အခန်း (၁၁၁၃)
Vol. 75 Ch. 1113
သက်တန့်ရောင်စဉ်ကျမ်း ဒုတိယတွဲဆီမှ နှင်းဆီရနံ့များသည် အပြင်မှ ထွက်ပေါ်လျက်ရှိသော နှင်းဆီရနံ့များနှင့် ထပ်တူညီလျက်ရှိသည်။ ထိုအရာအား ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်မိနေခဲ့၏။ အဘယ့်ကြောင့် သူ စတိုးဆီမှ ဝယ်ယူခဲ့သည့်ပစ္စည်းသည် သူမ၏ အနံ့များ တည်ရှိနေခဲ့ရသနည်း။
“ဒါက”
စနစ်သည် ကြောင်အအနှင့် ပြန်၍ ရှင်းပြလိုက်၏။ ဓစတိုးထဲမှာရှိတဲ့ တချို့ပစ္စည်းတွေက တခြားတည်နေရာ တွေကနေပြီးတော့ လှမ်းပြီး ယူခဲ့တာလေ”
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ကြောင်အသွားမိ၏။ ခဏလောက်ကြာပြီးသည့်နောက် သူက ပြောလိုက်မိသည်။ “မင်းဆိုလိုတာက ဒီသက်တန့်ရောင်စဉ်ကျမ်း နံပါတ်နှစ်က အစကတည်းက ဒီအမျိုးသမီး ပိုင်ဆိုင်တဲ့အရာပေါ့။ ငါစတိုးဆီက ဝယ်ယူပြီးတဲ့အချိန်မှာ သူမဆီက ယူလိုက်တာ အဲလိုမျိုးလား”
“အမှန်ပါပဲ” စနစ်က ပြောလိုက်သည်။ စနစ်သည် ဤကိစ္စအား အစောကြီးကတည်းက သိရှိပြီးဖြစ်၏။ သို့ပေမဲ့ မတူညီသည့် တည်နေရာနှစ်ခုဆီမှ လူနှစ်ယောက်သည် ဤကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင်နှင့် တွေ့ဆုံလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
“ငါနားလည်ပြီ။ ငါနားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နားလည်သွားမိသည်။ “ဒါကြောင့် သူမက ငါ့ကို သူခိုးလို့ခေါ်တာကိုး။ အံ့အားသင့်စရာမရှိတော့ဘူး။ ငါက အပြစ်ကင်းစင်ပါတယ်။ ဒီကိစ္စတွေအကုန်လုံးကို စနစ်ရဲ့ စတိုးက လုပ်ခဲ့တာ။ ငါသိတောင် မသိဘူး။ နေအုံး”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မေးလိုက်မိ၏။ “သက်တန့်ရောင်စဉ်ကျမ်းက အစိတ်အပိုင်း အမျိုးမျိုး ရှိတာလေ။ ဒါဆိုရင် သက်တန့်ရောင်စဉ်ကျမ်း အပိုင်းတစ်ကလည်း တခြားတည်နေရာကနေ ခိုးယူလာတာပေါ့”
“ဟမ်”
စနစ်က ပြောလိုက်သည်။ “အဲလို ဖြစ်နိုင်ပါတယ်”
“..........”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “တကယ်လို့ အခိုးခံရတဲ့လူက အရမ်းအားကောင်းနေမယ်ဆို ငါ တခြားဂြိုဟ်တွေဆီကို သွားတဲ့အချိန်မှာ သတိထားရတော့မှာပေါ့။ မဟုတ်လို့ သိသွားရင် ပြဿနာပဲ”
“ဒီလောက်ကြီးတော့ မတိုက်ဆိုင်ဘူး ထင်ပါတယ်” စနစ်က ပြောလိုက်သည်။
ဟယ်ဝူတီသည်သာ အစစ်အမှန်တရားကို သိရှိမည်ဆိုပါက ကျိန်းသေပေါက် ကျယ်လောင်စွာ အော်ဟစ်နေ ပေလိမ့်မည်။ “တိုက်ဆိုင်တယ်ဗျ။ တိုက်ဆိုင်တယ်။ ကျိန်းသေပေါက် တိုက်ဆိုင်တယ်”
ဟုတ်ပေသည်။ သူ့အနေနှင့် ဤသက်တန့်ရောင်စဉ်၏ အကြွင်းအကျန်ကျမ်းအား ကွင်းချောင်ရှောင်း ခိုးယူသွား သည်ကို မသိရှိပေ။ ပြိုင်စံရှားဂိုဏ်းသည် သူတော်စင် သက်တန့်ရောင် ဖန်တီးထားသည့်ဂိုဏ်းဟု စဉ်းစား တွေးတောခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်သာလျှင် ကျမ်းသည် မိတ္တူ အဖြစ် တည်ရှိနေခြင်း ဖြစ်ကြောင်း နားလည်ထားသည်။
ထိုကဲ့သို့သော အကြောင်းအရာများကြောင့်သာလျှင် သူသည် နောက်ဆုံး တံခါးပိတ်သည့်တပည့်အဖြစ် လိုလိုချင်ချင်နှင့် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်တော့၏။
