← Chapters

#‌မစ္စတာ၏ဟောပြောချက်#

Vol. 60 Ch. 848

#‌မစ္စတာ၏ဟောပြောချက်#

Vol. 60 Ch. 848

ငရဲဂိုဏ်းဖျက်ဆီးခံရမှုက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားခဲ့သည်။

ဒါကထိတ်လန့်စရာကောင်းသော်လည်း တစ်ချိန်တည်းမှာပင် ‌ပဟေဠိဖြစ်ဖွယ်ကောင်းသည်။

ဘယ်သူကများ အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုအားလုံးကို တဒိန်းဒိန်းခုန်စေခဲ့သည့် ကြီးမားသည့် ငရဲဂိုဏ်းကို သတ်ပစ်ခဲ့လေသနည်း။

ဘာတစ်ခုမှမသိကြသည့် အင်အားစုများက အချိန်အကြာကြီး စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း ဘာသဲလွန်စမှ မတွေ့ခဲ့ပေ။

ငရဲဂိုဏ်းဖျက်ဆီးခံရပြီး ရက်အနည်းငယ်အကြာတွင် အဆုံးမဲ့ပင်လယ်ဒေသက ငြိမ်းချမ်းရေးပြန်ရသွားသည်။

လူတိုင်းက အမွေအနှစ်မြေများကို ဆက်လက်ရှာဖွေနေကြသည်။

မဟုတ်ပါက အဆုံးမဲ့ပင်လယ်ဒေသက နတ်ဆိုးသားရဲများ အလယ်ပိုင်းဒေသ၏ အရှေ့ပိုင်းကို ပြန်လာပါက အခွင့်အရေးရှိတော့မည်မဟုတ်။

စံအိမ်တော်ကလူများအတွက်မူ သူတို့ဆရာ၏ စကားလုံးများအရ သူတို့၏လက်ရှိပန်းတိုင်က မြေအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ရန်ပင်။

အဆုံးမဲ့ပင်လယ်ဒေသက အမွေအနှစ်သဲလွန်စများအတွက်မူ သူတို့အတွက် အသုံး၀င်သည့် အမွေအနှစ်တစ်ခု ရှိနေသရွေ့ သူတို့ကို သဲလွန်စများ အခမဲ့ပေးမည်ဟု ဇီရှန်းပြောခဲ့သည်။

ဒါက ကောင်းကင်ဘုံရွှေလက်မှတ်ကို ပိုင်ဆိုင်ထားရခြင်း၏ အထူးအခွင့်အရေးပေတည်း။

ဒီအာမခံချက်နှင့်အတူ စံအိမ်တော်ကလူများက သေမင်းဝိဉာဉ်မြို့သို့ ဦးတည်လိုက်ကြ၏။

သေမင်းဝိဉာဉ်မြို့၌ ကြယ်စွမ်းအားဖြင့် ပြည့်နေသည့် ကြယ်စင်စုတစ်ခုရှိသဖြင့် ဒါကို ရှီရှန်းစုပ်ယူနိုင်ပေသည်။

ဒါကိုစုပ်ယူပြီးနောက် ရှီရှန်း၏ခွန်အားက ထပ်မံတိုးတက်လာလောက်သည်။

.....

လုချန်ရှန်း သေမျိုးကျေးရွာကို ပြန်ရောက်လာသောအခါတွင်ပင် အာကာသနှလုံးသား ကမ္ဘာကြီးထဲတွင် မပေါ်ပေါက်လာခဲ့ပေ။

လုချန်ရှန်းတစ်ယောက် သေမျိုးကျေးရွာတွင် နေပြီးအနားယူရန်ကလွဲ၍ တခြားရွေးချယ်စရာမရှိတော့ပါ။

"သူတို့ဘာဖြစ်ခဲ့တာလဲ"

ဘေးက ဟွမ်ချင်း သိချင်စိတ်ဖြင့်မေးသည်။

"သူတို့တခြားဂိုဏ်းတွေကို ထပ်ပြီး ရန်စစော်ကားမိခဲ့ပြန်တာလား"

လုချန်ရှန်းနှင့် မစ္စတာတို့က လက်ဖက်ရည်သောက်နေကြပြီး လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"ဒီတကြိမ်တော့ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက ပြဿာနာဖြစ်ခဲ့တာ"

"ငါသာဒါကိုစောစောသိမယ်ဆိုရင် မင်းနဲ့ လျိုကျိယုကို သွားခွင့်ပေးခဲ့မှာ"

မျက်လုံးများမှိတ်ကာ အနားယူနေသည့် လျိုကျိယု၏ နှုတ်ခမ်းများပင် တုန်ယင်သွား၏။

ဟူး....!

