#မင်းတို့မလုပ်နိုင်ဘူးလို့ ငါပြောရင် မင်းတို့က ငါ့ကိုမယုံကြဘူး#
Vol. 60 Ch. 850
ရှေးဦးမူလ!
လုချန်ရှန်းဖန်တီးခဲ့သည့် ကျင့်ကြံခြင်းနည်းစနစ်တွင်သာ ဒီအရာအားလုံးပါ၀င်နိုင်ပြီး မူလကအချင်းချင်းမလိုက်ဖက်၊ မကိုက်ညီသည့် ဒီတာအိုနိယာမများကို ပေါင်းစပ်နိုင်သည်။
နောက်တစ်နေ့က နေထွက်လာပြီး မြေကြီးပေါ်သို့ စတင်အလင်းဖြာပေးသည်။
အကာအကွယ်အစီအရင်များစွာ၏ အပြင်တွင် လျိုကျိယု လုချန်ရှန်းသူ့ကိုပေးခဲ့သည့် အသံပို့ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်၏။
"စီနီယာလု၊ အာကာသနှလုံးသားအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေရှိတယ်"
သူစကားပြောပြီးသည့်အခိုက်အတန့်၌ အစီအရင်က ရုတ်တရက်ပျောက်ကွယ်သွား၏။
လျိုကျိယုနှင့် သူ့ဘေးက မစ္စတာတို့က သူတို့ရှေ့က မြင်ကွင်းကိုကြည့်ရင်း အနည်းငယ် ကြက်သေသေသွားကြသည်။
ဘာတွေဖြစ်သွားတာလဲ!
လွန်ခဲ့သောဆယ်ရက်ကျော်က သူတို့ဒီကို လာကြသောအခါ စိမ်းလန်းသည့်သစ်ပင်များ၊ တောင်တန်းရှည်များ၊ စီးဆင်းနေသည့်ရေနှင့် ရေတံခွန်များနှင့် ဒီနေရာက လှပသည့်မြင်ကွင်းတစ်ခုဖြစ်နေပြီး တိတ်ဆိတ်၊ ငြိမ်းချမ်းကာ အလွန်အမင်း ဆိတ်ငြိမ်သည်။
သို့သော် အခုကျတော့ရော!
လျိုကျိယုနှင့် မစ္စတာတို့၏အမြင်တွင် ဒီနေရာက လုံး၀ဗလာကျင်းနေသည်။
ရှေးဟောင်းသစ်ပင်ကြီးများဖြစ်စေ၊ စမ်းချောင်းများနှင့် ရေတံခွန်များဖြစ်စေ အားလုံးက ပျောက်ကွယ်သွားခဲ့သည်။
ဒီနေရာက နိယာမစွမ်းအားပင်လျှင် ပျောက်ကွယ်သွားခဲ့လေပြီ။
ခြောက်သွေ့သည့်အက်ကြောင်းများနှင့် ပြည့်နှက်နေသည့် ဗလာကျောက်တုံးများနှင့် ဟွမ်ချင်း၊ လုချန်ရှန်းတို့သာ ရှိသည်။
မစ္စတာအချိန်အကြာကြီး ဆွံအနေပြီးနောက် မေးလိုက်သည်။
"တာအိုမိတ်ဆွေလေးလု....မင်းဘာလုပ်ခဲ့တာလဲ"
လုချန်ရှန်းအနည်းငယ်ရှက်နေသည်။ သူခေါင်းကုတ်ရင်း အားတင်းပြုံးလိုက်၏။
"ဘာမှမဟုတ်ပါဘူး.... ကျုပ် တစ်ခုခုကို လေ့လာခဲ့တာပါ"
မစ္စတာ "....."
တစ်ခုခုကို သုတေသနပြုလေ့လာတာက ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေတာလား!
ဒီနေရာက နိယာမစွမ်းအားကိုတောင် လုံး၀ပျောက်ကွယ်သွားစေတာလား!
