#အမြစ်များကိုဖယ်ရှားခြင်း#
Vol. 60 Ch. 845
လုချန်ရှန်း၏ ဝိဉာဉ်ကန့်သတ်ချက်က မရိုးရှင်းပေ။
တစ်ဘက်လူကို အခွင့်အလမ်းများ ကြုံကြိုက်ခြင်းကနေ ကာကွယ်တားဆီးရန် သို့မဟုတ် ရုတ်တရက် အသိအမြင်ရပြီး ထိုနေရာမှ တခြားတစ်နေရာသို့ တက်လှမ်းနိုင်သည့်အရာတစ်ခုကို လုပ်ရင်း ကန့်သတ်ချက်ကို ပြောင်းပစ်ရန်အတွက် ခွန်အားရှိလာခြင်းကနေ ကာကွယ်ရန်အတွင် လုချန်ရှန်း စာရင်းထဲတွင် အမှတ်သန်းရာချီထည့်သွင်းခဲ့သည်။
တစ်ဘက်လူက ဝိဉာဉ်ကန့်သတ်ချက်ကို ဖျက်သိမ်းရန်အတွက် တစ်ခုခုလုပ်လာသရွေ့ ချက်ချင်းဆိုသလို ဝိဉာဉ်ကန့်သတ်ချက်က ထိုလူ၏ဝိဉာဉ်ကို သတ်ပစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဒီအကြောင်းကို အပြင်ပကမ္ဘာသို့ ပြောပြခဲ့လျှင်ပင် ဝိဉာဉ်ကန့်သတ်ချက်ကြောင့် အသတ်ခံရမည်သာ။
ဝိဉာဉ်ကန့်သတ်ချက်က လူတိုင်း၏ အသိစိတ်ပင်လယ်ထဲတွင် အမြစ်တွယ်ကာ ပေါက်ဖွားနိုင်သည့် အစေ့တစ်ခုပမာ ဖြစ်နေလေရာ လူတိုင်း ဝိဉာဉ်ထဲကနေ အေးစက်မှုကို ခံစားရသည်။
သို့စေကာမူ ဒီအေးစက်မှုအမျှင်စက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ဒီအေးစက်မှုက သူတို့ကို သေခြင်းတရားနှင့် ဘယ်လောက်ထိနီးစပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ခံစားရစေသည်။ ဒါက သေမင်းနတ်ဘုရား၏ ဓားတစ်လက်ကို သူတို့ဝိဉာဉ်ထဲ ထည့်ထားသည့်အလားပင်။
ဝိဉာဉ်ကန့်သတ်ချက်ကို ချိုးဖောက်နေသရွေ့ အညှာအတာကင်းမဲ့စွာ ရိတ်သိမ်းခံရပေလိမ့်မည်။
လူတိုင်း၏အမူအရာများက မည်းမှောင်သွားကြ၏။
ယခုလိုဝိဉာဉ်ကန့်သတ်ချက်တစ်ခုကို စိုက်ပျိုးထားလေရာ ဒါက သူတို့အသက်က တစ်ဘက်လူလက်ထဲတွင် ရှိနေပြီဟု ဆိုလိုနေခြင်းပင်။
သူတို့ကဲ့သို့ ကောင်းကင်အင်မော်တယ် စွမ်းအားရှင်များအတွက် အာဏာရှင်အဖြစ် နေရန်အတွက် ကျင့်သားရနေလေပြီ။ ထိုအဆင့်မြင့်လူကြီးများပင် အလွန်အမင်း မသက်မသာဖြစ်ပြီး ဒေါသထွက်သလို ခံစားရသည်။
သို့စေကာမူ ဒေါသထွက်တာက ဘာအကျိုးရှိသနည်း!