ဒါဘယ်တုန်းကစခဲ့တာလဲ!

အမှောင်နယ်မြေ၏ ဂုဏ်သရေရှိ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ဦးအဖြစ် သူက သွားလေရာတွင် လေးစားခံရသူဖြစ်သည်။

သို့စေကာမူ ယခုသူက ကိရိယာတန်ဆာပလာတစ်ခု ဖြစ်လာခဲ့သည်။

ကမ္ဘာကြီးက တကယ်ပင် ခန့်မှန်း၍မရပေ။

မစ္စတာ သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် အနည်းငယ် အံ့ဩသင့်သွားသည်။

သူ့အမြင်ကနေ လျိုကျိယုနှင့် ဟွမ်ချင်းတို့က ဘယ်သူလဲဆိုနာ သူပြောနိုင်ပါသည်။

မျှော်လင့်မထားစွာပင် နတ်ဖီးနစ်သွေးကြောကို အသက်သွင်းပြီးပြီဖြစ်သည့် နတ်ဖီးနစ်၏ သားစဉ်မြေးဆက်က လုချန်ရှန်းနောက်က စိတ်ပါလက်ပါ လိုက်ပါလာသည်။

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူ လျိုကျိယုကလည်း အလားတူပင်။

ဒါကတကယ်ကို ထူးခြားသည်။

ကံဆိုးစွာပင် ဒါက ဟောကိန်းထဲက ရွေးချယ်ထားတာနှင့် မတူပေ။

ဟောကိန်းထဲတွင် ရွေးချယ်ခံရသူက တစ်ဦးတည်းမဟုတ်ပါ။

တစ်ချိန်တည်းမှာပင် ဒီလူများက ဂိုဏ်းတစ်ဂိုဏ်းတည်းကလာပြီး မတူညီသည့် မဟာတာအိုအသီးသီးကို ကျင့်ကြံကြမည်ဟု ဟောကိန်းက ဆိုထားသည်။

ဒါကိုတွေးမိသောအခါ မစ္စတာအနည်းငယ် ခေါင်းခါယမ်းရင်းထရပ်သည်။

"ကောင်းပြီ၊ အခုကျေးရွာထဲက ကလေးတွေကို သင်ပေးဖို့ အချိန်ကျပြီ၊ မင်းရော ဘာလို့နားမထောင်ရတာလဲ၊ တကယ်လို့ အမှားအယွင်းတစ်ခုခုရှိရင် မင်းငါ့အတွက် အမှန်ပြင်ပေးလို့ ရတာပဲလေ"

သေမျိုးကျေးရွာက တခြားသူများကသာ မစ္စတာပြောတာကို ကြားမည်ဆိုပါက သူတို့ထိတ်လန့်သွားကြပေလိမ့်မည်။

မစ္စတာက တကယ်ပဲ လုချန်ရှန်းကို သူ့ကို အမှန်ပြင်ပေးဖို့ တောင်းဆိုတာလား!

သို့စေကာမူ လုချန်ရှန်းဒါကိုကြားသောအခါ မစ္စတာဟုခေါ်သည့်လူက သေမျိုးကျေးရွာက ကလေးတွေကို ဘယ်လိုသင်ခန်းစာတွေ ပို့ချမလဲဆိုတာ သူသိချင်သွားသည်။

ဒီလိုကျင့်ကြံခြင်းကမ္ဘာတွင် ဘယ်လိုကျင့်ကြံရမလဲဆိုတာကို မသိပါက တခြားဘာများ ပြောစရာရှိသေးဦးမည်နည်း။

ဒါက တရုတ်စာနဲ့ သင်္ချာသင်ပေးတာလား!

ဒါ့အပြင် ဒါကနားထောင်ရုံပဲလေ၊ အကြောင်းရင်းနဲ့ အကျိုးဆက်နဲ့ ဒါက ဘယ်လိုလုပ် ဆက်စပ်နိုင်မှာလဲ!

