက်၏။ ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်တော့၏။ “ဒီနေရာမှာရှိတဲ့ ကောင်းကင်နယ်မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေဟာ ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် ပိုပြီးတော့ အားနည်းလွန်းလှတယ်။ ဒါကြောင့် ဒီဂြိုဟ်တစ်ခုလုံးကို ထိန်းချုပ်နေတဲ့ ဧကရီလင်းပင် ဆိုတာက အရမ်း အားနည်းတာ အံ့အားသင့်စရာမဟုတ်တော့ဘူး။ ဟား ဟား ဟားဟား။”

ကျွင်းချောင်ရှောင်းသည် မျက်နှာကို လက်ဖြင့် အုပ်ကာ ကာဖြင့် သဘောတကျ ရယ်မောလိုက်၏။ “ဝိညာဉ်ကုန်းမြေတိုက်ကြီးက ဒီနေ့ကစပြီးတော့ ငါ့ရဲ့ ခြေထောက်အောက်ကို ရောက်ရှိပြီ။”

“ဟမ်”

ရုတ်တရက်ဆိုသလိုပဲ သူ၏ အပြုံးသည် အေးခဲသွား၏။ အဘယ့်ကြောင့်ဆိုသော် အလွန်တရာ မွေးပျံ့လှသော နှင်းဆီ ရနံ့များသည် သူ့နှာခေါင်းထဲသို့ ရောက်ရှိလာခဲ့၏။

သူ၏မျက်နှာပေါ်တွင် ဖုံးကာထားသော လက်ငါးချောင်းအား ရုတ်တရက် ဖယ်လိုက်သည့်နောက်မှာတော့ အလွန်တရာ လှပလွန်းသော မျက်နှာတစ်ခုသည် ကုန်းရှန့်၏ မြင်ကွင်း ထဲတွင် ပေါ်ပေါက်လာတော့သည်။

“ချီးတဲ့မှ။”

သူသည် အလန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်မိ၏။ သူ့ရှေ့တွင်ရှိသော အမျိုးသမီးသည် အလွန်တရာလှပလွန်း၏။ အချိုးအစားကျနလှသောခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်ကြောင်းကို သူချက်ချင်း နားလည်လိုက်မိတော့၏။

“ကောင်လေး။”

နှင်းဆီဧကရီသည် လက်ပိုက်ကာဖြင့် ကုန်းရှန့်ကို ကြည့်ကာ မေးလိုက်သည်။ “ခုနက ဘာပြောလိုက်တာလဲ။”

All Chapters