← Chapters

အခန်း (၁၁၁၅)

Vol. 75 Ch. 1115

အခန်း (၁၁၁၅)

Vol. 75 Ch. 1115

နှင်းဆီဧကရီသည် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီးသည့်နောက် ဝိညာဉ်မျိုးနွယ်မှ ကျွမ်းကျင်သူများ အားလုံးသည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြသည်။ သူတို့၏ ဧကရီ ထိခိုက်သွားသည်ကို လက်သင့်မခံနိုင်ကြပေ။

သူတို့ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးအား ဓားအိမ်ထဲမှ ဆွဲထုတ်လိုက် တော့၏။ လောကအဆောင်၏ အကန့်အသတ်သည် တည်ရှိလို့နေ၏။ ထို့ကြောင့် သူသည် နည်းနည်းလေးမှ အချိန် မဖြုန်းချင်ပေ။

ဝှစ် ဝှစ် ဝှစ်

အလွန်တရာ အားကောင်းလွန်းလှသော ချုပ်နှောင်ခြင်းစွမ်းအင်များသည် ကောင်းကင်ကြီးတစ်ဝက်လောက်ကို ဖြန့်ကျက်လျက် ရှိနေတော့၏။ သိုင်းနယ်မြေ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ကြသော ဝိညာဉ်မျိုးနွယ်များ အားလုံး သည် လေထုထဲတွင် အေးခဲလျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်လျက် ရှိနေတော့သည်။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက် က ထိန်းချုပ်ကြောင်းကို ခံစားမိလိုက်ကြ၏။ ၎င်းတို့၏အသက်များကို တစ်ဖက်လူသည် လွယ်လွယ်ကူကူနှင့် ယူဆောင်နိုင်စွမ်း ရှိသွားပြီဖြစ်၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့ကြီးကို လွှဲယမ်း လိုက်သည်ဆိုသည်နှင့် ၎င်းတို့၏ ဦးခေါင်းများကို ဖြတ်တောက်နိုင်စွမ်း ရှိနေတော့သည်။

နှင်းဆီဧကရီ၏ တောက်ပနေသည့်မျက်လုံးများသည်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားတော့သည်။ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ရှိနေသော လက်နက်သည် ပထမတစ်ကြိမ် ထုတ်ဖော်လိုက်သည့် လှံထက်ပင် ပိုမိုကာ အားကောင်းလျက်ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်၏။ သေမျိုးလောကတွင် ဤကဲ့သို့ အားကောင်းလှသော လက်နက်မျိုး ရှိမနေသင့်ပေ။ ထို့ကြောင့် ဖြစ်နိုင်ဖွယ်ရာသည် တစ်ခုတည်းသာ ရှိတော့၏။ ဤဓားမော့သည် အထက်နယ်မြေဆီမှ ရောက်ရှိလာခြင်းပင် ဖြစ်ရမည်။

ဤကဲ့သို့သော အကြောင်း အရာကို နှင်းဆီဧကရီတစ်ယောက်တည်းသာ တွေးတောနေသည် မဟုတ်ပေ။ ရှိရှိနေသမျှသော ဝိညာဉ်မျိုးနွယ်များ အားလုံးသည်လည်း ထိုအချင်းအရာကို တွေးတောနေမိကြ၏။

အင်ပါယာကျန်းဝေ၏လှံသည် အထက်နယ်မြေမှ ကျောက်တုံးနှင့် ဖန်တီးပြုလုပ်ခဲ့ပြီး အလွန်တရာလည်း အားကောင်းလှ၏။ သို့ပေမဲ့ လိုအပ်ချက်တော့ ရှိနေသေးသည်။

နှင်းဆီဧကရီသည် ဤစည်းဓားမော့ကြီးနှင့် ပတ်သက်၍ မတွေးတော့ချေ။ သူမအနေနှင့် အဝေးတစ်နေရာဆီသို့ ချက်ချင်းပဲ ပျံသန်းလိုက်တော့သည်။ သူသည် ဤချုပ်နှောင်ခံထားသည့်တည်နေရာမှ မြန်မြန်ဆန်ဆန်ပဲ လွတ်မြောက်သွားချင်မိ၏။