ဒါကိုတွေးမိသောအခါ လုချန်ရှန်းခေါင်းညိတ်ရင်း မစ္စတာနှင့်အတူ ဝါးအိမ်ထဲသို့ သွားလိုက်သည်။

ထိုအချိန်တွင် ဝါးအိမ်လေးထဲတွင် ကလေးနှစ်ဆယ်ကျော်နှင့် ပြည့်နေလေပြီ။

ဒီကလေးများက ကျောက်တုံးလေးနှင့် ရွယ်တူလောက်ရှိသည်။ ကျောက်တုံးလေးကလည်း သူတို့အကြားတွင် ထိုင်နေသည်။

ဝါးအိမ်လေး၏ အလှဆင်မှုက အရမ်းရိုးရှင်းသည်။

ကလေးများက ဝါးကြမ်းခင်း၌ ခြေချင်းချိတ်ထိုင်ပြီး သူတို့ရှေ့တွင် သစ်သားစားပွဲလေးတစ်လုံးစီရှိသည်။ မစ္စတာက သူတို့ရှေ့တွင် ရပ်သည်။

လုချန်ရှန်း ဘယ်နေရာတွင် ထိုင်ရမလဲ မသိသဖြင့် အပြင်သို့ပြေးပြီး လဲလျောင်းသည့်ခုံကိုဆွဲယူပာ ညာဘက်ရှေ့တည့်တည့်တွင် လှဲလိုက်၏။

ဟွမ်ချင်းနှင့် လျိုကျိယုတို့က ဘေးတွင် ရပ်နေကြသည်။

ကလေးများက လုချန်ရှန်းကို ကြည့်ပြီး သိချင်စိတ်နှင့်မေးကြသည်။

"ကျောက်တုံးလေး၊ သူကမင်းရဲ့ဆရာလား"

ကျောက်တုံးလေး ခေါင်းညိတ်သည်။

"သူမင်းအတွက် သကြားလုံးတုတ်ထိုး၀ယ်ပေးလား"

ကျောက်တုံးလေး လက်အစုံကို ခါးတွင်ထောက်ပြီး ‌ခေါင်းမော့ကာ ဂုဏ်ယူစွာ နှာခေါင်းရှုံ့ရင်း ခေါင်းညိတ်သည်။

လုချန်ရှန်း၏ မျက်လုံးထောင့်စွန်းများပင် တုန်ယင်သွားရသည်။

ဒီကောင်စုတ်လေးက...တကယ်မိုက်တယ်ဟ!

ကျောက်တုံးလေး၏ မာနတရားကို ဖိနှိပ်ရန်အတွက် လုချန်ရှန်း ကျောက်တုံးလေးကို အနည်းဆုံးတော့ တစ်လနီးပါး သကြားလုံးတုတ်ထိုးမဝယ်ပေးရန် ဆုံးဖြတ်လိုက်၏။

မစ္စတာအနည်းငယ် ချောင်းဟန့်သည်။

ချက်ချင်းဆိုသလို ဆူညံနေသည့် ကလေးများက ငြိမ်သက်သွားကြသည်။ ကျောက်တုံးလေးပင်လျှင် အတူတူဖြစ်သည်။

ဒါကို ဘယ်လိုအောင်မြင်ခဲ့သလဲဆိုတာကို နောက်ပိုင်း မစ္စတာကိုမေးသင့်သည်ဟု လုချန်ရှန်းတွေးနေသည်။

သူဘယ်လိုလုပ် ကျောက်တုံးလေးကို ဒီလောက်နာခံအောင် လုပ်နိုင်ခဲ့တာလဲ!

"ကောင်းပြီ" မစ္စတာ စင်အောက်က ကလေးငယ်များကို ကြည့်ပြီးပြောသည်။

"မင်းတို့ ငါပေးထားတဲ့ အိမ်စာလုပ်ပြီးကြပြီလား"

မစ္စတာစကားပြောပြီးသည့် အခိုက်အတန့်၌ ကျားတစ်ကောင်နှင့်တူသည့် ကောင်လေးတစ်ယောက်က လက်မြှောက်လိုက်သည်။

"မစ္စတာ၊ ကျွန်တော် တောင်နောက်မှာ သစ်တုံးတစ်ရာခုတ်ခဲ့ပါတယ်"

မစ္စတာမေးသည်။

"မင်းသစ်မြစ်တွေကို ထိခိုက်အောင် လုပ်မိသေးလား"

လူငယ်လေးကပြုံးသည်။

"မလုပ်ခဲ့ပါဘူး၊ ကျွန်တော် မစ္စတာပြောတဲ့အတိုင်းလုပ်ပြီး အမြစ်ကို ချန်ထားခဲ့ပါတယ်"

မစ္စတာခေါင်းညိတ်သည်။

ထို့နောက်တွင်မူ ကလေးများ၏ အဖြေများကို ကြားရပြီးနောက် ဟွမ်ချင်းရော လျိုကျိယုတို့ပါ အံ့ဩသင့်သွားကြ၏။

လုချန်ရှန်းပင်လျှင် မျက်လုံးဖွင့်လိုက်မိသည်။

တစ်ချို့က သူတို့ငါးမျှားရန်သွားသည်ဆိုကြပြီး တစ်ချို့ကလယ်ကွင်းထဲ သွားကြသည်။ တစ်ချို့ကမူ သူတို့မိသားစု၏ ကြိတ်စက်၌ ကူညီပေးသည်ဟု ပြောကြသည်။

သို့စေကာမူ ဒါတွေထဲကတစ်ခုမှ ကျင့်ကြံခြင်းနှင့် မသက်ဆိုင်ပေ။

ဒါတွေအားလုံးကို သေမျိုးများသာလုပ်ကြသည်။ ဒါက သေမျိုးကျေးရွာက သေမျိုးတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုလိုနေတာလား!

