အခန်း (၁၁၀၄)
Vol. 75 Ch. 1104
ကျွင်းချောင်ရှောင်းသည် သူ့ကိုသူ လူကြီးလူကောင်းအဖြစ် ခံယူထားသူဖြစ်၏။ သို့သော် ဤကဲ့သို့သော အချိန်မှာတော့ မိန်းကလေးများအားလည်း ရိုက်နှက်နိုင်၏။
ဖန်းလင်းယု နှင့် အဆိပ်ကိုးပါးသခင်တို့မှာ အလွန်လှပသော မိန်းမပျိုများဖြစ်၏။ သို့အေဆုံးသတ်မှာတော့ တစ်ယောက်သည် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရပြီး နောက်တစ်ယောက်မှာ အသတ်ခံခဲ့ရသည်။
ဤမိန်းကလေးသည် သူအား အနိုင်ကျင့်ဗိုလ်ကျနေ၏။ သူသည် သေချာကြည့်ကာပြောလိုက်၏။ "သေသေချာချာကြည့်ထား ဒီနေ့မှာ ကျုပ်က မိန်းကလေးတစ်ယောက်ကို ထပ်ပြီးရိုက်မယ်”
ဝှစ် … ဝှစ် ……။
အလွန်အားကောင်းလှသော ဓားအော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံးကိုပင် ဖျက်စီးနိုင်စွမ်းရှိသွားသည်။
"ဟမ်"
ဧကရီသည် အံ့ဩမိသွား၏။ ဤကောင်းလေးအား အစတွင် မြင့်မားသော ကျင့်ကြံခြင်းပိုင်ဆိုင်သည်ဟူ၍သာ ထင်မှတ်ထား၏။ ဓားကျင့်ကြံသူပါ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားချေ။
ဝိညာဉ်ကုန်းမြေတိုက်ကြီးကဲ့သို့ အရင်းအမြစ်များ ရှားပါးလှသော ဒေသတွင် ဤကဲ့သို့ အဆင့်မြင့်အောင် ကျင့်ကြံခြင်းသို့ ရောက်အောင် ကျင့်ကြံနိုင်သည်သာမက ဓားလမ်းစဉ်ကိုပါ နားလည်အောင် ပြုလုပ်နိုင်ဖို့ ဆိုသည်မှာ လွယ်ကူသော အရာမဟုတ်ပေ။
"ပန်းတစ်ထောင်လက်"
ရုတ်တရက် ဧကရီ၏ ရှေ့လေထုထဲ၌ ကျောက်စိမ်းနှင့်တူသော လက်တစ်ထောင်တို့သည် ထွက်ပေါ်လာပြီး ဓားအော်ရာများအား ဖျက်ဆီးစေသည်။ ပြီးနောက် သူမ က ပြောလိုက်၏။ "ကောင်လေး … ဘယ်ဆိုးလို့လဲ ပါရမီရှိသားပဲ"
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လျက် ရှိ၏။ သူ၏ သိမြင်မှုအရ ဤဓားအော်ရာများသည် ထိုက်ရွှမ် အအေးဂိုဏ်း၏ ဘိုးဘေးဖြစ်သော လန်ကျင်းတန်ပင်လျှင် လွယ်လွယ်ကူကူ ချိုးဖျက်နိုင်သောအရာ မဟုတ်ပေ။
စနစ်သည် ပြောလိုက်သည်။ "ဒီအမျိုးသမီးက သိုင်းနယ်မြေပြည့်စုံသူထက် အားကောင်းနေတယ်။ လက်ခံအနေနဲ့ အားကောင်းတဲ့ဝှက်ဖဲ ကို ထုတ်ရင်ထုတ် ၊ မထုတ်ရင် ထွက်ပြေးတာ အကောင်းဆုံးပဲ"
ကျွင်းချောင်ရှောင်းသည် နာကျင်လျက်ရှိ၏။ သူ့အနေဖြင့် အချိန်နှင့်တည်နေရာပိုးကောင်ကို သုံး၍ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။ သို့သော် ရောက်ရောက်ခြင်းမှာပင် အလွန် အားကောင်းလှသော သူနှင့်ရင်ဆိုင်နေရ၏။
ဝုန်း …. ဝုန်း
ဓားချီများသည် လေထုထဲတွင် ပေါက်ကွဲသွားပြီးနောက် ပျောက်ကွယ်သွားသည်။
