← Chapters

#‌စတင်ပြင်ဆင်ခြင်း#

Vol. 60 Ch. 849

#‌စတင်ပြင်ဆင်ခြင်း#

Vol. 60 Ch. 849

မစ္စတာ လုချန်ရှန်းကို အကြံပေးရန်အတွက် တောင်းဆိုလာသောအခါ အပေါ်ယံ၌ ဒါက လမ်းညွှန်ချက်တစ်ခု ဖြစ်သော်လည်း တကယ်တမ်းတွင် လုချန်ရှန်းအတွက် စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။

လုချန်ရှန်း၏အဖြေက မစ္စတာမျှော်လင့်ထားသည်ထက် သာလွန်နေသည်။

သူ မစ္စတာပြောဆိုခဲ့သည့် နှစ်ခုအနက် တစမ်ခုမှ မရွေးချယ်ဘဲ မစ္စတာ၏ ထင်မြင်ချက်ကို တိုက်ရိုက်ငြင်းပစ်ခဲ့သည်။

လုချန်ရှန်း၏အမြင်ကို သိရသောအခါ မစ္စတာသိချင်စိတ်ဖြင့် မေးသည်။

"မင်းဘယ်လိုထင်လဲ"

မစ္စတာ၏မေးခွန်းက ကလေးငယ်များ၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။

လုချန်ရှန်း လက်အစုံကို ဆန့်တန်းရင်း ရှင်းပြသည်။

"ဒါကအရမ်းရိုးရှင်းပါတယ်၊ ကျုပ်တို့က မြို့ကိုစောင့်ကြပ်ရမှာဆိုတော့ ဒီမြို့မှာ အပြင်လူသူစိမ်းတွေ ခိုးယူချင်ကြတဲ့ ရတနာတွေရှိရမယ်၊ မဟုတ်ဘူးဆိုရင် ဘာလို့ ကျုပ်တို့စောင့်ကြပ်နေရမှာလဲ"

"ဒါပေမယ့် ပုံမှန်အခြေအနေတွေမှာ ဆိုရင်တော့ ဒါကို မျိုးဆက်ဟောင်းက ကျွမ်းကျင်သူတွေပဲ စောင့်ကြပ်ကြတာ၊ လူငယ်မျိုးဆက်တွေက စွန့်စားသွားလာကြပြီး အခွင့်အရေးတွေ ရှာယူနိုင်ကြတယ်၊ လူငယ်မျိုးဆက်တွေ ကြီးထွားလာတဲ့အခါကျရင် သူတို့က မြို့ရဲ့စောင့်ရှောက်သူတွေ ဖြစ်လာနိုင်ပြီး ဒီလိုပဲလှည့်ပတ်ကြလိမ့်မယ်"

"သေမျိုးကျေးရွာက အခြေအနေနဲ့ မစ္စတာရဲ့ ရည်ရွယ်ချက်တွေအရဆိုရင် ဒီစောင့်ရှောက်သူက ဒီသေမျိုးကျေးရွာမှာ တကယ်ပဲ ထာ၀ရနေသွားရတော့မှာပဲ"

မစ္စတာပြုံးရင်းခေါင်းညိတ်သည်။

လုချန်ရှန်းဆက်ပြောသည်။

"ဒီတော့ရှင်းရှင်းပြောရရင် ခင်ဗျားသူတို့ကို အပြင်ထွက်ချင်ကြလား ဒါမှမဟုတ် ဒီသေမျိုးကျေးရွာမှာနေပြီး သာမန်သေမျိုးတွေပဲ ဖြစ်ချင်ကြလားလို့ မေးချင်တာပဲ"

မစ္စတာဆိုလိုတာက တကယ်တမ်းတွင် ဒီကလေးများကို မေးပြီး သူတို့ဘာတွေးနေသလဲဆိုတာ နားလည်ရန်ဖြစ်သည်။

သူတို့သေမျိုးကျေးရွာက ထွက်သွားချင်လား ဒါမှမဟုတ် နေချင်သလားဆိုတာ သူမြင်ချင်သည်။

"ဒါဆို ဘယ်တစ်ခုကို မင်းရွေးချယ်မှာလဲ"

"ကျုပ်လား"

လုချန်ရှန်းတုံ့ဆိုင်းမနေဘဲ ပြောသည်။

"ကျုပ်ဘယ်တစ်ခုမှမှ မရွေးဘူး"

ဘယ်လိုဟာသလဲ၊ ကာကွယ်ရမယ်၊ အပြင်ထွက်ပြီး စွန့်စားရမယ်၊ ဟုတ်လား!

