← Chapters

#‌နတ်ဘုရားသတ်ဓားအစီအရင်#

Vol. 60 Ch. 842

#‌နတ်ဘုရားသတ်ဓားအစီအရင်#

Vol. 60 Ch. 842

အဆုံးမဲ့ပင်လယ်ဒေသတွင် သတ်ဖြတ်ခြင်းဆန္ဒက ကောင်းကင်၌ ပြည့်နှက်နေပြီး မုန်တိုင်းတစ်စင်းပမာ အော်ရာအားလုံးကို ပျံ့သွားစေသည်။

လုချန်ရှန်း အဆုံးမဲ့ပင်လယ်ဒေသကို တစ်ယောက်တည်း ရောက်လာခဲ့သည်။

လူတိုင်းသူတို့နှင့် ရင်းနှီးခြင်းမရှိသည့် ဒီဆန်းကြယ်သည့်ကျွမ်းကျင်သူကို ကြည့်ရင်း အဆက်အပြတ်စောင့်ကြည့်နေကြ၏။

နတ်ဆိုးချီထဲက နတ်ဘုရင်နယ်ပယ်သူပုန်ကိုးဦးကလည်း လုချန်ရှန်းကို လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဒီလိုစွမ်းအားရှင်တစ်ယောက် ရှိလိမ့်မည်ဟု သူတို့တခါမှ မတွေးတောထားခဲ့ကြပေ။

တစ်ဘက်လူက အနည်းဆုံးတော့ နတ်သခင်နယ်ပယ် တစ်၀က်အဆင့် သို့မဟုတ် ယင်းထက်ပင် ကိုမြင့်လောက်သည်။

နတ်သခင်နယ်ပယ်စွမ်းအားရှင်များက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင်ပင် ထိပ်တန်းတည်ရှိမှုများဖြစ်သည်။

သူတို့က အဆင့်မြင့်ကြယ်နယ်မြေ၏ တည်ဆောက်ပုံကို ဆုံးဖြတ်ပေးနိုင်သည့် အထင်ကရပုဂ္ဂိုလ်များပင်။

ရှောင်ဟိုင် လုချန်ရှန်းကို ဦးညွတ်ပြီး 'ဆရာ'ဟု နှုတ်ဆက်သောအခါ သူတို့ကိုးယောက် ပို၍ပင် ထိတ်လန့်သွားကြသည်။

ဒီမယှဉ်နိုင်လောက်အောင် မာနကြီးပြီး ပါရမီရှိသည့် နတ်ဆိုးသခင်က တကယ်ပဲ တခြားတစ်ယောက်က သူ့ဆရာအဖြစ် အသိအမှတ်ပြုခဲ့တာလား!

ထိုအချိန်တွင် ဦးဆောင်သူက ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။

"စီနီယာ၊ ကျုပ်တို့ရဲ့နတ်ဆိုးဘုရင်ပိုင်နက်ကို ဆန့်ကျင်မယ်ဆိုရင် ခင်ဗျားဘာမှမရနိုင်ဘူးဆိုတာ သိသင့်တယ်"

"ခင်ဗျားနောက်ကလူကို ယူဆောင်ဖို့က အဲဒီနတ်သခင်နှစ်ပါး၏ ရည်ရွယ်ချက်ပဲ...."

နတ်သခင်နှစ်ပါး!

ဒါကိုကြားသောအခါ ဇီရှန်း ထိတ်လန့်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် လက်ရှိနတ်ဆိုးဘုရင်ပိုင်နက်က ထိုနတ်သခင်နှစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်မှုတစ်ချို့ရှိသည်။ ဒါမှမဟုတ် သူတို့က တစ်ဘက်လူ၏ လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့သည်ဟုဆိုပါက ပိုမှန်‌သည်။

ဒီလိုသာဆိုပါက.....!

ဇီရှန်း လုချန်ရှန်းအားကြည့်ပြီး သတိပေးသည်။

"စီနီယာ....ဒီလိုသာဆိုရင် နတ်သခင်အဆင့်အင်အားစုတွေကို မထီမဲ့မြင်မပြုသင့်ဘူး၊ သူတို့ကိုအရင်သွားခွင့်ပေးပြီး ဒီအကြောင်းကို ပြန်တွေးတောကြည့်မယ်ဆိုရင်ရော..."

