#ဝိဉာဉ်ကန့်သတ်ချက်#
Vol. 60 Ch. 844
အဆုံးမဲ့ပင်လယ်ဒေသ၏ လေဟာနယ်က လုချန်ရှန်း၏ပြုပြင်ခြင်းကို ခံလိုက်ရသည်။
ကောင်းကင်ကလည်း ၎င်း၏ မူလအရောင်အဆင်းကို ပြန်ရသွားခဲ့သည်။
ပင်လယ်ထဲတွင် ပင်လယ်ရေမျက်နှာပြင်ကလည်း တည်ငြိမ်သွားသည်။
တာအိုနိယာမ၏ လေစီးကြောင်းကလည်း ပုံမှန်အတိုင်းပင် ငြိမ်းချမ်းသွားသည်။
သို့စေကာမူ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့ပုံမရသည့် ဒီငြိမ်းချမ်းသည့်မြင်ကွင်းတွင် အသက်ရှူရန်ပင် ခက်ခဲစေသည့် ထူးဆန်းသော လေထုတစ်ခုရှိနေသည်။
တည်ရှိနေသည့် ထိပ်တန်းစွမ်းအားရှင်များအနက် ဂိုဏ်းများ သို့မဟုတ် အင်အားစုများ၏ ပါရမီရှင်များနှင့် အကြီးအကဲများဖြစ်စေ၊ မဟာအကြီးအကဲများဖြစ်စေ၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသောသူများဖြစ်စေ၊ သူတို့အားလုံးက အညှာတာကင်းမဲ့စွာ အသတ်ခံလိုက်ရသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူကို ကြည့်လိုက်ကြ၏။
လုချန်ရှန်း သူ့ကိုလက်ညိုးထိုးလိုက်စဉ် ထိုကောင်းကင်အင်မော်တယ်နယ်ပယ်၏ ကိုယ်ခန္ဓာဖြစ်စေ၊ ဝိဉာဉ်ဖြစ်စေ မည်သည့်အော်ရာမှ မဖြာထွက်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
နောက်က လင်းကျိနန် ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"သူကအလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ ပါးစပ်ပေါက်တစ်၀က်ကျော်ကို သူ့ခွန်အားနဲ့ ပိတ်ဆို့ပစ်ချင်နေတာပဲ...."
ဒီနေရာတွင် ရောက်လာကြသောသူများက ဂိုဏ်းကြီးအသီးသီး၏ ထိပ်တန်းတည်ရှိမှုများအဖြစ် ကိုယ်စားပြုနိုင်ကြသည်။
အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်ပိုင်းကို လာနိုင်သည့်ဂိုဏ်းများက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းတည်ရှိမှုများဖြစ်သည်။
ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ တစ်၀က်ကျော်ဟု ဆိုပါကလည်း မမှားပေ။
စုမုယောင်ပြောသည်။
"စီနီယာမှာ ခွန်အားရှိတယ်၊ သူအလိုရှိသရွေ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းအားလုံးကိုတောင် ဒီကမ္ဘာကြီးထဲက ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်"
နတ်ဘုရားသတ်ဓားအစီအရင်နှင့်ဆိုပါက သူမမေးလိုက်ချင်သည်။ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ဘယ်သူက ဒါကိုခုခံနိုင်မည်နည်း။
စုမိသားစုက သူတို့၏ဝှက်ဖဲအားလုံးနှင့် အခြေခံအုတ်မြစ်အလုံးစုံကို သုံးမည်ဆိုလျှင်ပင် ခုခံရန်အတွက် အနည်းဆုံးအခွင့်အရေးပင် ရှိမည်မဟုတ်။
ထိုအချိန်မှာပင် လုချန်ရှန်းတဖြည်းဖြည်းလှည့်လာပြီး ဝေ့ဝိုက်ကြည့်ရှုသည်။
