#ဟွမ်ချင်း၏တိုက်ချက်#
Vol. 60 Ch. 853
အောက်ထပ်စင်မြင့်ငါးခုထဲက လေးခုကို ပထမတန်းစားအင်အားစုများ၏ ပါရမီရှင်များက နေရာယူထားကြပြီးဖြစ်သည်။
ရွှေတောင်ပံဂဠုန်ကလန်၏ ကျင်းဝူကျင်းဖြစ်စေ၊ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ဟဲလျန်ဖြစ်စေ၊ သေမင်းဝိဉာဉ်နန်းတော်၏ သေမင်းသားတော်ကုကျင်းဖြစ်စေ၊ အဆင့်မြင့်ကြယ်နယ်မြေမှ လူငယ်မျိုးဆက်များအကြား နံပါတ်တစ်အလှမယ်ဟု လူသိများသည့် ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်က ကျောက်စိမ်းရေကန်မိန်းမပျိုကျိချန်းယောင်ဖြစ်စေ၊ သူတို့က အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးမှ ကျော်ကြားသည့် လူငယ်ပါရမီရှင်များဖြစ်ကြပြီး နတ်ဘုရင်နယ်ပယ်ကို ရောက်နေကြပြီဖြစ်သည်။
တခဏအကြာ မည်သူကမှ စင်မြင့်ထဲက ဒီလူဘေးယောက်ကို စိန်မခေါ်ခဲ့ကြပေ။ သူတို့က တခြားသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။
တစ်ယောက်ယောက်က နောက်ဆုံးစင်မြင့်ထဲကို ခြေချမိသည်နှင့်တစ်ပြိုင်နက် စိန်ခေါ်မှုကို ထုတ်ပြန်မည်ဖြစ်သည်။
သူတို့စားပွဲရှေ့က ပြိုင်ကွင်းငါးခုကို ကြည့်လိုက်ကြသည်။
၎င်းက ဗလာကျင်းနေဆဲဖြစ်ပြီး မည်သူမှ အလျင်လိုခြင်းမရှိကြပါ။
မည်သို့ပင်ဆိုစေကာမူ စားပွဲရှေ့က ပြိုင်ကွင်းများက နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူများအတွက် မဟုတ်ပေလော။
ဘေးက ဟွမ်ချင်း လုချန်ရှန်းကို စိုက်ကြည့်ပြီးမေးသည်။
"ရှင့်ကူညီပေးမလား"
လုချန်ရှန်းမျက်လုံး လိမ့်လိုက်မိသည်။
"ငါကိုယ်တိုင်လုပ်ချင်တယ်ဆိုရင် ဘာလို့မင်းတို့ကို ဒီကိုခေါ်လာနေရဦးမှာလဲ"
"ကျွန်မတို့အခုသွားသင့်လား"
လုချန်ရှန်း လက်အစုံကိုဆန့်လိုက်သည်။
"ဒါကမင်းအပေါ်မူတည်တယ်၊ မင်းစုပေါင်းတိုက်ပွဲတစ်ခုကို ခံနိုင်မယ်ထင်ရင် သွားပေါ့"
လုချန်ရှန်းစကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ဟွမ်ချင်း၏ခန္ဓာက မီးငြိမ်းသွားသည့်ပမာ ထိုနေရာမှ ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် ပထမကြိုးဝိုင်းစင်မြင့်ထဲတွင် ကမ္ဘာကြီးကိုပင် လောင်ကျွမ်းစေနိုင်ပုံရသည့် မီးတောက်တစ်ခုက လေထဲတွင် ပေါ်ပေါက်လာခဲ့သည်။
လူတိုင်း၏ အံ့ဩသင့်နေသည့်အကြည့်များအောက်၌ ဟွမ်ချင်း၏ပုံရိပ်က မီးတောက်များကနေ ပေါ်လာသည်။
တစ်ချို့ဝါရင့်ကျွမ်းကျင်သူများက ဒီမီးတောက်ကို မြင်သောအခါ အနည်းငယ် ကြက်သေသေသွားကြ၏။
နိဗာနမီးတောက်လား!
