အခန်း (၁၁၀၇)
Vol. 75 Ch. 1107
ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ လိုအပ်မနေချေ။ သူလိုအပ်နေသည့်အရာများမှာ သိုင်းကျင့်ကြံခြင်း၏ အရင်း အမြစ်များပင်ဖြစ်၏။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း တည်ရှိနေ သည်ကို မြင်ပြီးသည့်နောက်မှာတော့ သူသည် ဒေါသတကြီးဖြင့် ထိုအရာကို ကောက်၍ သိမ်းဆည်းလိုက်တော့သည်။
သူအဘယ်ကြောင့် ဒေါသထွက်နေရသနည်း။ အဘယ်ကြောင့်ဆိုသော် ယောကျ်ားတစ်ယောက်တွင် ဂုဏ်သိက္ခာ ဆိုသည်မှာ ရှိသင့်သည့် မဟုတ်လား။ ထို့ကြောင့် မဖြစ်မနေ ဒေါသထွက်ပေးရမည်။
စနစ်က ပြောလိုက်၏။ “အရှက်မဲ့လိုက်တာ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင့်ရဲ့ အဆိပ်တစ်သောင်း သန့်စင်နိုင်တဲ့အရာကို ထုတ်ပေးအုံး”
သူမ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အဆိပ်များကို သန့်စင်နိုင်သည့်အရာ ဖြစ်သောကြောင့် သူမသည် အလွန်တရာ စိတ်ဝင်စားလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းက ပြောလိုက်သည်။ “ကျုပ်ရဲ့ရတနာက တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်။ ဒါကိုသုံးပြီးရင် အချိန်တော်တော်ကြာအောင် ပြန်သိမ်းထားရတယ်။ အခုအချိန်က စမ်းသပ်ကြည့်လို့ အကျိုးသက်ရောက်မှု မရှိဘူး”
“ဒါဆိုလည်း ထားလိုက်ပါတော့”
နှင်းဆီဧကရီသည် ထိုအရာကို လေ့လာမည့်အကြံအစည်အား လက်လျော့လိုက် တော့သည်။ သူမအထင်အရဆိုလျှင် ဤလူသည် သူမ၏ ကျေးကျွန်သာဖြစ်၏။ ထို့ကြောင့် ဤအဆိပ်တစ်သောင်း သန့်စင်သည့်အရာသည်လည်း သူမ၏ ကိုယ်ပိုင်ပစ္စည်းသာဖြစ်သည်ဟု စဉ်းစားတွေးခေါ်လျက်ရှိ၏။
“အိပ်ကြမယ်”
.............
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ခြေချိတ်ကာထိုင်ပြီးသည့်နောက်မှာတော့ ရက်အနည်းငယ်အတွင်း ဖြစ်လာမည့် တိုက်ပွဲအား စဉ်းစားလျက်ရှိသည်။ သူသည် စည်းဓားမော့ကြီးကို ထုတ်ယူကာ တိုက်ရိုက် တိုက်ခိုက် ရမည်လား။ သို့မဟုတ် ကျန်းဝေအင်ပါယာဆီမှ ရရှိလာသော လှံကြီးကို ထုတ်ဖော်ကာ အသုံးပြု တိုက်ခိုက်ရ မည်လား။ ဤလှံကြီးသည် အင်ပါယာကျန်းဝေကိုယ်တိုင် သန့်စင်ထားခဲ့သည့် နတ်ဘုရားအဆင့်လက်နက် တစ်မျိုးပင်ဖြစ်၏။
သူမက ဖုန်စုပ်စက်ကြီးကို စိတ်ဝင်စားနေတာလေ။ တကယ်လို့ ငါကသာ နတ်ဘုရားအဆင့်နဲ့အထက် လှံကြီးကို ထုတ်ဖော်တိုက်ခိုက်တာသာသိရင် ဘယ်လောက်ထိ အံဩသွားမလဲ။ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါ စည်းဓားမော့ကြီးကို ထုတ်ပြီး တိုက်ခိုက်မှ ဖြစ်လိမ့်မယ်။
