#လျိုကျိယု၊ မင်းပိုပြီးယဉ်ကျေးနိုင်မလား#
Vol. 60 Ch. 846
ချင်းရွှမ်ရာယောင်၊ မိုချီရွှမ်းနှင့် ကုရှောင်တို့သေဆုံးသွားသည့်အခိုက်တွင် ဝိဉာဉ်အလင်းလုံးသုံးလုံးက သူတို့၏အလောင်းများကနေ ထွက်လာပြီး လုချန်ရှန်းရှေ့တွင် ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွား၏။
ထိုပုံရိပ်ကို အဖြူရောင်အလင်းက လွှမ်းခြုံထားပြီး သူ့ရုပ်နှင့်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ဒီဝိဉာဉ်စွမ်းအားကတော့ အတော်လေးထူထဲသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်၊ စုမုယောင်နှင့် လင်းကျိနန်တို့ ကြက်သေသေသွားကြသည်။
ဒီရင်းနှီးနေသည့်ဝိဉာဉ်စွမ်းအားက သူတို့ကို အလွန်အင်မတန်ရင်းနှီးသည့် ခံစားချက်တစ်ခုကို ပေးနေသည်။
လင်းကျိနန် လေးနက်စွာပြောသည်။
"ဒါက သေမင်းဝိဉာဉ်မြို့နောက်ကွယ်က ဉာဏ်ကြီးရှင်ပဲ....."
စုမုယောင်ကလည်းခေါင်းညိတ်သည်။
"အရင်က အဲလူက သေမင်းဝိဉာဉ်မြို့ရဲ့ နေရာတိုင်းမှာပျံ့နေတယ်တဲ့၊ ကြည့်ရတာ ဒီဆန်းကြယ်တဲ့လျှို့ဝှက်ကျင့်ကြံသူသုံးယောက်ကို သေမင်းဝိဉာဉ်မြို့က ရွေးချယ်ခဲ့ပြီး သူတို့အဲဒီလူရဲ့အခြေအနေတွေကို လက်ခံလိုက်ပုံရတယ်"
အရင်က သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးစစ်ဆေးရေးဂိတ်တွင် ဆုလာဘ်က ဒီကြီးမားသည့်ဝိဉာဉ်ကို စုပ်ယူခြင်းပင်။
ထိုဝိဉာဉ်ခန္ဓာများအတွင်း သေမင်းဝိဉာဉ်မြို့နောက်ကွယ်က ဉာဏ်ကြီးရှင်က စိတ်ဝ်ဉာဉ်အမှတ်အသားတစ်ခုစီ ချမှတ်ထားသည်။
ထို့ကြောင့် ဒီဝိဉာဉ်ကို ဂရုမစိုက်ဘဲ စုပ်ယူလိုက်မိတာနှင့် ဝိဉာဉ်အမှတ်အသားတစ်ခုအား စိုက်ပျိုးခြင်းခံရလိမ့်မည်။
ထိုအချိန်ကစပြီးလှုပ်ရှားမှုအားလုံးကလည်း ဒီလူ၏ကန့်သတ်ခြင်းကို ခံရမည်သာ။
ရွေးချယ်စရာဟူ၍မရှိတော့ဘဲ သေမင်းဝိဉာဉ်မြို့နောက်ကွယ်က ဒီလူ၏ဆန္ဒများကိုသာ လိုက်နာရပေတော့မည်။
ဥပမာအားဖြင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အုပ်ချုပ်ခြင်းပင်။
၎င်းနောက်တွင် သေမင်းဝိဉာဉ်မြို့နောက်ကွယ်က ဉာဏ်ကြီးရှင်၏ ရုပ်သေးဖြစ်လာမည်ဖြစ်ကာ သူ့၏သနားကရုဏာအတွင်း ရှိနေရပေတော့မည်။
အဖြူရောင်အလင်းထဲက ပုံရိပ်က လုချန်ရှန်းကိုကြည့်ပြီးမေးသည်။
"မင်းလုပ်ခဲ့တာလား"
သို့စေကာမူ လုချန်ရှန်း ချက်ချင်းပင် ခေါင်းခါယမ်းပြီး ငြင်းလိုက်သည်။
"ငါမဟုတ်ဘူး၊ ငါကဖြတ်သွားရုံပဲ"
ယဲ့ချိုးပိုင်နှင့်တခြားသူများ "....."
စုမုယောင် "....."
လင်းကျိနန် "....."
ဇီရှန်း "....."
အလယ်အလတ်အဆင့်ကြယ်နယ်မြေက စွမ်းအားရှင်များ "....."
