← Chapters

အခန်း (၁၁၁၇)

Vol. 75 Ch. 1117

အခန်း (၁၁၁၇)

Vol. 75 Ch. 1117

လက်ခံသူ၏ သံမဏိကဲ့သို့ မာကြောလှသောစိတ်ဓာတ်သည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခဲ့သော ဝိညာဉ်၏ စွမ်းအင်များနှင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသည်ကို သူကောင်းကောင်းနားလည်သည်။

ဝေါ့

နှင်းဆီဧကရီသည် မြေပေါ်သို့ လဲကျသွားပြီးသည့်နောက်မှာတော့ သွေးများအန်ထွက်လာခဲ့၏။ လက်ရှိအခြေအနေ မှာတော့ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး မောပန်းလျက်ရှိနေ၏။ ထို့ကြောင့် မြေပေါ်တွင် လဲလျောင်း ရင်း နာကျင်စွာဖြင့် အားရပါးရ အော်ဟစ်လျက်ရှိနေသော လူကို ကြည့်ရှုရန်သာ တတ်နိုင်တော့၏။

အား အား အားအား အား

၎င်း၏ ဝိညာဉ်ကို ထိန်းချုပ်ထားသော စွမ်းအားများသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ဖြစ်တည်နေခဲ့၏။ ထိုအရာများ သည် ကျွင်းချောင်ရှောင်းအား အလွန်အမင်းနာကျင်စေခဲ့သည်။

ဘုန်း ဘုန်း

နာကျင်မှုကို ခုခံနိုင်ရန်အတွက် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လေဟာနယ်ထဲကို ထိုးနှက်လျက် ရှိနေ၏။ သူ၏ စိတ်တစ်ခုလုံးသည် လွတ်လိုက်၊ ပြန်လည်ထိန်းချုပ်သွားနိုင်လိုက်နှင့် အမျိုးမျိုး ပြောင်းလဲလျက် ရှိနေ၏။

သနားစရာကောင်းလှသော တည်နေရာအဆီးအတားများမှာတော့ လက်သီး၏ ထိုးနှက်မှုကို မခံနိုင်ဘဲ ပင့်ကူမျှင်များကဲ့သို့ပင် အက်ကွဲကြောင်းကြီးများပင် ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။

ရွှီ … ရွှီ ….။

ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထု၏ စွမ်းအင်များနှင့် အပြင်းအထန်ခုခံတိုက်ခိုက်နေသည့်အချိန်မှာပဲ ဝိညာဉ် မျိုးနွယ်ကျွမ်းကျင်သူများအားလုံးသည် နာကျင်မှုကို အောက်အီးသည်းခံကာဖြင့် နှင်းဆီဧကရီ၏ ဘေးနားဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ သူမအား လုံခြုံ၍ တည်နေရာဆီသို့ အသာပြန်၍ ဆွဲခေါ်လိုက်ကြ၏။

“အနောက်ကိုဆုတ်။” နှင်းဆီဧကရီသည် အားပျော့စွာဖြင့် ပြောလိုက်သည်။

ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများအားလုံးသည် ရူးသွပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်ရန် မရဲကြချေ။ ထို့ကြောင့် ဧကရီကို ခေါ်ယူကာ ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့ပေမဲ့ ဧကရီသည် သူတို့၏လက်ထဲသို့ ရောက်သည့်အချိန်မှာတော့ ပျော့ခွေစွာဖြင့် ဘုတ်ခနဲလဲကျပြီး သတိလစ် မေ့မျောသွားခဲ့၏။

“အရှင်မ။”

ကျွမ်းကျင်သူတစ်ယောက်သည် အော်ဟစ်လိုက်၏။

“အဲလူ … သူလည်လဲကျသွားပြီ။”

သူတို့၏ ဧကရီမ လဲကျသွားသည်သာမဟုတ် ၊ တစ်ဖက်တွင်ရှိနေသော ကျွင်းချောင်ရှောင်းသည်လည်း မြေပေါ်သို့ ပျော့ခွေကာဖြင့် ပြုတ်ကျသွားသည်ကို သူတို့မြင်လိုက်ရသည်။

စနစ်က ပြောလိုက်သည်။ “ဝိညာဉ်ကို ထိန်းချုပ်ထားတဲ့ စွမ်းအင်တွေကို အတင်းပြန်ပြီးတော့ ခုခံနိုင်ခဲ့ပြီပဲ။ လက်ခံသူရဲ့ စိတ်စွမ်းအင်က အရမ်းကို အားကောင်းလာခဲ့တယ်။ ဒါပေမဲ့ ….”