ဒါက ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်စေမယ့် ရွေးချယ်မှုတစ်ခုပဲမလား!

မစ္စတာအနည်းငယ် ကြက်သေသေသွား၏။

"မင်းတစ်ခုမှ ‌မရွေးဘူးလား"

"ကျုပ်သာဆိုရင် ကျုပ်မှာရှိတာကို သေချာပေါက် ထုတ်ဖော်ပြသမှာမဟုတ်ဘူး၊ ဒီနည်းနဲ့ဆိုရင် ကျုပ်ကိုယ်ကျုပ်လည်း ကာကွယ်နေစရာမလိုဘူး၊ ဒါဆို ကျုပ်ပုန်းနေပြီး တစ်ဘက်လူကို ကျုပ်တည်ရှိမှုကို မသိအောင် လုပ်ရုံပဲလေ"

လုချန်ရှန်း မစ္စတာကို ငတုံးတစ်ယောက်အား ကြည့်နေသည့်ပမာ ကြည့်လိုက်၏။

"ဒါက ကာကွယ်တာထက် ပိုမကောင်းဘူးလား"

မစ္စတာ "....."

ဒါကအဓိပ္ပာယ်ရှိပုံပဲ!

သို့စေကာမူ တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားနေရသည်။

ဘေးက လျိုကျိယုဆွံအနေသည်။

ဟွမ်ချင်း သူမမျက်နှာကို ဖုံးလိုက်မိသည်။

ကလေးများ၏ အကြည့်များအောက်တွင် ကျောက်တုံးလေး ခေါင်းကို ရင်ဘတ်ထဲ ဖြည်းဖြည်းချင်းနစ်မြှုပ်ထားလိုက်သည်။

ဆရာရေ၊ ခင်ဗျားက တခုခုတော့ တခုခုပဲ!

.....

အတန်းက အလွန်မြန်ဆန်စွာ ပြီးသွားသည်။

မစ္စတာနှင့် လုချန်ရှန်းသို့ ခြံ၀င်းသို့ ပြန်လာကြစဉ် မစ္စတာမေးသည်။

"ဒါမင်းစိတ်ကူးထားတာနဲ့ မတူဘူးမလား"

လုချန်ရှန်းခေါင်းညိတ်သည်။

"သေမျိုးကျေးရွာက အခြေအနေက အရမ်းရှုပ်ထွေးတယ်၊ ဒါကြောင့် ငါတို့ကမ္ဘာကြီးထဲမှာ ကိုယ်တိုင်ထုတ်ဖော်ပြီး တစ်ချိန်တည်းမှာပင် ကာကွယ်နိုင်ရုံပဲလေ"

အင်း....!

လုချန်ရှန်းတွေးလိုက်မိသည်။

"ဒါကငါနဲ့ဘာဆိုင်လို့လဲ"

လုချန်ရှန်းစိတ်မ၀င်စားတာကို ပြောဆိုနိုင်သည့်အလား မစ္စတာ နှလုံးသားထဲကနေ အားကိုးရာမဲ့စွာ ပြုံးလိုက်မိသည်။

တခြားစွမ်းအားရှင်များသာဆိုပါက သူတို့သေချာပေါက် သေမျိုးကျေးရွာ၏ လျှို့ဝှက်ချက်များကို နက်နက်နဲနဲ တူးဖော်ချင်ကြပေလိမ့်မည်။

လုချန်ရှန်းကရော!

သူကလုံး၀ကို ကွဲပြားသည်!

သူ့တွင် ဒီလိုအတွေးမျိုး လုံး၀မရှိပေ။

ဆန့်ကျင်ဘက်တွင် လုချန်ရှန်း သေမျိုးကျေးရွာနှင့် ဘာမှမသက်ဆိုင်ချင်ပေ။

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။

လျိုကျိယု အမှောင်ပိုင်နက်၏ ထောက်လှမ်းရေးကွန်ရက်ကနေတဆင့် လုချန်ရှန်းကို အစီရင်ခံတင်ပြသည်။

"အခု၊ အဆင့်မြင့်ကြယ်နယ်မြေက ဂိုဏ်းတိုင်းက အာကာသနှလုံးသား ပေါ်ပေါက်လာတော့မယ်ဆိုတဲ့ သတင်းကြောင့် အရင်းအမြစ်တွေကို စုဆောင်းပြီး အသင်းများကို စုစည်းနေကြတယ်"

"ဒီထဲမှာ နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းရဲ့ အရိပ်တွေတောင်ရှိတယ်၊ ဒါပေမယ့် သူတို့က တိုက်ရိုက်ပါ၀င်ဖို့အတွက် ရွေးချယ်ထားပုံမပေါ်ဘူး"