လုချန်ရှန်း၏မျက်လုံးများ ဖြတ်သန်းသွားစဉ် ရှိနေသောသူတိုင်းက သူတို့၏ ကိုယ်ခန္ဓာများ ပိတ်ဆို့ခံလိုက်ရသည့်ပမာ ခံစားလိုက်ကြရသည်။
ထို့နောက် သူတည်ငြိမ်စွာပြောသည်။
"ငါလျိုကျိယုက တခြားနေရာတွေမှာ ဘာမှမဟုတ်ဘူးဆိုပေမယ့် မင်းတို့ကတော့ ငါ့ပြိုင်ဘက်မဟုတ်ဘူး"
"ဟပ်ချိုး"
ရုတ်တရက် အဝေးတစ်နေရာက သေမျိုးကျေးရွာ၌ရှိနေသည့် လျိုကျိယုမှာ အကြောင်းမဲ့ နှာချေလိုက်မိသည်။
ထို့နောက် သူနှာခေါင်းကို ပွတ်သပ်ရင်း စိတ်ရှုပ်ထွေးစွာမေးလိုက်၏။
"ငါဘာလို့နည်းနည်းအေးသလို ခံစားနေရတာလဲ"
ကျောက်တုံးလေးသူ့ကို စိုက်ကြည့်ကာ ရယ်မောသည်။
"အန်ကယ်လု၊ ခင်ဗျားရဲ့ကိုယ်ခန္ဓာကိုလည်း ဂရုစိုက်ဦး၊ ခင်ဗျားက နတ်အင်ပါယာနယ်ပယ်ကို ခြေတစ်၀က်တက်လှမ်းပြီးတာတောင် အအေးမိနေသေးတယ်"
လျိုကျိယု ကျောက်တုံးလေးကို စိုက်ကြည့်လိုက်၏။
"မင်းဒါကိုဘယ်နေရာက သိလာခဲ့တာလဲ.."
.....
တခြားတစ်ဘက်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူများက လုချန်ရှန်းပြောစကားကို ကြားသောအခါ သူတို့၏ မျက်လုံးများက လှုပ်ရှားသွားကြ၏။
ဒီတော့ ဒီစီနီယာကို လျိုကျိယုလို့ခေါ်တာပေါ့!
သို့စေကာမူ လျိုကျိယုနာမည်ကို သူတို့တစ်ခါမှ မကြားဖူးပါ။
ဇီရှန်းအနည်းငယ် ကြက်သေသေသွား၏။
လျိုကျိယု!
ဒါက အမှောင်ပိုင်နက်က ကြယ်ငါးပွင့်သင်းအုပ်ဆရာမလား!
ဒါကိုတွေးမိသောအခါ ဇီရှန်း၏ မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။
အံ့ဩစရာမရှိတော့ပါဘူး!
အမှောင်ပိုင်နက်က အတော်လေးလျှို့ဝှက်ဆန်းကြယ်သည်။
တျန်ကျင်းကုန်သည်များအသင်းတွင်ပင်လျှင် အမှောင်ပိုင်နက်နှင့်ပတ်သက်၍ သတင်းအချက်အလက်အရမ်းနည်းသည်။
သူတို့မည်မျှပင် စုံစမ်းစစ်ဆေးပါစေ အမှောင်ပိုင်နက်၏ ဆန်းကြယ်သည့်စွမ်းအားကို နားမလည်နိုင်ကြပါ။
သို့စေကာမူ အမှောင်ပိုင်နက်၏ အခြေခံအုတ်မြစ်က သူတို့ပုံဖော်ထားတာထက် အများကြီးပိုအားကောင်းသည်။
မဟုတ်ပါက ဘယ်လိုလုပ် လုံး၀ သတင်းအချက်အလက်မရှိဘဲ နေမည်နည်း။
ထို့ကြောင့်သူကသာ အမှောင်ပိုင်နက်ကဆိုပါက ယခုဘိုကြောက်စရာကောင်းသည့် ပါရမီရှင်များစွာကို တစ်ချိန်တည်းတွင် ပျိုးထောင်နိုင်ခြင်းဟူသည် အဓိပ္ပာယ်ရှိပါသည်။
"စီနီယာက အမှောင်ပိုင်နက်ကလား"
အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်သင်းအုပ်ဆရာတစ်ဖြစ်လဲ လူအနည်းငယ်ကသာ လျိုကျိယု၏ ပုံပန်းသွင်ပြင်နှင့် ကိုယ်ပိုင်လက္ခဏာကို သိပါသည်။
ဇီရှန်း၏မေးခွန်းကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဆွံအသွားကြ၏။
သူတို့၏ဆရာက သူတို့၏ဆရာဖြစ်နေဆဲပင်။
ဒီသတိထားမှုအဆင့်က.....!
