← Chapters

အခန်း (၁၁၀၅)

Vol. 75 Ch. 1105

အခန်း (၁၁၀၅)

Vol. 75 Ch. 1105

ဝှစ် ဝှစ် ဝှစ်

သီးသန့်ဆန်လှသော ကုန်းမြေကြီးထဲမှာတော့ လေများသည် အချိန်တိုင်း တိုက်ခတ်လျက် ရှိနေ၏။ ဖုန်များ၊ သဲများ၊ သစ်ရွက်များ အားလုံးသည် လေထဲတွင် လွင့်မျောလျက်ရှိနေပြီး လောကကြီးတစ်ခုလုံးသည် ထူးဆန်းသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် ဖြစ်တည်လျက် ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် ဖုန်လုံးကြီးများကြားထဲမှ လှမ်းလျှောက်ထွက်လာခဲ့ကြသည်။ ၎င်းတို့နှစ်ယောက်သည် နောက်သုံးရက်အတွင်း ထပ်မံကာ တိုက်ခိုက်ကြမည်ဟု သဘောတူညီပြီးဖြစ်၏။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား မည်ကဲ့သို့ ထားခဲ့ကာ ထွက်ပြေးရမည် ဆိုသည့်အကြောင်းကို ပြင်းပြင်းထန်ထန် စဉ်းစားလျက်ရှိနေ၏။ သူသည် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက် ထဲတွင် လွတ်လွတ်လပ်လပ်နှင့် သွားလာလှုပ်ရှားချင်နေမိသည်။

“ဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် ရှင့်အနေနဲ့ မြို့တစ်ခုကို တွေ့လိမ့်မယ်” နှင်းဆီဧကရီက ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူသည် ထပ်တလဲလဲစောင့်ကြပ်မှုကို ခံယူနေရသည့် အကျဉ်းသားတစ်ယောက်လိုပင် ခံစားမိနေသည်။

မဖြစ်ဘူး … မဖြစ်ဘူး။

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ ငါ့အနေနဲ့ သူမလက်ကနေ လွတ်အောင်မလုပ်နိုင်ဘူးဆိုရင် အခွင့်အရေး တစ်ခုခုကို ရှာပြီးတော့ ဖုန်စုပ်စက်ကြီးကို အသုံးပြုရမယ်။

ထိုသို့ဆိုလျှင် ယခု အဘယ်ကြောင့် ထိုအရာကို အသုံးမပြုရသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် ကုန်းရှန့်အနေနှင့် ကိုင်တွယ်နိုင်မည်လားဆိုသည်မှာ မသေချာပေ။

ဥပမာအားဖြင့် တိုက်ခိုက်ရေးတည်နေရာထဲရှိ ကောင်းကင်အဆင့် စိတ်ဝိညာဉ်နှင့် ရင်ဆိုင်ရသည့် အချိန်တုန်းက ခရမ်းရောင်ဘုရင်တစ်ယောက် အရှေ့မှ ပက်ပက်စက်စက် ထိုးကြိတ်ရိုက်နှက်ခြင်းကို ပြုလုပ်ထားသောကြောင့် သူသည် နောက်ဆုံးအဆင့်တွင် သွားရောက်ကာ အစာပိတ်တွယ်၍ နာမည်ကောင်းယူခဲ့ခြင်း ဖြစ်သည်။

ဤမုန်းတီးစရာကောင်းလှသော မိန်းကလေးမှာတော့ အလွန်တရာ အားကောင်းလို့ နေသေး၏။ အခွင့်အရေး ရမည်ဆိုလျှင် သူ့အနေနှင့် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲသို့ ထည့်ကာ လေ့ကျင့်စေချင်မိ၏။

သေသေချာချာ တွေးတောစဉ်းစားပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် သူမအား ဖမ်းဆီးရန် ဆုံးဖြတ်ချက် ချလိုက်မိသည်။ အားရာအား ရိုက်နှက်ခိုင်းမည်ဆိုလျှင် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လျက်ရှိနေသော အမုန်း တရားများသည် ပြန်လည်ကာ ပြေလျော့သွားမည်ဟု ထင်မှတ်မိသည်။

“ရှောင်ပိုင်”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ဘာတွေ တွေးနေတာလဲ”

ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ သို့ပေမဲ့ သူသည် ရုတ်တရက် ဉာဏ်အလင်းရသွား၏။ ထို့ကြောင့် လှမ်းကာ ပြောလိုက်တော့သည်။ “ကျုပ် လမ်းတစ်ခုကို စဉ်းစားနေတာလေ”

“လမ်း ဟုတ်လား”

“ဟုတ်တယ်။ ခင်ဗျားရဲ့ နှလုံးသားဆီကို သွားမယ့်လမ်းလေ”

နှင်းဆီဧကရီသည် တည်နေရာတွင် မတ်မတ်ရပ်လိုက်၏။ သူမ၏ တောက်ပနေသော မျက်လုံးထဲတွင် အံ့အားသင့်မှု များနှင့် ပြည့်နှက်သွားသည်။

“ပြီးတော့ တစ်ခုရှိနေသေးတယ်”

ကျွင်းချောင်ရှောင်း၏ သိစိတ်ပင်လယ်ထဲတွင်တော့ စော်လိုက်နည်း တစ်ရာထဲမှ စကားလုံးများသည် တစ်ခုပြီးတစ်ခု ထင်ပေါ်လျက်ရှိ၏။ သူသည် မိန်းကလေးတစ်ယောက် ချက်ချင်း သဘောကျသွားစေနိုင်မည့် စကားလုံးတစ်ခုအား ရွေးချယ်ကာ ပြောလိုက်တော့သည်။

“ခင်ဗျားကို ကျုပ် ဘာကြောင့် ကြောက်လန့်နေရလဲ ဆိုတာ သိလား”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျွန်မက အားကောင်းလို့လေ။ မဟုတ်ဘူးလား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်က မိန်းမကြောက်တတ်သူ တစ်ယောက်မို့လို့”

နှင်းဆီဧကရီသည် ခေါင်းကို ငုံ့လိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် ချက်ချင်း ဝမ်းသာသွားမိ၏။ သူသည် နူးညံ့လွန်းလှသော အချစ်စကားများကို ဆက်လက် ပြောဆိုရန်ပြင်သည့်အချိန်မှာပဲ အမျိုးသမီးသည် ရုတ်တရက် လက်သီးကို ဆုပ်လိုက်သည်ကို မြင်လိုက်၏။

ပြီးသည့်နောက်မှာတော့ နှင်းဆီဧကရီသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အစေခံတစ်ယောက်က ကျွန်မကို လာပြီးတော့ ရိသဲ့သဲ့ ပြောရဲတယ် ဟုတ်လား”

ဘုန်း ဘုန်း ဘုန်း ဘုန်း

မြေတည်နေရာကြီးတစ်ခုလုံး ကွဲအက်ပြီးသည့်နောက်မှာတော့ ဖုန်များ တလိပ်လိပ် တက်လာခဲ့သည်။ အရာ အားလုံး ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လေးပေခန့်နက်သော တွင်းကြီး ထဲတွင် လဲလျောင်းလျက်ရှိနေ၏။ သူ၏ ခေါင်းတွင်တော့ ကြီးမားလှသော ဘုကြီးတစ်ခု ဖြစ်တည်လို့နေသည်။

လီတစ်ရာခန့်အဝေးတွင်တော့ အမဲရောင်ကျောက်ရိုင်းတုံးများနှင့် ဖန်တီးပြုလုပ်ထားသော မြို့ကြီးတစ်မြို့သည် ထင်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ခေါင်းအား ကြပ်ပူထိုးကာဖြင့် လှမ်းလျှောက်လျက်ရှိနေ၏။

ဝိညာဉ် မျိုးနွယ်လူများအားလုံးသည် လူသားပုံစံများနှင့် မခြားနားလှကြောင်းကို သူရှာဖွေတွေ့ရှိခဲ့၏။ ထို့အပြင် ထိုလူများ အားလုံးသည် သေသေချာချာ ကြည့်ရှုမည်ဆိုပါက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လူသားများ ကဲ့သို့ပင် ဖြစ်နေ၏။ ဟွိုင်တစ်နှင့် ဟွိုင်နှစ်တို့ ပြောစကားများအရဆိုလျှင် ဝိညာဉ်မျိုးနွယ်များအားလုံးသည် လူသား တစ်ယောက်၏ အသွင်အပြင်မျိုး ရှိကြ၏။ ၎င်းတို့အနေနှင့် တခြားသောဂြိုဟ်များဆီသို့ သွားရောက်ကာ ကျူးကျော်ချင်သည့်အချိန်များမှသာလျှင် ၎င်းတို့၏ ဝိညာဉ်များကို အသုံးပြုကာ တခြားလူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တတ်ကြသည်။