“ဒါဆိုရင် ကျမ်းနံပါတ်သုံး ရှိသေးတာပဲ”
ကျွင်းချောင်ရှောင်းက စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ဒါကိုလည်း ခိုးလာတာလား”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက အခု တိုက်ခိုက်နေတယ်လေ။ ကျေးဇူးပြုပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး လုပ်စမ်းပါ”
“ဒါကတော့ ဟုတ်သားပဲ”
ကျွင်းချောင်ရှောင်းသည် အတွေးများကို ပြန်လည်ရုတ်သိမ်းကာဖြင့် နှင်းဆီဧကရီကို လှမ်း၍ ကြည့်ရှုလိုက်သည်။ သူသည် အေးစက်စက်ပြုံးကာဖြင့် ပြောလိုက်မိ၏။ “ကျုပ်က တခြားသူတွေဆီက ခိုးလာတယ်ဆိုရင်တောင်မှ နည်းနည်း ရှက်ရွံ့မိအုံးမယ်။ ဒါပေမဲ့ ခင်ဗျားဆီက ခိုးယူမိတယ်ဆိုမှတော့ ခံစားလို့ ကောင်းလိုက်တာ”
ဤအမျိုးသမီး နှင့်ပတ်သက်၍ ကုန်းရှန့်၏ ခံစားမှုသည် သုညဆီကနေ အနုတ် ကိုးရာကိုးဆယ့်ကိုးအထိပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏လည်ပင်းအား ဓား နှင့် လှီးကာ တိုက်ခိုက်ခဲ့ခြင်းကြောင့်ပင်။ ကံကောင်း၍သာ သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်သည် အိုးစားမကွဲသွားခြင်း ဖြစ်၏။
ဤပြောင်ချော်ချော်အပြုံးကို မြင်ရသည့်အချိန်မှာတော့ နှင်းဆီဧကရီက အေးစက်စက်ဖြင့် ပြောလိုက်မိသည်။ “ဒီကျမ်းကို လွှဲပေးဖို့ ရည်ရွယ်ချက် မရှိဘူးပေါ့”
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်ဆီမှာရှိတဲ့ ပစ္စည်းက ကျုပ်အပိုင် ပဲလေ။ ဒီတော့ ပြန်ပေးစရာ အကြောင်းအရင်း ဘာမှ မရှိဘူး”
နှင်းဆီဧကရီသည် ထိုစကားသံကို ကြားရသည့်အချိန်မှာတော့ ချက်ချင်းပဲ ဒေါသများ ထွက်ပေါ်လာခဲ့၏။ ထို့ကြောင့် ဓားမော့ကြီးကို ထုတ်ယူကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့၏။
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာဖြင့် လေထုထဲသို့ လှမ်းကာ ဆွဲယူလိုက်တော့သည်။ ပြီးသည့်နောက် မှာတော့ အင်ပါယာကျန်းဝေ ဖန်တီးသွန်းလုပ်ခဲ့သော လှံကြီးသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။ ဤအရာသည် နတ်ဘုရားအဆင့်နှင့်အထက် လက်နက်တစ်ခု ဖြစ်သည်။ ကုန်းရှန်သည့် လက်နက်ချင်း နှိုင်းယှဉ်ရမည်ဆိုလျှင် မည်သို့မှ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
ရွှီး … ရွှီး
ကျွင်းချောင်ရှောင်းသည် လှံအား လက်နှစ်ဖက်ဖြင့် ဝိုက်ကာ ကစားလျက် ရှိနေ၏။ လှံ၏ ထိပ်ဦးသည် အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် လှည့်ပတ်လျက်ရှိပြီး တည်နေရာတစ်ခုလုံးကိုပင် ဆွဲဖြဲနိုင်စွမ်းရှိသည့် အားအင်များ ထွက်ပေါ်လျက်ရှိသည်။
ဒင် ဒင် ဒင် ဒင်
ရွှီး
နှင်းဆီဧကရီသည် လက်ကို ယမ်းခါလိုက်၏။ သူမ၏ လဓားမော့သည် သူမဆီသို့ ပြန်လည်ရောက်ရှိ လာခဲ့တော့သည်။ လက်နက်ဆီမှ ခုနှစ်ရောင်တောက်နေသော အလင်းတန်းများကို ကြည့်ရှုပြီးသည့်နောက် သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ရှင့်ဆီမှာ ဒီထက်ပိုပြီး အားကောင်းတဲ့လက်နက် ရှိနေလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး”
