← Chapters

အခန်း (၁၁၀၈)

Vol. 75 Ch. 1108

အခန်း (၁၁၀၈)

Vol. 75 Ch. 1108

ပစ္စည်း၏ မိတ်ဆက်ကို ဖတ်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုအရာမှာ ကန့်သတ်ထားသော ပစ္စည်း များကို ဝယ်ယူရန် အခွင့်အရေးပေးသည်ဖြစ်ကြောင်း နားလည်သွားမိ၏။

စနစ်က အကြံပြုလိုက်သည်။ “လက်ခံသူအနေနဲ လောကအဆောင်ကို ဝယ်ယူပြီး အသုံးပြုရမယ်လေ”

“ငါလည်း ဒါကိုပဲ တွေးနေတာပေါ့”

သူ့အနေနှင့် Refresh ပြုလုပ်ပြီးသည့်နောက် ပေါ်ပေါက်လာသည့်ပစ္စည်းများ သည် အများအပြား ရှိသည်ဆိုသော်လည်း ထိုအရာများ အားလုံးသည် တစ်စုံတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအင် ကို ချက်ချင်း တိုးမြင့်ပေးနိုင်သည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် လောကအဆောင်ကဲ့သို့သော အရာမျိုးကို ဝယ်ယူမှသာလျှင် အသင့်တော်ဆုံး လုပ်ရပ် ဖြစ်ပေလိမ့်မည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ လက်ရှိအဆင့်အရ လောကအဆောင်ရဲ့ အကူအညီနဲ့သာဆိုရင် သိုင်းသူတော်စင် ထိပ်ဆုံး၊ ဒါမှမဟုတ် အဲထက်မြင့်တဲ့ အဆင့်ကို ရောက်ရှိသွားလိမ့်မယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက် တောက်ပသွားခဲ့၏။ ပစ္စည်းအရဆိုလျှင် သူသည် ကျိန်းသေပေါက် ဤအမျိုးသမီးထက် အားမနည်းလှချေ။ သို့ပေမဲ့ ကျင့်ကြံခြင်းအဆင့်မှာတော့ သူမထက် အများ အပြားနိမ့်ကျလျက် ရှိနေ၏။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်ကိုသာ တိုးမြှင့်နိုင်စွမ်းရှိမည်ဆိုလျှင် သူမအား အနိုင်ယူ နိုင်ပေလိမ့်မည်။

သို့ပေမဲ့ ဤပစ္စည်းသည် ကန့်သတ်ထားသော ပစ္စည်းများကို ဝယ်ယူခွင့်ကိုသာ ပေးခဲ့၏။ ထို့ကြောင့် သူအနေနှင့် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကျသင့်သော လောကအဆောင်ကို ထပ်မံကာ ဝယ်ယူရပေ လိမ့်မည်။

“ပြီးတော့ …”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “လောကအဆောင်ကို သုံးပြီးသွားရင် ငါက တစ်နှစ်ကြာအောင် အားနည်းနေမှာလေ။ ဒီအရာကို အသုံးပြုပြီး တွဲဝယ်လိုက်တယ်ဆိုတော့ နှစ်နှစ်ကြာ အားနည်းနေမှာ မဟုတ်လား”

စနစ်က ပြောလိုက်သည်။ “လက်ခံသူဆီမှာ အလယ်အလတ်အဆင့် အချိန်နဲ့တည်နေရာ လျှို့ဝှက်နယ်မြေကို ဝယ်လိုက်ရင် ရပြီလေ။ ဒါဆိုလို့ရှိရင် ဘေးထွက်ဆိုးကျိုးက ရက်အနည်းငယ်အတွင်း ပျောက်သွားလိမ့်မယ်”

“ဒါက ဟုတ်တာပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများ တောက်ပသွားခဲ့၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အထူး-အထူးသောတာဝန်ကို အောင်မြင်အောင် ပြုလုပ်နိုင်မယ်ဆိုရင် ရရှိလာမယ့် ဆုလာဘ်တွေကလည်း မြင့်မားမှာ ကျိန်းသေတယ်လေ”

