အခန်း (၁၁၁၀)
Vol. 75 Ch. 1110
နှင်းဆီဧကရီသည် ဇာပုဝါမပါဘဲနှင့် လူတို့၏ ရှေ့ဆီ၌ ပေါ်လာခဲ့၏။ ထို့ကြောင့် သူမ မည်သူဖြစ်သည်ဆိုသည်ကို သိရှိသွားခြင်းမှာ သဘာဝပင်ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းမှာတော့ ဆွံ့အလျက်ရှိနေသည်။ ဤအမျိုးသမီးသည် ဝိညာဉ်မျိုးနွယ်များ၏ ဧကရီမတစ်ယောက်ပင် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ တစ်စုံတစ်ခုသည် မှားယွင်းနေသလိုပဲ သူခံစားမိသည်။
ဧကရီလင်းပန်၏ အရည်အသွေးမှာ အကန့်အသတ်၍ ရှိလို့နေခဲ့ပြီး တစ်နှစ်ပတ်လုံး ဤနေရာ နေထိုင်နေသည်ဆိုပါက ကောင်းကင်မှ ရတနာဆေးလုံးများ ကို မသောက်သုံးလျှင် အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိရန် မလွယ်ကူကြောင်း ပထမဟွိုင်နှင့် ဒုတိယဟွိုင်တို့က သတင်းပေးခဲ့၏။
“ချီးတဲ့မှ … ဒီလူတွေ ငါ့ကို လှည့်စားခဲ့တာပဲ ဖြစ်မယ်။”
စနစ်က ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ် နှစ်ယောက်က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကတည်းက ကျုးကျော်ဝင်ရောက်ခဲ့တာလေ။ ပြီးတော့ သူတို့ဆီကရတဲ့ သတင်းအချက်အလက်တွေက မှားယွင်းတယ်ဆိုတာ သာမန်ပဲ။”
ဤအရာကို ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ သို့ပေမဲ့ ဂြိုဟ်ထဲသို့ ဝင်ရောက်ပြီး ဤအမျိုးသမီး၏ နှိပ်စက်ခံရခြင်းကို ပြန်လည်တွေးတောမိသည့်နောက်မှာတော့ သူသည် ဒေါသတရားများကို မဖိနှိပ်နိုင်ဘဲ ပြောလိုက် မိ၏။ “ငါဂရုမစိုက်ဘူး။ ဒီလူတွေရဲ့ အပြစ်ပဲ။ အားရာကို အားရပါးရထပ်ပြီးတော့ နှိပ်စက်ခိုင်းရမယ်။”
လက်ခံသူသည် ကလေးဆန်လှသောအပြုအမူကို မြင်ရပြီးသည့်နောက်မှာတော့ စနစ်သည် တိတ်တိတ်နေရန်သာ စဉ်းစားဆုံးဖြတ်လိုက်တော့၏။
လမ်းပေါ်မှာတော့ နှင်းဆီဧကရီ၏ ကြောက်မက်ဖွယ်ရာစွမ်းအားများနှင့် ချုပ်နှောင်ခြင်းကို ခံခဲ့ရသော စစ်သူကြီးဟယ် သည် ဖြူရော်နေသည့်မျက်နှာဖြင့် ဖြေလိုက်သည်။ “ဘာ …. ဘာပြစ်မှုမှ မရှိပါဘူး။”
မြို့စောင့်တပ်၏ စစ်သူကြီးတစ်ယောက်ဖြစ်သည်မို့ သူ့အနေနှင့် အဆုံးစွန်သော အခွင့်အာဏာကို ပိုင်ဆိုင်၏။ သို့ပေမဲ့ ဧကရီမ၏ ရှေ့မှာတော့ သူသည် လိမ်ညာပြောဆိုရန် သတ္တိမရှိချေ။
သို့ပေမဲ့ ဤကဲ့သို့ ဝန်ခံပြောဆိုသည်ဆိုလျှင်တောင်မှ ဘာတစ်ခုမှ ကောင်းမွန်သည့် အလှည့်အပြောင်းဆီသို့ ပြောင်းလဲလာတော့မည် မဟုတ်ချေ။
နှင်းဆီဧကရီက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “သူတို့ဆီမှာ အပြစ်မရှိဘူးဆိုတော့ ရှင့်ဆီမှာ အပြစ်ရှိတာပေါ့။”
