← Chapters

အခန်း (၁၁၁၆ - ခ)

Vol. 75 Ch. 1116

အခန်း (၁၁၁၆ - ခ)

Vol. 75 Ch. 1116

ဝုန်း

ချက်ချင်းပဲ ကျောက်ရုပ်တုကြီးဆီမှ ဖြစ်တည်လာခဲ့သော စွမ်းအင်လှိုင်းများနှင့်အတူ ကြီးမားသော လက်ကြီး တစ်ဖက် ဖြစ်တည်လာ၏။ ပြီးသည့်နောက်မှာတော့ နှင်းဆီဧကရီအား ဖမ်းဆွဲလိုက်တော့သည်။ ပြီးနောက် သူမအား ဖမ်းဆုပ်ကာ စည်းအတားအဆီး အစီအရင်နှင့် အားရပါးရ ရိုက်နှက်လျက်ရှိသည်။

ဘောင်း ဘောင်း ဘောင်း

ကျောက်ရုပ်တု၏ အသွင်အပြင်အဖြစ်‌ ပြောင်းလဲသွားခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်း၍ ခုန်တက်လိုက်ပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်သီးကို မြှောက်ကာဖြင့် တဖက်လူအား အားရပါးရ ထပ်မံ၍ ထိုးနှက်ပြန်၏။

ဘုန်း

နှင်းဆီဧကရီသည် ရှောင်ရှားရန် အချိန်ပင် မရှိချေ။ သူမ၏ ချပ်ဝတ်ကို အသုံးပြု၍ တိုက်ခိုက်မှုကို ခုခံနေရ၏။ သို့ပေမဲ့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်ဝိညာဉ် အတားအဆီး တည်နေရာကြီးထဲတွင် ချိုင့်ဝင်လျက် ရှိနေသည်။

အပြင်ဘက်မှာတော့ ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများအားလုံးသည် ဤတည်နေရာ သေးသေးလေးသည် ရုတ်တရက် လင်းထိန်လာလျက် ရှိကြောင်းကို တွေ့လိုက်ကြ၏။

ဘုန်း ဘုန်း ဘုန်း

သီးသန့်နယ်မြေထဲမှာတော့ ကျောက်ရုပ်တု၏ စွမ်းအင်များကို ရယူသုံးစွဲလျက်ရှိသော ကျွင်းချောင်ရှောင်းသည် ကြမ်းကြမ်းတမ်းတမ်း ဆက်လက်ကာ တိုက်ခိုက်လျက်ရှိ၏။ သူ၏ တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် စည်း အတားအဆီး အစီအရင်ကြီးအား ချိုင့်ဝင်စေသည်။

“မကောင်းတော့ဘူး။ ဒါကြီးက ပေါက်ကွဲတော့မှာပဲ။ နောက်ကိုဆုတ်၊ နောက်ကိုဆုတ်”

ဘုန်း

ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများသည် အနောက်ဘက်သို့ ရွေ့လျားလိုက်ချိန်မှာပဲ သီးသန့်နယ်မြေသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ လူပုံရိပ်တစ်ခုသည် မြေပေါ်သို့ ပြုတ်ကျလာပြီး သွေးတွေ အန်လျက်ရှိနေ၏။

ဝေါ့

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်းမှာတော့ လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ ညာဘက်လက်သည် နှင်းဆီဧကရီ အား ကိုင်ဆွဲထားခြင်းဖြစ်ပြီး နှင်းဆီဧကရီ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်မှာတော့ အက်ကွဲရာများနှင့် ပြည့်နှက်လျက် ရှိသည်။ သူမ၏ မျက်နှာတစ်ခုလုံးသည် အလွန်တရာ အားနည်းလျက် ရှိ၏။