သူသည် အားပျက်သလို ပြောလိုက်မိ၏။ “ကပ်ဘေးကြီးက ပြီးသွားမယ်ဆိုရင်တောင်မှ တစ်ခြားဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို ဘယ်လိုကျော်ဖြတ်မလဲ။”

မူလအခြေအနေဆီသို့ ပြန်ရောက်သွားသော ကျွင်းချောင်ရှောင်းသည်မှာတော့ သတိလစ်မေ့မျောလျက်ရှိနေသည်။ နှင်းဆီဧကရီသည် ဒဏ်ရာရရှိထားသည်ဆိုလျှင်တောင်မှ သူမ၏ နောက်လိုက်များကတော့ ဤနေရာတွင် ရှိနေ သေး၏။ ကြည့်ရသည်မှာ ထိုသူတို့အားလုံးသည် အနောက်သို့ ဆုတ်ခွာသွားရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

“ချီးတဲ့မှ။ နည်းနည်းလေးတောင် တောင့်မခံနိုင်တော့ဘူးလား။”

……….

“အရှင်မ … ဒီကောင်လေးကို ကြည့်ရတာ မေ့သွားပြီနဲ့တူတယ်။”

ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများသည် နှင်းဆီဧကရီအား ခေါ်ယူ၍ အဝေးဆီသို့ ထွက်ခွာသွားရန် ပြင်ဆင်နေသည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်းတစ်ယောက် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် မြေပေါ်သို့ လဲကျသွားကြောင်း မြင်လိုက်ရ၏။

၎င်းတို့၏ မျက်နှာများသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူ သည် သူတို့၏ ဌာနေဆီသို့ ရောက်ရှိလာပြီး လာရောက်တိုက်ခိုက်ရဲနေသည်။

ထို့အပြင် ဧကရီမကိုပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ပြုလုပ်ခဲ့ပြီး သူတို့၏ အဖော်များအား အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်ပစ်ခဲ့သေး၏။ ယခုသတိလစ်မေ့မျောနေသည်ဆိုမှတော့ သူတို့အနေနှင့် သက်ညှာမှုကို ပေးရမည့်အချိန် မဟုတ်တော့ချေ။

နှင်းဆီဧကရီ၏ ဒဏ်ရာများသည် ပေါ့သေးသေးမဟုတ်ပေ။

ကျွင်းချောင်ရှောင်း ရူးသွပ်နေသည့်အခြေအနေတွင် သူမ၏ နောက်လိုက်များကို ကာကွယ်ပေးရန်အလို့ငှာ သူမသည် အားအင်တံတားကို ထုတ်ဖော်ကာဖြင့် ခုခံကာကွယ် ပေးခဲ့ရ၏။ ထို့ကြောင့် သူမသည် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ မေ့မျောသွားခဲ့ခြင်းသာဖြစ်တော့သည်။

“ဒါဆိုရင် ကျုပ်တို့ ဘာလုပ်ရမှာလဲ။”

“အနာဂတ်မှာ ထပ်ပြီးဒုက္ခမပေးအောင် ဟိုကောင့်ကို သတ်ရမှာပေါ့။ သွားကြစို့။ အတူတူ သွားသတ်ကြမယ်။”

ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများသည် ကျွင်းချောင်ရှောင်းတစ်ယောက် ဟန်ဆောင်ကာ သတိလစ်မေ့မျောနေမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် တစ်ယောက်တည်း မသွားရဲကြချေ။ အကုန်လုံးစုဖွဲ့ကာဖြင့် ခပ်နီးနီးဆီသို့ လှမ်း၍တိုးလာခဲ့၏။

“သွားပြီ။ သွားပြီ။”

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “သူသေတော့မှာပဲ။”

ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုကြီးစွမ်းအင်များအားလုံးကို ခုခံကာကွယ်နေသည့်အချိန်တွင် အလုံးစုံ သတိလစ်မေ့မျောခြင်းအဖြစ်သို့ ရောက်ရှိနေ၏။ ထို့ကြောင့် သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စွမ်းအားမြင့်ကျင့်ကြံသူများကိုမဆိုနှင့် သာမန်လူများသည်ပင် သူ့ကို အုတ်ခဲနှင့်ထုကာ သတ်ဖြတ်နိုင်စွမ်းရှိနေ၏။

“ဒီကောင် တကယ့်ကို သတိလစ်နေတာကိုး။ ပြီးတော့ အသက်ရှုတဲ့နှုန်းကို ကြည့်ရတာ ဒဏ်ရာက ပေါ့သေးသေး မဟုတ်ဘူး။”

“အားလုံးပဲ။ အတူတူလုပ်လိုက်ကြရအောင်။ သူ့ကို အသားအပိုင်းအစတွေအဖြစ် ခုတ်ပြီးသတ်မယ်။”

ဆွစ် ဆွစ်

ဝိညာဉ်မျိုးနွယ်ကျွမ်းကျင်သူများသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့သည်။

သူတို့သည် စောနတုန်းက ဒဏ်ရာရရှိထားခဲ့ကြသေး၏။ ထို့ကြောင့် ၎င်းတို့ထုတ်ဖော်တိုက်ခိုက်လိုက်သော သိုင်းပညာနည်းစနစ်များ၊ သိုင်းပညာစွမ်းရည်များ၊ တိုက်ကွက်စွမ်းရည်များသည် တော်တော်ကြီး အားပျော့ သွားခဲ့ကြ၏။ ထိုသို့ဆိုလျှင်တောင်မှ သတိလစ်မေ့မျောနေသော လူတစ်ယောက်ကို သတ်ဖြတ်ဖို့ဆိုသည်မှာ ကိစ္စသေးလေးတစ်ခုပင် ဖြစ်၏။

ဟူး ဟူး ဟူး

စွမ်းအင်လှိုင်းများစွာတို့သည် တည်နေရာအနှံ့ဆီမှ ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာ၏။ သတိလစ်မေ့မျောနေ သောကြောင့် ခုခံကာကွယ်မှုလုံးဝမရှိသော ကျွင်းချောင်ရှောင်းသည် အလုံးစုံကြီးမားသော အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဟု ဆိုရမည်။

ဤတစ်ကြိမ်တွင် သူ့အား မည်သူက ကယ်တင်မည်နည်း။ မည်သူမှမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးသို့ သူတစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မည်သည့်တပည့်၊ အကြီးအကဲမှ ခေါ်မလာခဲ့ချေ။

“ဟင်း”

ထိုအချိန်မှာတော့ စနစ်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “အခြေအနေက ငါ့ကို ထပ်ပြီးတော့ ကြည့်နေဖို့ ခွင့်မပေးတော့ဘူးပဲ။”

ဟူး ဟူး

ထိုအချိန်မှာတော့ စွမ်းအင်လှိုင်းမျိုးစုံတို့ ကျဆင်းလာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် အလွန်တရာဆန်းကြယ်လှသော လေလှိုင်းများ ဖြစ်တည်ပြီးသည့်နောက် ၎င်းအား လွှမ်းခြုံထားခဲ့၏။

ဟူး ဟူး

ကြီးမားလွန်းလှသော လက်ကြီးတစ်ဖက်သည် အားလုံး၏ မြင်ကွင်းရှေ့တွင် ပေါ်လာ၏။ ထိုလက်ကြီးနှင့်အတူ ပုံရိပ်ယောင်လိုလို၊ အစစ်အမှန်လိုလို ခန္ဓာကိုယ်တစ်ခုသည် ကြီးမားလှသည့် ဓားကြီးကို ကိုင်ဆောင်ကာဖြင့် ရောက်ရှိလာခဲ့သော စွမ်းအင်လှိုင်းမျိုးစုံတို့ကို ချိုးဖြတ်လိုက်တော့သည်။

“ဒီကောင့်ဆီမှာ အကူအညီရှိတာပဲ။ နောက်ကိုဆုတ်။ နောက်ကိုဆုတ်။”