“သူတို့က အားနည်းမနေဘူးလား”

သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အားအကောင်းဆုံးသော ဝိညာဉ်မျိုးနွယ်မှာ သိုင်းတပည့်အဆင့် သာရှိသည်ကို သိရှိလိုက်၏။

အရှေ့တောင် ရန်ကျူးကဲ့သို့သော ချောင်ကျလှသည့် တည်နေရာများတွင်တောင်မှ အနည်းဆုံး သိုင်းဆရာများကို ပေါပေါများများ တွေ့နိုင်စွမ်းရှိသည်။

“ဟင်း”

နှင်းဆီဧကရီသည် သက်ပြင်းချလိုက်မိသည်။ “ဒီလိုမျိုး ဆိုးရွားလှတဲ့ ပတ်ဝန်းကျင်ထဲမှာ အသက်ရှင်ရတယ် ဆိုတာ မလွယ်ဘူး။ ရှင့်လိုမျိုး ဝိညာဉ်မျိုးနွယ် ပါရမီရှင်တစ်ယောက်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ရှင်တော်တယ်။ ဒါကြောင့် ကျွန်မရဲ့ အစေခံ ဖြစ်သင့်တာပေါ့”

သူမအနေနှင့် နန်းပလ္လင်ကို ဆက်ခံပြီးသည့်နောက် တခြားဂြိုဟ်များဆီသို့ သွားရောက်ကာ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် အဓိက ကုန်းမြေပေါ်တွင် အာရုံစိုက်နိုင်မှု အနည်းငယ်သာ ရှိခဲ့၏။

လက်ရှိ အတန်ငယ် စည်ကားသော မြို့တစ်ခုသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ဤနေရာတွင် ရှိနေသော လူများ၏ အလုံးစုံသော အားအင်အဆင့်သည် အလွန်ပဲ နိမ့်ကျနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် မိမိကိုယ်ကို အပြစ်တင် စိတ်များသည် သူမ၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့ရသည်။

“ဟယ်ဝူတီရဲ့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်က တကယ့်ကို အားကောင်းတာပဲ၊ ဒီလောက် ကျင့်ကြံခြင်း အဆင့်မြင့်တဲ့ မိန်းကလေးတစ်ယောက် တောင်မှ ငါ အစစ်အမှန်လူသားတစ်ယောက် ဖြစ်တယ် ဆိုတာ မသိဘူး”

ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပျော်ရွှင်သွားမိ၏။ အချက်အလက်အားဖြင့် ပြောရမည်ဆိုလျှင် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ကြီးထဲတွင် တစ်စုံတစ်ယောက်သည် မိမိ လူသားဖြစ်ကြောင်း ထ၍ ပြောနေစရာ မလိုအပ်ချေ။ ထို့ပြင် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကိုလည်း အသုံးပြုနေစရာ မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင်ရှိနေသော သူများအားလုံးသည် လူသားများသာ ဖြစ်နေ သောကြောင့်ပင်။

ပြောရမည်ဆိုလျှင် ဟိုးနှစ်ပေါင်းများစွာထဲက ၎င်းတို့သည် လူသားတို့၏ အားအင်အဆင့်ကိုယူပြီး လူသားတို့၏ သွေးမျိုးဆက်များကို ဆက်ခံခဲ့ရသူများ ဖြစ်သည်မို့ တဖြည်းဖြည်းနှင့် ဝိညာဉ်မျိုးနွယ်များ အားလုံးသည် လူသား များအဖြစ်သို့ ပြောင်းလဲနေခဲ့ကြပြီးဖြစ်သည်။ ဥပမာအားဖြင့် အလွန်တရာ အားကောင်းလွန်းလှသော အော်ရာများ ထွက်ပေါ်လျက်ရှိနေသော နှင်းဆီဧကရီသည် လူသားများ တည်ရှိရာဂြိုဟ်ဆီသို့ သူမ၏ ပုံပန်းသွင်ပြင်ဖြင့် သွားမည်ဆိုပါက မည်သူမှသည် ဝိညာဉ်မျိုးနွယ်ဖြစ်သည်ဟု သံသယရှိနေလိမ့်မည် မဟုတ်ချေ။

“ကျုပ် အိမ်သာသွားချင်တယ်”

“သွားလေ”

“အမ်.. ကောင်းကင်ဘုံ၊ ခင်ဗျားက အိမ်သာထဲထိအောင် လိုက်အုံးမှာလား”

“ရှင် ထွက်ပြေးသွားမှာစိုးလို့လေ”

“.............”

ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် ချောင်ကျလှသော မြို့တစ်ခုသို့ ရောက်လာခဲ့ကြ၏။ မြို့သူ၊ မြို့သားများသည် ၎င်းတို့နှစ်ယောက်ကို သေသေချာချာ ကြည့်ရှုနေကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက် သည် အလွန်ချောမောလွန်းလှပြီး တစ်ယောက်သည် အလွန်လှပလွန်းနေသည့် စုံတွဲတစ်တွဲ ဖြစ်နေသောကြောင့်ပင်။

ဟုတ်ပေသည်။ ဤကဲ့သို့ လှပလှသော မိန်းကလေးကို သူတို့၏ ဧကရီဖြစ်နေမည်ဟု သူတို့ မထင်မှတ်ကြပေ။ အဘယ်ကြောင့်ဆိုသော ဧကရီသည် နန်းတက်ပြီးကတည်းက မိမိ၏ဂြိုဟ်တွင် နေထိုင်ခဲ့သည့်လူတစ်ယောက် မဟုတ်ခြင်းကြောင့်ဖြစ်၏။ နှင်းဆီဧကရီကလည်း သူမသည် ဤနေရာတွင်ရှိသော လူများအားလုံး၏ ဧကရီ ဖြစ်သည်ဟု ပြောဆိုနေမည့်သူ မဟုတ်ချေ။ ထို့ကြောင့် လမ်းထဲတွင် ဘာသိဘာသာဖြင့် ဆက်၍ လျှောက်သွား လိုက်သည်။

သူမအနေနှင့် ကျင့်ကြံခြင်းအဆင့်နိမ့်လှသည့်လူများကို မြင်ရသည့်အချိန်တိုင်းတွင် ရင်နာလျက် ရှိနေ တော့သည်။ သူမသည် တွေးတောလျက်ရှိနေသည်။ “ငါနှစ်ပေါင်းများစွာ တခြားဂြိုဟ်တွေကို သွားပြီးတော့ တိုက်ခိုက် အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါကိုယ်တိုင် သိုင်းပညာ အရင်းအမြစ်တွေ အများကြီးကို ရရှိခဲ့တယ်ဆိုပေမဲ့ ငါ့လူတွေရဲ့ အလုံးစုံ အားအင်အဆင့်က တကယ့်ကို နိမ့်ကျလွန်းနေပါလား”

သူမအနေနှင့်‌ လေးယောက်မြောက်ဧကရီအဖြစ် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူမ၏ ကုန်းမြေတိုက်ကြီး အား ပိုမိုအားကောင်းစေရန် ပြုလုပ်မည့် အကြံအစည်ကြီးတစ်ခု တည်ရှိနေခဲ့၏။ ထို့ကြောင့်ပင် သူမသည် တခြားသောဂြိုဟ်များတွင် နေထိုင်ကာ သွားလာနေခဲ့ခြင်းပင်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူမ၏ အားအင်အဆင့် သည် ဂိမ်းဆာဗာကို ခိုးထားသော ကျွင်းချောင်ရှောင်းထက် ပို၍ အားကောင်းနေခဲ့ခြင်းပင် ဖြစ်တော့၏။

“ပြန်ပြီး အားမွေးဖို့အတွက် စားသောက်ခန်းတစ်ခုခုမှာ နေထိုင်ဖို့ လိုအပ်သေးလား” နှင်းဆီဧကရီက လမ်းလျှောက်ရင်း မေးလိုက်သည်။

“ဒါကို ကျုပ်စဉ်းစားနေတာလေ”

၎င်းတို့နှစ်ယောက်သည် စားသောက်ခန်းတစ်ခုထဲသို့ ဝင်သွားလိုက်၏။

“ဆိုင်ရှင်... အခန်းနှစ်ခု လိုချင်ပါတယ်”

“တစ်ခုဆိုရပြီ”

