#လုချန်ရှန်း၊ ထွက်သွားစမ်း၊ ငါဟိတ်ဟန်ထုတ်နေတာကွ#
Vol. 60 Ch. 841
"ငါ့တပည့်တွေက ငါ့ကိုစိုးရိမ်ရအောင် လုပ်ကြတယ်ဆိုပေမယ့် သူတို့က မင်းတို့သတ်ချင်တိုင်း သတ်လို့ရနိုင်တဲ့လူတွေ မဟုတ်ဘူးကွ....."
လေဟာနယ်ပုံပျက်သွားပြီး ၀တ်စုံဖြူနှင့် ပုံရိပ်တစ်ခုက ရှောင်ဟိုင်ရှေ့တွင် ပေါ်လာခဲ့သည်။
လူတိုင်းအဖြူ၀တ်လူကို ကြည့်လိုက်ကြ၏။
၀တ်စုံဖြူလူ၏ ကိုယ်ထဲကအော်ရာကို မည်သူမှ မခံစားနိုင်သလို သူဘယ်နယ်ပယ်မှာ ရှိသလဲဆိုတာကိုလည်း ဘယ်သူမှမသိပါ။
နတ်ဆိုးနက်ချီထဲက နတ်ဘုရင်ကိုးဦးကလည်း အလားတူပင်ဖြစ်သည်။
သူကသာမန်သေမျိုးတစ်ယောက်နှင့်တူသည်။
သို့စေကာမူ သာမန်သေမျိုးတစ်ယောက်က ဒီထက်ရှသည့်ရွှေရောင်လွန်းပြန်ယာဉ်ကို မည်သို့ဖမ်းနိုင်လေသနည်း။
လက်ဖဝါးတစ်ခုတည်းကို အားကိုးရုံမျှနှင့် သူလေထုကို ဆုတ်ဖြဲကာ ထက်ရှသည့် ရွှေလွန်းပြန်ယာဉ်ကို ဖိညှစ်ပစ်သည်။
နယ်ပယ်တူက နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ဒါကို ဒီလောက်အလွယ်တကူ ခုခံနိုင်မည်မဟုတ်။
နတ်ဘုရင်နယ်ပယ်သူပုန်ကိုးဦး ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေခဲ့သည်။
သူက မော်တယ်မဟုတ်သလို သူတို့၏ စွမ်းအားနှင့်လည်း ခံစား၍မရနိုင်ပေ။
ဒီရိုးရှင်းပြီး ဂရုမစိုက်သည့်ခွန်အားကိုပါ ပေါင်းစပ်လိုက်ပါက ဒီအဖြူ၀တ်လူ၏ နယ်ပယ်က သူတို့အမြင်ထက် အများကြီး သာလွန်နေလေပြီ။
ချီရှာဒေါင်နှင့် ငရဲဂိုဏ်းက ကျန်သောသူများ၊ ကွေ့ကောရင်ရှိသည့် ကောင်းကင်ပြာမြစ်ဝါနန်းတော်၊ တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦး အပါအ၀င် အဝေးက မိုချီရွှမ်း၊ ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့အားလုံး ထိတ်လန့်သွားကြ၏။
ဒီလူက ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ကျန်တဲ့သူတွေနောက်ကွယ်ကဆရာလား!
ဒီလူက တစ်ချိန်တည်းမှာ ကြောက်စရာကောင်းတဲ့ ပါရမီရှင်အများကြီးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရှင်လား!
ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၊ ဂိုဏ်းချုပ်၊ စုမိသားစုက စုမုယောင်၊ ဝိဉာဉ်အင်မော်တယ်နန်းတော်က လင်းကျိနန်နှင့် တခြားသူများက သိလိုစိန်ဖြင့် ပြည့်နှက်နေကြသော်လည်း သူတို့လည်း ထိတ်လန့်နေကြသည်။
ဒီလူက သူတို့အစွမ်းကုန် စုံစမ်းစစ်ဆေးခဲ့သော်လည်း ဘာသဲလွန်စမှ မတွေ့ခဲ့ရသည့်လူဖြစ်သည်။
ယဲ့ချိုးပိုင်နှင့်တခြားသူများကို ပျိုးထောင်ပေးနိုင်သည့် ဂိုဏ်းက အလွန်အမင်း အစွမ်းထက်လိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။
ပါရမီရှင်တစ်ဦး၏ မွေးဖွားမှုက မဟာကံကောင်းမှုနှင့် တစ်ချိန်တည်းမှာပင် အဆုံးမဲ့အရင်းအမြစ်ထောက်ပံ့မှုများ လိုအပ်သည်။
တစ်ယောက်တည်းဆိုပါက ပုံမှန်ဖြစ်လောက်သော်လည်း ယခုခုနှစ်ယောက်ဖြစ်နေသည်။
ခုနှစ်ယောက်စလုံးက အရင်ကထက်ပို၍ပင် ကြေယက်စရာကောင်းလာကြသည်သာမက သူတို့က နယ်ပယ်အသီးသီးက ပါရမီရှင်များဖြစ်ကြသည်။
ဓားတာအို၊ ကွန်ဖြူးရှပ်တာအို၊ အဂ္ဂိရတ်တာအို၊ အဆောင်တာအို၊ ကိုယ်ခန္ဓာပြုပြင်ခြင်းတာအို.....!