ရွှီး ရွှီး ….။
ကျွင်းချောင်ရှောင်းသည် လှံအား ထုတ်ဖော်ကာ တိုက်ခိုက်လျက်ရှိနေ၏။ သူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ “တခြားအရာတွေလည်း အများကြီး ရှိသေးတယ်”
ရွှီး
နှင်းဆီဧကရီသည် သူမ၏ ဝတ်ရုံအား အသာဆွဲဖြဲလိုက်၏။ ပြီးသည့်နောက်မှာတော့ အလွန်တရာ လှပလွန်းသော ခန္ဓာကိုယ်ကောက်ကြောင်းသည် ပေါ်ပေါက်လာခဲ့တော့သည်။
ပြီးသည့်နောက်မှာတော့ သူမသည် ဓားမော့ကြီးကို အသာရှေ့သို့ ဆွဲချပြီးသည့်နောက်မှာတော့ ပြောလိုက်တော့၏။ “ဒီဧကရီ ရဲ့ လက်နက်ကလည်း ရှင့်ရဲ့လက်နက် ထက် ဘယ်လိုမှ အားမနည်းဘူး။ ဒီတော့ ကောင်းကောင်းမွန်မွန် တိုက်ခိုက်ကြတာပေါ့” ဆို
လိုသည်မှာ စောနက တိုက်ခိုက်မှုများသည် သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုနေလေ သည်လား။
ရွှီး ရွှီး …..။
ကျွင်းချောင်ရှောင်းသည် ပျံသန်းသွားပြီးသည့်နောက်မှာတော့ လှံ၏ထပ်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ရှေ့ဘက်ဆီသို့ ထိုးသွင်းမှုကို ပြုလုပ်သည်။ သို့ပေမဲ့ သူ့တွင် ထူးခြားလှသည့် လှံသိုင်းနည်းစနစ် မရှိသောကြောင့် လှံကို တိုက်ရိုက်သာ အသုံးပြုနေရခြင်းပင်ဖြစ်သည်။ ပြောနေစရာပင် မလိုချေ။ ဤအဆင့် အားအင်အဆင့်များသည် သိုင်းနည်းစနစ်များ လိုအပ်နေ၏။ ထို့ကြောင့် သာမန်တိုက်ခိုက်မှုမျိုးနှင့်ပင် ဆင်တူလျက်ရှိနေ၏။
ဘန်း ဘန်း ဘန်း
နှင်းဆီဧကရီသည် ဓားမော့ကြီးကို တိုက်ရိုက် ကိုင်ဆွဲ၍ အသုံးမပြုပေ။ သူ၏ စိတ်နှင့် ဓားမော့ကြီးအား ချိတ်ဆက်ကာဖြင့် ဓားမော့ဆီမှ အလင်းတန်းများကို ထုတ်ဖော်ကာ အရှေ့ဆီသို့ တိုးကာ တိုက်ခိုက်ခြင်းကို ပြုမူသည်။
ဒင် ဒင် ဒင် ……။
ဘုန်း ဘုန်း ………။
ချက်ချင်းပဲ ၎င်းတို့နှစ်ယောက်သည် ကောင်းကင်ယံထက်တွင် တိုက်ခိုက်မှုများကို ပြုလုပ်လျက် ရှိနေ၏။ စွမ်းအင်လှိုင်းများအားလုံးသည် ရူးရူးမူးမူး ဖြစ်တည်နေပြီးသည့် တည်နေရာ အတားအဆီးများသည်လည်း ပျက်စီးလျက် ရှိနေတော့သည်။
ကံကောင်းစွာဖြင့် ဤနေရာသည် သီးခြားတည်ရှိနေသည့်တည်နေရာဖြစ်သောကြောင့် လူနေထိုင်ရာမြို့ နှင့် တခြားသောလူများ မရှိကြချေ။ မဟုတ်ပါက ယခုတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အားအဟုန်များကြောင့် အကုန်လုံး ပြိုကျ ပျက်စီးသွားမှာ သေချာ၏။
ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် ဆက်လက်ကာ တိုက်ခိုက်လျက် ရှိနေတော့၏။ သို့ပေမဲ့ ထိုကဲ့သို့ တိုက်ခိုက်မှုသည် အဝေးတစ်နေရာတွင်ရှိနေသော ဝိညာဉ်မျိုးနွယ် စစ်သည်တို့ကို အလန့်တကြား ဖြစ်စေခဲ့သည်။
“ဒါဘာကြီးလဲ”
“တစ်စုံတစ်ယောက်က တိုက်ခိုက်နေတာပဲ ဖြစ်လိမ့်မယ်”
မိုင်တစ်ထောင်အဝေးတွင် ရှိနေသော ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီး၏ စစ်သည်တော်များ အားလုံးသည် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့ပေမဲ့ ခုနှစ်ရောင်အလင်းများ တောက်လောင်နေသည်ကို မြင်ရသည့်အချိန်မှာ တော့ တိုက်ပွဲသည် ပြင်းထန်လွန်းကြောင်း သိရှိသွား၏။
..............