“ပြေးနိုင်မယ်ထင်လို့လား” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အနောက်မှ လိုက်သွားပြီးသည့်နောက်မှာတော့ သူမအား စည်းဓားမော့ကြီးနှင့် ခုတ်ပိုင်းလိုက်၏။ ချက်ချင်းပဲ ဓားအလင်းတန်းများသည် တည်နေရာကို ဆွဲခွင်းလျက်ရှိနေသည်။

ဆွစ်

နှင်းဆီဧကရီ၏ လှုပ်ရှားမှုများသည် ချုပ်နှောင်ခြင်းခံထားရသော တည်နေရာထဲမှာတော့ အနည်းငယ် နှေးကွေးလျက် ရှိနေ၏။ သို့ပေမဲ့ သူမသည် အချိန်တိုင်း သူမ၏ အရှေ့၌ အတားအဆီး အစီအရင်တစ်ခုကို ဖန်တီး ထားလျက် ရှိသည်။ ထိုအရာသည် ကျိုးပြတ်သွားခဲ့သည်ဆိုသော်လည်း သူမအား ထက်ရှသည့် ဓားအလင်းတန်း များသည် ထိခိုက်အောင် မပြုလုပ်နိုင်ချေ။

ရွှီး ရွှီး

ဓားရာများသည် လေထုထဲတွင်‌ ပေါ်ပေါက်လာပြီးသည့်နောက် သွေးများ ပျံ့နှံ့သွားခဲ့သည်။

ဇွိ

နှင်းဆီဧကရီ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူမသည် ညာဘက်ပခုံးပေါ်တွင် ရှိခဲ့သော ဒဏ်ရာ အား စည်းခတ်ပြီးသည့်နောက်မှာတော့ ချုပ်နှောင်ခြင်းခံရသည့် တည်နေရာထဲမှ ထွက်ခွာလိုက်သည်။

ကျွင်းချောင်ရှောင်း မှာတော့ လောကအဆောင်အား အသုံးပြုပြီး စည်းဓားမော့ကြီးကို ကိုင်ဆောင်ထားသည်မို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့်အရှိန်အဟုန်များနှင့်အတူ လိုက်လံတိုက်ခိုက်လျက်ရှိနေ၏။ နှင်းဆီဧကရီ မှာတော့ မောပန်းလျက် ရှိနေ၏။

“ထင်ထားတဲ့ အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “စည်းဓားမော့ကြီးရဲ့ ဒုတိယ အသက်သွင်း တဲ့ပုံစံက အဆင့်မြင့်ကျွမ်းကျင်သူတွေကို ဖိနှိပ်ထားနိုင်ဖို့က နည်းနည်း ခက်ခဲသေးတာပဲ”

ဝိညာဉ်မျိုးနွယ်၏ အဆင့်မြင့်ကျင့်ကြံသူများသည် သိုင်းနယ်မြေ ကျင့်ကြံသူများ ဖြစ်ကြ၏။ ထိုသူများအားလုံးသည် ချုပ်နှောင်ခြင်းကို ခံထားရသည်။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ ထိုချုပ်နှောင်ခံထားရသည့်အခြေအနေမှ လွတ်မြောက်နိုင်ဆောင် စွမ်းဆောင်နိုင်နေသေးသည်။ ထို့အပြင် ကျွင်းချောင်ရှောင်းအနေနှင့် ဤစည်းဓားမော့ကြီး ကိုအသုံးပြုသည့်အချိန်တွင် လောကအဆောင်ကို ချိုးဖြတ်ထားခဲ့ခြင်းသာ ဖြစ်၏။ ပုံမှန်အတိုင်း အသုံးပြုမည်ဆိုလျှင် ဤမိန်းမအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ ဒါကို ဆက်ပြီးတော့ အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးတယ်လေ”