သူမသည် လက်ကို မြှောက်ကာ အေးစက်စက်ပြောလိုက်၏။
“သေမိန့်”
ဘုန်း
ချက်ချင်းပဲ စစ်သူကြီးဟယ်သည် တည်နေရာမှာပင် ပေါက်ကွဲထွက်သွားခဲ့တော့၏။ စွမ်းအင်လှိုင်းများသည် အလွန် တရာ များပြားလွန်းသောကြောင့် သွေးနှင့်ခန္ဓာကိုယ်၏ အသားအရည်များအားလုံးသည် ဘေးပတ်ဝန်းကျင်ဆီသို့ လွှင့်စင်မသွားခဲ့တော့ချေ။ တည်နေရာထဲမှာပဲ တစ်ခါတည်း ပျောက်ကွယ်သွားသည်။
ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်၏ အဓိကမြို့ကြီးများအသီးသီးတွင် မြို့စောင့်တပ်များ တည်ရှိလို့နေ၏။ နှင်းဆီဧကရီ သည် နန်းတက်ပြီးသည့်နောက်မှာတော့ ထိုသို့သော ကိစ္စရပ်များကို သေသေချာချာ အစီအစဉ်ဆွဲ ချမှတ်ထားခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့ မြို့စောင့်တပ်ကို ထားရှိရသည့်ရည်ရွယ်ချက်သည် မြို့နှင့် မြို့သူမြို့သားများကို ကာကွယ်ရန်သာ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ စစ်သူကြီးဟယ်သည် ၎င်း၏ အခွင့်အာဏာကို အသုံးပြုကာဖြင့် သာမန် လူများ၊ အပြစ်မဲ့လှသော မြို့သူမြို့သားများကို နှိပ်စက်ညှင်းပန်းလျက်ရှိနေ၏။ ထိုအရာသည် သူမအား စိတ်ဓာတ် ကျဆင်းစေသလို ဒေါသလည်း ထွက်မိစေသည်။
စစ်သူကြီးသေဆုံးပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိနေသော စစ်သည်တစ်ဒါဇင်ကျော်တို့ သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်ရှိနေ၏။
ဘေးတစ်ဖက်တွင်ရှိနေသော မြို့တော်ဝန်၏သား နှာဘူးလေးမှာတော့ ဘောင်းဘီထဲတွင် သေးများထွက်ကျသည်အထိ ကြောက်လန့်လျက်ရှိနေ၏။ ထို့အပြင် သူသည် ဧကရီမကို ဖမ်းရန်ပင် စစ်သူကြီးဟယ်အား အမိန့်ပေး စေခိုင်းခဲ့သေး၏။ ထို့ကြောင့် သူ့တွင် အသက်တစ်သောင်း လောက်ရှိမည် ဆိုလျှင်တောင်မှ ရှင်သန်နိုင်တော့မည်မဟုတ်တာ သေချာသည်။
ဆွစ် ……။
ထိုအချိန်မှာပဲ အလွန်အားကောင်းလှသော စွမ်းအင်များ ဖြစ်တည်လာခဲ့၏။ နှာဘူးကောင်လေး၏ ခန္ဓာကိုယ်အား ထိုစွမ်းအင်များသည် ရစ်ပတ်သွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ၎င်းအား မြို့တော်ဝန်၏အိမ်ရာဆီသို့ ဆွဲခေါ် သွားခဲ့၏။
ဤအမျိုးသမီးသည် ကျိန်းသေပေါက် မြို့တော်ဝန်အား သွားရောက်ကာ ပြဿနာရှာလိမ့်မည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ကောင်းကောင်းသိလိုက်သည်။ “နေအုံး။ ဒါက ငါ့အနေနဲ့ ထွက်ပြေးသွားဖို့ အကောင်းဆုံးအခွင့်အရေးမဟုတ်ဘူးလား။”
ဆွစ် …..။
တစ်ဖက်လူမရှိတော့သည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မြို့ဆီမှ အလျင်အမြန်ပင် ပျံသန်းထွက်ခွာသွားခဲ့ တော့၏။ သူသည် ဖြစ်နိုင်သမျှအမြန်ဆုံး ထွက်ပြေးသွားခဲ့ခြင်းပင်ဖြစ်သည်။