သူက သူ့၏အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကိုပင် မဖော်ထုတ်ခဲ့ဘဲ အန်ကယ်လျိုကို ဒိုင်းအဖြစ်ပင် သုံးခဲ့သည်။
အန်ကယ်လျိုသာ ဒါကိုကြားမည်ဆိုပါက သေလောက်အောင် ငိုယိုမိပေလိမ့်မည်။
ရှီရှန်းတစ်ခုခုပြောရန်ပြင်နေခိုက် လုချန်ရှန်း ဒါကိုကြိုတင် ခန့်မှန်းထားသည့်အလား ရှီရှန်းထံသို့ သေစေလောက်သည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။
ရှီရှန်း၏စကားလုံးများက လည်မြိုအထိ ရောက်နေပြီဖြစ်ကာ ထုတ်ပြောရန်အတွက် အသက်ရှူရုံသာ လိုတော့သည်။
သူ့ဆရာ၏ အကြည့်အောက်တွင် သူ့စကားလုံးများကို ချက်ချင်းဆိုသလို မျိုချပစ်သည်။
ထိုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကို အရင်ဆုံးရှေ့ဆက်တိုးလာပြီး လက်နှစ်ဖက်ဆုပ်ကာ လေးစားစွာ ဦးညွတ်သည်။
"စီနီယာလျို၊ ကျုပ်တို့မြင့်မြတ်အဆောင်ဂိုဏ်းက ဒီနေ့ကိစ္စကို သေချာပေါက် မထုတ်ပြောစေရပါဘူး"
ကျန်သောဂိုဏ်းများက ထိုမြေခွေးအိုအား နှလုံးသားထဲကနေ ကျိန်ဆဲနေမိသည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်ဘက်က သူတို့ကတစ်ယောက်ပြီးတစ်ယောက် ရပ်လိုက်ကြပြီး ရပ်တည်ချက်ကို လေးစားစွာပင် ဖော်ပြကြသည်။
ကျန်သောဂိုဏ်းများက ဆန္ဒမရှိသော်လည်း လုချန်ရှန်း၏ခွန်အားကြောင့် သူတို့ရှေ့တိုးရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။
ဒီမြင်ကွင်းက သီးသန့်ကျင့်ကြံနေခဲ့သည့် လူအိုကြီးတစ်ချို့ကိုပင် အတင်းထွက်လာစေသည်။
ထိုအခိုက်အတန့်၌ ချီရှာဒေါင် အရှက်ကင်းမဲ့စွာပင် ထွက်လာပြီး မျက်နှာ၌ မျက်နှာချိုသွေးနေသည့်အပြုံးဖြင့် ပြောလာသည်။
"စီနီယာ၊ ကျုပ်တို့ငရဲဂိုဏ်းက ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး"
သို့စေကာမူ လုချန်ရှန်း သူတို့ကို ကြည့်ပင်မကြည့်ဘဲ ယင်းအစား ဘေးပတ်လည်ကို ကြည့်ရင်း ပြုံးသည်။
"ကံဆိုးချင်တော့ မင်းတို့နဲ့ငါမရင်းနှီးဘူး၊ ဒီတော့ မင်းတို့ပြောတာကို ငါမယုံဘူး"
လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
သူအလယ်အလတ်အဆင့်ကြယ်နယ်မြေထဲက ထိပ်တန်းကျွမ်းကျင်သူတွေရဲ့ ၉၀ရာခိုင်နှုန်းကို တစ်ယောက်တည်း သတ်ပစ်ချင်နေတာလား!
ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က အကြီးအကဲတစ်ယောက်က လေးနက်သည့် အမူအရာဖြင့် ပြောသည်။
"စီနီယာလျို၊ ဒီလိုလုပ်စရာမလိုပါဘူး၊ ကျုပ်တို့ဒီလိုပြောလာမှတော့ ဒီအတိုင်းပဲ လုပ်ကြမှာပါ"
လုချန်ရှန်းပြုံးသည်။
"အရာများစွာကို တွေ့ကြုံခံစားခဲ့ရပြီးနောက်မှာ နှုတ်ရေးကတိစကားတွေက တန်ဖိုးမရှိဆုံးအရာတွေဆိုတာ နောက်ဆုံးတော့ ငါသိခဲ့ရတယ်"
"ဒီလိုဆိုရင်ရော....."