“ဒါက အရှင်မရဲ့ အော်ရာတွေပဲ”
“ဒါဆိုရင် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ကျူးကျော်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်မယ်။ သွားကြစို့၊ သွားကြစို့”
ဝိညာဉ်မျိုးနွယ်မှ ကျွမ်းကျင်သူများ အားလုံးသည် ဧကရီအရှင်မ၏ အော်ရာများ ထွက်ပေါ်နေသည့် တည်နေရာသို့ အလွန်လျင်မြန်စွာဖြင့် ပျံသန်းလာခဲ့ကြတော့၏။
ဤဂြိုဟ်ကြီးသည် အဆင့်နိမ့် သိုင်းကျင့်ကြံသူ များသာ တည်ရှိမည်ဟု ကျွင်းချောင်ရှောင်းက သုံးသပ်ထား၏။ သို့ပေမဲ့ အချိန်တိုအတွင်းမှာပဲ သိုင်းနယ်မြေ ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်၍ ရနိုင်သော ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူ အနည်းဆုံး တစ်ဒါဇင်ကျော်တို့သည် ဤနေရာသို့ လှမ်းလာခဲ့ကြ၏။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူမှာတော့ လူသုံးရာလောက်ရှိပြီး သိုင်းအုပ်စိုးသူ မှာတော့ လူလေးထောင်လောက်ပင် ရှိလို့နေ၏။ ၎င်းတို့အားလုံးသည် မြို့ဆီမှ အသည်းအသန်ဖြင့် ပျံသန်းရောက်ရှိ လာခဲ့ကြသည်။ ၎င်းတို့ ထုတ်ဖော်ထားသော အားအင်အဆင့်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
တချို့သော ဝိညာဉ်မျိုးနွယ် စစ်သည်များအားလုံးသည် ဧကရီအရှင်မ တိုက်ခိုက်သည်ကို ကြည့်ရှုချင်သောကြောင့် လိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားလှသော်လည်း အလွန်တရာ အားကောင်းသည့် တိုက်ခိုက်ပွဲကို ကြည့်ရှုရင်း ပညာယူရမည်ဟု စဉ်းစားထားကြသည်။ ပြောရမည်ဆိုလျှင် ဝိညာဉ် ကုန်းမြေတိုက်ထဲတွင် တကယ့်ကို လက်ရွေးစင် တိုက်ခိုက်သူများလည်း တည်ရှိလို့နေခဲ့တော့သည်။
အစီအစဉ်အရဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဤတည်နေရာထဲသို့ ရောက်ရှိပြီးသည့်နောက် အဆင့်နိမ့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ပြီး တဖြည်းဖြည်း အဆင့်မြင့်မားသည့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရမည်ဖြစ်၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ သူသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ဧကရီအရှင်မနှင့် အရင်ဆုံးတွေ့ကာ တိုက်ခိုက်နေရလေသည်။ မည်မျှ ဆိုးရွားလိုက်သည့် ကံတရားနည်း။
ဘုန်း ဘုန်း ဘုန်း ….။
ကောင်းကင်အထက်မှာတော့ တိုက်ပွဲသည် အမြင့်ဆုံး အဆင့်ဆီသို့ ရောက်ရှိလျက်ရှိနေ၏။ လောကအဆောင်၏ ထောက်ပံ့မှုကြောင့် ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ မူလနယ်မြေအဆင့် သိုင်းကျင့်ကြံခြင်းကို ပိုင်ဆိုင်လျက် ရှိနေ၏။
ထို့ကြောင့် သူသည် နှင်းဆီဧကရီနှင့် လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက် နိုင်၏။ လက်နက်မှာတော့ ၎င်းတို့နှစ်ယောက်လုံးသည် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြ၏။ တိုက်ကွက်ပေါင်းရာချီ တိုက်ခိုက် ပြီးသည့်နောက်မှာတော့ ကောင်းကင်ယံတစ်ခုလုံးသည် ပြိုလဲလုမတတ် ဖြစ်နေကြသည်ဆိုသော်လည်း မည်သူက အနိုင်ရရှိမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပေ။
“ချီးတဲ့မှ..”