အချိန်ကာလတစ်ခုအထိ ထိုသို့ အဆင့်မြင့်တင်ရန် ကိစ္စကို မစဉ်းစားနိုင်သေးချေ။ ကျွင်းချောင်ရှောင်းသည် အလင်းတစ်ခုအဖြစ် အသွင် ပြောင်းပြီးသည့်နောက် သူမ၏နောက်သို့ လိုက်တော့သည်။

ရွှီး ရွှီး

သူ၏ ဓားအလင်းများသည် တိုက်ခိုက်မှုများကို တောက်လျှောက်ထုတ်ဖော်လျက်ရှိသည်။ လက်ရှိအချိန်မှာ တော့ အလွန်တရာ ကြမ်းရမ်းလှသော ကျားရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်လို့နေ၏။

ဘုန်း ဘုန်း ဘုန်း

ဓားချီများသည် မြေပြင်တွင် ပေါက်ကွဲထွက်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးတွင် ဓားရာကြီးများ နှင့်ပြည့်နှက်နေတော့၏။

ဘုတ်

နှင်းဆီဧကရီသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် မြေပေါ်သို့ ပြုတ်ကျလာခဲ့သည်။

အလွန်တရာ မောက်မာ စွာဖြင့် လေထုထဲတွင် ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းကို ကြည့်ရှု့ပြီးသည့်နောက် သူမ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့တော့သည်။

နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူမသည် တခြားသူများကို အနိုင်ယူခဲ့သည်ချည်းသာဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အစေခံ အဖြစ် လိုချင်ခဲ့သည့်လူတစ်ယောက်သည် သူမအား အနိုင်ရရှိအောင် တိုက်ခိုက်နိုင်ခဲ့၏။ ဤအရာသည် ခန့်မှန်းထားသည့်အရာမျိုး မဟုတ်ခဲ့ချေ။ အထူးသဖြင့် သူမအား ရုပ်ဆိုးမဟု ခေါ်သည့်လူက အနိုင်ယူ တိုက်ခိုက် သည်ကို မည်သို့မှ မခံနိုင်ခဲ့ချေ။

ကျွင်းချောင်ရှောင်းတစ်ယောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာသည်ဆိုခြင်းကို သူမ ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်မှာ ရုပ်ဆိုးမဟု အခေါ်ခံရခြင်းပင် ဖြစ်တော့၏။ သေချာပေသည်။ အမျိုးသမီးများသည် အလှအပ တရားကို နှစ်သက်လွန်းလှ၏။ ထိုအရာမှာ အမျိုးသမီးများ၏ သဘာဝပင် ဖြစ်တော့သည်။

ဘုန်း

ထိုအချိန်မှာတော့ မြေပြင်ပေါ်တွင် ဖုန်များ တလိပ်လိပ်နှင့် ဖြစ်တည်လာခဲ့တော့သည်။ မြေပြင်တစ်ခုလုံးသည် ထပ်မံကာ ချိုင့်ဝင်သွားခဲ့သည်။ ဖုန်များ ပျောက်ကွယ်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက် တွင် စည်းဓားမော့ကြီးကို ကိုင်ပြီးသည့်နောက်မှာတော့ တခြားလက်တစ်ဖက်နှင့် တွင်းထဲတွင်ရှိနေသော နှင်းဆီ ဧကရီ၏လည်ပင်းကို ဖမ်းဆုပ်လိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်လျက် ရှိနေသည်။ “ခင်ဗျား ရှုံးသွားပြီ”

နှင်းဆီဧကရီ၏ မျက်နှာသည် နာကျင်စွာဖြင့် ရှုံ့မဲ့လျက်ရှိနေသည်။ သူမက ပြောလိုက်သည်။ “... ဒီလိုမှန်း သိခဲ့ရင် ရှင် ဒဏ်ရာရရှိကတည်းက ဒီဧကရီက တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့တယ်”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားဆီမှာ အဲလိုမျိုး အခွင့်အရေး မရှိဘူး”

