← Chapters

အခန်း (၁၁၁၈)

Vol. 75 Ch. 1118

အခန်း (၁၁၁၈)

Vol. 75 Ch. 1118

လောကအဆောင်နှင့် စည်းဓားမော့ကြီးတို့၏ ဘေးထွက်ဆိုးကျိုးကို တစ်ပြိုင်နက်တည်းခံရခြင်းသည် ယခင်ကြုံဖူးရ သည့်နာကျင်မှုများထက် ပိုမိုကာပြင်းထန်လွန်းလျက်ရှိသည်။

“ဟုတ်ပြီ။ ငါ့သီးခြားတာဝန်ပြည့်စုံသွားခဲ့ပြီလား။”

အတွေးတစ်ချက်နှင့်ပင် သူသည် စနစ်အား ဖွင့်၍ ကြည့်လိုက်သည်။ သို့ပေမဲ့ စနစ်တွင်ရှိနေသော များပြားလှသည့် အချက်အလက်မြင်ကွင်းများသည် မရှိတော့ချေ။ အဓိကတာဝန်နှင့် သီးခြားတာဝန်ဆိုသည့် အရာလေး ၂ခုသာ တည်ရှိ နေ၏။

“ဘာတွေဖြစ်နေတာလဲ။”

ကျွင်းချောင်ရှောင်းသည် အလန့်တကြားဖြစ်မိသွား၏။ စနစ်က အဆိပ်မိသွားတာလား။ သေသွားတာလား။ သို့မဟုတ် အလုပ်မလုပ်နိုင်တော့သည်လား။

“စနစ် တစ်ခုခုပြောအုံး။ မင်းသေသွားပြီမို့လား။ ငါ့ကို မပြောနိုင်တာ။”

ကုန်းရှန့်သည် စိတ်ထဲတွင် မည်မျှအော်ဟစ်နေသည်ဆိုဆို သူ၏ အသံသည် သူသာ ကြားရ၏။ စနစ်သည် သူ့အား တုံ့ပြန်ခြင်း လုံးဝမရှိခဲ့ချေ။

“သွားပြီပဲ။”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့်သာ ပြောလိုက်သည်။ “စနစ်က အလုပ်လုပ်ဆောင်နိုင်မှုမရှိတော့ဘူးဆိုရင် အချိန်ကာလတစ်ခုအထိ ကောင်းကောင်းမွန်မွန်နဲ့ လည်ပတ် နိုင်မှာ မဟုတ်တော့ဘူး။ စနစ်က ခနတာ ပိတ်သွားတာလည်း ဖြစ်နေနိုင်တယ်။ စနစ်ဆိုတာ သူ့ဘာသာ ပြန်ပြင်နိုင်တဲ့ လုပ်ဆောင်နိုင်မှု ရှိနေမှာပဲ။ ငါအခုလိုအပ်တာ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်ရဖို့ပဲ။

အတိတ်တုန်းကသာဆိုလျှင် စနစ်၏ အကူအညီမရှိပါက ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိုးရွံ့ကြောက်လန့်နေမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ဓားနှင့်သိုင်းသူတော်စင် တစ်ယောက်ဖြစ်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်နှင့် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားလိုက်နိုင်၏။

ဆွစ်

သူ၏ အားနည်းနေသော စိတ်နှလုံးကို အသုံးပြုပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးသည့် နောက်မှာတော့ လေဝဲပုံစံဖြစ်တည်နေသော အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေအား ထုတ်ဖော်လိုက်သည်။

“ဒီအရာကို ထုတ်ပြီးတော့ ငါပြန်ပြီး အားကောင်းအောင်လုပ်ရမယ်။”

ထိုအထဲ၌ ခနလောက်အနားယူမည်ဆိုပါက သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအားများသည် ပြန်လည်ရရှိလာမှာဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်ကို မနည်းဆွဲယူပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အစီအရင်အလံများကို ထုတ်ဖော်ကာဖြင့် လှိုဏ်ဂူ၏ရှေ့တည့်တည့်တွင် စိုက်ထုတ်ကာ သီးခြား ဖြစ်တည်ခြင်းအစီအရင်ကို ဖန်တီးတော့သည်။