ကျွင်းချောင်ရှောင်းသည် စိုးရိမ်ပူပန်သွားမိ၏။ လောကအဆောင်သည် အချိန်အကန့်အသတ် ရှိလို့ နေလေ၏။ သူသည် အထက်စီးမှ ရယူ၍ တိုက်ခိုက်နိုင်စွမ်းမရှိပါက အချိန်အတော်ကြာ၍ အားအင်များ ယုတ်လျော့ သွားမည်ဆိုလျှင် မည်ကဲ့သို့ ဖြစ်သွားမည်နည်း။
ထို့အပြင် ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီမှ လက်ဝါး ရိုက်ချက်ကြီးကို ခုခံခဲ့ရသည့် အချိန်တစ်ခုက လွဲလျှင် လက်ရှိအခြေအနေသည် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာကတည်းက အားအကောင်းဆုံးသော ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်နေရခြင်းပင် ဖြစ်သည်။
နောင်တတရား -
သူသည် ထိုအရာကိုတောင် ရရှိလာမိ၏။ သူ့အနေနှင့် ဝိညာဉ်ကုန်းမြေတိုက်ကြီးဆီသို့ ဤကဲ့သို့ အလျင်စလိုဖြင့် မဝင်လာခဲ့သင့်ပေ။
ဆွစ် ဆွစ် …….
ထိုအချိန်မှာတော့ များပြားလှသည့် အလင်းတန်းများအားလုံးသည် ကောင်းကင်ယံထက်ဆီမှ ပျံသန်းလာကြ၏။
ဘုန်း ဘုန်း ဘုန်း …..။
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့် ထပ်မံကာ တိုက်ခိုက်လိုက်၏။ များပြားလှသော အလင်းတန်းများသည် သူ့ဆီသို့ ရောက်ရှိလာသည်ဖြစ်ကြောင်းကို သိရှိရသည့်အချိန်မှာတော့ နှာခေါင်းကို ရှုံ့ကာ ပြောလိုက်သည်။ “ခင်ဗျားက ရှုံးမှာကြောက်လို့ နောက်လိုက်တွေကို ခေါ်လိုက်တာလား။ ရောက်လာတဲ့လူတွေက သိုင်းနယ်မြေ ကျင့်ကြံသူတွေပဲ”
“ရှုံးမှာ ဟုတ်လား။ မဖြစ်နိုင်တာ”
နှင်းဆီဧကရီသည် အေးစက်စက် အော်ဟစ်လိုက်၏။ “ရှင်တို့အားလုံး ဒီနေရာကနေ ပေတစ်သောင်းအတွင်း အထဲကို ဝင်မလာနဲ့။ ဘယ်သူမှ ခြေတစ်လှမ်းတောင် မလှမ်းကြနဲ့”
ဤအသံသည် မေးခွန်းထုတ်၍ မရနိုင်သော ဧကရီအရှင်မတစ်ယောက်၏ အမိန့်သံပင် ဖြစ်တော့၏။ ဤစကားသံ သည် များပြားလှသော ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများကို ထိတ်လန့် တုန်လှုပ်သွားစေ၏။ ထို့ကြောင့် ၎င်းတို့ အားလုံးသည် အနောက်ဘက်ဆီသို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာလိုက်၏။ ပေတစ်သောင်းအကွာအဝေးဆီသို့ ဆုတ်ခွာပြီးသည့်နောက်မှာတော့ ၎င်းတို့သည် လေထုထဲတွင် မတ်မတ်ရပ်ကာ သေသေချာချာ ကြည့်ရှုလိုက်ကြသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်ကြီးကို အုပ်ချုပ်နိုင်တဲ့ ဧကရီအရှင်မ လင်းပင်ဆိုတဲ့ အတိုင်းပဲ ခင်ဗျားရဲ့စကားကို ဘယ်သူမှ မပယ်ရှားရဲဘူးကိုး ..။”
“ဧကရီလင်းပင် ဟုတ်လား”
နှင်းဆီဧကရီက ပြောလိုက်သည်။ “လင်းပင်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတည်းက နန်းပုလ္လင်ကနေ ဆင်းသွားပြီ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဆွံ့အသွားမိ၏။ ဤအမျိုးသမီးသည် ဧကရီလင်းပင် မဟုတ်ပေ။ ထိုသို့ဆိုလျှင် မည်သူနည်း။