ဆွစ် ဆွစ် ဆွစ်

မျိုးစုံလှသော တိုက်ကွက်များ လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်ခံရသည်ကို မြင်ရပြီးသည့်နောက်မှာတော့ ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများအားလုံးသည် သေသေချာချာမစဉ်းစားတော့ပေ။ သတိလစ်မေ့မျောနေသော ဧကရီမကို အသာ ချီမကာဖြင့် အလောတကြီး ပြန်လည်ထွက်ခွာသွားခဲ့ကြတော့သည်။

ထိုဆန်းကြယ်လှသောလူသည် သူတို့၏ နောက်သို့ မလိုက်ခဲ့ချေ။ စည်းဓားမော့ကြီးကို ကိုင်ကာဖြင့် တည်နေရာမှာတင် ရပ်လျက်ရှိ၏။ သူ၏ အနောက်ဘက်ကို ကြည့်ရှုမည်ဆိုလျှင် သတိလစ်မေ့မျောနေသော ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုကိုမှ မသိရှိချေ။

ဒင်

“စနစ်၏ အကူအညီသည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖြတ်ခဲ့သည်။ ထို့ကြောင့် အပြစ်ပေးခံရပေလိမ့်မည်။”

ဒင်

“စနစ်သည် ပိတ်သွားခဲ့သည်။ အချိန်ကာလ …... ၁၀ ၊ ၉ ၊ ၈ ၊ ၇”

“လက်ခံသူ ငါနည်းနည်း ပင်ပန်းနေပြီ။ အချိန်ကာလတစ်ခုနှင့် မင်းနဲ့တူတူ ရှိနေနိုင်မှာမဟုတ်တော့ဘူး။”

ဤဆန်းကြယ်လှသောလူသည် အသာခေါင်းလှည့်၍ အလုံးစုံအားနည်းပြီး သတိလစ် မေ့မျောနေသော ကျွင်းချောင်ရှောင်းကို ကြည့်လိုက်သည်။ ၎င်း၏ မျက်နှာပေါ်တွင်တော့ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်နေခဲ့၏။

ဒင်

“စနစ်၏ အကူအညီသည် ပိတ်ပင်သွားခဲ့သည်။”

ဒင်

“ပြိုင်စံရှားဂိုဏ်းစနစ် အလုပ်လုပ်ပုံအားလုံးသည် ဆိုင်းငံ့ထားခဲ့သည်။ အဓိကနှင့်သီးခြားတာဝန်များ သည်သာ ပုံမှန်အတိုင်းနှင့် ရှိနေပေလိမ့်မည်။”

ကျွင်းချောင်ရှောင်းသည် ၎င်း၏ရှေ့တွင် ဖြစ်ပျက်ခဲ့သမျှနှင့် စနစ်တစ်ခုလုံး ဆိုင်းငံ့သွားခဲ့သည့်အကြောင်းအရာကို မကြားရချေ။ သိလည်းမသိချေ။

အဘယ့်ကြောင့်ဆိုသော် လက်ရှိအခြေအနေ၌ သူသည် သတိလစ်မေ့မျောနေသည်သာမက လောကအဆောင်နှင့် စည်းဓားမော့ကြီးကို ထုတ်ဖော်အသုံးပြုရသည့်အတွက် ဘေးထွက်ဆိုးကျိုးကိုလည်း ခံစားလျက် ရှိနေသောကြောင့်ပင်။

ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့၏ တိုက်ခိုက်မှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေဟာနယ်၏ ပျက်စီးမှုသည် ကြီးမားလွန်းလှသောကြောင့် တည်နေရာကြီးဆီမှ ငိုညည်းသံ ကဲ့သို့ အသံမျိုးပင် ထွက်ပေါ်လျက်ရှိနေတော့သည်။

ဤတိုက်ပွဲတွင် မည်သူအနိုင်ယူခဲ့သနည်း။ သံသယရှိစရာမလိုပင်။ ကျွင်းချောင်ရှောင်းပင် ဖြစ်ပေတော့၏။