ဒီစီနီယာရဲ့ပင်ကိုယ်စရိုက်က....နည်းနည်း ထူးဆန်းမနေဘူးလား!
ဇီရှန်း ရှီရှန်းကို ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။
သို့သော် ရှီရှန်းလက်ဝှေ့ယမ်းကာ အကူအညီမဲ့စွာပြောသည်။
"ခင်ဗျား ဒါကိုကျင့်သားရသွားမှာပါ"
သို့သော် လူတိုင်း၏အမူအရာကို မြင်သောအခါ၊ လုချန်ရှန်းအနီးက ဓားချီကို အာရုံခံမိသောအခါ အဖြူရောင်အလင်းထဲက ပုံရိပ်က ဘာဖြစ်နေတယ်ဆိုတာကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။
သူ့အသံကမကြည်မလင်ဖြစ်သွားသည်။
"မင်းဘယ်လိုလုပ်ငါနဲ့ ကစားရဲရတာလဲ"
ထိုနေရာ၌ အဖြူရောင်အလင်းထဲတွင် လုချန်ရှန်းကို ၀န်းရံနေသည့် ဝိဉာဉ်စွမ်းအားတစ်ခုရှိသည်။
ဒါက သူ့ကိုအနည်းငယ် အံ့ဩသင့်စေပြီး စိတ်ရှုပ်သွားစေသည်။
အကြောင်းရင်းက လုချန်ရှန်း၏ ကျင့်ကြံခြင်းအဆင့်ကို သူမမှန်းဆနိုင်သောကြောင့်ပင်။
ပြီးတော့ ဒီလိုဓားဆန္ဒနဲ့လူတစ်ယောက်က ဘယ်လိုလုပ် သေမျိုးတစ်ယောက်ဖြစ်နိုင်မှာလဲ!
"မင်းဘယ်သူလဲ"
လုချန်ရှန်းက သူပင်လျှင်နားမလည်နိုင်သည့် ဖြစ်တည်မှုတစ်ခုပင်။
သို့စေကာမူ ဒါက ဒီလူသူကင်းမဲ့သည့်မြေ၌ ပေါ်ပေါက်လာနိုင်သည့် အရာတစ်ခုမဟုတ်ပါ။
ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိတော့သည်။
သူကလည်း သူ့ကဲ့သို့ပင် အထက်ကမ္ဘာက ဖြစ်သည်။
ဒါပေမယ့် အထက်ကမ္ဘာကလူတွေက ကြီးကြပ်ရေးဗိမာန်ရဲ့ ထိန်းချုပ်မှုအောက်မှာ အဆင့်နိမ့်နယ်မြေထဲမှာ ဘယ်လိုလုပ် တိုက်ခိုက်နိုင်တာလဲ!
သူပင်လျှင် တိုက်ခိုက်ရန်ပဏာမခြေလှမ်း မလှမ်းခဲ့ဘဲ ကြီးကြပ်ရေးဗိမာန်၏ စွမ်းအားကို ငှားယူပြီး ဗိမာန်၏သူလျှိုများကနေတဆင့် ကျော်ဖြတ်ခဲ့ရသည်။
လုချန်ရှန်းပြုံးသည်။
"ငါကဘယ်သူလဲ၊ ဟုတ်လား၊ ငါက လျိုကျိယုပဲ"
လုချန်ရှန်းနှင့်တခြားသူများ "...."
အဖြူရောင်အလင်းထဲက ပုံရိပ်က နှာခေါင်းရှုံ့သည်။
"လျိုကျိယုလား၊ လျိုမိသားစုက အဲဒီကလေးက အမှောင်ပိုင်နက်က ကြယ်ငါးပွင့်ကွပ်မျက်သူဆိုပေမယ့် ငါသူ့ကို အရင်က မြင်ဖူးတယ်"
(သင်းအုပ်ဆရာအစား ကွပ်မျက်သူလို့သုံးပါမယ်)
အာ၊ မဟုတ်ဘူး၊ ငါအရမ်းအလွန်အကျွံ လုပ်မိသွားပြီ၊ ဒီကောင်က အရင်က လျိုကျိယုကို တကယ်မြင်ဖူးတာပဲဟ!