ဘုတ်

သူသည် သူမအား မြေပေါ်သို့ ပစ်ချလိုက်ပြီးသည့်နောက်မှာတော့ စည်းဓားမော့ကြီးဆီသို့ အသာလက်လှမ်းလိုက် သည်။ စည်းဓားမော့ကြီးသည် သူ၏လက်ထဲသို့ ရောက်ရှိလာ၏။ သူသည် သူမ၏ လည်ပင်းပေါ်သို့ ဓားကို တင်ကာဖြင့် သုန်မှုန်စွာ ပြောလိုက်တော့သည်။ “တိုက်ပွဲက ပြီးသွားပြီလား”

………

ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသော နှင်းဆီဧကရီသည် အလွန်တရာ မောပန်းနေပြီဖြစ်၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော စိမ်းနက်ရောင်ချပ်ဝတ်ကြီးသည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားရာများ ပေါ်ပေါက်လာခဲ့တော့သည်။ သူမသည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် တော့ အစစ်အမှန် ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။

“အရှင်မ”

ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများအားလုံးသည် မတ်တပ်ထရပ်လာပြီးသည့်နောက် ၎င်းတို့၏ ဒဏ်ရာများအားလုံးကို လျစ်လျှူရှုက အရှေ့သို့ လှမ်းတက်လာခဲ့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကြီးကို အသာမြှောက်လိုက်ပြီးသည့်နောက်မှာတော့ သိုင်းနယ်မြေကျင့်ကြံသူ နှင့် နှိုင်းယှဉ်၍ရသော ကျင့်ကြံသူတစ်ယောက်ကို မမြင်ရသော စွမ်းအင်များနှင့် လှမ်း၍ ဖမ်းချုပ်လိုက်၏။

ပြီးသည့် နောက်မှာတော့ ၎င်းအား‌ သွေးမြူများအဖြစ်သို့‌ ဖောက်ခွဲသတ်ဖြတ်လိုက်တော့၏။ ဤမြင်ကွင်းသည် တခြားသော ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများအားလုံး၏ မျက်နှာအား ဖြူလျော်သွားစေခဲ့တော့၏။

“ဒီကို မလာကြနဲ့”

နှင်းဆီဧကရီသည် နောက်ဆုံးအားအင်ကို စုစည်းကာဖြင့် လှမ်း၍ အော်လိုက်တော့သည်။ သို့ပေမဲ့ ထိုအချိန်မှာတော့ သူ၏ နောက်လိုက်များ ထွက်ခွာသွားနိုင်ခြင်း၊ မသွားနိုင်ခြင်းသည် သူမအပေါ်တွင် မမူတည်တော့ချေ။ ကျွင်းချောင်ရှောင်းအပေါ်တွင်သာ အလုံးစုံမူတည်လျက် ရှိနေသည်။

ဝှစ်

သူသည် လက်ကို ထပ်မံမြှောက်လိုက်ပြီးသည့်နောက်မှာတော့ ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူနှစ်ယောက်တို့အား မမြင်ရသည့် အားလှိုင်းကြီးများနှင့် ထပ်မံကာ ဖမ်းချုပ်လိုက်ပြန်သည်။ ထိုနှစ်ယောက်သည် ချက်ချင်းပဲ သွေးမြူ များအဖြစ်သို့ ပြောင်းလဲကာ ပေါက်ကွဲသေဆုံးသွားခဲ့ပြန်သည်။ သိုင်းနယ်မြေကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော စွမ်းအားမြင့် ကျင့်ကြံသူများအား ဤကဲ့သို့ သတ်ဖြတ်နိုင်ခြင်းဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“ကျွင်းချောင်ရှောင်း”

နှင်းဆီဧကရီသည် ဖြူလျော်နေသည့် မျက်နှာဖြင့် ပြောလိုက်၏။ “သူ… သူတို့ကို ထိခိုက်အောင် မလုပ်နဲ့။ ကျွန်မ ရှင့်ရဲ့ ကျေးကျွန်လုပ်..”

