#နှုတ်ဆိတ်နေ#
Vol. 60 Ch. 843
အဆင့်မြင့်ကြယ်နယ်မြေ၊ ကြီးကြပ်ရေးဗိမာန်တော်၌ အထက်အဆင့်ပုဂ္ဂိုလ်နှစ်ဦးက အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဆုံးမဲ့ပင်လယ်ဒေသတွင် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အဆက်မပြတ် စောင့်ကြည့်နေကြ၏။
သို့စေကာမူ သူတို့၏နတ်အသိများက အဆုံးမဲ့ပင်လယ်ဒေသ၏ နေရာတစ်ခုကို ကျရောက်သွားသောအခါ သူတို့ခွန်အားနှင့်အတူ သူတို့ထုတ်လွှတ်သည့် နတ်အသိက ထိုနေရာကို စုံစမ်းစစ်ဆေးနိုင်စွမ်းမရှိတော့တာကို အံ့ဩသင့်စွာ တွေ့လိုက်ကြသည်။
သို့သော် သူတို့အကြောင်းရင်းကို စုံစမ်းလိုသောအခါတွင်လည်း မည်သည့်ပြဿာနာကိုမှ မတွေ့နိုင်ခဲ့ပေ။
ဒီမှာဘာတွေဖြစ်ပျက်နေတာလဲ!
အကြီးအကဲတစ်ဦး လေးနက်စွာပြောသည်။
"ငါတို့ကြီးကြပ်ရေးဗိမာန်တော်ရဲ့ထိန်းချုပ်မှုအလွန်က အရာတစ်ခုခုများ ဖြစ်ပျက်ခဲ့တာလား"
ကျန်တစ်ယောက်က ခေါင်းခါယမ်းသည်။
"နတ်ဆိုးဘုရင်ပိုင်နက်ကလူတွေ အရေးယူဆောင်ရွက်နေတာ ဖြစ်နိုင်တယ်၊ သူတို့ကို လုပ်ခွင့်ပေးလိုက်ပါ၊ ငါတို့ကြီးကြပ်ရေးဗိမာန်က နတ်ဆိုးဘုရင်ပိုင်နက်အထက်က ဂိုဏ်းနှစ်ဂိုဏ်းကို မကြောက်ပေမယ့် မျက်နှာသာတစ်ချို့တော့ ပေးရမယ်လေ'
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဘယ်သူ့ထံ၌ ဒီလိုနည်းလမ်းမျိုးရှိလေသနည်း။
နတ်ဆိုးဘုရင်ပိုင်နက်အတွင်းမှာပင် ဒါကမဖြစ်နိုင်ပေ။
တစ်ခုတည်းသောဖြစ်နိုင်ချေက နတ်ဆိုးလုရင်ပိုင်နက်၏ နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက အခင်းအကျင်းအစီအရင်တစ်ခုခု ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ရပေမည်။
"ကောင်းပြီ၊ တစ်ဘက်လူက အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းကို မ၀င်လာသေးသရွေ့ သူတို့ကိုလွှတ်ပေးထားလိုက်ပါ"
ဒါကိုကြားသောအခါ တခြားတစ်ယောက်က ခေါင်းညိတ်ပြီး သူ့နတ်အသိကို အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းသို့ ဆက်လက်ပို့လွှတ်နေသည်။
.....