"ဒါပေမယ့် ငါ့အစီအစဉ်တွေကို ဟန့်တားခြင်းရဲ့ အကျိုးဆက်တွေကို မင်းတွေးမိလား"
ထိုနေရာ၌ ဧရာမဝိဉာဉ်စွမ်းအားက အလင်းဖြူထဲက ဧရာမလက်ဖဝါးကြီးတစ်ခုအဖြစ် သိပ်သည်းသွားပြီး အဆုံးမဲ့ပင်လယ်ဒေသအထက်တွင် လွင့်မြောနေသည်။
ထို့နောက် အဆုံးမဲ့ပင်လယ်ဒေသတစ်ခုလုံးက သူ့လက်ထဲတွင် ရှိနေသကဲ့သို့ လုချန်ရှန်းအား ဖိလာသည်။
လုချန်ရှန်းဒါကိုမြင်သောအခါ လက်ချောင်းဖြင့် ညွှန်လိုက်စဉ် ဓားချီကပစ်လွှတ်သွား၏။
ဓားရှည်တစ်လက်က လေကိုဖြတ်ပြီး ဧရာမလက်ဖဝါးကြီးအား ထိုးဖောက်ပစ်သည်။
ဧရာမလက်ဖဝါးကြီး ပျောက်ကွယ်သွားသည့် အချိန်တွင် လုချန်ရှန်း၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူ့တည်နေရာကို အာရုံခံနိုင်ရန်ပင် အချိန်ဘဲ အဖြူ၀တ်လူ၏ပုံရိပ်က အလင်းဖြူရှေ့တွင် ပေါ်လာပြီး လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ရုတ်ချည်းဆိုသလို အလင်းဖြူဝိဉာဉ်ကိုယ်ထည်က စတင်အဓိကရုဏ်းဖြစ်လာသည်။
သူက အဆုံးမဲ့ဒေါသကို ဖိနှိပ်ထားရသည့်အလား အလွန်အမင်းစိတ်မချမ်းမြေ့ဖွယ်ရာ အသံတစ်သံကို ထုတ်လွှတ်သည်။
"ငါပြန်သွားတဲ့အခါကျရင် မင်းခြေရာတွေကို ရှာဖို့ တတ်နိုင်သမျှအကောင်းဆုံး ကြိုးစားမယ်၊ အဲဒီအချိန်ကျရင် မင်းကို ငါသတ်ပစ်မယ်"
လုချန်ရှန်းမေးသည်။
"ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အင်အားစုတွေနဲ့ယှဉ်မယ်ဆိုရင် မင်းရဲ့အင်အားစုက ဘယ်လိုလဲ"
အသံက အံ့ဩသင့်သွားတာ ရှင်းနေသည်။
ထို့နောက်သူပြောသည်။
"မင်းက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့ ရင်းနှီးတာလား၊ ငါ...."
သို့စေကာမူ သူပြော၍မပြီးသေးခင်မှာပင် လုချန်ရှန်းလက်ဖဝါးကို ကွေးလိုက်သည်။
ဓားတာအိုနိယာမက သူ့လက်ဖဝါးပေါ်၌ ပေါ်လာပြီး ဒီဧရာမဝိဉာဉ်ကိုယ်ထည်ကို ထိုးဖောက်ကာ ဖျက်ဆီးပစ်ပြီး ခြေရာလေးတစ်ခုပင် မကျန်ခဲ့ပါ။
တစ်ဘက်လူ၏ လေသံကနေ သူက ကျောက်စိမ်းရေကန်အင်မော်တယ်ကို အနည်းငယ် ကြောက်နေတာ ရှင်းနေသည်။
ဒီလိုဆိုပါက သူ့ခွန်အားက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်အထက်တွင် ရှိမည်မဟုတ်။
ဒီကနေတဆင့် ဒီလူနောက်က စွမ်းအားက အရမ်းကြီးမကြီးမားတာကို မြင်နိုင်သည်။
လုချန်ရှန်းဝိဉာဉ်တစ်ခုကို ဖမ်းကိုင်ပြီး ခြေရာခံရန် ကြိုးစားသည်။
သို့စေကာမူ ဒီဝိဉာဉ်အပိုင်းအစကိုသုံးရင်း သူခြေရာခံရန် ကြိုးစားစဉ် ဒီဝိဉာဉ်ကိုယ်ထည်က ပင်မခန္ဓာကနေ ခွဲထွက်သွားတာကို သူသိလိုက်ရသည်။
ခြေရာခံရန်အတွက် မည်သည့်နည်းလမ်းမှမရှိပါ။
လုချန်ရှန်းတွေးလိုက်မိသည်။
သူ အာကာသနှလုံးသားအတွက် တိုက်ခိုက်ရန် အဆင့်မြင့်ကြယ်နယ်မြေသို့ သွားသောအခါ ဒီလူ၏ဂိုဏ်းကို ဖျက်ဆီးပစ်ရပေတော့မည်။
မဟုတ်ပါက ဒီပြဿာနာက အချိန်အကြာကြီး ကျန်ရှိနေမည်သာ။
မတော်တဆတစ်ခုခု ဖြစ်ပျက်လာပါက သိပ်အဆင်ပြေမည်မဟုတ်။
ဒါကိုတွေးမိသောအခါ လုချန်ရှန်း ဝိဉာဉ်အပိုင်းအစကို ကျောက်စိမ်းဆွဲသီးထဲတွင် သိုလှောင်ထားလိုက်သည်။
ဒါအားလုံးကို လုပ်ပြီးသောအခါမှသာ သူလှည့်လာခဲ့သည်။
သို့သော် လူတိုင်းက လုချန်ရှန်းကို အထိတ်တလန့်ကြည့်နေကြပြီး တစ်ချိန်တည်းမှာပင် ဆွံအနေကြ၏။
သူ့နာမည်က လျိုကျိယုမဟုတ်ဘူးလား၊ ဒီလိုအစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ် သူ့နာမည်နဲ့ပတ်သက်ပြီး လိမ်နိုင်ရတာလဲ!