လုချန်ရှန်း လှည့်ပင်မလှည့်ဘဲ ယင်းအစား မျက်မှောင်ကြုတ်လိုက်၏။

"သူတို့ကိုသွားခွင့်ပေးရမယ်၊ သူတို့ငါတို့ကို သွားခွင့်ပေးမယ်လို့ မင်းထင်လား"

ဇီရှန်းအနည်းငယ် ကြက်သေသေသွားပြီးနောက် လက်သီးဆုပ်လိုက်သည်။

"ဇီရှန်းအရမ်းတုံးအလွန်းပါတယ်'

ဒါကအရမ်းရိုးရှင်းသည့်မေးခွန်းဖြစ်သည်။ တခြားအချိန်ဆိုပါက ဇီရှန်းသေချာပေါက် မှန်းဆနိုင်ပေလိမ့်မည်။

သို့စေကာမူ ယခုလိုတင်းမာသည့် အခြေအနေတွင် ဇီရှန်း၏အတွေးများက ပိတ်ဆို့ခံနေရသည်။

လုချန်ရှန်း နတ်ဆိုးချီထဲက လူကိုးယောက်ကို ကြည့်ပြီး အပြုံးဖြင့်ပြောသည်။

"အကောင်းဆုံးနည်းလမ်းက သတင်းအချက်အလက်ကို ပိတ်ဆို့ပြီး သူတို့ကို လုံး၀သတ်ပစ်ရုံပဲလေ၊ အနည်းဆုံးတော့ ဒီနည်းနဲ့ဆိုရင် တစ်ဘက်က ဘယ်သူလုပ်တယ်ဆိုတာကို သိမှာမှမဟုတ်တော့တာ"

သူတို့လည်း လုချန်ရှန်း၏စကားလုံးများကို ကြားရသည်။

မည်သို့ပင်ဆိုစေကာမူ ဒါကို ဖုံးကွယ်ရန်မလိုပေ။

နတ်ဆိုးချီထဲတွင် ခေါင်းဆောင်၏ အမူအရာက မည်းမှောင်သွားပြီး နောက်တစ်လှမ်းဆုပ်လိုက်စဉ် သူ့အော်ရာက စတင်ထိုးထွက်လာခဲ့သည်။

"စီနီယာ၊ တကယ်ပဲအဆုံးထိသွားတော့မှာလား"

"ဒါကဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ ခင်ဗျားသိသင့်တယ်"

ထိုအချိန်မှာပင် လုချန်ရှန်း လက်ကို ဆန့်လိုက်၏။

လက်ဖျောက်တစ်ချက်နှင့်အတူ ထက်ရှသည့်ဓားကိုးချောင်းပေါ်လာခဲ့သည်။

ဒီဓားကိုးချောင်းက မည်သည့်ဓားဆန္ဒကိုမှ မထုတ်ဖော်ခဲ့ပေ။

သို့စေကာမူ ဟောင်ကျန်းဟန်၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ကောင်းကင်အင်မော်တယ်နယ်ပယ်က ဓားအင်မော်တယ်သုံးဦးဖြစ်ပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဓားသမားများဖြစ်ကြသည်။

ထို့ကြောင့် ဓားကိုး‌ချောင်းကို ကြည့်ရုံမျှနှင့် သူတို့ ဓား၏မဟာတာအိုကို မြင်တွေ့လိုက်ရသည့်အလားပင်။

လုချန်ရှန်းထုတ်လွှတ်သည့် ဓားကိုးချောင်းက ကမ္ဘာကြီးထဲတွင် အားအကောင်းဆုံးနှင့် အမှန်ကန်ဆုံးဓားတာအိုဖြစ်သည့်အသွင်။

ကမ္ဘာ့ဓားတာအိုက ဓားကိုးချောင်းစလုံးတွင် ပြည့်နှက်နေခဲ့သည်။

အကြည့်တစ်ချက်မျှနှင့် အချိန်အကြာကြီး မတုန်လှုပ်ခဲ့သည့် ဓားတာအို၏ အချုပ်အနှောင်များကို တုန်ခါသွားစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဓားတာအိုအပေါ် ပို၍နက်ရှိုင်းသည့်နားလည်မှုတစ်ခုကို ရရှိလာခဲ့သည်။

ဓားအင်မော်တယ်သုံးဦးက ဒါကိုအာရုံခံမိသောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။

ဒါကို အလွယ်တကူထုတ်ဖော်ခဲ့တာ ရှင်းနေသည်။

သို့စေကာမူ ဒါကိုလုပ်နိုင်သည့် ဒီလိုဓားတာအိုနယ်ပယ်တစ်ခုနှင့်ဆိုပါက သူယဲ့ချိုးပိုင်ကဲ့သို့ ကြောက်စရာကောင်းသည့် ဓားသမားတစ်ယောက်ကို လေ့ကျင့်ပေးနိုင်တာ အံ့ဩသင့်စရာမရှိတော့။