သူတို့လေထဲက အဖြူ၀တ်လူကို ကြည့်မိသောအခါ သူတို့ပင်လျှင် အစွမ်းမဲ့ရသည့် နတ်ဘုရင်ကျွမ်းကျင်သူကိုးဦးကို အလွယ်တကူ သတ်ရန်အတွက် ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့သလဲဆိုတာ သတိရသွားကြသဖြင့် ဒေါသကို နှလုံးသားထဲတွင်သာ ဖိနှိပ်နိုင်တော့သည်။
ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်း၊ လင်းကျိနန်၊ စုမုယောင်နှင့် ဟောင်ကျန်းဟန်တို့က အရမ်းကြီးမတွေးပါ။
သူတို့အတွက် လုချန်ရှန်းက စွမ်းအားရှင်တစ်ဦးဖြစ်သည်။
အားကောင်းသူက အားနည်းသူကို အမဲလိုက်သည့် ဒီကမ္ဘာတွင် တစ်ဘက်လူထက် အားနည်းပါက သံပြားအောက်တွင် ဖိနှိပ်ခံရပြီး တစ်ဘက်လူ၏ ကရုဏာအောက်တွင် ရှိနေရမည်သာ။
ဒေါသထွက်နေရမည့်အစား ဒါကို ပန်းတိုင်အဖြစ်သုံးပြီး စွမ်းအားကို အဆက်မပြတ် တိုးမြှင့်အောင်ပင် လုပ်နိုင်သည်။
ဒါ့အပြင် သူတို့တွင် ဒီမှာဖြစ်ပျက်ခဲ့တာတွေကို တခြားသူတွေကို ပြောပြရန် ရည်ရွယ်ချက်မရှိပေ။
ဒါက သူတို့အတွက် အကျိုးမရှိပါ။
ထို့ကြောင့် ဒီဝိဉာဉ်ကန့်သတ်ချက်က သူတို့အတွက် အသုံးမ၀င်ပါ။
ထိုအချိန်တွင် ငရဲဂိုဏ်းမှချီရှာဒေါင်၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်မှ ကွေ့ကောရင်၊ တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးနှင့် ချင်းရွှမ်ရာယောင်၊ ကုရှောင်နှင့် မိုချီရွှမ်းတို့အားလုံးက စိတ်ရှုပ်ထွေးနေကြသည်။
ချီရှာဒေါင်မေးသည်။
"စီနီယာလျိုကိုမေးလို့ရမလား... ဘာလို့ ကျုပ်တို့အပေါ် ဝိဉာဉ်ကန့်သတ်ချက်ကို မထည့်ပေးတာလဲ'
ဒါမမှန်နိုင်ပေ။ သူငါတို့ကို သွားခွင့်ပေးဖို့ စီစဉ်ထားတာလား!
သို့စေကာမူ ထိုစီနီယာ၏တပည့်နှင့် သူတို့၏ ဆက်ဆံရေးကို အခြေခံပါက သူတို့ကို သွားခွင့်ပေးရန်ဆိုပါက စိတ်ကူးယဉ် အတွေးတစ်ခုသာ။
လုချန်ရှန်းပြောသည်။
"မင်းတို့က မကြာခင်သေရတော့မှာဆိုတော့ ဝိဉာဉ်ကန့်သတ်ချက်ကို စိုက်ဖို့အတွက် ဒီလောက်အများကြီး အားစိုက်ထုတ်ပြီး ဖြုန်းတီးနေစရာမှ မလိုတာ"
ဒါကိုကြားသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
ငရဲဂိုဏ်းမှချီရှာဒေါင်၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်မှ ကွေ့ကောရင်၊ တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးနှင့် အဝေးတစ်နေရာက လူသုံးယောက်၏ အမူအရာတို့က အကြီးအကျယ် ပြောင်းလဲသွားကြသည်။
သူတို့ထဲက ကွေ့ကောရင် လျှို့ဝှက်နည်းစနစ်ကို ချက်ချင်းအသက်သွင်းပြီး လွတ်မြောက်ရန် ကြိုးစားသည်။
သို့စေကာမူ သူအကျဉ်းချခံထားရပုံ ပေါ်နေတာကို ကွေ့ကောရင်သဘောပေါက်သွား၏။
ဒီအချိန်တွင် လျှို့ဝှက်နည်းစနစ်အားလုံးက ထိရောက်မှုမရှိတော့ပါ။
သူတို့ထိုနေရာ၌ အပြစ်ဒဏ်အတွက် ရပ်စောင့်ရုံသာ တတ်နိုင်တော့သည်။
တခြားဂိုဏ်းများမှလူများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကလည်း စိတ်ရှုပ်ထွေးနေကြသည်။
တကယ်တမ်းတွင် အဖြူ၀တ်လူက ငရဲဂိုဏ်းကို တိုက်ခိုက်ချင်နေဆဲပင်။
တစ်ဘက်လူက သူ့၏တပည့်ကိုပင် သတ်ချင်ခဲ့သည် မဟုတ်ပေလော။
သို့စေကာမူ ဒီဖြစ်ရပ်အပြီးတွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ တည်ဆောက်ပုံကလည်း သိသိသာသာပင် ပြောင်းလဲသွားပေလိမ့်မည်။
ချီရှာဒေါင် အလျင်အမြန်ပင် လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာလျို၊ အနာဂတ်မှာ စီနီယာရဲ့တပည့်တွေကို ပြဿာနာမရှာတော့ဘူးလို့ ကျုပ်ကတိပေးပါတယ်"
"ဒါ့အပြင် ငရဲဂိုဏ်းထဲက သူတို့ ဘယ်အရာကိုမဆို ရွေးချယ်လို့ရပါတယ်"
"စီနီယာ၊ ကျေးဇူးပြုပြီး ကျုပ်တို့အသက်ကို ချမ်းသာပေးပါ"
ကွေ့ကောရင်၏ အမူအရာကလည်း မည်းမှောင်သွားသည်။
"စီနီယာလျို၊ ခင်ဗျား ကောင်းကင်မြေအောက်နန်း...."