သတင်းအချက်အလက်များက အရမ်းအရေးကြီးပါသည်။

ထို့ကြောင့် လုချန်ရှန်း လျိုကျိယုကို ဒါကို စစ်ဆေးရန် ပြောဆိုခြင်းပင်။

အမှောင်ပိုင်နက်၏ ထောက်လှမ်းရေးကွန်ရက်က ဒီအဆင့်မြင့်ကြယ်နယ်မြေ၌ ထိပ်တန်းတည်ရှိမှုပင် မဟုတ်ပေလော။

ဒါကိုကြားသောအခါ လုချန်ရှန်းခေါင်းညိတ်ပြီး ခေါင်းကိုက်နေသည့်အသွင် ပြောသည်။

"နတ်သခင်အဆင့်အင်အားစုတွေက ဒီအဆင့်မြင့်ကြယ်နယ်မြေမှာ အစွမ်းထက်ဆုံး အင်အားစုတွေပေါ့...."

လျိုကျိယုခေါင်းညိတ်သည်။

"ဒီလိုပုံပါပဲ"

သူ့အမူအရာကို မြင်ရသောအခါ လုချန်ရှန်း စိတ်ရှုပ်ထွေးစွာမေးသည်။

"ပိုအစွမ်းထက်တဲ့အင်အားစုတွေ ရှိသေးတယ်လို့ မင်းဆိုလိုချင်တာလား"

"ကျွန်တော်တောင်မှ ဒီအကြောင်းကို မသိဘူး" လျိုကျိယုခေါင်းခါယမ်းသည်။

"ကျွန်တော် အမှောင်သခင်ဒီအကြောင်းကို ပြောတာကို ကြားခဲ့ရုံပါပဲ"

"ဒါပေမယ့် ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ဦးအနေနဲ့ ကျွန်တော်တခါမှတော့ မမြင်ဖူးဘူး၊ ဒီအဆင့်က ဂိုဏ်းတွေတကယ်ပဲ ရှိခဲ့ရင်တောင် သူတို့ အလွယ်တကူ လှုပ်ရှားကြမှာမဟုတ်ဘူး"

လုချန်ရှန်းခေါင်းညိတ်သည်။ ဒီလိုဆိုပါက သူ့အစီအစဉ်များကို ပြန်၍ ပြင်ဆင်ရပေတော့မည်။

တစ်ဘက်က အလွယ်တကူ လှုပ်ရှားမည် မဟုတ်သော်လည်း သူတို့လှုပ်ရှားမလားဆိုတာက မသိရသေးပါ။ ထို့ကြောင့် သူကြိုတင် ပြင်ဆင်မှုများ လုပ်ရပေမည်။

ထို့ကြောင့် လုချန်ရှန်း မစ္စတာဘက်သို့ လှည့်ကာမေးသည်။

"ဒီမှာ တိတ်ဆိတ်တဲ့နေရာတခုခုရှိလား"

မစ္စတာ လုချန်ရှန်းကို ကြည့်သည်။

တိတ်ဆိတ်မှုအတွက်သာ ဆိုပါက ဒီဝါးခြံ၀င်းက သေမျိုးကျေးရွာ၌ သံသယမရှိ အတိတ်ဆိတ်ဆုံးနေရာပေတည်း။

သေမျိုးကျေးရွာက မည်သူမှ မစ္စတာ၏ ခွင့်ပြုချက်မပါဘဲ မ၀င်ရဲပေ။

လုချန်ရှန်း အလားတူမေးခွန်းကိုမေးခဲ့သည်။

ဆိုလိုတာက သူက တိတ်ဆိတ်သည့် နေရာတစ်ခုကို လိုသည်သာမက တခြားသူများကိုလည်း မြင်ခွင့်မပေးနိုင်ပေ။

မစ္စတာခေါင်းညိတ်သည်။

"ငါမင်းကို အဲကိုခေါ်သွားပေးမယ်"

ထို့နောက် သူထရပ်လိုက်သည်။

ဝါးတောကိုဖြတ်ပြီးနောက် သူတို့ရေတံခွန်တစ်ခုဆီသို့ ရောက်လာကြသည်။ ရေတံခွန်အလယ်တွင် အနှီမျက်စိဖြင့် မမြင်နိုင်သည့် ရေများစီးကျလာခြင်းကနေ ဖုံးကွယ်ထားသည့် ဂူတစ်ဂူရှိသည်။