ဒါတွေက နည်းနည်းကြောက်စရာကောင်းသည်။
အနည်းဆုံးတော့ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် မည်သည့်ဂိုဏ်းကမှ ဒီလိုပါရမီရှင်တွေကို မပျိုးထောင်နိုင်ပေ။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်တစ်ယောက်သာ အံ့ဩသင့်ခြင်းမရှိ။
တကယ်တမ်းတွင် သူ့မျက်နှာက အတော်လေးပုံမှန်ဖြစ်နေသည်။
အကြောင်းရင်းက ဟောင်ကျန်းဟန် ဒါကို အရင်က အဆင့်နိမ့်ကြယ်နယ်မြေတွင် မြင်ဖူးပြီး ဒီပါရမီရှင်များနောက်ကွယ်က လူက ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာကို သိသည်။ ထိုသူ၏ခွန်အားက မမြင်နိုင်သည့် အသူရာချောက်တစ်ခုပမာ ဆိုတာကိုလည်း သူသိပါသည်။
သူတို့မျက်လုံးထဲတွင် ၀တ်စုံဖြူလူ၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများမှ အားကိုးရာမဲ့မှုနှင့် ဒေါသအရိပ်အယောင်တစ်ခုကို မြင်နိုင်ပေသည်။
မှန်ပေသည်။ ဒေါသဖြစ်ခြင်းက ပုံမှန်သာ။
သူတို့က သူ့တပည့်ကို သတ်ချင်ကြခြင်းမဟုတ်ပေလော။
ဆရာတစ်ယောက်အနေနှင့် သူဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမည်နည်း။
သို့စေကာမူ သူတို့ဆရာ၏ဒေါသက တစ်ဘက်လူကို ဦးတည်နေခြင်းမဟုတ်ဘဲ သူတို့ကို ဦးတည်နေကြောင်း ယဲ့ချိုးပိုင်တို့သာ သိကြသည်။
ပြန်သွားသောအခါ သူတို့ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာကို လုချန်ရှန်းတွေးနေလောက်သည်။
ယဲ့ချိုးပိုင်သက်ပြင်းချသည်။ ငါ့အသက်ကတော့ အန္တရာယ်ရှိနေပြီ!
ဟောင်ကျန်းဟန် သိချင်စိတ်ဖြင့် လှည့်ကြည့်ကာ မေးသည်။
"မင်းဆရာဒီမှာ ရှိနေတာတောင် မင်းဘာလို့ သက်ပြင်းချနေရသေးတာလဲ"
ယဲ့ချိုးပိုင် "....ဘာလို့လဲဆိုတော့ ကျွန်တော် အပြစ်ကို ခံယူချင်လို့ပါ"
ဟောင်ကျန်းဟန် "???"
ထိုအချိန်တွင် နတ်ဆိုးချီထဲက ခေါင်းဆောင်က လုချန်ရှန်းအား လက်သီးနှစ်ဖက်ဆုပ်ပြသည်။
"ဆရာ၊ ကျုပ်တို့မှာ ခင်ဗျားနဲ့ ရန်ငြိုးရန်စဖန်တီးဖို့အတွက် ရည်ရွယ်ချက်မရှိပါဘူး၊ ခင်ဗျားနောက်က လူက ကျုပ်တို့ နတ်ဆိုးဘုရင်ပိုင်နက်နဲ့ ကျေအေးလို့မရနိုင်တဲ့ ရန်ငြိုးတစ်ခုရှိရုံပါပဲ၊ ဒီတော့ ကျေးဇူးပြုပြီး သူ့ကို ကျုပ်တို့ကို ပေးလိုက်ပါ"
"ဒီနောက်မှာ ကျုပ်တို့ရဲ့နတ်ဆိုးဘုရင်ပိုင်နက်က သေချာပေါက် ခင်ဗျားကို အရက်ရောဆုံးဆုလာဘ်တစ်ခုပေးမှာပါ၊ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ခင်ဗျားကို ကျေးဇူးကြွေးတစ်ခု တင်သွားလိမ့်မယ်"
နတ်ဆိုးဘုရင်ပိုင်နက်က ကျေးဇူးကြွေး!