ဧကရီမသည် ရုတ်တရက်ပျောက်ကွယ်သွားကာ ကျွင်းချောင်ရှောင်း၏ ရှေ့၌ပေါ်လာ၏။ ပြီးနောက် တည်ကြည်ခန့်ညားပြီး တော်ဝင်ဆန်လွန်းသော လေသံနှင့် ပြောလိုက်သည်။" ရှင်က အခု ကျွန်မရဲ့ အစေခံပဲ"
"ခင်ဗျားရူးနေတာလား …"
ဝုန်း ….။
စွမ်းအင်လှိုင်းများသည် ပေါက်ကွဲထွက်သွားခဲ့၏။
ရွှီး ……။
ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကိုဖွင့်ကာ အဝေးဆီသို့ ထွက်ပြေးတော့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ဝှက်ဖဲကို သုံးကာ ဗျူဟာမြောက် ထွက်ပြေးခြင်းကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ဤစိတ်ရောဂါဝေဒနာရှင် မိန်းကလေးတွင် အားကောင်းသော ကျင့်ကြံခြင်းအဆင့် နှင့် ခွန်အားများရှိ၏။ ထို့ကြောင့် ဤကုန်းမြေကို သေချာလေ့လာပြီးမှ သူမ နှင့် တိုက်ခိုက်ရန်စဉ်းစားထား၏။
"နေအုံး … ဘယ်ကိုသွားမလို့လဲ"
ဤအချိန်တွင်တော့သူသည် နှင်းဆီဧကရီ သဘောတူ၊ မတူကို စိတ်မဝင်စားချေ။ ဤနေရာမှ အမြန်ဆုံး ထွက်သွားရန်ကိုသာ အာရုံစိုက်ထားသည်။
သို့သော် နှင်းဆီဧကရီသည် အနီရောင် အလင်းတန်းအသွင် ပြောင်းကာ နောက်မှ လိုက်ပါလာခဲ့၏။
"ကောင်လေး … ဘယ်သူမှ ကျွန်မ လက်ကနေ ထွက်ပြေးလို့မရစေရဘူး"
"အစ်မကြီး … ညီမလေး …. မိန်းကလေး …… အလှလေး"
ကျွင်းချောင်ရှောင်းသည် ထွက်ပြေးရင်းကပင် အော်ဟစ်ကာ ပြောလိုက်၏။ "ကျေးဇူးပြုပြီး ကျုပ်နောက်ကို မလိုက်ပါနဲ့တော့"
အနည်းငယ် ပျံသန်းပြီးနောက် ကျွင်းချောင်ရှောင်းသည် နောက်ထပ် အတားအဆီး အစီအရင်နှင့် ဝင်တိုက်မိသွားတော့၏။ ထိုအခွင့်အရေးကို အသုံးချကာ ဧကရီသည် သူအားမီသွားပြီး အနီရောင်စွမ်းအင်များ ဖြင့် ချည်နှောင်လိုက်တော့သည်။
"ချီးတဲ့မှ …. ဒါကလွန်လွန်းတယ်"
ကျိန်ဆဲသံကို ကြားသောအခါ ဧကရီသည် ဒေါကထွက်သွားပြီး အနီရောင် အလင်းတန်းများ ဖြစ်နေသော စွမ်းအင်လှိုင်းများဖြင့် ကျွင်းချောင်ရှောင်းအား ကောက်ညှင်းထုပ် ထုပ်သလို ချည်နှောင် ဖြစ်ညှစ်တော့၏။
စနစ်သည် ပြောလိုက်၏။ "လက်ခံသူကတော့ ပယ်ပယ်နယ်နယ် နှိပ်စက်ခံနေရပြီ"
ကျွင်းချောင်ရှောင်းသည် ဝှက်ဖဲပေါင်းများစွာကို ပိုင်ဆိုင်သူ ဖြစ်သည်။ သို့သော် ထုတ်ဖော် အသုံးပြုသည်ကတော့ ရှားပါးသည်။ ယခု သူ့ထက် အများကြီးသာသော နှင်းဆီဧကရီနှင့် ရင်ဆိုင်ရသည့်အခါမှာတော့ သူ၏ ဝှက်ဖဲများ ကို မဖြစ်မနေထုတ်သုံးရတော့မည်ဖြစ်၏။
ဧကရီမသည် ပြောလိုက်သည်။ "အခွင့်အရေး တစ်ခါပေးမယ် ..."