နတ်ဆိုးချီထဲက လူကိုးယောက်က ဒီမြင်ကွင်းကိုကြည့်ရင်း ပို၍ပင် ထိတ်လန့်သွားကြ၏။

ဦးဆောင်သူက အော်ဟစ်လိုက်သည်။

"အစွမ်းကုန်တိုက်ခိုက်ပြီး တတ်နိုင်သမျှ လွတ်မြောက်အောင်လုပ်ရမယ်၊ သတင်းကို နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်ယူသွားရမယ်"

ထို့နောက် သူ့အော်ရာက အစွမ်းကုန်ပျံ့သွားသည်။

လူကိုးယောက်၏ ကြွက်သားများက အဆက်မပြတ်စတင်ထိုးတက်လာသည်။

ထိုအချိန်မှာပင် သူတို့ကိုယ်များမှ အ၀တ်နက်များက ဆုတ်ဖြဲခံလိုက်ရပြီး သူတို့ခန္ဓာများက ပို၍မြင့်ကာအားကောင်းလာနေသည်။

အဆုံးသတ်တွင် သူတို့က ဧရာမမှော်သတ္တဝါကြီးကိုးကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူတို့၏ခွန်အားနှင့် နတ်ဆိုးဆန္ဒကလည်း အဆမတန်တိုးမြှင့်လာခဲ့သည်။

မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ဒီမြင်ကွင်းကို မြင်သောအခါ ကြောက်လန့်တကြားမေးသည်။

"အရင်က သူတို့ရဲ့ခွန်အားအပြည့် မဟုတ်သေးဘူးလား"

"ဒီလိုခွန်အားမျိုးသာဆိုရင် ငါတို့က ကောင်းကင်အင်မော်တယ်နယ်ပယ်က ဆိုရင်တောင် သူတို့လက်ချောင်းတစ်ချောင်းတည်းပဲ သုံးဖို့လိုတယ်...."

အရင်ကနှင့်စာပါက ဒါကလုံး၀ခြားနားသည့် အဆင့်တစ်ခုတွင်ရှိနေသည်။

ဒါကိုမြင်သောအခါ လုချန်ရှန်းခေါင်းညိတ်သည်။

"အင်း၊ သတိပေးတဲ့အတွက် ကျေးဇူးပါ၊ ဒါက ပိုလုံခြုံတာပေါ့...."

ထိုနေရာတွင် လုချန်ရှန်း တခြားလက်တစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းသည်။

ချက်ချင်းဆိုသလို ယင်တာအို၊ ယန်တာအို၊ အသက်တာအိုနှင့် ဖျက်ဆီးခြင်းတာအိုတို့က ဟင်းလင်းပြင်ကနေ ရုတ်ချည်းဆိုသလို ထွက်လာခဲ့သည်။

လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် ယဲ့ချိုးပိုင်ပင်လျှင် ဆယ်လှမ်းနောက်ဆုတ်လိုက်ရသည်။

လုချန်ရှန်းက တာအိုလေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ဓားကိုးချောင်းကို ၀န်းရံစေသည်။

ထို့နောက် သူဓားကိုးချောင်းကို လူကိုးယောက်၏ ခေါင်းအထက်တွင် လွင့်မြောနေစေရန်အတွက် ထိန်းချုပ်သည်။

မိုးနှင့်မြေမဟာတာအိုလေးမျိုးက ဓားကိုးချောင်းကို သိပ်သည်းအောင် လုပ်ပေးနေသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက ကမ္ဘာပျက်ကိန်းထဲ ကျသွားပုံရသည်။

မြေကြီးက တုန်ခါကာအက်ကွဲလာပြီး အဆုံးမဲ့ပင်လယ်ဒေသက ဆူနာမီများနှင့် ပြည့်နှက်နေခဲ့သည်။

မိုင်ဆယ်သန်းပတ်လည်က မြို့များက စတင်ပြိုကျပျက်စီးသည်။

ဒါက ဒီကြယ်နယ်မြေကို ဖျက်ဆီးပြီး ပြန်လည်မွေးဖွားစေချင်သည့်အလားပင်။

လက်ချောင်းတစ်ချောင်းတည်းနှင့် မိုးနှင့်မြေကို ဖျက်ဆီးခြင်း!

အတွေးတစ်ချက်တည်းနှင့် သက်ရှိအားလုံးကို ပေါက်ဖွားစေနိုင်ခြင်း!

ဒီမြင်ကွင်းကိုမြင်သောအခါ ဟောင်ကျန်းဟန်၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၊ ဂိုဏ်းချုပ်နှင့် အော်ရာကို ခံစားမိပြီးနောက် လာခဲ့ကြသည့် ထိပ်တန်းကျွမ်းကျင်သူများပင်လျှင် ထိတ်လန့်သွားကြ၏။

"ဒါကလူသားတစ်ယောက် လုပ်နိုင်တဲ့ အရာတစ်ခုလား...."