သို့ပေမဲ့ ပေးဆပ်ရသည့်တန်ဖိုးသည် အလွန်တရာကြီးမားလှသည်။ သူ့အနေနှင့် လောကအဆောင်၏ သက်တမ်းကုန်ဆုံးသွားခဲ့ သည်သာမက ကျောက်ရုပ်ထုကြီး၏ စွမ်းအင်များကို ထုတ်ဖော်အသုံးပြုခဲ့ရသေးသည်။ ထို့အပြင် စည်းဓားမော့ကြီး၏ ဒုတိယအဆင့် အသက်သွင်းမှုကိုလည်း ထုတ်ဖော်ခဲ့ရ၏။ ဤကဲ့သို့ များပြားလွန်းလှသော ဝှက်ဖဲများအားလုံးကို ထုတ်ဖော်အသုံးပြုမှသာလျှင် သူသည် အနိုင်ရလဒ်ကို ရရှိခဲ့ခြင်း သာဖြစ်သည်။

သူ့အနေနှင့် အချိန်နှင့်တည်နေရာပိုးကောင်အား အသုံးပြု၍ တစ်ခြားသော ဂြိုဟ်များဆီသို့ သွားရောက်ကာဖြင့် လုယုတိုက်ခိုက်မည့်အကြံအစည်ကို လက်ရှိအချိန်တွင် ဖယ်ရှားလိုက်ရပြီဖြစ်သည်။ မလုံလောက်သည့် ကျင့်ကြံခြင်း အဆင့်ဖြင့် သွားရမည်ဆိုပါက ကျိန်းသေပေါက် သေဆုံးခြင်းအဖြစ်သို့သာ ရောက်ရှိမှာ သေချာ၏။

ထို့အပြင် ဝိညာဉ်မျိုးနွယ်ဆိုသည်မှာ တိုက်ခိုက်မှုတွင် အားကောင်းလှသည့် မျိုးနွယ်များမဟုတ်ကြချေ။ ကျယ်ပြော လှသောစကြာဝဠာကြီးအတွင်းတွင် ကျွင်းချောင်ရှောင်း၏ လက်ရှိအဆင့်ထက် အဆပေါင်းတစ်ထောင် တစ်သောင်း မက ပိုမိုအားကောင်းလှသည့် မျိုးနွယ်များတည်ရှိနေမှာ သေချာသည်။

တစ်ခြားသောမျိုးနွယ်များဆီသို့သာ ခရီးထွက်ခွာသွားမည်ဆိုလျှင် ခြေထောက်ဖြင့် နင်းခြေ၍ သတ်ဖြတ်ခြင်းကို ခံရမှာ သေချာ၏။

ဟုတ်ပေသည်။ သူ့အနေနှင့် ဤဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ဆီသို့ ဝင်ရောက်ချိန်တွင် တကယ့် ထိပ်တန်းဧကရီမနှင့်မှ စတင်ကာ တွေ့လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့အပြင် ဧကရီလင်းပင်လည်း မဟုတ်ခဲ့ချေ။ မဟုတ်ပါက ဤတည်နေရာထဲ၌ အချိန်ခနကျော်ကြာအောင် နေထိုင်နိုင် ခဲ့မှာသေချာ၏။ သို့ပေမဲ့ ဤကဲ့သို့ ဖြစ်သွားခဲ့ပြီဆိုမှတော့ စောဒကတက် အပြစ်တင်နေဖို့လည်း မထူးတော့ချေ။

ဒရစ် ဒရစ်

ဒေါက် ဒေါက် ဒေါက်

ကောင်းကင်ယံတစ်ခုလုံးတွင် တိမ်မဲများနှင့် ပြန်လည်ဖုံးလွှမ်းသွားခဲ့သည်။ မိုးရေများသည် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်သို့ ကျဆင်းလာပြီးသည့်နောက်မှာတော့ တစ်နေ့နှင့် တစ်ညတိတိ သတိလစ်မေ့မျောနေသော သူသည် ပြန်လည်ကာ နိုးထလာသည်။

ပြင်းထန်လွန်းလှသော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်နှင့်ခေါင်းတစ်ခုလုံးဆီမှ ဖြစ်တည်လာ၏။

“ဘာတွေဖြစ်နေတာလဲ။”