မည်သည့်တည်နေရာမှန်းမသိပေမဲ့ ကြုံရာတည်နေရာတစ်ခုကို ရွေးချယ်ရင်း တည်နေရာထဲမှ ပျောက်ကွယ်သွားခဲ့ တော့၏။ မြို့တော်ဝန်နှင့် သူ့သားကို ဖြေရှင်းရန် သွားရောက်ခဲ့သော နှင်းဆီဧကရီသည် စားသောက်ခန်းဆီသို့ လှမ်း၍ အာရုံခံကြည့်ရှုလိုက်သည့်အချိန်မှာတော့ တစ်ဖက်လူသည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို သိရှိလိုက်၏။
ပြတင်းပေါက်၏ ဘောင်ပေါ်မှာတော့ သွားတိုက်တံနှင့် ရေခွက်လေးတစ်ခွက်သာ ကျန်ရှိတော့သည်။ သူမသည် ခေါင်းကို ခါယမ်းကာ ပြုံးလိုက်မိသည်။ “သူထွက်ပြေးသွားတာလား။”
ကျွင်းချောင်ရှောင်းသည် အစစ်အမှန် ထွက်ပြေးသွားခြင်းဖြစ်၏။ လက်ရှိအချိန်မှာတော့ မိုင်တစ်ထောင်ကျော် အကွာအဝေးကိုပင် ရောက်ရှိလို့ နေလေ၏။
“ချီးတဲ့မှ ….”
သင့်လျော်သည့် တည်နေရာကို ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ငါဘယ်လိုလုပ် ဒီလောက် ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားတာလဲ။”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ သူ၏ ဘဝသည် အလွန်ချောမွေ့လျက်ရှိနေ၏။ သို့ပေမဲ့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက် ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ မယားငယ်တစ်ယောက်လို နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
စနစ်သည် ဇဝေဇဝါဖြစ်နေမိ၏။ “လက်ခံသူ …. ဘာလို့ထွက်ပြေးနေတယ်ဆိုတာကို ငါစဉ်းစားလို့မရဘူးဖြစ်နေတယ်။”
“ပေါက်ကရတွေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမိန်းမက ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ရဲ့ ဧကရီမလေ။ ငါက ကြယ်ကြွေကုန်းမြေတိုက်က လူဆိုတာကိုသာ သိသွားလို့ရှိရင်တော့ သေရုံနဲ့တောင် မလုံလောက်ဘူးဖြစ်သွားမယ်။”
“လက်ခံသူ …. ကိုယ့်ကိုယ်ကိုယ် ဘာလို့ချောတယ်လို့ ထင်တာလဲ။”
“……”
“ဒီချောမောမှုက ဧကရီမကို အညံ့ခံအောင် ပြုလုပ်နိုင်စွမ်းရှိတယ် မဟုတ်ဘူးလား။”
“……”
စနစ်၏ စကားလုံးများသည် သူ၏ ရင်ကို တဆစ်ဆစ် နှင့် နာကျင်စေခဲ့၏။ သို့ပေမဲ့ ထိုစကားများကြောင့် သူသည် သဘောကျလျက်လည်း ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “မင်းနဲ့ ငါ က အတူတူရှိခဲ့တာ ကြာပြီ မဟုတ်လား။ ငါ့အနေနဲ့ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုအတွက် ယောကျ်ားနဲ့မိန်းမကြားမှာရှိတဲ့ ခံစားချက်တွေအားလုံးကို ဖြတ်တောက်ထားခဲ့တယ်ဆိုတာ မင်းသိပါတယ်။”