ဤအရာမှာ အမှန်ပင် ဖြစ်တော့သည်။ သူသည် နှင်းဆီဧကရီ၏ အားအင်အဆင့်အရ ဖိနှိပ်ခြင်းကို ခံခဲ့ရသည် ဆိုသော်လည်း တကယ်တမ်း သူ့တွင် ရှိရှိသမျှသော ဝှက်ဖဲများကို ထုတ်ဖော်ကာ အသုံးပြုမည်ဆိုပါက တစ်ဖက်လူ အား အနိုင်ရရှိရန် ခက်ခဲလှမည်ဆိုသော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့လောက်ကတော့ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

“ခင်ဗျားက အခု ရှုံးသွားပြီ။ ဒီတော့ လောင်းကြေးစားကြေးအတိုင်းပဲ ကျုပ်ရဲ့ ကျေးကျွန်လုပ်တော့” ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။

ပြောနေတုန်းမှာပဲ သူ၏ လက်ဝါးတွင်ရှိနေသော အားအင်များကိုတော့ တစ်ချက်ကလေးမှ မယုတ်လျော့ခဲ့ချေ။ ထို့ကြောင့် နှင်းဆီဧကရီ၏ မျက်နှာသည် နီမြန်းလာခဲ့သည်။ သူမသည် အသက်ရှူရသည်မှာ ခက်ခဲလာခဲ့တော့၏။

စနစ်က ရှင်းပြလိုက်သည်။ “မိန်းကလေးတွေကို ဘယ်လို နူးနူးညံ့ညံ့ ဆက်ဆံရမယ်ဆိုတာ လက်ခံသူက မသိဘူးပဲ”

“သူမကြောင့် ခုနက ငါသေမလို ဖြစ်ခဲ့တာလေ”

ကျွင်းချောင်ရှောင်းက အေးစက်စက်နှင့် ပြောလိုက်သည်။ “ဘာကိစ္စ သနားရမှာလဲ”

ရန်သူသည် အလွန်တရာ ပြိုင်စံရှားလှသည့် အလှတရားကို ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ ကုန်းရှန့်သည် သနား ညှာတာလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤကဲ့သို့ မိန်းမမျိုးကို ရင်ဆိုင်သည့်နေရာတွင် ညှာတာထောက်ထားနေ၍ မဖြစ်ချေ။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို အသာမြှောက်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် ချုပ်နှောင်ခြင်းခံထားရသော ဝိညာဉ်မျိုးနွယ်များဆီသို့ ညွှန်ကာ ပြောလိုက်တော့သည်။ “ခင်ဗျား ငြင်းပယ်လို့ ရတယ်၊ ဒါပေမဲ့ အလောင်းအစားကို ချိုးဖြတ်တဲ့အတွက် ပေးဆပ်မှုကတော့ သူတို့အားလုံး သေရလိမ့်မယ်”

သူ၏ စကားလုံးများ အားလုံးသည် လေးနက်ပြီး အေးစက်လျက် ရှိနေ၏။ လေထုထဲတွင်တော့ အလွန်တရာ အားကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လျက်ရှိသည်။

နှင်းဆီဧကရီသည် တစ်ဖက်လူမှာ ပြောသည့်အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်းကို သံသယ မရှိချေ။

“ကျွန်မ ရှုံးပြီ”

သူမက ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။ “ကျွန်မက ရှင့်ရဲ့အစေခံအဖြစ် လိုလိုချင်ချင်နဲ့ ပြုလုပ်ပါမယ်”

သူမသည် ဒဏ်ရာရထား၏။ ထို့အပြင် သူမ၏ နောက်လိုက်များ အားလုံးသည်လည်း ထိန်းချုပ် ခံထားရသည်။ ဤကဲ့သို့သော အခြေအနေသည် နှင်းဆီဧကရီအတွက်တော့ အဘက်ဘက်မှ ကျရှုံးနေသည့် အခြေအနေပင် ဖြစ်၏။ ထို့ကြောင့် အကောင်းမွန်ဆုံးသော ရွေးချယ်မှုကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

“ဒါဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကိုပေး”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ အလုံးစုံသော စွမ်းအားများ မရှိဘဲနှင့် သူသည် ကျိန်းသေပေါက် တစ်ဖက်လူအား ယုံကြည်လိမ့်မည် မဟုတ်ချေ။

ကျန်းဝူကျိ၏ အမေက ပြောခဲ့ဖူးသည်။ လှပလွန်းသော မိန်းကလေးများသည် ပိုမိုကာ လိမ်ညာတတ်ကြ သည်ဟူ၍ ဖြစ်၏။ ထို့ကြောင့် သူသည်လည်း အလွန် အလေးအနက်ထားမှ ဖြစ်ပေလိမ့်မည်။

“ဒါပေမဲ့ ငါ ဒီမိန်းမကို ဖမ်းဆီးမိသွားပြီပဲ။ တစ်ဖက်ကလည်း ခုခံနိုင်ဖို့ အားအင်မရှိတော့ဘူး။ ဘာလို့ ငါရဲ့ သီးခြား တာဝန်က မပြည့်စုံသေးတာလဲ”

ဤအကြောင်းအရာနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် စနစ်၏ တာဝန်အား ဖွင့်ကြည့်လိုက်၏။ တာဝန်၏ အသေးစိတ်သည် အနိုင်ရရှိရန်သာဖြစ်ပြီး သတ်ဖြတ်ရန် မဟုတ်ချေ။ ထို့ကြောင့် သူသည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။

“ကျွန်မက ဘယ်လိုမျိုး ဝိညာဉ်အရင်းအမြစ်ကို ထုတ်ပေးရမှာလဲ” နှင်းဆီဧကရီသည် အသက်ရှုမဝသောကြောင့် စကားလုံးများပင် မပီသတော့ချေ။

ကျွင်းချောင်ရှောင်းတစ်ယောက်မှာတော့ လည်ပင်းအား လွှတ်ပေးလိုက်တော့၏။ ပြောရမည်ဆိုလျှင် သူသည် နည်းနည်းလက်ဆလွန်သွားသည်ဟု ဆိုရမည်။ နှင်းဆီဧကရီ၏ ဖြူဖွေးပြီး သွယ်လျလှသော လည်ပင်းလေးသည် လက်ငါးချောင်းရာကြီး အထင်းသား တည်ရှိလို့နေတော့သည်။

ဟူး ဟူး ဟူး …။

ခဏလောက် အသက်ကို ဝဝရှုပြီးသည့်နောက် သူမ၏ မျက်လုံးများသည် နက်ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ပြီးနောက် သူမက ပြောလိုက်သည်။ “ကျွန်မက ရှင့်ရဲ့အစေခံအဖြစ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြည့်ရတာ ကျွန်မတို့ ကြားမှာရှိတဲ့ တိုက်ပွဲက အဆုံးအဖြတ် မဟုတ်သေးဘူး”

“မကောင်းတော့ဘူး” ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။

ဆွစ်

သူ၏ မျက်လုံးထဲတွင်တော့ အလင်းတန်းများ တောက်လောင်သွားပြီးနောက် ကုန်းရှန့်သည် ချက်ချင်းပဲ သတိဝင် သွားခဲ့၏။ သို့ပေမဲ့ သူသည် ပုံရိပ်ယောင် လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိလျက် ရှိနေ၏။

ဟူး ဟူး

ကောင်းကင်ယံတွင်တော့ ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်နေ၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ကာ ကြည့်ရှုလိုက်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည့် နှင်းဆီဧကရီ အား တွေ့ရှိလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် ဆန်းကြယ်လွန်းလှသော အစိမ်းရောင်ဓာတ်သဘာဝများနှင့် ဖုံးလွှမ်းလျက်ရှိနေသည်။ သူမ၏ အားနည်းနေသည့် မျက်နှာမှာလည်း အလုံးစုံ ပြန်လည်၍ ကြည်လင်သွား၏။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ဓားဒဏ်ရာများသည်လည်း မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ကောင်းမွန်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလျက် ရှိနေသော စွမ်းအင်များ အားလုံးသည် စိမ်းနက်ရောင် ချပ်ဝတ်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်၍ သူမ၏ ခန္ဓာကိုယ်ကို ဖုံးကာသွားသည်။