ဖီးနစ်သွေးကြောရှိသည့်သူများကသာ ဒါငို သုံးနိုင်ပေသည်။
သို့စေကာမူ သူတို့စိတ်ထဲတွင် ဖီးနစ်နှင့် နဂါးမျိုးနွယ်တို့က သမိုင်းအဆင့်တွင်သာ ကျန်နေခဲ့ပြီး သမိုင်း၏ ရှည်လျားသည့် မြစ်ထဲတွင် လုံး၀ပျောက်ကွယ်သွားလေပြီ။
ရှေးခေတ်တုန်းက သူတို့က နဂါးနှင့်ဖီးနစ်ကြားက တိုက်ပွဲကြောင့် ဖျက်ဆီးခံခဲ့ရခြင်းပင်။။
ထို့ကြောင့် သူတို့အမြင်အရ ဟွမ်ချင်း နိဗာနမီးတောက်ကို သုံးနိုင်ခြင်းက ဖီးနစ်ကလန်က ချန်ထားခဲ့သည့် အမွေအနှစ်ကို ရခဲ့သောကြောင့်သာဖြစ်သည်။
သို့စေကာမူ နိဗာနမီးတောက်ကဲ့သို့ ထိပ်တန်းမီးတောက်ပိုင်ဆိုင်ထားသည့် လူတစ်ယောက်က ရိုးရှင်းသောတည်ရှိမှုမဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဟောင်တျန်းနတ်ဂိုဏ်း၏ အနက်ပိုင်းတစ်နေရာ၌ လက်မောင်းဗလာနှင့် ကိုယ်ခန္ဓာအရှည်သုံးမီတာရှိသည့် လူတစ်ယောက် ရုတ်တရက် လေ့ကျင့်နေတာကို ရပ်လိုက်သည်။
အကယ်၍ တစ်ယောက်ယောက်က ဘေးကနေကြည့်နေမည်ဆိုပါက ဒီလူအနီးက လေဟာနယ်က သူမလှုပ်ရှားသည့်တိုင် အနည်းငယ်ပုံပျက်နေတာကို မြင်နိုင်ပေလိမ့်မည်။
ဒါကို အစွမ်းထက်ပြီးသိပ်သည်းသော ဝိဉာဉ်ချီကြောင့် ဖြစ်နေခြင်းမဟုတ်ဘဲ သန့်စင်သော ရုပ်ခွန်အားသက်သက်သာဖြစ်သည်။
သူအသက်ရှူလိုက်စဉ်မှာပင် သူ့ကြွက်သားများက လေဟာနယ်ကိုပင် တုန်ခါစေသည်။
နတ်သခင်ဟောင်တျန်းသာလျှင် ဒီလိုအရာမျိုးကို လုပ်နိုင်ပေသည်။
နတ်သခင်ဟောင်တျန်း ဟောင်တျန်းနန်းတော်ရှိရာဘက်သို့ လှည့်ကြည့်ကာ ရေရွတ်သည်။
"နိဗာနမီးတောက်လား၊ မဟုတ်ဘူး....ဒါက နိဗာနမီးတောက်ထက်တောင် အားကောင်းတယ်"
နတ်သခင်ဟောင်တျန်း ရုတ်တရက်ပြုံးလိုက်မိသည်။
"စိတ်၀င်စားစရာပဲ....."
ထိုအချိန်တွင် ဟောင်တျန်းနန်းတော်အပြင်က ထိပ်တန်းပြိုင်ကွင်းငါးခုက လူများနှင့် ပြည့်နှက်နေလေပြီ။
ဟွမ်ချင်းအပြင် ကျန်သောပြိုင်ကွင်းလေးခုတွင်လည်း နတ်အင်ပါယာနယ်ပယ်က လူများရှိသည်။ သူတို့ထဲကနှစ်ယောက်က အထွတ်အထိပ်အဆင့်ဖြစ်ပြီး ကျန်နှစ်ယောက်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်များဖြစ်ကြသည်။
လုချန်ရှန်း လျိုကျိယုကို ကြည့်လိုက်၏။
"ဟွမ်ချင်းအဲကိုရောက်နေပြီ၊ မင်းမသွားဘူးလား"
လျိုကျိယု မျက်လုံးလိမ့်လိုက်မိသည်။
"သူက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်လေ၊ ကျွန်တော်က နတ်အင်ပါယာနယ်ပယ်ပဲရှိသေးတာ၊ ဘာလို့ ပျော်စရာထဲကို ပါ၀င်ဖို့ အလျင်စလိုဖြစ်နေရမှာလဲ"
"စီနီယာလု၊ ခင်ဗျားရဲ့ 'ကာကွယ်မှု'အောက်မှာ ကျွန်တော် နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်က လူတွေကို တိုက်ခိုက်နိုင်ပေမယ့် စုပေါင်းတိုက်ပွဲတစ်ခုကိုတော့ ခံနိုင်ရည်မရှိသေးဘူး"
လျိုကျိယုအံကြိတ်ရင်း 'ကာကွယ်မှု' ဟူသော စကားလုံးကို ထည့်သုံးလိုက်၏။
ဒီဖြစ်စဉ်က လျုကျိယု၏ခွန်အားကို အကြီးအမား တိုးတက်စေခဲ့သော်လည်း လုချန်ရှန်းက လုံး၀လူသားမဆန်ခဲ့ပေ။
.....