ကျွင်းချောင်ရှောင်းသည် မည်သည့်အားအင်မှ မရှိချေ။ ထို့ကြောင့် မြေပေါ်တွင် လဲလျောင်းရင်း စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိနေသည်။

“စနစ်”

သူ့အား အမြဲတမ်း ရင်နာအောင် ပြုလုပ်တတ်သည့် စနစ်သည် ဤတစ်ကြိမ်တွင်တော့ ဖြေဆိုလာလိမ့်မည်ဟု သူခန့်မှန်းခဲ့မိ၏။ သို့ပေမဲ့ တုံ့ပြန်မှုကို မကြားရချေ။

“သေချင်ယောင်ဆောင်နေတာလား။”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် မထားချေ။

သူ၏မျက်လုံးများကို ပိတ်ကာဖြင့် အရာအားလုံးကို ပြန်လည်ကာ စဉ်းစားလိုက်မိတော့၏။ ပြီးသည့်နောက်မှာတော့ ကျောက်ရုပ်ထုကြီး၏ စွမ်းအင်များကို အသုံးပြုကာ နှင်းဆီဧကရီကို တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည် သတိရလာခဲ့၏။ ပြီးသည့်နောက်မှာ သူသည် ကျန်သည့်အရာများအားလုံးကို ဘာတစ်ခုမှ မမှတ်မိတော့ချေ။

“ငါနိုင်သွားတာဖြစ်ရမယ်။ ဒါပေမဲ့ အဲ့ဒါပြီး ဘာတွေဖြစ်ခဲ့သေးလဲ။”

သူ၏ ခေါင်းထဲတွင်ရှိသော နာကျင်မှုသည် သူ့အား တွေးတောမှုကို ရပ်တန့်စေခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြွက်စုပ်ကဲ့သို့ စိုရွှဲသည်အထိ မိုးရေများကြားထဲတွင် လဲလျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ ခက်ခက်ခဲခဲဖြင့် ထကာ မတ်တပ်ထရပ်လိုက်၏။ မည်သည့်ကျင့်ကြံခြင်းအဆင့်မှ မရှိတော့သော သူသည် အသာလမ်းလျှောက်၍ လျှောက်သွားရန်သာ တတ်နိုင် ခဲ့တော့သည်။

“ငါ အခုအရမ်းကို အားနည်းနေတယ်။ အားမွေးနိုင်ဖို့ နေရာတစ်ခုကို ရှာဖို့ လိုအပ်နေတယ်။”

ကျွင်းချောင်ရှောင်းသည် သေသေချာချာဖြင့် မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲသို့ ဓားနှင့် ကျောက်ရုပ်ထုကြီးကို ပြန်လည်သိမ်းဆည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ အားပြတ်လွန်းလှသော သူ၏ ခန္ဓာကိုယ် ကို ထိန်းသိမ်းကာဖြင့် ဘာမှန်းမသိသော တည်နေရာတစ်ခုဆီသို့ ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့် လျှောက်သွားလျက် ရှိနေ၏။

ဤတစ်ကြိမ်မှာတော့ သူသည် စနစ်အား လှမ်း၍ စကားပြောခဲ့သေးသည်။ ဒါပေမဲ့ စနစ်ဆီမှ တုံ့ပြန်မှုကို မကြားရချေ။ သူသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိနေသည် “မင်းသေချင်ယောင်ဆောင်နေတာလား။”

…….

မိုင်ရာဂဏန်းအနည်းငယ်အဝေးမှာတော့ တိုက်ခိုက်မှု၏ အရှိန်အဟုန်ကြောင့် ပြိုလဲလျက်ရှိနေသော တောင်တန်းကြီး တည်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ ခက်ခက်ခဲခဲဖြင့် ရောက်အောင်သွားပြီးသည့်နောက်မှာတော့ အနည်းငယ်ကြီးမားသော လှိုဏ်ဂူကြီးတစ်ခုထဲသို့ ဝင်ရောက်လိုက်၏။

ဝူး

ထိုနေရာတွင် ထိုင်ချလိုက်ပြီးပြီးချင်းမှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျိုးပြတ်သွားသလိုပင် ခံစားလိုက်ရသည်။

All Chapters