“.............”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် နှင်းဆီဧကရီအား လှမ်း၍ ကြည့်ရှုလိုက်သည်။ ပြီးနောက် တွေးလိုက်မိသည်။ ဝိညာဉ်မျိုးနွယ်တွေရဲ့ မိန်းမတွေက စည်းမစောင့်ကြဘူးလား။ သူတို့က ယောက်ျားနဲ့ မိန်းမကြားမှာရှိတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်ဘူးနဲ့တူတယ်။ ဒါမှမဟုတ် ငါ့ကို အခွင့်အရေးယူချင်လို့လား။

“ကောင်လေး”

နှင်းဆီဧကရီသည် ထူးမခြားနားသလို ပြောလိုက်၏။ “ရှင် ထွက်ပြေးသွားမှာ ကြောက်လို့”

ဖြောက်

သူမသည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ သန့်စင်ကြည်လင်လွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး သည် ဆိုင်၏ ကောင်တာပေါ်သို့ ကျဆင်းသွားခဲ့၏။ “ဒါက အကောင်းဆုံး အခန်းတစ်ခန်းအတွက်”

“ကောင်းပါပြီ။ ကောင်းပါပြီ” ဆိုင်ရှင်သည် အလောတကြီးဖြင့် ခေါင်းညိတ်ကာ စီစဉ်စရာရှိသည်များကို စီစဉ် လိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ဤစိတ်ဝိညာဉ်ကျောက်တုံးများအားလုံးသည် သူတို့၏ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများထက် ငါးဆပိုမိုကာ အားကောင်းကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရတော့သည်။

ဤအရာသည် အခန်းလေးတစ်ခုသာဖြစ်သည်။ သူမ အဘယ်ကြောင့် ဤမျှ ရက်ရောနေရသနည်း။ သို့မဟုတ် ချမ်းသာလွန်းသော မိန်းကလေးတစ်ယောက် ဖြစ်နေသည် လား။

.................

ကျွီ ကျွီ

အခန်းတံခါးပွင့်သွား၏။

ပြီးနောက် ပြန်ပိတ်သွားသည်။ အလွန်တရာ အဆင့်အတန်းမြင့်မားလှသော အခန်းထဲတွင် တော့ အိပ်ရာလေးတစ်ခုသာ တည်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ကျုပ်က တခြားသူတွေနဲ့ တစ်အိပ်ရာထဲ အိပ်ရတာကို အသားမကျဘူး”

နှင်းဆီဧကရီသည် လက်ကိုယမ်းခါပြီးသည့်နောက် ထိုင်ခုံနှစ်ခုကို ထုတယူလိုက်၏။ ပြီးနောက် ပြောလိုက် သည်။ “ကျွန်မလည်း အသားမကျဘူး။ ဒီတော့ ရှင် ဒီမှာအိပ်လေ”

“...........”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အခြားအခန်းတစ်ခုခုကို ကျုပ်ယူလိုက်တာ ပိုကောင်းမယ်နဲ့ တူတယ်”

“ပြန်လာခဲ့စမ်း” နှင်းဆီဧကရီသည် အေးစက်စက်နှင့် ပြောလိုက်၏။

ဤကဲ့သို့ မောက်မာပြီး အေးစက်စက် ဆန်လှသော လေသံကို ကြားရသည့်နောက်မှာတော့ ကုန်းရှန့်သည် မပျော်မရွှင် ဖြစ်သွားမိတော့၏။ သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ စည်းဓားမော့ကြီးကို ထုတ်ယူကာ တိုက်ခိုက်ချင်စိတ်များပင် ပေါက်လာသည်။

ထားလိုက်တော့ … ထားလိုက်တော့။

ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “အချိန်နဲ့တည်နေရာ ပိုးကောင် နိုးထလာတဲ့အထိ စောင့်ကြတာပေါ့”

သူ့အနေနှင့် စည်းဓားမော့ကြီးကို ချက်ချင်းထုတ်ဖော်၍ အသုံးမပြုခြင်းမှာ ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက် ကြီးဆီသို့ ရောက်ရှိနေသောကြောင့်ပင် ဖြစ်သည်။ သူ့အနေနှင့် အချိန်နှင့်တည်နေရာပိုးကောင်ကလည်း မနိုးထ သေးသောကြောင့် ဤနေရာတွင် တိုက်ခိုက်ပြီးပြီဆိုပါက ဤကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တိုက်ခိုက်ရတော့မှာ ဖြစ်၏။ ထို့အပြင် စည်းဓားမော့ကြီး၏ အစွမ်းသက်ရောက်မှု ကုန်ဆုံးသွားပြီဆိုလျှင် သူသည် လအနည်းငယ်ကြာ အားနည်းနေပေလိမ့်မည်။ ထိုသို့ဆိုလျှင် ငရဲပြည်ကို ရောက်ရှိသွားမှာ သေချာတော့၏။

..........