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူမအား လက်တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်ပြီးသည့်နောက် ခေါင်းကို ငဲ့စောင်းကာ ပြောလိုက်သည်။ “အသုံးမကျတဲ့မိန်းမ… မင်းဆီမှာ ရွေးချယ်ခွင့်ဆိုတာ ရှိသေးလို့လား”

သူ၏မျက်လုံးများသည် တဖြည်းဖြည်း ပိုမိုကာ နီမြန်းလာ၏။ ခန္ဓာကိုယ်ပေါ်တွင်လည်း အရေးအကြောင်းများ ပိုမိုကာ များပြားလာခဲ့သည်။ သူ၏ အသံသည် တိုးပြီး ခြောက်ကပ်လွန်းကာ ငရဲပြည်မှ နိုးထလာခဲ့သည့် နတ်ဆိုး တစ်ပါးကဲ့သို့ပင် ဖြစ်နေတော့၏။

“သွားပြီ။ သွားပြီ”

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒီကောင်ကတော့ စိတ်လွှတ်ပြန်ပြီ”

အမှန်ပင်ဖြစ်သည်။ သူသည် စိတ်လွတ်သွားခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ဝိညာဉ်မျိုးနွယ်နှစ်ယောက်အား တစ်ချက် ကလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ခဲ့ခြင်းသည် ကျွင်းချောင်ရှောင်း၏ ဝိညာဉ်အား ထိန်းချုပ်ထားခဲ့သည့် ကျောက်ရုပ်တု၏ စွမ်းအင်များပင် ဖြစ်တော့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် သူသည် အလွန်တရာ သွေးအေးပြီး ရက်စက်လွန်းသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ ပြောရမည်ဆိုလျှင် အစစ်အမှန် မိစ္ဆာတစ်ပါးလိုပင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထု၏ စွမ်းအားများကို တစ်ကြိမ် အသုံးပြုခဲ့ဖူး၏။ သူ့အနေနှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်ကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်ဆိုသော်လည်း ခရမ်းရောင်ဘုရင်ကိုပင်လျှင် ရိုက်နှက်မိခဲ့သေး၏။ ဤအရာမှာ အဆိပ်ကဲ့သို့သော အရာပင်ဖြစ်သည်။

တစ်စုံတစ်ယောက်၏ စိတ်ကို လွယ်လွယ်ကူကူဖြင့် စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိပြီး အဓိပ္ပာယ်မရှိသောအရာများကို ပြုလုပ် တတ်စေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုအရာကို ရွေးချယ်ခွင့်မရှိသည့်အခြေအနေမှလွဲ၍ ထုတ်ဖော်အသုံး မပြုဟု အထပ်ထပ် ကိုယ့်ကိုယ်ကိုယ် ကတိပေးထားခဲ့၏။

ဤသီးသန့်နယ်မြေထဲတွင် ပိတ်လှောင်ခံရပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ၏ ကုန်ဆုံးမှုကလည်း အရှိန်မြှင့်တက်လျက်ရှိနေ၏။ ထို့ပြင် လောကအဆောင်၏ ကန့်သတ်ချက်ကလည်း တည်ရှိနေသေး၏။ အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးလာမှာဖြစ်သည်။

ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို ထုတ်ဖော်အသုံးပြုရန် တစ်ခုသာ ကျန်ရှိတော့၏။

ကျေးကျွန်လုပ်ရမည် ဟုတ်လား။ မဖြစ်နိုင်ပေ။

သူ … ကျွင်းချောင်ရှောင်းသည် ဤအမျိုးသမီးအား ခြေထောက်အောက်တွင် နင်းခြေချင်စိတ်ပင် ပေါက်လျက် ရှိနေ၏။ ထို့အပြင် ဤလူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကျူးကျော်ဝင်ရောက်ခဲ့သည့်လူများ သာဖြစ်သည်။ ထို့ကြောင့် ရန်သူများ၏တည်နေရာအား ပြောင်းပြန် ဖြစ်စေရန်အတွက် မှောက်လိုက်၊ သွန်လိုက်ပြုလုပ်ရန်ဆိုသည်ကိုပင် သူဝန်မလေးချေ။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်မှ ရရှိခဲ့သော ရတနာသည် အလွန်တရာအံ့အားစရာကောင်းလှ၏။