စနစ်က ပြောလိုက်သည်။ “ဒါက ဖြတ်တောက်ထားတာမဟုတ်ဘူး။ ဖြတ်စရာကို မရှိတာမဟုတ်ဘူးလား။”
ကျွင်းချောင်ရှောင်းသည် ၎င်း၏ လည်ပင်းကို ၎င်းဆုပ်ကိုင်ကာဖြင့် ဒေါသတကြီးပြောလိုက်၏။ “ငါတော်တော်စိတ်တိုနေပြီ။ မင်း ဒီအတိုင်း ဆက်ပြောနေမယ်ဆိုရင် ချက်ချင်း မင်းကို ငရဲပြည်ကို ခေါ်သွား လိမ့်မယ်။”
“လာစမ်း … လာခဲ့စမ်း …. လာခဲ့စမ်း။”
………
နှင်းဆီးဧကရီ ရှိရာမြို့နှင့် အလွန်ဝေးကွာသော တည်နေရာတစ်ခုမှာတော့ ကုန်းရှန့်သည် သူ၏ လည်ပင်းကို သူ့ဘာသာ ညှစ်ကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ဘေးဘယ်ညာ ယိမ်းခါလျက် ရှိနေ၏။
ဖြတ်သွားဖြတ်လာလူများသည်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက ကျိန်းသေပေါက် အရူးကြီး တစ်ယောက်ဖြစ်ကြောင်း ထင်မှတ်ကြပေလိမ့်မည်။ သို့ပေမဲ့ ဤနေရာတွင် မည်သူမျှ မရှိသောကြောင့် တော်သေးသည်ဟု ဆိုရမည်။
အော်ဟစ်ငြင်းခုန်ပြီးသည့်နောက်မှာတော့ စနစ်သည် လေးလေးနက်နက်ပြောလိုက်၏။ “အမျိုးသမီးက ဝိညာဉ်ကုန်းမြေတိုက်ရဲ့ ဧကရီမဆိုတော့ လက်ခံသူအနေနဲ့ သူမကိုသာ အညံ့ခံအောင်ပြုလုပ်နိုင်မယ် ဆိုရင် ဂြိုဟ်ကြီးတစ်ခုလုံးကို အညံ့ခံအောင် ပြုလုပ်နိုင်တာနဲ့ အတူတူပဲမဟုတ်ဘူးလား။”
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲသွား၏။ လွတ်မြောက်မည့် အခွင့်အရေးကို မြင်ရသည့်အချိန်တွင် သူသည် ထွက်ပြေးရန်သာတတ်နိုင်ခဲ့၏။ သေသေချာချာ စဉ်းစားဆုံးဖြတ်ခဲ့ခြင်းမရှိပေ။ ထို့အပြင် သီးခြားတာဝန်ကလည်း ရှိနေသေးသည် မဟုတ်လား။
“ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ရဲ့ ဧကရီမကိုသာ အညံ့ခံအောင်ပြုလုပ်နိုင်မယ်ဆိုရင် ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်တာနဲ့အတူတူပဲ။” စနစ်က ပြောလိုက်သည်။
“………” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
စနစ်က ထပ်မံကာ ပြောပြလိုက်တော့သည်။ “တကယ့် ဂုဏ်သိက္ခာနဲ့ ထည်ဝါလှတဲ့ တော်ဝင် ဧကရီမတွေဆိုတာ များပြားလှတဲ့ ကျွမ်းကျင်သူတွေရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို ခံထားရတာလေ။ အပြင်ကို ထွက်လာဖို့ဆိုတာ ရှားရှားပါးပါးပဲ။ တကယ်လို့ ဒီတစ်ကြိမ်မှာ လက်ခံသူအနေနဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ထွက်ပြေးလာနိုင်တယ် ဆိုပေမဲ့ အနာဂတ်မှာ သူမကို ထပ်ပြီး တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။”
“မင်းဘာလို့ ဒီစကားကို စောစောစီးစီး မပြောတာလဲ။”
“အခုမှ စဉ်းစားမိလို့လေ။”
“……..”