“ကံကောင်းတာက အစီအရင်ကို ဖန်တီးတဲ့အချိန်မှာ စိတ်ဝိညာဉ်စွမ်းအင် တွေ သုံးဖို့မလိုတာပဲ။”

ကျွင်းချောင်ရှောင်းသည် နဖူးပေါ်မှကျလာသော ချွေးများကို သုတ်ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ် ထဲတွင် ရှိနေသော အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေကို ထုတ်ယူလိုက်၏။

ဟူး …….။

လေဝဲ ပုံစံ ဝင်ပေါက်တစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာထဲသို့ လျှောက်ဝင်ပြီးသည့်နောက်မှာတော့ အလွန်အားကောင်းလွန်းလှသော ကောင်းကင် နှင့် မြေကြီးဆီမှ စိတ်ဝိညာဉ် စွမ်းအင်များတည်ရှိနေသည်ကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိလိုက်ရ၏။ သူသည် မနေနိုင်ဘဲ ထ၍ အော်ဟစ်လိုက် မိ၏။ “အလယ်အလတ်အဆင့်က အဆင့်နိမ့်အဆင့်ထက် ပိုကောင်းတာကိုး။”

“ဟုတ်ပြီ။”

သူ့အနေနှင့် အရေးကြီးသည်မှာ အချိန်၏ မြန်ဆန်မှုနှုန်းပင် ဖြစ်တော့၏။ ထို့ကြောင့် အပြင်လောကတွင်ရှိသော အချိန်ကာလနှင့်နှိုင်းယှဉ်ကာ စစ်ဆေးမှုပြုလိုက်၏။ အဆုံးသတ်မှာတော့ ထိုအရာသည် အပြင်ဘက်တွင်ရှိသော အချိန်ကာလထက် တစ်ရာဆ ပိုမိုကာ မြန်ဆန်သည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။

“အဆင့်နိမ့်အဆင့်က ငါးဆယ်ဆ ပိုပြီးတော့ မြန်တယ်။ အလယ်အလတ်အဆင့်ကကျတော့ တစ်ရာဆပဲ ပိုမြန်တာပါ လား။ ဒါဆိုရင် တိုးတက်မှုက သိပ်ပြီးတော့ မကွာဘူးနဲ့တူတယ်။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။

ဆွစ်

သူသည် ရုတ်တရက် ဘေးတစ်ဖက်ဆီသို့ နေရာရွှေ့ကာဖြင့် သဘောမတွေ့ဖြင့် လေသံဖြင့် ပြောလိုက်သည်။ “လက်ခံသူ မင်းက တကယ့်ကို မောက်မာလွန်းနေပြီပဲ။ ဒါကိုတောင်မှ စိတ်ကျေနပ်မှုမရှိဘူးလား။”

ရုတ်တရက်ဆိုသလိုပဲ သူသည် နှစ်ကိုယ်ခွဲကာဖြင့် ကျွင်းချောင်ရှောင်းလိုတစ်မျိုး ၊ စနစ်လို တစ်ဖုံ စကားပြောဆိုလျက်ရှိနေတော့သည်။ ရူးသွပ်သွားသူ တစ်ယောက်လိုပင်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စကားပြောပြောပြီးချင်းမှာပဲ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်၏။ သူ့အနေနှင့် သူ့အား အပြစ်တင်ကာ ရင်နာအောင်ပြုလုပ်တတ်သည့် စနစ်မရှိသော အချိန်မှာတော့ စိတ်ပျက်အားငယ်မှုကို ခံစားနေရ၏။ တစ်ခုခု လိုအပ်နေသလို သူ့စိတ်ထဲတွင် အစဉ်အမြဲဖြစ်တည်နေသည်။

“ဘာပဲဖြစ်ဖြစ် မင်းဒီပြဿနာကို ဖြေရှင်းပြီး ပြန်လာနိုင်မယ်လို့ ငါထင်တယ်။”

ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာပိုးကောင်ကို ဆင့်ခေါ် လိုက်၏။ ထိုအကောင်လေးအား သူ၏ ဒူးပေါ်သို့ တင်ကာ ပြောလိုက်တော့သည်။