ကျောက်ရုပ်ထု၏ စွမ်းအားများနှင့်အတူ ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီအား ရိုက်နှက်ရုံသာမက သူမ ဂုဏ်ယူဝင့်ကြွားစွာဖြင့် အလေးထားခဲ့ရသော သီးသန့်နယ်မြေကိုပင် ချိုးဖြတ်နိုင်စွမ်းရှိနေသည်။

အထူးသဖြင့် သိုင်းနယ်မြေအဆင့်ကျင့်ကြံသူများကို လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်ပြီးသည့်အချိန်မှာတော့ နှင်းဆီ ဧကရီ၏ စိတ်တစ်ခုလုံးသည် ပျက်စီးသွားခဲ့ရပြီဖြစ်၏။

ဝိညာဉ်ကုန်းမြေတိုက်ကြီးသည် စိတ်ဝိညာဉ်စွမ်းအင်များ အလွန်တရာ နည်းပါးလွန်း၏။ ထို့ကြောင့် တစ်ခြားသော ဂြိုဟ်တည်နေရာများဆီသို့ ကျူးကျော်ဝင်ရောက်ပြီးသည့်နောက် စွမ်းအားမြင့်ကျင့်ကြံသူများအဖြစ်သို့ ခက်ခက်ခဲခဲဖြင့် ကြိုးစားကာ ကျင့်ကြံခဲ့ရခြင်းဖြစ်သည်။ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက် သေဆုံးရခြင်း ဆိုသည်မှာ ကြီးမားသည့် ဆုံးရှုံးမှုပင်ဖြစ်တော့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းတစ်ယောက် ကျောက်ရုပ်ထုကြီးစွမ်းအင်ကို အသုံးမပြုခင်တည်းက သူမအနေနှင့် အညံ့ခံလိုက်မည်ဆိုလျှင် ပြဿနာကြီးမဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သောကြောင့် သူမတွင် ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေးမရှိတော့ပေ။

ဝှစ် ဝှစ်

ကြမ်းတမ်းပြီး အားကောင်းလွန်းလှသော အော်ရာများသည် ထွက်ပေါ်လာခဲ့ပြီးသည့်နောက်မှာတော့ တည်နေရာကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းထားခဲ့သည်။ ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို လှမ်း၍ ဆွဲယူပြီးသည့်နောက်မှာတော့ သူ၏ နီရဲနေသည့် မျက်လုံးကြီးသည် ပိုမိုကာ စူးရှ တောက်ပလာခဲ့၏။

“သတိဝင်စမ်း။ သတိဝင်စမ်း။”

စနစ်သည် အဆက်မပြတ် အော်ဟစ်လျက်ရှိနေ၏။

လက်ခံသူအနေနှင့် မိမိ၏ နှလုံးသားအတိုင်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ မကောင်းသည့်စွမ်းအင်များ၏ စိုးမိုးမှုကြောင့် အဓိပ္ပာယ်မဲ့ကိစ္စရပ်များကို ပြုလုပ်ကာ တည်နေရာတစ်ခုလုံးရှိ လူများအား သတ်ဖြတ်သည့်လူတစ်ယောက်အဖြစ်သို့ မပြောင်းလဲသွားစေချင်ပေ။

သို့ပေမဲ့ အကျိုးသက်ရောက်မှုကတော့ ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် သူ၏ နှလုံးသားထဲတွင် ရှိနေသော ဤ ကြမ်းတမ်းလှသည့် စွမ်းအားများနှင့် အပြင်းအထန်တိုက်ခိုက်လျက်ရှိနေ၏။ သူ၏ မျက်လုံးများသည် ခနလောက် နီရဲပြီးသည့်နောက် ပြန်လည်ကာ အချိန်ခနလောက် ကြည်လင်သွားခဲ့၏။

သူ၏ သံမဏိကဲ့သို့ မာကြောလှသောစိတ်ဓာတ်နှင့်အတူ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း တင်းမာခက်ထန်လျက် ရှိနေသည်။