စနစ်သည် အားတက်သရောဖြင့် ပြောလိုက်တော့သည်။ “တွေးတောစဉ်းစားရမယ့် အကြောင်းအရာ တစ်ခုရှိတယ်။ လက်ခံသူ အနေနဲ့ ဖုန်စုပ်စက်ကြီးနဲ့ သူမကို ထိန်းချုပ်လို့ မရနိုင်ခဲ့ဘူးဆိုတော့ ဒီမိန်းကလေးက အရမ်းကို အားကောင်းနေ လိမ့်မယ်လေ။ ဒီလို အားကောင်းနေပြီဆိုမှတော့ သူမကို ရင်ဆိုင်ဖို့ စည်းဓားမော့ကြီးကို အသုံးပြုနေဖို့ မဖြစ်နိုင်တော့ဘူး”
“...........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ အချက်အလက်အားဖြင့် ဤအရာသည် နာကျင်ဖွယ်ရာ ကောင်းသည်ဆိုသော်လည်း အစစ်အမှန်တရားပင် ဖြစ်တော့၏။ သူမ၏ ဝိညာဉ်အား ဖုန်စုပ်စက်ကြီးနှင့်ပင် စုပ်ယူ၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် သူမသည် အလွန်တရာ အားကောင်းလွန်းလှသည်မှာ သေချာ၏။ ထို့ကြောင့် စည်းဓားမော့ကြီးကို ထုတ်၍ အသုံးပြုမည်ဆိုလျှင်တောင်မှ သူမအား အနိုင်ယူရန် မသေချာပေ။
စနစ်က ပြောလိုက်သည်။ “ဒီတော့ လက်ခံသူအနေနဲ့ အချိန်ဆွဲထားဖို့လိုတယ်။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် အချိန်နဲ့တည်နေရာပိုးကောင်ကို နှိုးပြီးတော့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကနေ မြန်မြန်ထွက်ခွာသွားဖို့ ပြင်ဆင်ရမယ်။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်တွေ တိုးလာပြီဆိုမှ ဒီနေရာကိုလာပြီးတော့ ထပ်တိုက်ခိုက်ရင် တိုက်ရမှာပေါ့”
“မင်း ငါ့ကို ဂိုဏ်းစုဆောင်းမှတ်တွေ အသုံးပြုဖို့ တရားမဟောတော့ဘူးလား” ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်လျက်ရှိ၏။
စနစ်က ပြောလိုက်သည်။ “ဂိုဏ်းစုဆောင်းမှတ်တွေ အသုံးပြုဖို့ ပြောတယ်ဆိုတာက အကျိုးအကြောင်း ဆီလျော်မှု ရှိအုံးမှလေ။ ဒီအရာတွေကို အသုံးပြုပြီးတော့ အသုံးမဝင်ဘူးဆိုရင် အသုံးပြုဖို့ ငါပြောမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် နာကျင်စွာ ပြောလိုက်၏။ “မင်းကိုတောင် ဒီလို ခံစားရစေတယ်ဆိုတော့ ဒီမိန်းကလေးက အရမ်းကို အားကောင်းတယ်ဆိုတာ သေချာသွားပြီ”
“အရမ်းကို အားကောင်းတာပေါ့”
စနစ်က ပြောလိုက်သည်။ “ငါ့ရဲ့တွက်ချက်မှုအရဆိုရင် လက်ခံသူက စည်းဓားမော့ ကို ထုတ်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင်တောင်မှ အနိုင်ရရှိဖို့က သုံးဆယ်ရာခိုင်နှုန်းထက် မပိုဘူး”
“........”