အလွန်ထူးချွန်လှသော အရောင်းသမား၏ သွေးဆောင် ဖျားယောင်းမှုအောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ဆုံးဖြတ်ချက်ချပြီး ဖြစ်နေတော့သည်။ သူသည် အိပ်ယာပေါ်တွင် အိပ်ပျော်လျက်ရှိနေသော နှင်းဆီဧကရီ ဆိုသည့်အမျိုးသမီးအား လှမ်းကြည့်ကာ ပြောလိုက်၏။ “ငါ့ကို ဂိုဏ်းစုဆောင်းမှတ် ငါးသောင်း အရင်ပေးအုံး”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၇၈၈၀၀ /၇၀၀၀၀”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြုပြီးသည့်နောက်မှာတော့ တစ်ခွက်အပို ပစ္စည်းအား လက်ခံရယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ လွှဲပြောင်းပြီးပါပြီ”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြု၍ အလယ်အလတ်အဆင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... လက်ခံသူသည် တစ်ခွက်အပို ဆိုသည့်ပစ္စည်းအား အသုံးပြုပြီးသည့်နောက် လောကအဆောင်အား ရွေးချယ် ဝယ်ယူခဲ့၏။ လောကအဆောင် ဝယ်ယူခွင့်အား လက်ခံရယူခဲ့ပြီးဖြစ်၏”

“ဒင်.. လက်ခံသူသည် ဂိုဏ်းစုဆောင်းတစ်သောင်းအား အသုံးပြု၍ လောကအဆောင်တစ်ခုအား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၈၈၀၀ / ၇၀၀၀၀”

ထိုင်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် လောကအဆောင်ကို ရရှိပြီးသည့်နောက် မှာတော့ ပြုံးစိစိနှင့် ဖြစ်လာခဲ့တော့၏။ သူ၏နောက်တွင် ဖြစ်ပေါ်နေသော အရိပ်မဲကြီးသည် ကြီးမားလှသည့် ဝံပုလွေဆိုးကြီးတစ်ကောင်ကဲ့သို့ပင် အသွင်ဖြစ်တည်လျက် ရှိနေတော့၏။ တစ်လဆိုသည်မှာ ကြာမြင့်လွန်းလှ၏။ တစ်မိနစ်အတွင်းပဲ ထ၍ တိုက်ခိုက်ချင်စိတ်များ ပေါ်လာတော့သည်။

အသစ်ဖန်တီး ဖြစ်တည်လာခဲ့သော စည်းဓားမော့ကြီးသည် အလွန်အားကောင်းလွန်းလှသော တိုက်ခိုက်ရေး စွမ်းအင်များကို ထုတ်ဖော် အသုံးပြုနိုင်စွမ်း ရှိ၏။ သို့ပေမဲ့ သူ၏အဆင့် တိုးတက်လာဖို့ လိုအပ်နေသေးသည်။ ထိုမှသာလျှင် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်မှာဖြစ်၏။ ရန်သူသည် သူ့ထက် အဆမတန် အားကောင်းလွန်းနေသည်မှာ သေချာ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤပစ္စည်းတစ်မျိုးတည်းနှင့် နှင်းဆီဧကရီအား ယှဉ်ပြိုင်တိုက်ခိုက် နိုင်လိမ့်မည်ဟု အယုံကြည်လွန်မနေခဲ့ချေ။

လက်ရှိအခြေအနေမှတော့ သူ့တွင် လောကအဆောင် တည်ရှိနေသည်ဖြစ်သောကြောင့် ယုံကြည်ချက်ကြီးကြီး မားမား တည်ရှိလို့နေခဲ့၏။ ထို့အပြင် ဤလောကအဆောင်ကို အသုံးပြုသည့်နောက်မှာတော့ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ကြီးတစ်ဆင့်အထိ တိုးတက်ရောက်ရှိသွားမှာ မဟုတ်ပါလား။

အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲကြီးဖြစ်သော ကုန်းစွန်းဟောင်းဟိုင် ရောက်ရှိလာခဲ့ပြီး ပြဿနာရှာစဉ်က သူသည် လောကအဆောင်ကို ချိုးဖြတ်ပြီး သိုင်းနယ်မြေကျင့်ကြံသူ အဆင့်ဆီသို့ တစ်ခါတည်း တိုးတက်ရောက်ရှိခဲ့၏။ နဂါးကျားတိုက်ပွဲတွင် အထက်နယ်မြေဆီမှ လက်ဝါးရိုက်ချက်ကြီးကို ခုခံသည့်နေရာတွင် လည်း သူသည် လောကအဆောင်ကို အဓိကထား၍ အသုံးပြု ကာကွယ်ခဲ့ရသည်။

စည်းဓားမော့ကြီးသည် အလွန်တရာ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်ပေးနိုင်သည် ဆိုပေမဲ့ အဆင့်နိမ့်သည့်သူများအပေါ်၌သာ အသုံးပြုနိုင်စွမ်း ရှိနေတော့သည်။ လောကအဆောင်၏ ထောက်ပံ့ ပေးမှုကိုသာ ရရှိမည်ဆိုပါက သူသည် အစွမ်းထက် လက်နက်ကြီးနှစ်ခုကို ရရှိပြီး ကျိန်းသေပေါက် အားအင်အဆင့် သည် တိုးတက်သွားပေလိမ့်မည်။

“ဒီမိန်းမ”

ကျွင်းချောင်ရှောင်းသည် အိပ်ပျော်လျက်ရှိနေသော နှင်းဆီဧကရီအား လှမ်း၍ ကြည့်လိုက်မိ၏။ “ငါ့ရဲ့အစစ်အမှန်အားအင်တွေက ဘာလဲဆိုတာကို သိစေရမယ်”

...........

ငါးရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ လေထဲတွင် သဲဖြူများ လွင့်လျက် ရှိနေတော့၏။ အလွန်တရာ အားကောင်းလှသော သတ်ဖြတ်လိုခြင်း အော်ရာများသည် တည်နေရာထဲတွင် ပျံ့နှံ့နေခဲ့၏။ ဤနေရာသည် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့ ပထမဦးဆုံးအကြိမ် စတင်တွေ့ရှိသည့် တည်နေရာလည်းဖြစ်၏။ ၎င်းတို့ နှစ်ယောက်သည် လက်ရှိအခြေအနေ၌ ပေတစ်ရာနီးပါးခန့် အကွာ၌ ရပ်လျက်ရှိပြီး အေးစက်သည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်လျက်ရှိနေ၏။

“မိန်းကလေး”

ကုန်းရှန့်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “မင်းငါ့ကို အခု ဒူးထောက်ပြီး တောင်းပန် လိုက်မယ်ဆိုရင် သေခြင်းတရားကနေပြီးတော့ ရှောင်ရှားနိုင်သေးတယ်နော်”

“ဟုတ်လို့လား” နှင်းဆီဧကရီက ရယ်မောလိုက်၏။ သူမ၏ လှပသည့်မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်လျက် ရှိနေသည်။

“........”

ကျွင်းချောင်ရှောင်းသည် ဤမိန်းကလေးနှင့် စကားလုံးများ အသုံးပြုကာ အချိန်မဖြုန်းတော့ချေ။ ထို့ကြောင့် လောကအဆောင်အား တစ်ခါတည်း ချိုးချေပြီးသည့်နောက် ဓားနှင့်သိုင်းသူတော်စင် အဆင့်မှသည် ပြည့်စုံသည့် သိုင်းနယ်မြေအဆင့်ဆီသို့ တိုးတက်သွားသည်။

မဟုတ်ပေ။ သူသည် သိုင်းအင်ပါယာအဆင့်ဆီသို့ တိုးတက် ရောက်ရှိသွားခြင်းဖြစ်၏။

“ဒီစွမ်းအင်တွေ”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တွင် ဖြစ်တည်နေသော စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည် ဖြစ်ကြောင်းကို သိရှိနားလည်သွား၏။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ “ဒါ.. ဒါက အရမ်း ကြမ်းတယ်”

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ စည်းဓားမော့ကြီးကိုတောင် ထုတ်ပြီး အသုံးပြုဖို့ မလိုတော့ဘူး”

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ပြီးသည့်နောက် နှင်းဆီဧကရီအား လက်ညှိုးနှင့်ညွှန်ကာ ပြောလိုက် တော့သည်။ “မိန်းကလေး... လာခဲ့လိုက်တော့”

ဝှစ်

နှင်းဆီဧကရီသည် ရှေ့သို့လှမ်းတက်လိုက်တော့၏။ သူမ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လှသည် ဆိုသော်လည်း အနီးကပ်လာသည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ အားအင်များသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်ဖြစ်ကြောင်းကို အာရုံခံမိလိုက်တော့၏။

“အို … မဟုတ်ဘူး”

ဘုန်း

နှိုင်းယှဉ်၍ မရအောင် အားကောင်းလှသော စွမ်းအင်များသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် အလိပ်လိပ် ဖြစ်တည်လာခဲ့၏။

ပေတစ်ရာပတ်လည်အတွင်းတွင် ရှိနေသော မြေတည်နေရာအားလုံးသည် ချိုင့်ဝင်လျက် ရှိနေတော့၏။ ကျောက်တုံးများ၊ သစ်ပင်များ အားလုံးသည် တိုက်ခိုက်မှု၏ အရှိန်အဟုန်ကို မခံစားနိုင်တော့ဘဲ မည်သည့်အချိန်ကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ပြန်ရုတ်ပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင်များ နှင့် ကြည့်ရှုလိုက်၏။ သူသည်မည်သို့မှ မနေနိုင်ဘဲ ထအော်လိုက်မိ၏။ “သိုင်းအင်ပါယာတစ်ယောက်ရဲ့ အားအင်က ဒီလောက် ကြောက်စရာ ကောင်းတာကိုး”

“လက်တစ်ထောင် ပန်းခူးလက်”