ထိုအချိန်တွင် တစ်ယောက်ယောက် ရုတ်တရက် ခုန်တက်လာပြီး ဟွမ်ချင်းရှိသည့် စင်မြင့်ပေါ်၌ တိုက်ရိုက်ဆင်းသက်လာသည်။
အောက်ကလူများ ဒါကိုမြင်သောအခါ သူတို့၏အမူအရာများက လေးနက်သွားကြ၏။
"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ မဟာအကြီးအကဲ၊ တန်ချူ...."
"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ဒီလောက်မြန်မြန်ဆန်ဆန် တိုက်ခိုက်ပြီး နေရာနှစ်နေရာကို သိမ်းပိုက်ချင်လိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"
တစ်ဘက်တွင် အောက်အဆင့်ရှိ ဟဲလျန်ဖြစ်ပြီး ကျန်တစ်ဘက်တွင် အထက်အဆင့်က တန်ချူဖြစ်သည်။
"ကြည့်ရတာ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ဒီဟောင်တျန်းစားသောက်ပွဲမှာ သူတို့ခွန်အားကို ပြသချင်ပုံပဲ"
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ မဟာအကြီးအကဲတဖြစ်လဲ တန်ချူတွင် နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားရှိသည်။ နတ်ခင်နယ်ပယ်နှင့်ယှဉ်ပါက ဒါက ဒုတိယလို့ ဆို၍ရသည်။
တန်ချူ ဟွမ်ချင်းအားကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"နိဗာနီးတောက်လား၊ ကြည့်ရတာ မင်းရဲ့ကံတရားက မဆိုးဘူးဘဲ၊ ဒါပေမယ့် နတ်အင်ပါယာနယ်ပယ်ခွန်အားနဲ့ ဒီနေရာမှာပဲ ရပ်တန့်သွားရတော့မယ်"
လုချန်ရှန်း၏စကားအရ ဟွမ်ချင်း နတ်သခင်နယ်ပယ်အထွတ်အထိပ်အဆင့်ကို နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ထိ ဖိနှိပ်ထားခဲ့သည်။
ဒီနည်းနှင့် သူမအာရုံစိုက်မှုအများကြီး ရလာမည်မဟုတ်။
ဟွမ်ချင်းတွင် နတ်ဖီးနစ်သွေးကြော၊ သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် လုချန်ရှန်းတို့၏ သွေးအဆီအနှစ်ရှိသည်။
နတ်သခင်ဟောင်တျန်းပင် ခွန်အားအပြည့်သုံးလျှင်ပင် ဘာတစ်ခုမှ ရှာတွေ့နိုင်မည်မဟုတ်ပါ။
တန်ချူ ဟွမ်ချင်းအား အမူအရာကင်းမဲ့စွာ ကြည့်ရင်း လှံရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
လှံကို ကမ္ဘာဖျက်မိုးကြိုးက ၀န်းရံထားသည်။
လှံကိုထုတ်လိုက်သည်နှင့် မိုးကြိုးက လေဟာနယ်ထဲတွင် အဆုံးမဲ့ဟိန်းနေလေရာ မိုးနှင့်မြေက မှောင်မိုက်သွားသည့်အလား ထင်ရသည်။
"မင်းသာ ဟောင်တျန်းစားသောက်ပွဲပြီးခါနီးမှာ တိုက်ခိုက်ခဲ့မယ်ဆိုရင် နေရာတစ်နေရာ ရနိုင်လောက်ပေမယ့် အခုတော့....."