"ဒီတိုက်ခိုက်မှုအောက်မှာ နတ်ဘုရားတစ်ပါးတောင် သေဆုံးရလိမါ့မယ်..."

ဇီရှန်း၏အမူအရာကလည်း လေးနက်ကာ ထိတ်လန့်နေသည်။

အဆင့်မြင့်ကြယ်နယ်မြေတွင် တျန်ကျင်းကုန်သည်များအသင်းက အားအကောင်းဆုံးပုဂ္ဂိုလ်ပင်လျှင် ဒီလိုလုပ်ရန်ဟူသည် သေချာပေါက်မဖြစ်နိုင်ပေ။

ဒါ့အပြင်လုချန်ရှန်း၏ မျက်လုံးများက ရေကဲ့သို့တည်ငြိမ်နေပြီး သူ့လှုပ်ရှားမှုများနှင့် အမူအရာကလည်း တည်ငြိမ်နေသည်။

သူခွန်အားအပြည့်ကို မသုံးရသေးသည်မှာ သိသာထင်ရှားနေသည်။

ဒီလူက နတ်သခင်နယ်ပယ်ကိုတောင် ရောက်နေတာများလား!

ဒီလိုဆိုပါက သူနတ်သခင်အဆင့်အင်အားစုများကို လုံး၀မကြောက်တာ အံ့ဩသင့်စရာမရှိတော့။

လုချန်ရှန်း ဆွေးနွေးမှုကိုကြားသောအခါ ပြုံးသည်။

"ကောင်းပြီ...ငါလည်းဒီလှုပ်ရှားမှုကို စမ်းကြည့်ချင်နေတာ၊ ဒီလိုဆိုမှတော့ ဒါကို နတ်ဘုရားသတ်ဓားအစီအရင်လို့ ခေါ်ကြတာပေါ့"

နတ်ဘုရားသတ်!

ဘယ်လိုမောက်မာတဲ့နာမည်လဲ!

သို့စေကာမူ ဒီအော်ရာက နတ်ဘုရားတစ်ပါးကိုပင် သတ်ပစ်နိုင်သည်။

နတ်ဘုရားများကိုပင် သတ်နိုင်သည့် ဒီအော်ရာကို အာရုံခံမိသည့်အပေါ် နတ်ဆိုးချီထဲက လူကိုးယောက်က မော့ကြည့်စဉ် သူတို့ခေါင်းပေါ်၌ လွင့်မြောနေသည့် ဓားများကို တွေ့ရသည်။

စိတ်ပျက်အားငယ်မှုက သူတို့၏မျက်နှာ၌ အထင်းသားပေါ်လွင်နေသည်။

ဒီနတ်ဘုရားသတ်ဓားအစီအရင်ကို တားဆီးဖို့ သူတို့တွင် ဘာစွမ်းရည်များရှိဦးမည်နည်း။

ဖျက်ဆီးခြင်းနတ်ဘုရားသတ်အော်ရာတစ်ခုတည်းကပင် သူတို့ကို လက်ချောင်းတစ်ချောင်းမြှောက်ရန်အတွက် ခွန်အားနှင့် သတ္တိကို ဆုံးရှုံးသွားစေရန် လုံလောက်နေလေပြီ။

ဒီလူက....သေချာပေါက်နတ်သခင်တစ်ယောက်ဖြစ်ရမယ်!

နတ်သခင်နှစ်ဦး ကိုယ်တိုင်ကိုယ်ကျ အရေးမယူသေးသရွေ့ နတ်ဆိုးဘုရင်ပိုင်နက်အဖို့ ရှောင်ဟိုင်ကို ထိလိုပါက အခွင့်အရေးများက အရမ်းနည်းပါးသည်။

သို့သော်ငြားလည်း သူတို့သတင်းများကို ယူသွားနိုင်ခြင်းမရှိကြပေ။

နတ်ဆိုးဘုရင်ပိုင်နက်က ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရပေတော့မည်။

လုချန်ရှန်းတခြားမည်သည့်စကားမှ မဆိုတော့ပါ။

လက်ဖဝါးကျဆင်းလာစဉ် ဓားကိုး‌ချောင်းက နတ်ဘုရားသတ်ဓားအစီအရင်ထဲတွင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး နတ်ဘုရင်နယ်ပယ်သူပုန်ကိုးဦး၏ ခေါင်းများက အထက်ကနေ အောက်အထိ ထိုးဖောက်ခံရသည်။

သူတို့ဝိဉာဉ်များနှင့် ခန္ဓာများပင် ကျန်ရစ်ရန်အတွက် ဖြစ်နိုင်ချေမရှိခဲ့ပါ။

အပိုင်း(843) coming။

All Chapters