ညရောက်ချိန်၌ ကောင်းကင်ကြီးတစ်ခုလုံးသည် မဲမှောင်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် အခန်း၏ ထောင့်တစ်ခုတွင် ထိုင်လျက်ရှိသည်။ သူသည် တန်ခိုးကျင့် အနားယူနေသည့် ပုံစံမျိုး ဖြစ်သည်ဆိုသော်လည်း အစစ်အမှန်တရားမှာတော့ နှင်းဆီဧကရီအား အာရုံစိုက်ကြည့်ရှုလျက်ရှိနေ၏။ သူမသည် အိပ်ရာပေါ်တွင် အိပ်ပျော်လျက် ရှိနေသည်။ ထိုအခွင့်အရေးကို အရယူကာဖြင့် သူသည် ဖုန်စုပ်စက်ကြီးအား အသုံးပြုချင်စိတ် ပေါက်မိလာသည်။

ဝှစ် …. ဝှစ်

ရုတ်တရက် အိပ်ရာ၏ အထက်တွင် ခပ်ဖျော့ဖျော့ အလင်းတန်းများ ဖြစ်တည်လာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ” ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိသည်။

အိပ်ပျော်နေသော နှင်းဆီဧကရီ၏ မျက်နှာတစ်ခုလုံးသည် မဲ့ရွှဲ့လာခဲ့ပြီးသည့်နောက်မှာတော့ သူမ၏ လည်ပင်းထက်တွင် ထူးဆန်းသည့် အရေးအကြောင်းများ ဖြစ်တည်လာ၏။

“ဒီမိန်းကလေးကို ကြည့်ရတာ နာကျင်နေတဲ့ပုံပဲ။ အခွင့်အရေး … ဒါက နတ်ဘုရားတွေ ပေးပို့လိုက်တဲ့ အခွင့်အရေးပဲ ဖြစ်ရမယ်”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဖုန်စုပ်စက် ကြီးကို လှမ်း၍ ဆွဲယူလိုက်၏။ ပြီးနောက် အိပ်ရာအနားဆီသို့ တိုးကပ်သွားတော့သည်။

စောင်အား အသာဆွဲမ ပြီးသည့်နောက်မှာတော့ ဖုန်စုပ်စက်ကြီး၏ ပြောင်းဝနှင့် နှင်းဆီဧကရီ၏ ကျောဘက်ကို တေ့ထားလိုက်၏။ အထူး အစွမ်းသက်ရောက်မှုကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အားကောင်းလွန်းလှသော စုပ်ယူခြင်းစွမ်းအင်များ အားလုံးသည် ဖြစ်တည်လာခဲ့တော့၏။

ဝှစ် ဝှစ် ဝှစ် ဝှစ်

နှင်းဆီဧကရီ၏ လည်ပင်းထက်တွင်ရှိနေသော ထူးဆန်းသည့် မျဉ်းကြောင်းများအားလုံးသည် စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။ ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်ပေါက်လာတော့၏။ “ခင်ဗျားရဲ့ဝိညာဉ်က ကျုပ်လက်ထဲကို ရောက်ပြီ။ ဒီတော့ အားရာဆီကိုပို့ပြီး ကောင်းကောင်းလေ့ကျင့်ပေးဖို့ စောင့်လိုက်တော့”

ဆွစ်

ထိုအချိန်မှာပဲ နာကျင်လျက်ရှိနေသော နှင်းဆီဧကရီသည် ရုတ်တရက် သက်တောင့်သက်သာ ဖြစ်သွား၏။ အသာ လှည့်ကြည့်ပြီးသည့်နောက်မှာတော့ သူမ၏ ညာဘက်လက်ကို ယမ်းခါကာဖြင့် ဖုန်စုပ်စက်ကြီး၏ ပြောင်းဝအား ရိုက်ဖက်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ပခုံးတစ်ဖက်ကို ဆွဲမကာ နံရံပေါ်သို့ ကပ်၍ အေးစက်စက် အကြည့်ဖြင့် မေးလိုက်သည်။ “ရှင်ဘာတွေ လာလုပ်နေတာလဲ”

All Chapters