ထို့နောက် တန်ချူလှံကိုမြှောက်ကာ ညာခြေနှင့် ပြိုင်ကွင်းကို တက်ဆောင့်လိုက်၏။
ချက်ချင်းဆိုသလို ပြိုင်ကွင်းတစ်ခုလုံး၏ မြေပြင်၌ လျှပ်စီးက တွားသွားနေပြီး ပြိုင်ကွင်းတစ်ခုလုံးကို အလျင်အမြန်ပင် ဖုံးသွားခဲ့သည်။
ဒီလျှပ်စီးစီးကြောင်းများက စပျစ်နွယ်များပမာ မိုးနှင့်မြေအား ဖုံးထားပြီး ဟွမ်ချင်းအနီးတွင် ၀န်းရံပစ်သည်။
တစ်ချိန်တည်းမှာပင် တန်ချူ ဟွမ်ချင်းကို အခွင့်အရေးတစ်ခုမှ ပေးချင်ပုံမပေါ်ပေ။
လျှပ်စီးစပျစ်နွယ်များက ဟွမ်ချင်းအနီး ရစ်ပတ်လာစဉ် သူလှံကိုကိုင်ပြီး ဟွမ်ချင်းထံ ပြေး၀င်သွား၏။
လူတိုင်း ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်ခေါင်းခါယမ်းမိကြသည်။
"တန်ချူက ဘယ်တော့မှ ထိန်ချန်ထားဖို့ ရည်ရွယ်ချက်မရှိဘူးဘဲ"
"ဒါကပုံမှန်ပဲလေ၊ ဘယ်လိုပဲဆိုဆို သူ့ကို စိန်ခေါ်မယ့်သူတွေ ရှိနိုင်တာပဲ၊ ဒီတော့ ခွန်အားအပြည့်သုံးပြီး တိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ပစ်တာက အကောင်းဆုံးနည်းပဲလေ"
"ဒါ့အပြင် နိဗာနမီးနဲ့ သူ့ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ဘူးဆိုရင် အတော်လေး ကြောင်စရာကောင်းတဲ့နှုန်းနဲ့ ပြန်ကောင်းလာနိုင်တယ်"
နိဗာနမီး၊ နိဗာနပြန်လည်မွေးဖွားခြင်း!
ဒါက ဝိဉာဉ်ကအဖျက်ဆီးမခံရသရွေ့ ကိုယ်ခန္ဓာက မသေစေနိုင်တော့သည်နေရာအထိပင် ရောက်နိုင်သည်။
ဟွမ်ချင်း လျှပ်စီးစပျစ်နွယ်များနှင့် ကမ္ဘာဖျက်မိုးကြိုးနှင့်အတူ လင်း၀င်းနေသည့် လှံကိုကြည့်နေသော်လည်း သူမ၏အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိချေ။
သူမ သေးသွယ်သည့်လက်ကို အနည်းငယ် မြှောက်လိုက်သည်။ ထိုသေးသွယ်နူးညံ့ပုံရသည့် လက်မှ ထိုအချိန်မှာပင် မီးတောက်ဝဲဂယက်တစ်ခု ပေါက်ကွဲသွားသည်။
မီးတောက်ဝဲဂယက်က မုန်တိုင်းတစ်စင်းအဖြစ်ပြောင်းလဲသွားပြီး ပတ်ပတ်လည်က လျှပ်စီးစပျစ်နွယ်များကို ဝိုင်းရံကာ ပြာအဖြစ် လောင်ကျွမ်းသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုးထွက်လာသည့် မီးတောက်ဝဲဂယက်က တန်ချူကိုလည်း လွှမ်းခြုံသွားခဲ့သည်။
မူလက သူတို့ တန်ချူ ဒီမီးတောက်ဝဲဂယက်ကို တိုက်ရိုက်ချိုးဖျက်ပစ်လိမ့်မည်ဟု တွေးခဲ့ကြသည်။
မျှော်လင့်မထားစွာပင် တန်ချူလက်ထဲက လှံရှည်က ကွင်းပြင်ပေါ် တိုက်ရိုက်ကျသွားပြီး သူ့ပုံရိပ်ကလည်း ဝဲဂယက်ကြောင့် ကွင်းထဲကနေ လွင့်စင်သွား၏။
သူ့တွင် တုံ့ပြန်ရန်အတွက် စွမ်းရည်အနည်းငယ်မျှပင် မရှိခဲ့ပါ။
အပိုင်း(854) coming။
(နောက်ပိုင်းကနေ နိဗာနမီးတောက်ကို ဖီးနစ်မီးတောက်အဖြစ် သုံးစွဲသွားပါမည်)