ကွေ့ကောရင်စကားပြော၍ မပြီးနိုင်သေးခင်မှာပင် လုချန်ရှန်း လက်ချောင်းကို လှုပ်ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလို ဓားအလင်းတန်းတစ်ခုက ကွေ့ကောရင်၏ နဖူးသို့ ထိုးဖောက်သွားပြီး သူ့ဝိဉာဉ်က တိုက်ရိုက်ပင် ဖျက်ဆီးခံလိုက်ရသည်။
လုချန်ရှန်းပြောသည်။
"ငါဒါကိုလုပ်ကတည်းက မင်းရဲ့ခြိမ်းခြောက်မှုတွေကို မကြောက်လို့ပေါ့၊ မင်းကတကယ်ဦးနှောက်မရှိတဲ့ကောင်ပဲ"
လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ သူတို့၏ကိုယ်ပိုင်လက္ခဏာများကို ထုတ်ဖော်ချင်ကြသည့် တျန်ကျင်းကုန်သည်များအသင်းမှ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးတို့က ဒါကိုတွေးပြီးနောက် မပြောရန် ဆုံးဖြတ်လိုက်သည်။
သူတို့ ဇီရှန်းအား ရိုကျိုးစွာကြည့်လိုက်ကြ၏။
"မမလေး၊ ကျွန်တော်တို့ တစ်ခဏလောက် ပြုစားခံခဲ့ရတာပါ၊ မမလေး ကျွန်တော်တို့အတွက် စကားပြောပေးလို့ရမလား"
ဇီရှန်းက ဒီစီနီယာ၏တပည့်နှင့် အတော်လေးရင်းနှီးသည်။
သူမစကားပြောပေးသရွေ့ ဒါက အသုံး၀င်လောက်သည်။
ဇီရှန်းခေါင်းခါယမ်းသည်။
"ကျွန်မတို့က အခုပူးပေါင်းဆောင်ရွက်တဲ့ အဆင့်မှာပဲရှိသေးပြီး အချင်းချင်း သိပ်မသိကြသေးဘူး"
"ဒါ့အပြင် ရှင့်တို့ကျုးလွန်ခဲ့တဲ့အရာတွေကို ဗဟိုဌာနချုပ်ကို လွှဲပြောင်းပေးမယ်ဆိုရင်တောင် သူတို့က ကိုင်တွယ်ဖြေရှင်းကြမှာပဲလေ"
တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးက ဒါကိုကြားသောအခါ သူတို့၏မျက်နှာများက ပြာနှမ်းသွားကြသည်။
တခြားတစ်ဘက်တွင် လုချန်ရှန်း သဘောကျသွားသည်။
ဒီကောင်မလေးက တစ်ချို့အရာတွေကို သိသားပဲ!
တောင်းပန်ခယမယ်ဆိုရင်တောင် အသုံးမ၀င်တာကို သူသိတယ်!