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်လိုက်မိ၏။ ဝိညာဉ်ကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိသည့် အချိန်တွင် သူသည် တလောကလုံးကို ပြောင်းပြန်ပြုလုပ်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးတောထားမိ၏။ အဆုံးသတ်မှာတော့ ပထမဆုံးတွေ့ခဲ့သည့် ဝိညာဉ်မျိုးနွယ်တစ်ယောက်ကပင်လျှင် သူ့ကို တော်တော် ဒုက္ခပေးလျက် ရှိနေ၏။
“ထားလိုက်တော့။ ထားလိုက်တော့” အေနိုင်ရရန် အခွင့်အရေး လုံးဝမရှိသည့်အပြင် စည်းဓားမော့ကြီးကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ အချိန်အတော်ကြာ အားနည်းနေပေလိမ့်မည်။ ထို့ကြောင့် အရေးပါလှသော နည်းဗျူဟာများကို သေသေချာချာ ရေးဆွဲထားမှ ဖြစ်ပေလိမ့်မည်။ လက်စားချေခြင်းဆိုသည်မှာ အေးစက်သွားသည့်ဟင်းဆိုလျှင်တောင် စားလို့ ကောင်းနေသေး၏။ “ငါ့အနေနဲ့ သိုင်းသူတော်စင် ထိပ်ဆုံးအဆင့်ထိရောက်ဖို့ ခဏစောင့်ရမယ်။ ပြီးတာနဲ့ ဒီကိစ္စကို ပြန်ပြီး ဖြေရှင်းရမယ်”
“ဒင်.... သီးခြားတာဝန် အသက်ဝင်”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားတော့၏။ သူသည် မကောင်းသည့်ခံစားချက်များကို ရရှိလျက်ရှိနေ၏။ တာဝန်အား အသာဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ “ကျေးကျွန်အဖြစ် သင့်အားလိုချင်လျက် ရှိနေသည့် နှင်းဆီဧကရီအား တစ်လအတွင်း အနိုင်ယူ တိုက်ခိုက်ရမည်ဖြစ်သည်။ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာများကို ပြန်လည် ရယူပါ။ လက်ကျန်အချိန် - နှစ်ဆယ့်ကိုးရက် ( အထူး - အထူးတာဝန်)”
“ထင်မှတ်ထားတဲ့ အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒီတာဝန်က သူမနဲ့ ပတ်သက်နေတာကိုး”
သူသည် ဒီနှစ်ပိုင်းအတွင်း များပြားလှသည့် သီးခြားတာဝန်များကို ပြည့်စုံအောင် ပြုလုပ်ခဲ့၏။ ထိုကဲ့သို့သော တာဝန်မျိုးသည် အရေးအကြောင်း အခြေအနေမျိုးတွင် ပေါ်ပေါက်လာသည် ဖြစ်ကြောင်းကို အကြမ်းဖျင်း နားလည်နေပြီဖြစ်သည်။ “ငါက နည်းဗျူဟာကျကျနဲ့ နောက်ဆုတ်ပြီး ထွက်ပြေးသွားဖို့ စဉ်းစားထားတာလေ။ ဒါပေမဲ့ စနစ်က ငါ့ကို တာဝန်တစ်ခု ပေးထားတယ်။ ဒီတော့ သူမနဲ့ အဆုံးစွန်အထိ တိုက်ခိုက်စေချင်တာလား”
သို့ပေမဲ့ ကျွင်းချောင်ရှောင်း စိတ်သက်သာရာရစရာ တစ်ခုတော့ ရှိနေသေး၏။ ထိုအရာမှာ အထူးအထူးသော တာဝန်ဆိုသည်မှာ တစ်လတာ အချိန်ကာလ သတ်မှတ်ပေးထား၏။ အရင်သဘောတူညီထားသည့် ငါးရက် မဟုတ်ချေ။