နတ်ဆိုးဘုရင်ပိုင်နက်တွင် မိုဂျီ မည်းမှောင်သည့်အမူအရာဖြင့် မေးသည်။
"ငါတို့စေလွှတ်ထားတဲ့သူတွေ ဘာမှ ပြန်မဖြေကြသေးဘူးလား"
မိုကောခေါင်းခါယမ်းရင်း ရွှေနက်ရောင် တုံကင်တစ်ခုကို ထုတ်ယူကာ စိုက်ကြည့်ပြီးပြောသည်။
"မပြန်သေးဘူး၊ ကျွန်တော်မေးလိုက်မယ်"
ထို့နောင် မိုကော သူ့ဝိဉာဉ်ချီကို ရွှေနက်တုံကင်ထဲ လောင်းထည့်လိုက်စဉ် ၎င်းက အနက်ရောင်အလင်းနှင့်အတူ လင်း၀င်းသွားသည်။
သို့စေကာမူ အသက်ရှူကြိမ်ငါးကြိမ်အပြီးတွင် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပါ။
ထိုနေရာတွင် မိုကော၏အမူအရာက တဖြည်းဖြည်းမည်းမှောင်လာသည်။
များသောအားဖြင့် သူတို့က အသက်ရှူကြိမ်သုံးကြိမ်အတွင်း ပြန်ဖြေကြသော်လည်း ယခုသူတို့ဆီက သတင်းမရှိတော့ပေ။
မိုကော ရုတ်တရက် မကောင်းသည့် ခံစားချက်တစ်ခုရလာသည်။
အသက်ရှူကြိမ်ဆယ်ကြိမ်ကြာပြီးနောက် မိုဂျီမည်းမှောင်သည့် အမူအရာဖြင့် လှည့်လာပြီး မိုကောကိုကြည့်သည်။
"ဆက်သွယ်လို့မရဘူးလား"
မိုကောလေးနက်စွာ ခေါင်းညိတ်သည်။ တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် သူပြောသည်။
"တစ်ခုခုဖြစ်ပျက်နေတာဖြစ်ရမယ်"
"ဒီလိုနေရာမျိုးမှာ နတ်ဘုရင်နယ်ပယ်က လူကိုးယောက်မှာ ပြဿာနာရှိသေးလို့လား" မိုဂျီ၏အမူအရာက ပို၍ပင် မည်းမှောင်လာသည်။
"ဒီလိုလူသူခေါင်တဲ့နေရာမှာ နတ်ဘုရားနယ်ပယ် စွမ်းအားရှင်တောင်မရှိတာကို သူတို့ဘယ်လိုလုပ် တာ၀န်ကို မပြီးမြောက်နိုင်ရတာလဲ"
ဒါ့အပြင် နတ်ဆိုးဘုရင်အော်ရာအရ တစ်ဘက်လူက ကနဦးနတ်ဘုရားနယ်ပယ်ကို ရောက်ရန်ဟူသည် မဖြစ်နိုင်ပေ။
မိုကောခေါင်းခါယမ်းသည်။
"တစ်ချက်ကြည့်လို့ရအောင် လူတွေထပ်ပို့ရမလား၊ အဆင်ပြေလောက်လား"
မိုဂျီ၏အမူအရာက ကြည့်ရဆိုးသွားပြီး အော်ဟစ်သည်။
"နတ်ဘုရင်နယ်ပယ်စွမ်းအားရှင်ကိုးယောက်ကို စေလွှတ်တာကတောင် အကန့်အသတ်တစ်ခုဖြစ်နေပြီ၊ ငါတို့လူထပ်လွှတ်မယ်ဆိုရင် ကြီးကြပ်ရေးဗိမာန်ကို ဘယ်လိုရှင်းပြမလဲ"
ထိုနတ်ဘုရင်နှစ်ဦးကြောင့်သာ မဟုတ်ပါက သူတို့အဆင့်နိမ့်နယ်မြေသို့ လူတစ်ယောက်မျှပင် ပို့နိုင်မည်မဟုတ်။
"ဖြစ်ပျက်ခဲ့တာတွေကို သူတို့ကိုပြောလိုက်၊ ဒီလူအသက်ရှင်နေတာကို သူတို့လည်း မမြင်ချင်ကြဘူးဆိုတာ ငါယုံတယ်"
မိုကောခေါင်းညိတ်သည်။
......
ထိုအချိန်တွင် အဆုံးမဲ့ပင်လယ်ဒေသအထက် လေဟာနယ်၌ အရာတိုင်းက ပြိုကွဲနေသည်။
ဒီပြိုကျနေသည့်လေဟာနယ်၌ အာကာသစွမ်းအားနှင့် အာကာသတာအိုနိယာမပင် ပျောက်ကွယ်သွားသည့်အလား စွမ်းအား သို့မဟုတ် တာအိုနိယာမမရှိသည့် ဗလာလေဟာနယ်တစ်ခုဖြစ်လာသည်။
ဒီမြင်ကွင်းကို မြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြ၏။
ဒီနတ်ဘုရားသတ်ဓားအစီအရင်က နတ်ဘုရင်နယ်ပယ်သူပုန်ကိုးဦးကို သတ်ရုံတင်မကဘဲ လေဟာနယ်က တာအိုနိယာမစွမ်းအားကိုပင် ဖျက်ဆီးပစ်ခဲ့သည်။
တာအိုနိယာမတွေကတောင် အဖျက်ဆီးခံရတာလား....!