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်တွင် ထိုင်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ နောင်တတရားများနှင့် ပြည့်နှက်လို့နေသည်။
စနစ်ပြောသည်မှာ အမှန်ပင်ဖြစ်၏ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်၏ ဧကရီမကို အမှတ်မထင် တွေ့ဆုံရခြင်းဆိုသည်မှာ ကံကောင်းလွန်းလှ၏။ ထို့အပြင် သူမ၏ ဘေးနားတွင် တခြားသော စွမ်းအားမြင့် ကျွမ်းကျင်သူများလည်းမရှိချေ။ ထို့ကြောင့် သူမကိုသာ အညံ့ခံအောင် ပြုလုပ်နိုင်မည် ဆိုလျှင် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မှာဖြစ်၏။
သို့ပေမဲ့ သူသည် ထိုကဲ့သို့ ပြုလုပ်ရမည့်အစား ရူးကြောင်ကြောင်နှင့် ထွက်ပြေးလာခဲ့တော့၏။ အနာဂတ်တွင် မည်သို့ သွားရောက်ရှာဖွေရမည်နည်း။
“ငါ အခုချိန်မှာ ပြန်သွားရင်ကော နောက်ကျသွားပြီမလား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“သိပ်မှန်တာပေါ့”
“………”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီအခွင့်အရေးကို လွဲသွားမယ်ဆိုလည်း ထားလိုက်ပါတော့။ တကယ်လို့ အချိန်နှင့်တည်နေရာပိုးကောင် နိုးထလာမယ် ဆိုရင် ဒီနေရာက အရင်ထွက်သွားမယ်။ ပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်အောင်ပြုလုပ်ပြီးတော့ ပြန်လာခဲ့မယ်။”
“ဒါဆိုရင် ဝယ်ယူထားတဲ့ လောကအဆောင်က အလကားဖြစ်သွားပြီပေါ့။”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကို ဝှက်ဖဲအဖြစ် သိမ်းထားရမယ်လေ”
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို အဆင့်ကြီး တစ်ဆင့် တိုးမြှင့်နိုင်သော လောကအဆောင်ကို ဝယ်ယူလိုက်ရခြင်းသည် သူ့အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်လိမ့်မည်ဟု မည်သို့မျှ တွေးတောမည် မဟုတ်ချေ။ ဤအရာကို အသုံးပြုပြီး ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်၏ ဧကရီမကို အနိုင်ရအောင်ပြုလုပ်နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“သွားကြစို့။ နေရာတစ်ခုခုကို ရှာပြီး အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေကို ထုတ်လိုက်မယ်။ ပြီးရင် အချိန်နှင့် တည်နေရာပိုးကောင် အိပ်ပျော်နေရာကနေ နိုးထလာအောင်လို့ လုပ်လိုက်ကြတာပေါ့။”
အားလုံးကို စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စတင်ထွက်ခွာရန် ပြင်လိုက်၏။ သို့ပေမဲ့ သူသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက်မှာတော့ တုန်ယင်နေသည့် အမူအရာဖြင့် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။
သူ၏ အနောက်ခပ်လှမ်းလှမ်းတွင်တော့ အလွန်တရာကြည့်ကောင်းလှသော ပုံရိပ်တစ်ခုသည် ပေါ်ပေါက်လာခဲ့ တော့သည်
“ဒီမှာ ….”