“မင်းက ၂ နှစ်တိတိအားနည်းနေမှာလေ။ ဒီတော့ အဆတစ်ရာသာ မြန်ဆန်မယ်ဆိုရင် ဒီထဲမှာ ငါတို့ ၇ ရက် ၈ ရက် လောက်နေလိုက်မယ်ဆိုရင် အပြင်ဘက်မှာ ၇ ရက် ၈ ရက်လောက်ကြာရင် ဒီထဲမှာ ၂ နှစ်ကြာသွားမှာပေါ့။ နေအုံး။”

သူသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်မိ၏။

“အလယ်အလတ်အဆင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲမှာ ငါ ဘယ်လောက်ကြာအောင် နေနိုင်လဲ ဆိုတာ ကြည့်ရမယ်။”

အဆင့်နိမ့်အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေသည် အချိန်ကို ငါးဆယ်ဆ ပိုမိုကာ မြန်ဆန်သည်ဖြစ်သော်လည်း အချိန်ကို တစ်လလျှင် ၃ ရက်သာ ဝင်ခွင့်ရှိ၏။

ဤအလယ်အလတ်အဆင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေ မှာတော့ အဆတစ်ရာဆပိုမိုကာ မြန်ဆန်၏။ သို့ပေမဲ့ တစ်လတွင် ၆ ရက်သာနေနိုင်သည်တော့မဟုတ်နိုင်ပေ။

“တွေးနေလို့ အလကားပဲလေ။ လက်ခံသူ လုပ်စရာရှိတာလုပ်လေ။”

ကျွင်းချောင်ရှောင်းသည် ကိုယ့်ကိုယ်ကိုယ် စနစ်ကဲ့သို့ အသံမျိုးပြုလုပ်ကာ ပြောလိုက်၏။ တစ်နေ့ထက် တစ်နေ့ သူသည် စနစ်မရှိသည့်အချိန်မှာတော့ ပိုမိုကာ ဆိုးရွားလာခဲ့တော့သည်။ ကိုယ့်ကိုယ်ကိုယ် စကားပြောလိုက်၊ စနစ် အနေဖြင့် ထပ်မံကာ ပြောလိုက်ဖြင့် ရှုပ်ထွေးလျက်ရှိနေ၏။

ဤသို့နှင့်ပဲ သူသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲတွင် ၆ ရက်ကြာ အချိန်ကုန်ဆုံးခဲ့သည်။

“ကြည့်ရတာ ၆ ရက်ပဲ နေလို့ရတာတော့ မဟုတ်ဘူးနဲ့တူတယ်။ အကန့်အသတ်တာမရှိဘူးဆိုရင် တစ်နှစ်ပတ်လုံး ဒီထဲမှာလေ့ကျင့်နေရင် ဘယ်လောက်ကောင်းမလဲ။”

…

၇ ရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အားနည်းမှုများသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ အလွန်အားကောင်းလှသော သူတော်စင်အော်ရာများသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်ကာ ဖြစ်တည်လာခဲ့တော့၏။

ဖောက်

သူသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ မျက်နှာအား လက်ဖြင့် ဖုံးကာကာ ရယ်မောလိုက်၏။

သူပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ဓားနှင့် သိုင်းသူတော်စင်အဆင့်ကို ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲမှ မထွက်ခွာခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဤအလယ်အလတ်အဆင့် အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေသည် အချိန်မည်မျှကြာအောင် နေထိုင်နိုင်မည်ဆိုသည်ကို သူသိချင်သောကြောင့်ပင် ဖြစ်သည်။

၈ ရက်၊ ၉ ရက်၊ ၁၀ ရက်မြောက်နေ့မှာတော့ ကျွင်းချောင်ရှောင်းနှင့် အချိန်နှင့် တည်နေရာပိုးကောင်တို့သည် အပြင်ဘက်လောကဆီသို့ ပြန်လည်ကာ ပို့ဆောင်ခြင်းကို ခံခဲ့ရ၏။

“အင်း”

သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ဆယ်ရက်ပဲ နေလို့ရတာပဲ”

အချိန်တစ်ရာဆ ပိုမိုမြန်ဆန်စေပြီး ဆယ်ရက်တိတိနေထိုင်နိုင်စွမ်းရှိသောအရာသည် စိတ်ကျေနပ်စရာပင် ဖြစ်တော့၏။ သို့ပေမဲ့ ကုန်းရှန့်သည် ထိုအရာကို သဘောမတွေ့သလို ဖြစ်မိနေသည်။