သို့စေသည့်တိုင် ဒါက သူ့ကိုမကျေမနပ်ဖြစ်သွားစေသည်။
တခြားတစ်ယောက်သာဆိုပါက သူတို့က ဇီရှန်းနှင့် မိတ်ဆွေဖြစ်သည့်အပေါ် တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်သည်။
ကံဆိုးချင်တော့ သူတို့က လုချန်ရှန်းနှင့် တွေ့ဆုံနေရခြင်းပင်။
လုချန်ရှန်း ဒီအတွက်ကြောင့်ပင် သူတို့အား အရမ်းကြီးသဘောမကျတော့ပါ။
"ကောင်းပြီ၊ ထပ်ပြောနေတာက အသုံးမ၀င်ဘူး၊ မင်းတို့မှာရှိတာတွေကို ငါမကြိုက်ဘူး"
လုချန်ရှန်း ပြောပြီးနောက် လက်ကို မြှောက်ကာ ဟင်းလင်းပြင်အား ညွှန်ပြသည်။
ရုတ်တရက် သူ့လက်ဖဝါးပေါ်၌ ဓားတစ်လက်ပေါ်လာခဲ့သည်။
ချီရှာဒေါင်နှင့်ကျန်သောသူများက ရုန်းကန်ရင်း သေသည်အထိ တိုက်ပွဲ၀င်ချင်ကြသည်။
သို့စေကာမူ ဒီမမြင်ရသည့်ကန့်သတ်ချက်က သူတို့ကို ကန့်သတ်ထားပြီး မည်သည့်ကျင့်ကြံခြင်းနည်းစနစ်ကိုမှ သုံးလို့ မရတော့တာကို တွေ့လိုက်ရသည်။
လုချန်ရှန်း ဓားနှင့်ဖြတ်တောက်ပစ်သည်။
ဘန်း......!
မူလပြင်ဆင်ထားသည့်လေဟာနယ်က ဒီအခိုက်အတန့်၌ ထပ်မံပြိုကွဲသွားပြန်သည်။
ဧရာမဓားချီက ကမ္ဘာကြီးထဲသို့ ညတာယံက တောက်ပသည့်လတစ်စင်းပမာ လင်း၀င်းလာပြီး တစ်ဘက်လူအား မီးမောင်းထိုးပြသည်။
ဒီဓားချီအမျှင်စက ကောင်းကင်ကို ဖြတ်တောက်နိုင်သလို၊ ပင်လယ်ကို ဖြည့်ဆည်း၊ တောင်များကိုလှန်ကာ မြို့များကိုပင် ဖျက်ဆီးပစ်နိုင်ပုံရသည်။
ကမ္ဘာပေါ်၌ မဖြတ်တောက်နိုင်သည့် အရာဟူ၍ ဘာတစ်ခုမှ မရှိသည့်အလားပင်။
တစ်ခဏအကြာတွင် တျန်ကျင်းကုန်သည်များအသင်းက လူသုံးယောက်၊ ချီရှာဒေါင်ရှိသည့်ငရဲဂိုဏ်းနှင့် ချီရှာဒေါင်တို့က တိုက်ရိုက် အသတ်ခံရသည်။
မြင့်မြတ်အဆောင်ဂိုဏ်း၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၊ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ငရဲဂိုဏ်းနှင့် ရန်ငြိုးရန်စရှိသည့် တစ်ချို့ဂိုဏ်းများက စိတ်သက်သာရာရစွာ သက်ပြင်းချကြသည်။
ဒီတစ်ကြိမ်တွင် ငရဲဂိုဏ်း၏ အကြွင်းအကျန် ဂိုဏ်းသားများကို ရှင်းလင်းပစ်သရွေ့ ငရဲဂိုဏ်းက လုံး၀သေဆုံးသွားပေလိမ့်မည်။
သို့စေကာမူ သူတို့ဒီအကြောင်းကို တွေးနေစဉ်မှာပင် လုချန်ရှန်း ရုတ်တရက် ကောင်းကင်သို့ လက်ညိုးထိုးလိုက်သည်။
အဆုံးမဲ့ပင်လယ်ဒေသ၏ အရှေ့ပိုင်း၌ ပေါက်ကွဲသံတစ်သံက ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်သွား၏။
လူတိုင်းအထိတ်တလန့် ကြည့်လိုက်ကြသည်။
ဒါ...ဒါက ငရဲဂိုဏ်းရှိတဲ့နေရာမလား!
သို့စေကာမူ သူတို့တွင် တွေးတောရန်အတွက်ပင် အချိန်မရှိပါ။
အဝေးတစ်နေရာ၌ ချင်းရွှမ်ရာယောင်၊ ကုရှောင်မှင့် မိုချီရွှမ်းတို့က ထိုနေရာ၌ပင် သေဆုံးသွားရပြီး သူတို့ကိုယ်များမှ ဝိဉာဉ်သုံးခုထွက်လာသည်။
ထို့နောက် ဧရာမပုံရိပ်တစ်ခုအဖြစ် သိပ်သည်းကာ ဒီကမ္ဘာပေါ်သို့ ဆင်းသက်လာသည်။
"မင်းကဘယ်သူလဲ၊ မင်းငါ့အစီအစဉ်ကို ဘယ်လိုလုပ် ဟန့်တားရဲတာလဲ...."
အပိုင်း(846) coming။