ဇီရှန်း ရှီရှန်းကို ကြည့်ရင်း လေးနက်စွာမေးသည်။
"ရှင်တို့ဆရာက....ဘယ်လောက်တောင် အစွမ်းထက်တာလဲ"
သူက တာအိုနိယာမကို ဖျက်ဆီးခြင်းမျိုးကိုပင် လုပ်နိုင်သည်။
လုချန်ရှန်း၏ အမူအရာကနေ ကြည့်ရမည်ဆိုပါက သူခွန်အားအပြည့်ကို သေချာပေါက် မသုံးခဲ့လောက်ပေ။
ရှီရှန်းပြုံးသည်။
"ကျွန်တော်တို့လည်း ဆရာ့ခွန်အားကို မမြင်နိုင်ကြဘူး"
"ဆရာ ခွန်အားအပြည့်သုံးမယ်ဆိုရင်တောင် ကျွန်တော်ပြောနိုင်မှာမဟုတ်ဘူး"
တခြားတစ်ဘက်တွင် လင်းကျိနန်နှင့် စုမုယောင်တို့က လုချန်ရှန်းကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ကြသည်။
ဒီလိုခွန်အားမျိုးက ဒီကြယ်နယ်မြေက ထိန်းချုပ်နိုင်သည့် အရာတစ်ခုမဟုတ်တော့ပါ။
မြင့်မြတ်အဆောင်ဂိုဏ်းက အဆင့်မြင့်မဟာအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ်၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်၊ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် ကျန်သောဂိုဏ်းများမှ ထိပ်တန်းကျွမ်းကျင်သူများက ဒီမြင်ကွင်းကို မြင်ပြီးနောက် သူတို့အားလုံးတွင် တူညီသည့်အတွေးတစ်ခု ရှိလာခဲ့သည်။
ယခုလိုခွန်အားမျိုးရှိသည့် သူတစ်ယောက်ကသာ ဒီလိုကြောက်စရာကောင်းသည့် တပည့်များကို တစ်ချိန်တည်းတွင် ပျိုးထောင်နိုင်ပေလိမ့်မည်။
ဒီတိုက်ပွဲအပြီးတွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ တည်ဆောက်ပုံက လုံး၀ပြောင်းလဲသွားပေလိမ့်မည်။
ငရဲဂိုဏ်းဖြစ်စေ၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်ဖြစ်စေ၊ သို့မဟုတ် တျန်ကျင်းကုန်သည်များအသင်းဖြစ်စေ သူတို့အားလုံးတွင် ယဲ့ချိုးပိုင်တို့နှင့် မကျေအေးနိုင်တော့သည့် အာဃာတရန်ငြိုးရှိကြသည်။
ဒီဂိုဏ်းသုံးဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ စစ်ဖြစ်စေရန်အတွက် အလားအလာပိုများသည့် ဂိုဏ်းများလည်းဖြစ်သည်။
ဒါကိုတွေးမိသောအခါ လူတိုင်း ချီရှာဒေါင်နှင့် ကျန်သောသူများအား ကြည့်လိုက်မိကြ၏။
ချီရှာဒေါင်၊ ကွေ့ကောရင်နှင့် တျန်ကျင်းကုန်သည်များအသင်းက အထက်အဆင့်ပုဂ္ဂိုလ်သုံးဦး၏ မျက်နှာများက ဖြူရော်နေကြသည်။
ယခုလိုအစွမ်းထက်ခွန်အားမျိုး၊ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူကိုးဦးပင်လျှင် လုချန်ရှန်းကို မခုခံနိုင်ပေ။
သူက သူတို့ကို လက်တစ်ဖက်ဝှေ့ယမ်းရုံနှင့် သတ်ပစ်ခဲ့သည်။
ဒီလိုဆိုပါက သူတို့ကရော!
ဒါက ကြက်ပေါက်စလေးတစ်ကောင်ကို ညှစ်ရသကဲ့သို့ပင် လွယ်ကူမနေဘူးလား!