ရွှီး

အသွင်ပြောင်းလဲသွားပုံပေါ်သော နှင်းဆီဧကရီသည် လက်ကို မြှောက်လိုက်၏။ ထူးဆန်းသည့် ပုံရိပ်ယောင်များ သည် သူမ၏ရှေ့ လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။ အစိမ်းရောင်အလင်းလုံးများသည် ဖြစ်တည်လာပြီး သည့်နောက်မှာ အမြှောက်ဆန်ကဲ့သို့ ကျွင်းချောင်ရှောင်းအား တိုက်ခိုက်တော့၏။

ဘန်း ဘန်း ဘန်း

ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲတွင်ရှိသော ဓားနှင့် ထိုအရာများအားလုံးကို ချိုးဖြတ်လိုက်သည်။ သို့ပေမဲ့ သူသည် မျက်မှောင်ကုတ်လိုက်မိ၏။ ထိုအမျိုးသမီး၏ တိုက်ခိုက်ရေးစွမ်းအင်သည် ယခင်ကထက် ပိုမိုကာ အားကောင်းလာခဲ့သည်။

“ဒီဧကရီက နန်းပုလ္လင်ကို တက်ရောက်ခဲ့ပြီးကတည်းက သီးသန့်နယ်မြေကို ထုတ်အသုံးမပြု ခဲ့ဖူးဘူး။ ရှင်က ပထမဦးဆုံး အသုံးပြုစေခဲ့တာပဲ”

စိမ်းနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သော နှင်းဆီဧကရီသည် သူမ၏ ပုံမှန်အသွင်အပြင်အတိုင်း မာနတရားနှင့် မောက်မာမှုများသည် အလုံးစုံ ပြန်လည်ဖြစ်တည်လာခဲ့တော့၏။

“သီးသန့်နယ်မြေ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပြောလိုက်၏။ “ကျုပ်က လုံးဝမကြောက်ဘူး”

ရွှီး

စည်းဓားမော့ကြီးသည် ရုတ်တရက် ခုတ်ပိုင်းခြင်းကို ပြုမူ၏။ ဓားမော့၏ အလင်းများသည် ဖြတ်သန်းသွားပြီး သည့်နောက် တည်နေရာ၏အစပ်နားသို့ ရောက်ရှိချိန်မှာတော့ တည်နေရာကြီးကို လှိုင်းထစေခဲ့၏။ သို့ပေမဲ့ တည်နေရာ အတားအဆီးကြီးသည် တစ်ချက်ကလေးမှ မထိခိုက်ခဲ့ချေ။

နှင်းဆီဧကရီသည် လက်ကိုမြှောက်ဖြင့် စိမ်းနက်ရောင်ဓာတ်သဘာဝများ အားလုံးကို ကြီးမားသည့် လက်ကြီး တစ်ဖက်အဖြစ် စုစည်းစေ၏။ ပြီးသည့်နောက်မှာတော့ ဓားအလင်းတန်းများကို လွယ်လွယ်ကူကူနှင့် ဖမ်းဆုပ်လိုက် ၏။ “ဒီနယ်မြေအတွင်းမှာတော့ ဒီဧကရီက ကောင်းကင်ကြီးပဲ။ ရှင်ကတော့ ပုရွက်ဆိတ်လေးတစ်ကောင် သာသာပဲ”

ဘန်း

ဓားအလင်းတန်းများသည် ပျောက်ကွယ်သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီးကိုကိုင်၍ အသာနောက်ကို ဆုတ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ အေးစက်သည့် ဓားအလင်းတန်းများနှင့်အတူ တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းတော့၏။ ပြီးနောက် သူက အော်လိုက်သည်။ “ဒါဆိုလည်း ကျိန်းသေပေါက် တိုက်ခိုက်ရမှာပေါ့”

All Chapters