လက်ရှိနတ်ဆိုးဘုရင်ပိုင်နက်က အရင်ကနှင့် မတူတော့သော်လည်း သူတို့က အဆင့်မြင့်ကြယ်နယ်မြေက စွမ်းအားရှင်တစ်ခုဖြစ်နေသေးပြီး ကိုယ်ပိုင်နယ်မြေနှင့် အင်အားကြီးနေရာတစ်ခုပင်။
ပထမတန်းစားအင်အားစုများတွင်သာ အဆင့်မြင့်ကြယ်နယ်မြေ၌ ကိုယ်ပိုင်ပိုင်နက်များရှိကြသည်။
သို့စေကာမူ လုချန်ရှန်း လက်ကိုဝှေ့ယမ်းသည်။
"မေ့လိုက်တော့၊ ဒါကအသုံးမ၀င်ဘူး"
ဘယ်လိုဟာသလဲ၊ ရှောင်ဟိုင် ခွန်အားပြန်ရလာတဲ့အခါကျရင် နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်သိမ်းမှာပဲလေ!
ဒါဆို နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက ငါ့ဟာလို့ပြောလို့ရတာပေါ့!
ငါဒီကျေးဇူးကြွေးကို လိုသေးလို့လား!
ဒါက ဆင်းရဲသည့်လူငယ်တစ်ဦးက သင့်တယ်၊ ချမ်းသာပြီး လှပသော အမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့နေသကဲ့သို့ပင်။ အဆုံးသတ်တွင် တစ်ဘက်မိသားစုက သဘောမတူဘဲ သူတို့သမီးကို တစ်ယောက်တည်းထားခဲ့ရန် ချက်လက်မှတ်တစ်ခု ပစ်ပေးသည့်ပမာ။
သို့စေကာမူ သူဒါကိုတွေးစရာပင်မလိုပေ။ မင်းတင့်တယ်၊ ချမ်းသာပြီး လှပတဲ့ အမျိုးသမီးကို ဖြုတ်ချနိုင်ရင် မိသားစုတစ်ခုလုံးရဲ့ ချမ်းသာကြွယ်၀မှုက မင်းလက်ထဲမှာ ရှိလာမှာပဲလေ!
ဘယ်အရာက ပိုအရေးပါသလဲဆိုတာ လုချန်ရှန်းမပြောနိုင်ပေ။
သို့စေကာမူ လုချန်ရှန်းက ဆင်းရဲသည့် ကလေးတစ်ယောက်မဟုတ်ပေ။
နတ်ဆိုးဘုရင်ပိုင်နက်က ကျေးဇူးကြွေးတွေကို သူဂရုမစိုက်ပါ။
နတ်ဆိုးချီထဲက နတ်ဘုရင်သူပုန်ကိုးဦးက ကြက်သေသေသွားကြ၏။
ထို့နောက်ခေါင်းဆောင်က မည်းမှောင်သည့် အမူအရာဖြင့်ပြောသည်။
"ခင်ဗျားဘယ်ဂိုဏ်းကလဲ"
လုချန်ရှန်း သူ့လက်ထဲက ထက်ရှသည့် ရွှေလွန်းပြန်ယာဉ်ကို အမှုန့်ဖြစ်သည်အထိ ချေမွပစ်သည်။ လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် သူ့မျက်ခုံးများက လှုပ်ရှားသွားပြီး လွှတ်ချလိုက်ရာ ၎င်းက ရွှေအမှုန့်များအဖြစ်ပြောင်းလဲပြီး လေနှက့်အတူ လွင့်မြောသွား၏။
"ဘာဖြစ်လို့လဲ" လုချန်ရှန်း ခေါင်းဆောင်အား စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။
"မင်းနောက်မှ အကြွေးရှင်းချင်လို့လား'
ပွင့်လန်းလာသည့် သတ်ဖြတ်ခြင်းဆန္ဒက တစ်ခဏမျှသာ ကြာခဲ့သော်လည်း နတ်ဆိုးနက်ဆန္ဒနှင့် သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒကို ဖိနှိပ်ပစ်သည်။
ရှေးဟောင်းမျောက်ဝံနတ်ဆိုး၏ ကြောက်မက်ဖွယ်စွမ်းအားအပြင် ရှောင်ဟိုင်ပေါက်ကွဲစေသည့် နတ်ဆိုးဘုရင်ဆန္ဒနှင့် နတ်ဆိုးဘုရင်သွေးကြောတို့ကလည်း လုချန်ရှန်း၏ သတ်ဖြတ်ခြင်းဆန္ဒကြောင့် ဖိနှိပ်ခံရသည်။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှောင်ဟိုင်၊ နင်းချန်ရှင်း၊ ရှီရှန်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့ နားလည်ကြသည်။
ဒီလူအုပ်စုက သူတို့ဆရာ၏ မိုင်းကွင်းထဲသို့ အတိအကျပင် ခြေချခဲ့သည်။
သူတို့ဆရာက ကံကြမ္မာကို မုန်းတီးသည့်လူမျိုးပင်။
အဆုံးသတ်တွင် သူတို့က အကူအညီတောင်းနေသကဲ့သို့ မေးခွန်းကိုပင် မေးခဲ့ကြသည်။
လုပ်ပါ၊ ခင်ဗျားတို့အားလုံးတော့ပြီးသွားပြီ!