ဇီရှန်းလည်း ရယ်မောလိုက်မိသည်။
"ထင်ထားတဲ့အတိုင်းပဲ ကျွမ်းကျင်သူတွေရဲ့ စိတ်နေစိတ်ထားတွေက ခန့်မှန်းလို့မရဘူး.."
ထိုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ ဟောင်ကျန်းဟန်နှင့် ကျန်သောသူများက ရှေ့တိုးပြီး လုချန်ရှန်းအား ဦးညွတ်ကြသည်။
"စီနီယာရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ငါက ငါ့ရဲ့ဘာမှမတတ်နိုင်တဲ့ တပည့်တွေကို ကူညီပေးရုံပါပဲ၊ မင်းတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
သူ့အသံနှင့် အမူအရာက သူတို့ကို ဘယ်လောက်ထိ စက်ဆုပ်အထင်မြင်သေးသလဲဆိုတာကို ပြသနေသည်။
သူကပါ၀င်ပတ်သက်ရန် ကြောက်နေသည့်အလားပင်။
ထို့နောက် လုချန်ရှန်းသူတို့ကို လျစ်လျူရှုပြီး တစ်ချက်လင်း၀င်းသွားစဉ် သူ့ပုံရိပ်က ယဲ့ချိူးပိုင်နှင့်တခြားသူများရှေ့သို့ ရောက်လာသည်။
"ငါ့မှာလုပ်စရာနစ်ခုရှိသေးတယ်၊ ငါအခုအဆင့်မြင့်ကြယ်နယ်မြေကို သွားတော့မယ်၊ ဒီမှာပဲဆက်ပြီးကျင့်ကြံနေကြ"
"မင်းတို့ မြေအင်မော်တယ်နယ်ပယ်ကို ရောက်ပြီးတဲ့အခါကျရင် ငါမင်းတို့ကို နေရာတစ်ခုကို ခေါ်သွားပေးမယ်"
ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများက လက်နှစ်ဖက်ဆုပ်ကာ သဘောတူလိုက်ကြ၏။
"ပြီးတော့....." လုချန်ရှန်း ယဲ့ချိုးပိုင်ကို လှမ်းကြည့်လိုက်၏။
"ကောင်စုတ်လေး၊ ငါပြန်လာမှ မင်းကို ကိုင်တွယ်မယ်"
ယဲ့ချိုးပိုင်၏ အေးဆေးဖြီးပြုံးနေသည့် အပြုံးက ရုတ်ချည်းအေးခဲသွား၏။
ယဲချိုးပိုင် မငြင်းခံနိုင်ခင်မှာပင် လုချန်ရှန်း သူရှိရာနေရာကနေ ပျောက်သွားသည်။
ဒီကိစ္စပြီးသွားသောအခါ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ တည်ဆောက်မှုကလည်း လုံး၀ပြောင်းလဲသွားခဲ့သည်။
မည်သူကမှ လုချန်ရှန်း၏ အောင်မြင်မှုများအကြောင်းကို မပြောဆိုရဲပေ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ရန်စစော်ကားလို့မရဘူးဆိုတာ ဒီဂိုဏ်းများ၏ ထိပ်တန်းကျွမ်းကျင်သူများကလည်း သိလိုက်ကြသည်။
အပိုင်း(847) coming။