ဒါ့အပြင် ပုံမှန်အားဖြင့် ခြံ၀င်းအတွင်း ယခုလိုအပြောင်းအလဲတစ်ခုရှိပါက မစ္စတာခံစားရမည်သာ။
သို့စေကာမူ ဒီကာလအတောအတွင်း သူဘာတစ်ခုကိုမှ သတိမထားမိခဲ့ပေ။
လျိုကျိယု မျက်နှာကိုဖုံးရင်း စကားမပြောတော့ပါ။
စီနီယာလုအတွက် ဒီလိုအရာမျိုးဆိုတာက ပုံမှန်သာဖြစ်သည်။
"စကားမစပ်၊ အာကာသနှလုံးသားနဲ့ ပတ်သက်တဲ့ သတင်းတွေရှိတယ်လို့ မင်းပြောခဲ့တာမလား" လုချန်ရှန်းလှည့်ကာ မေးလိုက်သည်။
"ပေါ်လာပြီလား"
လျိုကျိယုခေါင်းခါယမ်းသည်။
"သဲလွန်စတွေပဲရှိတာပါ၊ ဟောင်တျန်းနတ်ပိုင်နက်မှာ အာကာသအတက်အကျတွေက အတော်လေးမူမမှန်ဖြစ်နေပါတယ်"
လုချန်ရှန်းမေးသည်။
"မင်းဒါကို စုံစမ်းစစ်ကြည့်ပြီးပြီလား"
ဒါကိုကြားသောအခါ လျိုကျိယု ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"အာကာသအတက်အကျရဲ့လမ်းကြောင်းက အတော်လေးထူးဆန်းတယ်၊ ဒါက ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးရဲ့ နေရာအကွာအတွင်းမှာ တည်နေရာကို အဆက်မပြတ်ပြောင်းနေတယ်၊ အမှောင်ပိုင်နက်ကတောင် မမှန်းဆနိုင်ပါဘူး"
"ဒါ့အပြင် ဟောင်တျန်းနတ်ပိုင်နက်က ဟောင်တျန်းနတ်ဂိုဏ်းရဲ့ ပိုင်နက်တစ်ခုပဲ၊ အမှောင်ပိုင်နက်က ထိုးဖောက်၀င်ရောက်နိုင်တယ်ဆိုရင်တောင် ရှာလို့မရဘူး"
"အခု ဟောင်တျန်းနတ်ဂိုဏ်းက လူသိရှင်ကြား ကြေညာလိုက်ပြီ၊ အာကာသနှလုံးသားအကြောင်း သဲလွန်စတွေကို ရှာဖို့အတွက် ဟောင်တျန်းနတ်ပိုင်နက်ထဲကို ၀င်ချင်တယ်ဆိုရင် ဟောင်တျန်းစားသောက်ခင်းမှာ နတ်သခင်ဟောင်တျန်းရဲ့ ခွင့်ပြုချက်ကို ရဖို့လိုတယ်တဲ့"
ဟောင်တျန်းနတ်ဂိုဏ်းက အဆင့်မြင့်ကြယ်နယ်မြေ၌ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
ထို့ထဲတွင် နတ်သခင်ဟောင်တျန်းက သူ့၏ လွန်ကဲသည့်ရုပ်ခွန်အားဖြင့် ကျော်ကြားသည်။
အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် နတ်သခင်ဟောင်တျန်းကသာ ကိုယ်ခန္ဓာပြုပြင်မှုဖြင့် နတ်သခင်နယ်ပယ်ကို တက်လှမ်းနိုင်သောသူဖြစ်သည်။
နတ်သခင်ဖြစ်လာနိုင်သည့် လူတစ်ယောက်က ဘယ်လိုလုပ် ရိုးရှင်းနိုင်မည်နည်း။
မစ္စတာ အနည်းငယ်ခေါင်းညိတ်သည်။
"ငါ နတ်သခင်ဟောင်တျန်းကို နည်းနည်းနားလည်တယ်၊ တခြားတစ်ယောက်သာ ဆိုရင် ဒီစားသောက်ပွဲက ပိုအားကောင်းတဲ့ သူတွေကို ရွေးချယ်ပြီး ရှေးတန်းကို အမြောက်ဆန်တွေအဖြစ် လွှတ်ကြဖို့အတွက် စီစဉ်တာလို့ ငါတို့တွေးလို့ရတယ်"
"ဒါပေမယ့် နတ်သခင်ဟောင်တျန်းဆိုရင်တော့ ဒီလူက အဆင့်မြင့်အာဏာကို ထောက်ခံအားပေးတဲ့သူတစ်ယောက်ပဲ၊ သူ့စရိုက်ကလည်း အတူတူပဲ'
"ဒီတော့ ဒါက ဟောင်တျန်းနတ်ပိုင်နက်ကို ၀င်ချင်ကြတဲ့ ဂိုဏ်းတွေအတွက် ရိုးရှင်းတဲ့ စမ်းသပ်မှုတစ်ခုလည်းဖြစ်တယ်"