“အမ်... ပြီးတော့ အထူးအထူးဆိုတာ ဖြစ်နေပါလား” သေသေချာချာ ကြည့်ရှုပြီးသည့်နောက် အနည်းငယ် အံ့အား သင့်လို့နေသည်။ သူသည် များပြားလှသည့် အထူးတာဝန်များကို ပြည့်စုံအောင် ပြုလုပ်ခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ အထူး- အထူးဆိုသော စာလုံးကိုတော့ တစ်ခါမှ မမြင်ဘူးခဲ့ချေ။
စနစ်က ရှင်းပြလိုက်သည်။ “အထူးတာဝန်က ခက်ခဲတယ်ဆိုတော့ အထူး-အထူးဆိုရင် အရမ်း အရမ်းကို ခက်မှာပေါ့”
“ဒါဆိုရင် တာဝန်ပြည့်ဝတဲ့နှုန်း ဆုလာဘ်ကလည်း အရမ်းများမှာပေါ့”
“သိပ်မှန်တယ်”
ကျွင်းချောင်ရှောင်းသည် သူ့စိတ်ကို ပြင်ဆင်ကာ ပြောလိုက်တော့၏။ “ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အတွက် ငါသူမကို အနိုင်ယူမှ ဖြစ်မယ်”
ရွီး
သူသည် အဆင့်မြင့်စတိုးအား ဖွင့်လိုက်တော့၏။ သူ့အနေနှင့် အလုံးစုံ အားမကောင်းသောကြောင့် မိန်းကလေး တစ်ယောက်ကို အနိုင်မယူနိုင်သည့်အကြောင်း စဉ်းစားပြီးသည့်နောက် ရင်နာလျက် ရှိနေ၏။
ထို့ကြောင့် ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည် ရရှိစေရန်အတွက် သူသည် အဆင့်မြင့်စတိုးဆီသို့ သွား၍ ပစ္စည်းများကို ဝယ်ယူလဲလှယ်ရန် စဉ်းစားလိုက်မိတော့သည်။
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၈၈၀၀ / ၇၀၀၀၀”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြု၍ Refresh လုပ်လိုက်သည်။ အဆင့်မြင့် စတိုးထဲတွင် ရှိနေသော ပစ္စည်များအားလုံးသည် အသစ်ပြန်လည် ဖြစ်တည်လာခဲ့၏။
“ချီးတဲ့မှ..”
ပထမဦးဆုံးအရာကို မြင်လိုက်သည့်အချိန်မှာတော့ ကုန်းရှန့်သည် တည်နေရာမှထ၍ ခုန်လုမတတ် ဖြစ်သွားတော့၏။ သူသည် ခြေချိတ်ကာ ထိုင်နေသည် ဆိုသော်လည်း သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့၏။
“အဆင့်မြင့် စတိုးထဲတွင် ပထမဦးဆုံးဖြစ်ပေါ်လာသောအရာသည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နေရာပင် ဖြစ်တော့၏။ ဤပစ္စည်းသည် သူဝယ်ယူခဲ့ဖူးသော အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေနှင့် ဆင်တူလွန်းလှ၏။ သို့ပေမဲ့ ဤအဆင့်အသည် အလယ်အလတ်အဆင့်ဖြစ်၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ... ဒါကိုဝယ်ဖို့ အကြံပြုချင်တယ်လေ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ ဒါကို ဝယ်တာတော့ ဝယ်ရမယ်။ ဒါပေမဲ့ ဆက်ကြည့်ရအုံးမယ်”
စတိုးထဲသို့ဝင်၍ Refresh ပြုလုပ်ရခြင်းဆိုသည်မှာ ထီထိုးရသည်နှင့်တူသည်။ အရာအားလုံးသည် ကံတရားပေါ်တွင် မူတည်လျက်ရှိနေ၏။ သူလိုချင်သည့်အရာများကို ရရှိလျှင် အလွန်ကောင်းမွန် သည့် အရာဖြစ်သည်ဆိုသော်လည်း မရရှိပါက ငမွဲတစ်ယောက်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားနိုင်၏။
ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေကို ချက်ချင်းဝယ်ယူရန် မလောချေ။ ဆက်လက်ကာ ကြည့်ရှုလိုက်သည်။
အထဲတွင် လောကအဆောင်ကဲ့သို့သော ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့်ကြီးတစ်ဆင့် တိုးတက်လာစေနိုင်သည့်ပစ္စည်းမျိုး တည်ရှိနေမည်ဆိုလျှင် အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။
လောကအဆောင်သည် တစ်သက်တာလုံးတွင် နှစ်ကြိမ်သာ ဝယ်ယူခွင့်ရ၏။ ကျွင်းချောင်ရှောင်း သည် ထိုနှစ်ကြိမ်လုံးကို ဝယ်ယူ အသုံးပြုခဲ့ပြီးပြီဖြစ်သည်။
မဟုတ်ပါက စည်းဓားမော့ကြီး၏ အကူအညီဖြင့် လောကအဆောင်ကိုသာ ထုတ်သုံးလိုက်မည်ဆိုပါက ကျိန်းသေပေါက် နှင်းဆီဧကရီအား ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။
အဆင့်မြင့်စတိုးထဲ၌ ပစ္စည်းကောင်း တော်တော်များများ ရှိနေ၏။ အားလုံးသည် နတ်ဘုရားနှင့်သူတော်စင်အဆင့် သိုင်းနည်းစနစ်များ၊ လက်နက်များ၊ တခြား ဆေးဖော်မြူလာများ အားလုံးကို တည်ရှိလို့နေ၏။
သို့ပေမဲ့ တစ်စုံ တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအင်ကို ချက်ချင်းတိုးတက်စေနိုင်သည့်အရာမျိုးတော့ မရှိချေ။ ကျွင်းချောင်ရှောင်း သည် လိုက်လံကာ ကြည့်ရှုလျက်ရှိနေ၏။ သို့ပေမဲ့ သူသည် မည်သည့်အရာကို ဝယ်ယူရမည်ဆိုခြင်းကို ချက်ချင်း ဆုံးဖြတ်နိုင်စွမ်း မရှိခဲ့ချေ။
“အမ်”
ရုတ်တရက် သူ၏ မျက်လုံးများသည် တည်နေရာတစ်ခုပေါ်တွင် ရောက်ရှိသွား၏။ ထိုအရာသည် ရေသန့်ဘူး ဘူးခွံတစ်ခုနှင့် ဆင်တူသောအရာပင် ဖြစ်တော့၏။ “ငါ ဒါကို ဝယ်ရမှာလား”
ကျွင်းချောင်ရှောင်းသည် ထိုထူးဆန်းသောအရာကို သေသေချာချာ ကြည့်ရှုပြီးနောက် အသေးစိတ် အချက်အလက် များကို ဝင်ရောက်ကာ ဖတ်ရှုလိုက်သည်။
“ပစ္စည်း - တစ်ခွက်အပို
မိတ်ဆက် - ထိုအရာကို အသုံးပြုပြီးသည့်နောက်မှာတော့ စတိုးထဲတွင် ကန့်သတ်ထားသော ဝယ်ယူခွင့် ပိတ်ပင် ထားသော အရာများကို ဝယ်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
အကျိုးသက်ရောက်မှု - လက်နက်၊ ဆေးရည်၊ အဆောင် မည်သည့်အရာကိုမဆို အကျိုးသက်ရောက်မှုရှိသည်။
အကျိုးမသက်ရောက်မှု - တားမြစ်ခံထားသောပစ္စည်းများကို ဝယ်ယူပြီးသည့်နောက် စနစ်သည် ဘေးထွက်ဆိုးကျိုး နှစ်ဆပြန်၍ ခံရမည်ဖြစ်၏။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ်တစ်သောင်း
ဝယ်ယူချင်သည့် ပစ္စည်းသည် စတိုးထဲတွင် ပေါ်မလာဘူးဆိုပါက Refresh ပြုလုပ်ကာ ဆက်လက် ရှာဖွေနိုင်၏။”