ထို့နောက် မစ္စတာပြောတာတွေက ဟွမ်ချင်းနှင့် လျုကျိယုတို့ကို အနည်းငယ် အံ့ဩသင့်သွားစေသည်။

သူတို့က သေမျိုးကိစ္စများတွင်သာ ပါ၀င်ကြသည်။ ဒီလိုဆိုပါက သေမျိုးကျေးရွာက အဆင့်မြင့်ကြယ်နယ်မြေ၌ နတ်သခင်အဆင့်ဂိုဏ်းများပင်လျှင် လေးစားမှုတစ်ချို့ ပြသရန် လိုအပ်သည့် နေရာတစ်ခု ဖြစ်လာနိုင်လေသနည်း။

လုချန်ရှန်းဒါကိုမသိပေ။ မစ္စတာ၏ စကားလုံးများကနေ ရိုးစင်းမှုသဘောတစ်ခုကို သူခံစားနေရသည်။

လုချန်ရှန်း ကြားနိုင်သော်လည်း ဘာတိုးတက်မှုမှ မလုပ်ခဲ့ပေ။

ထိုအချိန်တွင် မစ္စတာရုတ်တရက်မေးသည်။

"မင်းတို့အတန်းထဲမှာ ရှိနေတာ အတော်ကြာပြီဆိုတော့ မင်းတို့ကို မေးခွန်းတစ်ခုမေးဖို့ အချိန်ကျပြီ"

"လောကီရေးရာတွေကနေ ရှောင်ဖယ်ပြီး မြို့ရိုးမြေကို ကာကွယ်ခြင်း"

"အာဏာနဲ့ အသက်ရှည်မှုအတွက် တိုက်ခိုက်ခြင်းနဲ့ ယှဉ်ပြိုင်ခြင်း"

"ဘယ်လမ်းကို မင်းတို့ရွေးကြမလဲ"

ဒါကိုကြားသောအခါ ဟွမ်ချင်းနှင့် လျိုကျိယုတို့ ကြက်သေသေသွားကြ၏။

ဒီလိုကလေးငယ်လေးတွေက ဒါတွေအားလုံးကို နားလည်နိုင်တာလား!

သို့စေကာမူ သူတို့မျှော်လင့်မထားတာက ကလေးငယ်နှစ်ဆယ်ကျော်က အလေးအနက်ပင် ‌စဉ်းစားမနေပေ။ သူတို့မျက်နှာ၌ သူတို့နားမလည်နိုင်တာကို အရိပ်အမြွက်ပြသည့် ရှုပ်ထွေးနေသည့်အမူအရာများပင် မရှိပါ။

မစ္စတာက အလျင်မလိုပေ။ ယင်းအစား လုချန်ရှန်းကို ကြည့်ရင်း အပြုံးဖြင့်မေးသည်။

"တာအိုမိတ်ဆွေလေးလု၊ မင်းရဲ့ရွေးချယ်မှုကဘာလဲ"

လုချန်ရှန်း လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ထားပြီး ခပ်ပေါ့ပေါ့ပင်ပြောသည်။

"ဒီနှစ်ခုကြားမှာ ရွေးချယ်စရာမလိုဘူး"

"အိုး၊ ဒါကမင်းအတွက် ဘယ်လိုအလုပ်ဖြစ်တာလဲ" မစ္စတာမေးသည်။

လုချန်ရှန်းထူးမခြားနားစွာပင်ပြောသည်။

"ခင်ဗျား မြို့ရိုးမြေနဲ့ အာဏာရဲ့သက်တမ်းရှည်မှုကို ဖော်ပြခဲ့တော့ ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ အခြေခံဖြစ်ရမယ်"

"ဒီလိုဆိုရင် မြို့က အစွမ်းထက်မွေးရာပါ ပါရမီရှင်တစ်ယောက်ရဲ့ ထောက်ပံ့မှုကို လိုအပ်တယ်လေ"

"တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းက ပိုအားကောင်းတဲ့ကံကြမ္မာကို လိုအပ်တယ်"

အပိုင်း(849) coming။

All Chapters