မစ္စတာလက်ညိုးထိုးပြသည်။

"ဒီမှာနေလို့ရတယ်၊ ငါသူတို့ကို ဒီနေရာအနား မကပ်လာဖို့ပြောလိုက်မယ်၊ ငါလည်းမလာပါဘူး"

လုချန်ရှန်းခေါင်းညိတ်သည်။

မစ္စတာက အတော်လေးဆင်ခြင်တုံတရားရှိသူပင်။

ထို့နောက် သူဟွမ်ချင်းကို ကြည့်ပြီးပြောချင်သည်။

"ဂူအပြင်ကနေ ငါ့ကိုစောင့်နေ"

ရှောင်လျို၊ သတင်းအချက်အလက်တွေ ဆက်ပြီးစုဆောင်းနေ"

နှစ်ယောက်စလုံးခေါင်းညိတ်သည်။

ညွှန်ကြားချက်များပေးပြီးနောက် လုချန်ရှန်းဂူထဲသို့၀င်သွား၏။

ပထမနေ့မှာတင် လုချန်ရှန်း ဒီနေရာတစ်ဝိုက်၌ သီးခြားအခင်းအကျင်းများစွာကို ချထားခဲ့သည်။

ဟွမ်ချင်းဒါကိုမြင်သောအခါ သူမစွမ်းအားအလုံးစုံကို သုံးသည့်တိုင် ဒီသီးခြားအခင်းအကျင်းများကို သူမအော်ရာက ဖြတ်သန်းနိုင်စွမ်းမရှိပေ။

နတ်သခင်များပင်လျှင် ဒီလိုမလုပ်နိုင်လောက်ဘူးဟု သူမတွေးနေမိသည်။

"သူဘာလုပ်နေတာလဲ၊ ဘာလို့ဒီလောက်ကြီးမားတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးနေရတာလဲ...."

နောက်ထပ်ဆယ့်လေးရက်အတွင်းမှာပင် ဘာလို့ သူက ယခုလိုကြီးမားသည့် သီးခြားအခင်းအကျင်းများစွာကို ချထားရသလဲဆိုတာ နောက်ဆုံးတော့ ဟွမ်ချင်းနားလည်လာခဲ့သည်။

ဂူထဲက လုချန်ရှန်း၏အော်ရာက သေချာပေါက် နဂါးငွေ့တန်းကြယ်စင်စုတစ်ခုလုံးကို နိုးကြားသွားစေလိမ့်မည်။

ဓားတာအိုနိယာမဖြစ်စေ၊ အာကာသတာအိုနိယာမ၊ သေခြင်းရှင်ခြင်းတာအို၊ သို့မဟုတ် ယင်ယန်တာအိုဖြစ်စေ ထိုအခိုက်အတန့်၌ ၎င်းတို့က အတူတကွပေါင်းစပ်ကာ အလွန်အမင်းဆန်းကြယ်သည့် အော်ရာတစ်ခုနှင့်အတူ ပေါက်ကွဲသွားသည်။

ဒီအော်ရာက ဟွမ်ချင်းကို အနည်းငယ် ထူးဆန်းမှုကို ခံစားရစေသည်။

ဒီထဲတွင် အဖျက်အော်ရာမပါရှိဘဲ ယင်းအစား အရာရာတိုင်းကို ထိန်းချုပ်ထားနိုင်ပုံပင်။

သို့စေကာမူ ဒီအော်ရာ စီးဆင်းလာပြီး ရေတံခွန်နှင့် ထိမိသောအခါ ရေတံခွန်က စီးဆင်းမှုရပ်သွားပြီး ချက်ချင်း‌ပျောက်ကွယ်သွား၏။ ရေဟူ၍ပင် မရှိတော့ပါ။

ဒါက စိမ်းလန်းသည့်သစ်တောနှင့် ထိမိသောအခါ သစ်တော၏အဆုံးမဲ့အော်ရာက ချက်ချင်းပျောက်ကွယ်သွားသည်။

ဒီအော်ရာစီးဆင်းသွားတိုင်း ၎င်းက မိုးနှင့်မြေ၏ မည်သည့်နိယာမစွမ်းအားကိုမဆို ဝါးမြိုနေသည့်အလားပင်။

ဟွမ်ချင်း၏အမူအရာက လေးနက်သွား၏။

သူမ ဒီအော်ရာကြောင့် အံ့ဩသင့်ရခြင်းမဟုတ်ဘဲ လုချန်ရှန်း အမျိုးမျိုးသော တာအိုနိယာမများကို အတူတကွပေါင်းစပ်နိုင်ပုံကို သူမထိတ်လန့်နေရခြင်းဖြစ်သည်။

အပိုင်း(850) coming။

All Chapters