သူတို့ထွက်ပြေးချင်နေသည်။
သို့စေကာမူ သူတို့၀န်းကျင်၌ သူတို့ကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည့် မမြင်ရသောလက်တစ်ဖက်အဖြစ် ပြောင်းလဲနေပုံရသည့် မမြင်ရသည့်အားတစ်ခုရှိနေသည်။
သူတို့လွတ်မြောက်အောင် ကြိုးစားသရွေ့ ဒီလက်ကြီးက သူတို့ကို သေသည်အထိ ချေမွပစ်ပေလိမ့်မည်။
ဒါကလုချန်ရှန်း၏ လက်ရာပေတည်း။
မည်သို့ပင်ဆိုစေကာမူ ဒီနေရာ၌ လူအများကြီးရှိနေသည် မဟုတ်ပေလော။
ဒီကိစ္စကိုသာ ထုတ်ဖော်လိုက်ပါက ဒါက အဆုံးမဲ့ပြဿာနာတစ်ခုဖြစ်လာပေလိမ့်မည်။
ထို့နောက် ယဲ့ချိုးပိုင် သူ့အနီးက ကျိုးပဲ့နေသည့်လေဟာနယ်ကို ကြည့်ရင်း လက်ကို အသာလေးဝှေ့ယမ်းလိုက်၏။
အာကာသတာအိုနိယာများက ပြိုကွဲနေသည့် ဟင်းလင်းပြင်ထဲသို့ အရူးအမူး တိုး၀င်သွားခဲ့သည်။
ထိုအချိန်မှာပင် အာကာသတာအိုနိယာမကို ဆုံးရှုံးထားရသည့် ဟင်းလင်းပြင်လေဟာနယ်က လုချန်ရှန်းထုတ်လွှတ်သည့် ဒီဧရာမအာကာသတာအိုနိယာမကြောင့် ပြန်လည်အားဖြည့်ခြင်းကို ခံရသည်။
ထို့နောက် လုချန်ရှန်းလက်သီးဆုပ်လိုက်စဉ် အဆုံးမဲ့ဆန္ဒက ကျိုးပဲ့နေသည့် ဟင်းလင်းပြင်၌ ပြည့်နှက်သွား၏။
လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် ဒီပြိုကွဲနေသည့်လေဟာနယ်က အနှီမျက်လုံးနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။
ဒါဘယ်လိုနည်းလမ်းမျိုးလဲ!
လက်တစ်ဖက်ဝှေ့ယမ်းရုံနှင့် သူက မူလက ပျောက်ကွယ်သွားသည့် အာကာသတာအိုနိယာမကို ပြန်ဖြည့်နိုင်သည်။
လက်တစ်ချက်ခါယမ်းရုံနှင့် နှစ်တစ်သောင်းအကြာတွင်ပင် ပြုပြင်နိုင်မည်မဟုတ်သည့် ဒီလိုအနေအထားထိ ပြိုကျပျက်စီးနေသည့် လေဟာနယ်ကို သူဖြည့်ဆည်းနိုင်သည်။
ဒီနည်းလမ်းက အံ့ဖွယ်ကောင်းပေသည်။
လုချန်ရှန်း တိုက်ခိုက်မှုများ၏ ခြေရာများကို ဖျက်ပစ်ပြီးနောက် နတ်ဘုရားသတ်ဓားအစီအရင်ကို ဖယ်ရှားလိုက်၏။
ထို့နောက်တွင်သာ သူပတ်၀န်းကျင်က လူများကို စိုက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားပြီး သူပြုံးသည်။
"ဒီမှာရှိနေတဲ့လူတိုင်း၊ ဘယ်သူမှ ဒီနေ့ဖြစ်ပျက်ခဲ့တာကို မထုတ်ဖော်ကြဖို့ ငါယုံကြည်ပါတယ်၊ ဟုတ်တယ်မလား"
သူ့အသံကတည်ငြိမ်နေပြီး သူ့အမူအရာက သဘောကျချင်စရာကောင်းသည်။
သူက အန္တရာယ်မရှိသည့်အသွင်။
သို့စေကာမူ ရှိနေသောသူတိုင်း ဒါကိုကြားသောအခါ သူတို့၏နှလုံးသားများက တုန်ယင်သွားကြ၏။
ဒါက ခြိမ်းခြောက်မှုတစ်ခုဟု မထင်ရသော်လည်း သူတို့သာခေါင်းခါယမ်းပြီး ငြင်းရဲပါက အလွန်အမင်းစိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတစ်ခုနှင့် အဆုံးသတ်သွားရမှာကို သူတို့သိကြပါသည်။
ထိုအချိန်မှာပင် သူ့အတွက် ဘာက ပိုကောင်းသလဲဆိုတာ မသိသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး တီးတိုးလေးပြောသည်။
"ဒီမှာလူတွေအများကြီးရှိတယ်လေ၊ ကျုပ်တို့ ထုတ်ဖော်လိုက်ရင်တောင် ခင်ဗျားဘယ်လိုလုပ် သိနိုင်မှာလဲ"
သို့သော် နောက်အခိုက်အတန့်၌ လုချန်ရှန်း လက်ညိုးထိုးလိုက်စဉ် ထိုလူ၏ ခန္ဓာက ထိုနေရာမှ တိတ်တဆိတ်ပျောက်ကွယ်သွားသည်။
သူ့ဝိဉာဉ်အကြွင်းအကျန်များပင်လျှင် မကျန်ရှိခဲ့ပါ။
အပိုင်း(844) coming။