ထိုအချိန်မှာတော့ ဖုန်များ အလိပ်လိပ် တက်နေသည့် တည်နေရာတွင် သွယ်လှ သည့်လက်တစ်လေးတစ်ဖက်သည် ပေါ်ပေါက်လာတော့၏။ ပြီးသည့်နောက် လေထုထဲတွင် ကြီးမားသည့် လက်ကြီး ဖြစ်ပေါ်လာခဲ့ပြီး သူ့အား ထပ်တလဲလဲ ရိုက်နှက်ခြင်းကို ပြုလုပ်တော့၏။

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်း၏ အနောက်ဘက်မှ လေများ ဖြတ်တိုက်သွားပြီးသည့်နောက် ဆံပင်များပင် လွှင့်စင်လျက် ရှိနေ၏။ သို့ပေမဲ့ ကြီးမားသည့်လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည့်နောက်မှာတော့ သူသည် မတ်မတ်ရပ်လျက် ရှိနေသေးသည်။ သူသည် လက်ညှိုးကိုထောင်ကာဖြင့် ထိုလက်ဝါးရိုက်ချက်ကြီးအား တားဆီးလိုက်တော့၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

နှင်းဆီဧကရီ၏ လှပသောမျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ဖြစ်တည်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူမ၏ ကြမ်းတမ်းလှသော လက်ဝါးရိုက်ချက်များကို ခုခံသည့်နေရာတွင် လက်ချောင်း တစ်ချောင်းတည်းကိုသာ အသုံးပြု၍ ကာကွယ်ခဲ့သည်။

ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ ဟိတ်ဟန်များလှသော လူတစ်ယောက်ကဲ့သို့ မာန်ပါပါဖြင့် ပြောလိုက်မိ၏။ “ပိုးစုန်းကြူးလေးရဲ့ အလင်းရောင်က ဘယ်လိုဖြစ်ပြီး လရဲ့တောက်ပမှုကို နှိုင်းယှဉ်လို့ ရမှာလဲ”

ဘုန်း

အင်ပါယာတစ်ယောက်၏ အော်ရာများသည် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လာပြီးသည့်နောက် လေဟာနယ် တစ်ခုလုံးပင် ကွဲအက်သွားတော့သည်။

ဘုန်း

ဝေါ့

နှင်းဆီဧကရီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သွေးများ အန်ထွက်လာတော့သည်။ သူမ၏ မျက်လုံးထဲတွင်တော့ ခြောက်ခြားမှုများနှင့် ပြည့်နှက်လျက်ရှိ၏။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ ကောင်းကင်၏အထက် လေထုထဲတွင် ကြီးမားသည့်လက်ချောင်းကြီး ဖြစ်တည်လာပြီးသည့် နောက် တည်နေရာသို့ ကျဆင်းလာခဲ့သည်။

နှင်းဆီ ဧကရီ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ထင်ပေါ်လာခဲ့၏။ ဤကဲ့သို့ အားကောင်းလှ သော အားအင်များသည် သူမအား အလုံးစုံ ခုခံနိုင်ခွင့် ပျောက်ကွယ်သွားစေခဲ့၏။

ဘုန်း …။

နောက်ဆုံးမှာတော့ ထိုလက်ချောင်းကြီးသည် အောက်သို့ ကျဆင်းလာပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်အား ဖိနှိပ်လိုက်သည်။

ဝေါ့ ……။

လက်ချောင်း၏ ဖိနှိပ်မှုကို အံတုလျက်ရှိသော နှင်းဆီဧကရီသည် သွေးများ အန်ထွက်လာခဲ့၏။ သူမ၏ မျက်နှာသည် ဖြူလျော်လျက် ရှိနေပြီး ကြည့်ရှုရသည်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားပုံပေါ်သည်။ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက် သူမ၏ ဦးခေါင်းပေါ်သို့ ခြေတစ်ဖက် တင်လိုက်၏။ ပြီးနောက် လက်ကိုပိုက်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။

“ဟား ဟား ဟား ဟား”

“ဟား ဟား ဟား ဟား”

“ရှင် ဘာတွေ ရယ်နေတာလဲ”

ဖြောင်း ……။

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် ကုန်းရှန့်သည် သတိပြန်ဝင်လာခဲ့၏။ သူ၏ အရှေ့တွင်တော့ နှင်းဆီဧကရီသည် မတ်တပ်ရပ်လျက် ရှိနေပြီး အိပ်မှုန်စုံဖွားဖြင့် ဒေါသတကြီး ဖြစ်လို့နေသည် “ညသန်းခေါင်ကြီး ကြောင်တောင်တောင်နဲ့ ဘာတွေထအော်နေတာလဲ။ သူများ အိပ်ကောင်းခြင်း မအိပ်ရဘူး”

ဘုန်း…..။

“အောင်မလေးဗျ”

All Chapters