လျိုကျိယုကလည်း ခေါင်းညိတ်သည်။
"မစ္စတာပြောတာ မှန်ပါတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နတ်သခင်အဆင့်အင်အားစုတွေက သူတို့ အာကာသနှလုံးသားအတွက် တိုက်ခိုက်မှာမဟုတ်ဘူးလို့ ရှင်းလင်းစွာပြောခဲ့ကြတယ်"
"တကယ်လို့ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းကသာ ပါ၀င်လာမယ်ဆိုရင် ဒါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်လာမှာပဲ"
လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"ငါတိတ်တဆိတ်တော့ ပါ၀င်နိုင်တယ်မလား"
လျိုကျိယုခေါင်းညိတ်သည်။
"ဟောင်တျန်းကတော့ လျို့ဝှက်စွာ ပါ၀င်မှာမဟုတ်ဘူးဆိုတာကိုပဲ ကျွန်တော်သေချာတယ်"
ဒါကိုကြားသောအခါ ဟွမ်ချင်းထိတ်လန့်သွားပြီး လုချန်ရှန်းအားကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလုပ်ကြမလဲ"
"ရှင့်ရဲ့အတွေးအခေါ်အရဆိုရင် ဒီလိုစားသောက်ပွဲမျိုးမှာ သေချာပေါက် အလွယ်တကူပါ၀င်မှာမဟုတ်ပါဘူး၊ ဟုတ်တယ်မလား"
"သေချာတာပေါ့" လုချန်ရှန်းခေါင်းညိတ်ပြီး ဟွမ်ချင်းကို အပြုံးဖြင့်ကြည့်သည်။ ထို့နောက် သူစိတ်ပျက်နေသည့် လျိုကျိယုကို ဆွဲယူလိုက်၏။
"ငါဘာလို့လာခဲ့ရတာလဲ၊ ငါဘာလို့လာခဲ့ရတာလဲ"
လျိုကျိယု နှလုံးသားထဲကနေ ငိုကြွေးနေသည်။
ငါဒါကိုသိနေတယ်!
ငါဒါကိုသိနေတယ်!!!
ဟွမ်ချင်း၏မျက်နှာကလည်း အကူအညီမဲ့မှုဖြင့် ပြည့်နှက်နေသည်။
"တစ်နည်းပြောရရင် ရှင့်က ကျွန်မတို့နှစ်ယောက်ကို တိုက်ခိုက်စေချင်တာပေါ့"
လုချန်ရှန်းပြုံးလိုက်သည်။
"ငါစင်နောက်မှာ အရင်ပုန်းနေရမှာပေါ့၊ မင်းတို့သူတို့ကို နိုင်နိုင်ရင် ငါလည်းနိုင်နိုင်မှာပဲ၊ မနိုင်နိုင်ဘူးဆိုရင်တော့ နောက်မှ ပြောကြတာပေါ့"
လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ အားလုံးထိတ်လန့်သွားကြ၏။
လျိုကျိယုနှင့် ဟွမ်ချင်းတို့ ဆွံအနေကြသည်။
ဘာလို့ဒီအသံက သူငါတို့ကို ဆူပူကြိမ်းမောင်းနေပုံ ပေါက်နေရတာလဲ!
သို့စေကာမူ လုချန်ရှန်းပြောတာက မှန်ပါသည်။ သူတို့ငြင်းဆိုနိုင်တာ ဘာမှမရှိပေ။
ဟွမ်ချင်းအားကိုးရာမဲ့စွာပြောသည်။
"နောက်တစ်ကြိမ် ကျွန်မရှင့်ဆီကထပ်ပြီး လှည့်စားခံတော့မှာ မဟုတ်တော့ဘူး"
လုချန်ရှန်း အပြစ်ကင်းစင်သည့် မျက်နှာထားနှင့် ပြောသည်။
"ငါမင်းကို လှည့်စားတယ်ဆိုတာက ဘာကို ပြောချင်တာလဲ၊ ငါ့နောက်က လိုက်ချင်တဲ့သူက မင်းပဲမလား"
ယခုအချိန်တွင် ဟွမ်ချင်းအနည်းငယ် နောက်တရနေလေပြီ။ ထိုအချိန်က သူမဘာတွေးနေခဲ့သလဲဆိုတာ ကိုယ်တိုင်ပင် မသိတော့။
ငါဘာလို့ မီးတွင်းကြီးထဲကို တိုက်ရိုက် ခုန်ဆင်းခဲ့ရတာလဲ!