ဆွစ် ဆွစ်

သူ၏ စိတ်သည် ဖြည်းဖြည်းချင်း ထိန်းချုပ်မှုလွတ်ကင်းသွားခဲ့သည်။ သူသည် နှင်းဆီဧကရီကို ဆွဲမပြီးသည့်နောက်မှာ တော့ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖုံးလွှမ်းကာ သူမကို ညှစ်သတ်ရန် ကြိုးစားတော့သည်။

“သွားပြီ။ သွားပြီ။”

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “လက်ခံသူရဲ့ စိတ်ထဲမှာ သတ်ဖို့အတွက်ပဲ ရှိတော့တာကိုး။”

ဖြောက် ဖြောက် ဖြောက် ဖြောက်

ဖိအားဒဏ်များသည် ကြီးမားစွာ ဖြစ်တည်လာခဲ့ပြီးသည့်နောက်မှာတော့ နှင်းဆီဧကရီ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော ချပ်ဝတ်သည် စတင်ကာ ကွဲအက်လာခဲ့သည်။

ကံကောင်းစွာဖြင့် သူမသည် အောက်ဘက်တွင် ချပ်ဝတ်တစ်ခုကို ထပ်မံကာ ဝတ်ဆင်ထားသေး၏။ ထို့ကြောင့် ပေါက်ကွဲထွက်သွားရမည့် အခြေအနေကိုတော့ မရောက်ရှိသေးချေ။

ဘုန်း ဘုန်း ဘုန်း

တစ်ချိန်တည်းမှာပဲ ဝိညာဉ်မျိုးနွယ်စွမ်းအားမြင့်ကျင့်ကြံသူများသည် အပြေးအလွှားရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် သိုင်းနည်းစနစ်အစုံကို ထုတ်ဖော်ကာဖြင့် ကျွင်းချောင်ရှောင်း၏ နောက်ကျောကို တိုက်ခိုက်နေကြ၏။ သို့ပေမဲ့ တစ်ယောက်မှသည် သူ့အား လှုပ်ခါသွားစေသည်အထိ တိုက်ခိုက်နိုင်စွမ်းမရှိကြချေ။

“စိတ်ပျက်စရာကောင်းတဲ့ ယင်ကောင်လိုအကောင်တွေပဲ။ သေစမ်း။”

ဟူး ဟူး

ကျွင်းချောင်ရှောင်းသည် လက်ကိုဆွဲမြှောက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်၏။ ပြီးနောက် အပြေးအလွှားရောက်ရှိလာခဲ့ကြသော ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများအားလုံးကို အနောက်ဘက်သို့ လွင့်စင်အောင် ပြုလုပ်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက်မှာတော့ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။

ဖြောက် ဖြောက် ဖြောက် ဖြောက်

သူ၏ လက်ထဲတွင် ရှိသော အားအင်များသည် ဆက်လက်ကာ တိုးပွားလျက်ရှိနေ၏။ နှင်းဆီဧကရီ၏ ချပ်ဝတ်သည် အလုံးစုံကွဲကြေသွားခဲ့ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖိနှိပ်ခြင်းကို ခံရ၏။ တစ်ကိုယ်လုံးတွင် အလွန်တရာဆိုးရွားလှသောနာကျင်မှုကို ခံစားနေရ၏။ သူမအနေနှင့် တစ်စစီဖြစ်သွားတော့ မလိုပင်။

ရွှီ

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို လွှတ်လိုက်ပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ပြီးသည့်နောက် ခေါင်းကို ဆုတ်ကိုင်ကာဖြင့် နာကျင်စွာ အော်လိုက်တော့၏။ သူ၏ မျက်လုံးများသည် နီလိုက်၊ ကြည်လင်ရှင်းလင်းသွားလိုက်နှင့် အမျိုးမျိုးပြောင်းလဲလျက်ရှိနေ၏။

“မျှော်လင့်ချက်ရှိသေးတာပဲ။” စနစ်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

All Chapters