နှင်းဆီဧကရီသည် လမ်းလျှောက်လာပြီးသည့်နောက်မှာတော့ ပြုံးကာ ပြောလိုက်တော့၏။ “ကျွန်မတို့ မတိုက်ခိုက်ရသေးဘူး။ ရှင်ဘာလို့ ထွက်ပြေးသွားတာလဲ။”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ အလွန်တရာ တည်ငြိမ်လျက်ရှိ၏။ သို့ပေမဲ့ သူ၏နှလုံးသားတွင်တော့ အော်ဟစ်လျက်ရှိနေတော့၏။ “ဘယ်လိုလုပ်ပြီး ရှာတွေ့သွားရတာလဲ။”
စနစ်က ခန့်မှန်းလိုက်၏။
“သူက မင်းကို ရှာဖွေလို့ရအောင်လို့ အထူးအမှတ်အသားတစ်ခုကို မင်းခန္ဓာကိုယ်ပေါ်မှာ မသိအောင် ထား ထားခဲ့တယ် နဲ့တူတယ်။”
“……….”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါရမ်းလိုက်၏။ ပြီးသည့်နောက်မှာတော့ အသာထိုင်ချလိုက်သည်။ “ကျုပ် ထွက်ပြေးသွားတာမဟုတ်ပါဘူး။ ရှုခင်းကြည့်ချင်လို့ ထွက်လာခဲ့တာ။”
“ရှင် ရှုခင်းကြည့်ချင်တာကလည်း မိုင်တစ်ထောင် အကွာအဝေးကိုတောင် ရောက်လာတာပါလား။”
“စိတ်မပူပါနဲ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လူကြီးလူကောင်းတွေရဲ့စကားက အတည်ပဲလေ။ ကျုပ်တို့က လောင်းကြေးစားကြေးပြုလုပ်ပြီးပြီမဟုတ်လား။ ပြီးတော့ …”
သူ၏ အမူအရာသည် ရုတ်တရက် ပို၍ လေးနက်သွားခဲ့တော့၏။
“တိုက်ပွဲဆိုတာ သတ်မှတ်ပြီးသားပဲလေ။ ကျိန်းသေပေါက် တိုက်ခိုက်ရမှာပဲ။”
“ကျွန်မလည်း အဲဒါကို မျှော်လင့်နေပါတယ်။”
နှင်းဆီဧကရီသည် လက်ကို မြှောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ စွမ်းအင်များကို အသုံးပြုကာ ကုန်းရှန့်အား ချည်နှောင်လိုက်တော့၏။
“ဒါ ဘာအဓိပ္ပာယ်လဲ။”
“ရှင်မြင်ကွင်းကြည့်ဖို့ ထပ်ပြီးတော့ ခိုးထွက်သွားမှာ စိုးရိမ်လို့လေ။”
သိုင်းကျင့်ကြံသူများသည် အရှက်ခွဲခံရခြင်းထက် သေဆုံးသွားသည်ကိုသာ ပိုမိုနှစ်သက်ကြ၏။
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် နီမြန်းသွားသည်။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “တိုက်ခိုက်မယ်။ အခုတိုက်ခိုက်ရအောင်။”
“ရှင့်ဒဏ်ရာတွေ ကောင်းသွားပြီလား။”
“ကောင်းသွားပြီ။”
“ရက်အနည်းငယ်ထပ်ပြီးတော့ မစောင့်တော့ဘူးဆိုတာ သေချာလား။”
“သေချာတယ်။ အခုချက်ချင်း ချကြမယ်။”
ဝှစ်
နှင်းဆီဧကရီသည် အလင်းကဲ့သို့ ကြိုးအား အသာထိလိုက်ပြီးသည့်နောက် ပြောလိုက်တော့သည်။
“ဒီနေရာကို ခြေချတဲ့လူက နည်းနည်းပဲရှိတယ်လေ။ ဒီတော့ တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးတည်နေရာပဲ။”