ကျွင်းချောင်ရှောင်းသည် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရ၏။ သူသည်ပြောလိုက်၏။ "ကျုပ်သာ ဒဏ်ရာမရထားဘူး ဆိုရင် ဒီလိုအဖမ်းခံရမှာ မဟုတ်ဖူး"
"သြော် …"
ဧကရီသည် အထက်မှ အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်၏။ "ရှင်က ဒဏ်ရာရထားတာပေါ့"
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ပင်ပြောလိုက်သည်။ "ကျုပ်သာ ဒဏ်ရာမရဘူး ဆိုရင် ခင်ဗျားကို လက်တစ်ချောင်းတည်းနဲ့တောင် ဖိချေပစ်လို့ရတယ်"
စနစ်သည် ပြောလိုက်၏။ "အဖမ်းခံထားရတာတောင် ပေါက်ကရတွေ ပြောတုန်းပဲ"
"ဟားဟားဟား"
ဧကရီသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။ "ကျွန်မက ရှင့်ကို အခွင့်ကောင်း ယူတယ်လို့ပြောချင်တာလား"
ကျွင်းချောင်ရှောင်းသည်ပြောလိုက်၏။ "ခင်ဗျား ကျုပ်ကို လွတ်ပေးလိုက်။ ပြီးရင် ကျုပ် ဒဏ်ရာတွေ ပြန်ကောင်းတဲ့အထိ ခဏစောင့်၊ ကျုပ် ရှုံးရင် အစေခံ အဖြစ်တောင် စိတ်ပါလက်ပါ နဲ့ လက်ခံလိုက်မယ်"
“ရှင်ကို အနိုင်ယူနိုင်ရင် ရှင်က ကျမရဲ့ကျေးကျွန်အဖြစ်လိုလိုချင်ချင်နဲ့လုပ်မယ်…. အဲလိုလား" နှင်းဆီဧကရီ က မေးလိုက်၏။
"ဒါ အမှန်ပဲ"
ဆွစ် ….. ဆွစ် ……
ချုပ်နှောင်ထားသည်များသည် တဖြည်းဖြည်း ပြေလျော့လာပြီးနောက် လေထုထဲတွင် ပျောက်ကွယ်သွားတော့၏။
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "နောက်သုံးရက်ကြာရင် ခင်ဗျားနဲ့ကျုပ် ဒီနေရာမှာ ပြန်တွေ့မယ်"
ဤမိန်းကလေးသည် သူ့အား ဘာမှန်းမသိဘဲ စတင်၍ တိုက်ခိုက်ခဲ့သူ ဖြစ်၏။ သို့ပေမဲ့ သူ သည် မတိုက်ခိုက်ချင်ပေ။ ထိုသို့ ဆိုလျှင် အဘယ့်ကြောင့် နောက်သုံးရက်ကြာလျှင် တိုက်ခိုက်မည်ဟု ပြောဆိုခဲ့သနည်း။
ရိုးရှင်းပေသည်။ နောက်သုံးရက်ကြာလျှင် သူသည် ဤနေရာတွင် ရှိတော့မည် မဟုတ်ချေ။
"ကောင်းပြီ" နှင်းဆီဧကရီသည် ပြန်ပြောလိုက်၏။
ဤမောက်မာသော ကောင်လေးအား နောက် သုံးရက်ကြာလျှင် အစေခံအဖြစ် ခေါ်ထားနိုင်တော့မည်ဖြစ်၏။ နှင်းဆီဧကရီသည် ပြီး၍ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီသုံးရက် အတွင်းမှာ ရှင် ကတိချိုးဖျက်ရင် ဘယ်လိုလုပ်မလဲ ။ ဒီတော့ သုံးရက်လုံးလုံး ရှင်နောက်ကို လိုက်နေမယ် "
"ကတိချိုးဖျက်မယ်ဟုတ်လား"
ကျွင်းချာင်ရှောင်းသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျားက ကျုပ်ရဲ့ ဂုဏ်သိက္ခာကိုပါ စော်ကားနေတာပဲ"
"အဲတော့ရော ဘာဖြစ်လဲ"
နှင်းဆီဧကရီသည် အော်ရာများကို ထုတ်ဖော်လျက် ခွန်းတုံ့ပြန်လိုက်၏။ သူမ၏ အော်ရာများထဲတွင်တော့ ‘ရှင်ဆက်ပြောရင် ရိုက်မည်’ ဟူသော အဓိပ္ပာယ်များ ပါဝင်လို့နေသည်။
"ဟား .. ဟား…ဟား"
စနစ်သည် စာနာမှု ကင်းမဲ့စွာ ရယ်နေမိ၏။ သူသည် အဘယ်ကြောင့် လက်ခံသူအား မသနားမိသနည်း။
"ချီးတဲ့မှ" ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ဆဲလိုက်မိ၏။
သူ၏ နောက် မီတာဝက်ခန့်မှာတော့ ဧကရီသည် တောက်လျှောက် လိုက်လို့နေသည်။
ကျွင်းချောင်ရှောင်းသည် တွေးလိုက်၏။ ဒီလို တောက်လျှောက်လိုက်နေရင် ငါဘယ်လို ထွက်ပြေးရမလဲ။
ဤတစ်ကြိမ် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက် အထဲသို့ ဝင်ရောက်လာခဲ့မိခြင်းမှာ သူ့အတွက် ကျဆုံးမှုပင် ဖြစ်တော့သည်။
"ဒါနဲ့ ရှင့်နာမည်က ဘာလဲ"
"လူချောပါ"
"ဒီနာမည်က မကောင်းဘူး။ ဒီတော့ ရှင့်ကို ရှောင်ပိုင် (အဖြူလေး) လို့ ခေါ်မယ် "
[ဒီစာရေးသူက ကျင့်ကြံသူတို့ စကားဝိုင်း ပရိသတ်လားမသိ။ အထဲက အကြောင်းတွေ ယူယူသုံးတတ်တယ်]
"ချီးတဲ့မှ … ခင်ဗျားက ကျုပ်ကို နာမည်ပေးရအောင် ကျုပ်ကို ခင်ဗျားရဲ့ အစေခံလို့များထင်နေတာလား"