ထိုနေရာတွင် လုချန်ရှန်း လက်ကို အနည်းငယ် မြှောက်လိုက်၏။ သူ့လက်ဖဝါးထဲတွင် အလွန်အမင်းသိပ်သည်းသည့် ဝိဉာဉ်စွမ်းအားကနေ ကျစ်လျစ်အောင် လုပ်ထားသည့် အလင်းလုံးတစ်လုံးရှိသည်။
အလင်းလုံးက ဝိဉာဉ်စွမ်းအားဖြင့် ပြည့်နှက်နေသဖြင့် မည်သူ့ကိုမဆို ထိတ်လန့်သွားစေသည်။
မိုချီရွှမ်း၊ ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့ပင် ထိတ်လန့်သွားကြ၏။
ဝိဉာဉ်စွမ်းအားပမာဏက သူတို့သေမင်းဝိဉာဉ်မြို့တွင် မြင်ခဲ့ရတာထက် အဆပေါင်းများစွာ ပိုများသည်။
အကယ်၍ သေမင်းဝိဉာဉ်မြို့က ဝိဉာဉ်သိပ်သည်းမှုက စုစုပေါင်းလို့ဆိုပါက လုချန်ရှန်းလက်ထဲက ဝိဉာဉ်စွမ်းအားကို အဆုံးမဲ့ဟု ဆိုနိုင်ပေသည်။
သူတို့ အဆုံးမဲ့ပင်လယ်တစ်စင်းထဲတွင် ရှိနေသည့်ပမာ ခံစားနေရသည်။
ဒီလူရဲ့ခွန်အားက သေမင်းဝိဉာဉ်မြို့နောက်ကွယ်က ဉာဏ်ကြီးရှင်ထက် ပိုအားကောင်းနိုင်တာများလား!
ဒါကိုတွေးမိသောအခါ သုံးဦးစလုံး တစ်ဦးကိုတစ်ဦးကြည့်ရင်း တုန်ယင်သွားကြ၏။
ဒီလိုသာဆိုပါက အစီအစဉ်ကို မပြီးမြောက်နိုင်လောက်ပေ။
ထိုအခိုက်အတန့်၌ လုချန်ရှန်းလက်ထဲတွင် အလင်းလုံကိုကိုင်ထားပြီး လက်ချောင်းထိပ်ကို လွှဲယမ်းလိုက်၏။
ရုတ်ချည်းဆိုသလို ဝိဉာဉ်အလင်းလုံးက ပျံ့သွားခဲ့သည်။
အလင်းတန်းတစ်စင်းပမာ ဒါက အဆုံးမဲ့ပင်လယ်ဒေသတစ်ခုလုံးအတွင်း ပြန့်ကြဲသွားခဲ့သည်။
ဒီဝိဉာဉ်လုံးများက အလင်းစီးကြောင်းများနှင့်တူပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းရှိသဖြင့် ထိုကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် မခုခံနိုင်ဘဲ လူတိုင်း၏ မျက်ခုံးကြားသို့ ထိုးဖောက်သွားပြီး သူတို့အသိစိတ်ပင်လယ်၌ တံဆိပ်ရိုက်ခတ်ပစ်သည်။
ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း ဟောင်ကျန်းဟန်တို့ပင် ခြွင်းချက်မဟုတ်ခဲ့။
သူတို့က သူ့တပည့်များနှင့် ကောင်းမွန်းသည့် ဆက်ဆံရေးရှိကောင်းရှိနိုင်သော်လည်း လုချန်ရှန်းအတွက် သူတို့က အပြင်လူများဖြစ်နေဆဲပင်။
လုချန်ရှန်းပြုံးသည်။
"ဘေးကင်းစေဖို့အတွက် ဒါကို ကန့်သတ်ချက်တစ်ခုလို့ ယူဆလို့ရတယ်၊ မင်းတို့ခွန်အားနဲ့ ဒါကိုချိုးဖျက်ဖို့ဆိုတာက အရမ်းခက်ခဲလိမ့်မယ်"
"ဒါမှမဟုတ် မင်းတို့ဒီနတ်ဝိဉာဉ်ကန့်သတ်ချက်ကို ဖွင့်ချင်တာဖြစ်ဖြစ် မပြောသင့်တာတစ်ခုခုကို ပြောတာဖြစ်ဖြစ် လုပ်ချင်ရင် မင်းတို့ရဲ့နတ်ဝိဉာဉ်က ချက်ချင်းဖျက်ဆီးခံရမယ်ဆို ပိုမှန်လိမ့်မယ်၊ မင်းတို့ အကျိုးဆက်တွေကိုတော့ သိကြတယ်မလား"
အပိုင်း(845) coming။