အိပ်ပျော်လျက်ရှိနေသော အိတ်ကပ်တစ်ခုအရွယ်အစား ရှိနေသည့် အချိန်နှင့်တည်နေရာပိုးကောင်ကို ကြည့်ရှုပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိနေ၏။ “ဒီကောင် နေတာ အချိန်ကာလ အားဖြင့် သုံးနှစ်တောင်ရှိနေပြီ။ အခုထိမနိုးသေးပါလား။”

အထူးသဖြင့် စနစ်ဖြစ်သည်။ ထိုအရူးသည် ယခုထိ ပေါ်မလာသေးချေ။

အဆိပ်မိနေသည်လား။ သေသွားသည်လား။ အလုပ်လုပ်ဆောင်နိုင်စွမ်းမရှိတော့သည်လား။

သူသေချာမသိချေ။

သို့ပေမဲ့ သုံးနှစ်တိတိ ကြာသည့် နောက်ထိ ပြန်မကောင်းနိုင်ဘူးဆိုမှတော့ အားအကောင်းဆုံးသော စနစ်ဟု အဘယ့်ကြောင့် ခေါ်ဆိုနေရမည်နည်း။ ဒါမှမဟုတ် ဤအချိန်ရွေ့လျားမှုနှုန်းသည် စနစ်ပေါ်တွင်သက်ရောက်မှု မရှိခြင်းလည်း ဖြစ်နေနိုင်၏။

“ထားလိုက်တော့။ ထားလိုက်တော့။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ငါ့ကိုယ်ငါပဲ အားကိုးရတော့မှာပဲ။”

မည်သို့ပင် ဆိုစေကာမူ အဓိကတာဝန်နှင့် သီးခြားတာဝန်များကို ပျောက်ကွယ်မသွားသောကြောင့် စနစ်သည် အလုံးစုံပျောက်ကွယ်သွားမည်မဟုတ်ဟု သူတွေးတောထားမိ၏။

ဆွစ်

သူသည် အပြင်ဘက်သို့ ထွက်လာပြီးသည့်နောက်မှာတော့ စီရင်ထားသော သီးခြားဖြစ်တည်ခြင်းအစီအရင်များကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။

ပြီးနောက် စိတ်ဆုံးဖြတ်ချက် ချကာ လှိုဏ်ဂူထဲမှ ထွက်ခွာလိုက်သည်။ သို့ပေမဲ့ လှိုဏ်ဂူထဲမှ အပြင်သို့ ထွက်လိုက်သည့်အချိန်မှာပဲ သူ၏ နားထဲသို့ သတိပေးသံတစ်ခုထွက်ပေါ်လာသည်။

“ဒင်

စနစ်၏ ပြစ်ဒဏ်သင့်မှုသည် ပြီးဆုံးသွားခဲ့သည်။ ပြန်လည်စတင်မည်။ ၁၀ ရာခိုင်နှုန်း … ၂၀ ရာခိုင်နှုန်း …

ဒင်

စနစ်၏ အပြစ်ပေးမှုသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းစနစ်၏ လုပ်ဆောင်နိုင်မှုအားလုံးသည် ပြန်လည်ကာအသက်ဝင်သွားခဲ့သည်။”

စက်တစ်ခု၏ သတိပေးသံလို အသံမျိုးထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးတွင် နဝေတိမ်တောင်များနှင့်ပြည့်နှက်လျက်ရှိနေ၏။

“ချီးတဲ့မှ။”

သူ စောင့်မျှော်လျက်ရှိနေသော အသံတစ်ခုသည် နားထဲတွင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ပြီးသည့်နောက်မှာတော့ စနစ်သည် သူ့အား အားရပါးရ ဆဲဆိုလေတော့၏ “နောက်တစ်ကြိမ် မင်း ဒီ သောက် ကျောက်ရုပ်ထုဆီက စွမ်းအင်တွေကို ထုတ်ပြီး အသုံးပြုမယ်ဆိုရင် ငါ တောက်လျှောက် ထိုင်ဆဲနေရမှာပဲ။”

All Chapters