လုချန်ရှန်း၏ သတ်ဖြတ်ခြင်းဆန္ဒကို မြင်ရသောအခါ လူကိုးယောက်၏ နှလုံးသားများက တုန်ယင်သွားသလို သူတို့၏ ခန္ဓာကိုယ်တွေကလည်း အထိန်းအချုပ်မဲ့တုန်ယင်လာပြီး အားကောင်းသည့်ကြောက်စိတ်က အလိုလိုပင် ပေါ်လာခဲ့သည်။
သူတို့နတ်ဘုရင်နယ်ပယ်ကို တက်လှမ်းပြီးကတည်းက သူတို့ကို ဒီလိုခံစားရအောင် လုပ်နိုင်သူဟူ၍ အရမ်းနည်းပါးပါသည်။
နယ်ပယ်က သူတို့ထက်ပိုမြင့်လျှင်ပင် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ရုံမျှနှင့် သူတို့ကို ကြောက်အောင် လုပ်ရန်ဟူသည် မဖြစ်နိုင်ပေ။
သို့စေကာမူ ခေါင်းဆောင်က အံကြိတ်ရင်း ဒီဖိအားကို ခုခံရန်အတွက် စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်၏။
ထို့နောက် သူလေးနက်သည့်အသံဖြင့် ပြောသည်။
"စီနီယာ... ဒါကခြိမ်းခြောက်တာတော့ မဟုတ်ပါဘူး၊ ခင်ဗျားသာ နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ကိစ္စကို နှောင့်နှေးစေမယ်ဆိုရင် အနာဂတ်မှာ ပြဿာနာတွေအများကြီးကို ကျုပ်ပြောချင်ရုံပါပဲ"
လုချန်ရှန်း လက်ညိုးထိုးလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီအလယ်အလတ်အဆင့် ကြယ်နယ်မြေတစ်ခုလုံးကို ငါအခင်းအကျင်း အစီအရင်တစ်ခုနဲ့ သီးခြားလုပ်ပြီးပါပြီ၊ ဘာပဲဖြစ်လာဖြစ်လာ ထုတ်ဖော်ခံရမှာ မဟုတ်ပါဘူး"
"ဒါမှမဟုတ် မင်းရဲ့ခွန်အားနဲ့ ဒီအခင်းအကျင်းကို ချိုးဖျက်ပြီး သတင်းမပို့နိုင်ဘူးလို့ပြောရင်တော့ ပိုမှန်တာပေါ့"
လုချန်ရှန်း မလာခင်ကတည်းက ဒါကို တွေးတောထားပြီးဖြစ်သည်။ သူလှုပ်ရှားတိုင်း သီးခြားအခင်းအကျင်းတစ်ခုကို ချထားလေ့ရှိသည်။
ဦးဆောင်သူက အနည်းငယ် ကြက်သေသေသွား၏။ သူချက်ချင်းသတင်းစကားတစ်ခု ပို့ချင်သော်လည်း သူ့ရှေ့က အဖြူ၀တ်လူပြောသကဲ့သို့ပင် သူလုံး၀ပို့၍ မရတော့ပါ။
"ခင်ဗျားက တကယ်ပဲဘယ်သူလဲ"
အပိုင်း(842) coming။