တခြားတစ်ဘက်တွင် လျိုကျိယုနာကျင်နေပုံရသည်။
သူလှည့်စားမခံရသလို လာလည်းမလာချင်ခဲ့ပေ။
သို့သော် လုချန်ရှန်းက သူ့ကို ကြက်တစ်ကောင်အား ညှစ်ထားသည့်ပမာ ညှစ်ထားသည်။
အစကနေအဆုံးထိ လုချန်ရှန်း သူ့ခွင့်ပြုချက်ကို တစ်ခါမှ မမေးခဲ့ဖူးပါ။
သူ့တွင်ရွေးချယ်စရာမရှိ။ ဒါက အားနည်းရသည့်အတွက်ကြောင့်ပင်။
လုချန်ရှန်း သူ့ကို ကောင်းကောင်းစောင့်ရှောက်ခဲ့တာကို ပြောနေစရာပင်မလို။
သို့သော် လုချန်ရှန်း၏ 'သင်ကြားမှု' အောက်တွင် သူ့ကျင့်ကြံခြင်းနယ်ပယ်က ပိုပို၍ တည်ငြိမ်လာခဲ့သည်။
ထို့ကြောင့် သူမပြောရဲသလို စံအိမ်တော်ကနေ ဒီလိုမျိုးမထွက်သွားနိုင်ပေ။
၎င်းနောက် အရာများကဒီလိုဖြစ်သွားခဲ့သည်။
သူက လုချန်ရှန်း၏ ကိုယ်ပိုင်လက်ဝှေ့သမားနှင့် လက်ဝှေ့အိတ်ဖြစ်လာခဲ့သည်။
ဒါကို တွေးမိသောအခါ လျိုကျိယု ငိုကြွေးလိုက်မိသည်။
မစ္စတာပြုံးသည်။
"ဒါဆိုမင်းတို့ အခုသွားသင့်ပြီ၊ ဟောင်တျန်းစားသောက်ပွဲစဖို့အတွက် သုံးရက်ပဲ လိုတော့တယ်"
ဒါကိုကြားလေရာ လုချန်ရှန်း လျိုကျိယုအား လှမ်းကြည့်လိုက်၏။
"လမ်းပြတော့"
လျိုကျိယု "...."
ကောင်းပါပြီ၊ ကျုပ်က ကိုယ်ပိုင်လှည်းသမားပါ!
.....
ဒီကာလအတောအတွင်း အာကာသနှလုံးသားက အဆင့်မြင့်ကြယ်နယ်မြေတွင် မျက်စိကျစရာအကောင်းဆုံးဖြစ်လာခဲ့သည်။
ဟောင်တျန်းနတ်ပိုင်နက်တွင် အာကာသဆိုင်ရာမူမမှန်မှုတစ်ခုရှိနေပြီး ဒါက ကြမ်းတမ်းကာ ထူးဆန်းသည်။
ဒါက အာကာသနှလုံးသားနှင့် ဆက်စပ်နိုင်သည့် တစ်ခုတည်းသောသဲလွန်စပင်။
ဟောင်တျန်းစားသောက်ပွဲ!
အာကာသနှလုံးသားကို ခိုးယူလုယက်ချင်ကြသည့် မရေမတွက်နိုင်လောက်သော ဂိုဏ်းများက အလျင်အမြန်ရောက်လာကြသည်။
လုချန်ရှန်း၊ ဟွမ်ချင်းနဲ့ လျိုကျိယုတို့ကရော!
မူလက လမ်းပြက လျိုကျိယုဖြစ်ပြီး သူဟင်းလင်းပြင်သားရဲကို ရှေ့တိုးရန်အတွက် ထိန်းချုပ်နေသည်။
သို့စေကာမူ လုချန်ရှန်း သူ့ကို ဆက်တိုက် တိုက်တွန်းနေသည်။
"မဟုတ်သေးပါဘူး၊ မင်းက အဖိုးကြီးလား၊ ဘာလို့ဒီလောက်နှေးရတာလဲ"
"မင်းမြန်မြန်လုပ်နိုင်မလား"
"မင်းလုပ်နိုင်တာဒါပဲလား"
လျိုကျိယု ဒေါသကို ထုတ်ဖော်ပြသသော်လည်း သူဘာတစ်ခုမှ မပြောနိုင်ပါ။
ဟွမ်ချင်းပင်လျှင် အလားတူဆက်ဆံမှုကို ရခဲ့သဖြင့် သူမ၏မျက်နှာက မည်းမှောင်သွားပြီး ဒေါသတကြီးပြောသည်။
"ရှင့်လုပ်နိုင်တယ်ဆိုရင် လုပ်လေ၊ ရှင့်က ဒီမှာလဲလျောင်းပြီး အနားယူနေတာတောင် ဒီဟာဟိုဟာညည်းနေသေးတာလား...."
လုချန်ရှန်းတို့က သူတို့၏ပန်းတိုင်သို့ ရက်တစ်၀က်အတွင်း ရောက်လာခဲ့ကြသည်။
"မင်းတို့မလုပ်နိုင်ဘူးလို့ ငါပြောရင် မင်းတို့က ငါ့ကိုမယုံကြဘူး"
ဟွမ်ချင်း "....."
လျိုကျိယု "....."
အပိုင်း(851) coming။