#လျိုကျိယုပေါ်လာခြင်း#
Vol. 60 Ch. 854
ပထမပြိုင်ကွင်းငါးခုမှ လူငယ်ပါရမီရှင်များ၊ ကွင်းပြင်အောက်က ဂိုဿ်းအသီးသီးမှ ကျွမ်းကျင်သူများအပြင် အထက်ကွင်းပြင်မှ တခြားနတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူများ၊ အားလုံး၏ မျက်လုံးများက ဟွမ်ချင်းရှိသည့် ပြိုင်ကွင်းကို အာရုံစိုက်နေကြသည်။
ထိုစဉ် မီးမုန်တိုင်းတစ်စင်းက ပြိုင်ကွင်းတစ်ခုကို ဖြတ်သန်းသွား၏။
ဟောင်တျန်းနတ်ဂိုဏ်း၏ လေဟာနယ်က နတ်ဖီးနစ်မီးတောက်ကနေ သိပ်သည်းထားသည့် မီးမုန်တိုင်းကြောင့် ပုံပျက်သွားသော်လည်း တစ်ခဏအကြာတွင် ပြိုကျလုနီးပါးဖြစ်သွားသည်။
ကောင်းကင်တစ်ခုလုံးက ဆန့်ကျင်ဘက်ပင် နီရဲနေပြီး မီးလျှံတစ်စင်းက မြို့တစ်မြို့ကို ဖျက်ဆီးပစ်လိုက်သည့်အလားပင်။
သို့စေကာမူ သူတို့ကို အတော်လေးထိတ်လန့်စေတာက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ မဟာအကြီးအကဲတဖြစ်လဲ နတ်သခင်နယ်ပယ်အောက်တွင် ဒုတိယဟုဆို၍ရသည့် နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်က တန်ချူက ဒီအမည်မသိအမျိုးသမီးအား ရှုံးနိမ့်သွားပြီး ကွင်းပြင်က ထွက်သွားရခြင်းဖြစ်သည်။
အမြင်ကောင်းသောမည်သူမဆို တန်ချူ ဒီတိုက်ခိုက်မှုတွင် ဘာမှထိန်ချန်မထားဘဲ ခွန်အားအပြည့်ကို သုံးခဲ့တာကိုသိပေသည်။
သို့တိုင်အောင် အနီ၀တ်အမျိုးသမီး၏ မီးမုန်တိုင်းအောက်တွင် သူအနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ ပြိုင်ကွင်းကနေ လွင့်စင်သွားရသည်။
တန်ချူ၏ခရမ်းရောင်၀တ်ရုံ၌ ချိတ်နေသည့် မီးတောက်များက အရိုးများ၌ တွယ်ကပ်နေသည့် ကပ်ပါးကောင်များပမာပင်။ တန်ချု ၎င်းတို့ကို ပြန့်ကြဲသွားစေရန်အတွက် မိုးကြိုးတာအိုနိယာမနှင့် ဝိဉာဉ်ချီပမာဏအများအပြားကို မည်သို့ပင်သုံးပါစေ သက်ရောက်မှုက အနည်းဆုံးဖြစ်နေဆဲပင်။
"မင်းဘယ်သူလဲ"
လွင့်စင်သွားသည့် တန်ချူ၌ ထိတ်လန့်နေသည့် အမူအရာတစ်ခုရှိနေသည်။ ၀တ်ရုံပေါ်က နတ်ဖီးနစ်မီးတောက်များကို ခုခံရင်း သူအထိတ်တလန့်ပြောသည်။
"နတ်အင်ပါယာနယ်ပယ် နောက်ပိုသ်းအဆင့်ခွန်အားလေးနဲ့ မင်းဒါကိုဘယ်လို လုပ်နိုင်တာလဲ"
ဟွမ်ချင်းပြန်မဖြေဘဲ ယင်းအစား လက်ကိုသာဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလို တန်ချူ လွင့်ပြယ်အောင် မလုပ်နိုင်သည့် နတ်ဖီးနစ်မီးတောက်က ဟွမ်ချင်း၏ သိမ်းဆည်းခြင်းကို ခံလိုက်ရသည်။
သူတို့အကြားတွင် ရန်ငြိုးမရှိသဖြင့် တစ်ဘက်လူအတွက် အရာများကို ခက်ခဲအောင် လုပ်နေစရာမလိုပေ။
လူတိုင်း ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများဖြင့် ကြည့်နေကြ၏။
သူမတွင် နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားရှိသော်လည်း တစ်ဘက်က နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို လုံး၀မခုခံနိုင်အောင် လုပ်နိုင်သည်။
ဒါ့အပြင် သူမ၏တည်ငြိမ်နေသည့် အမူအရာကို ကြည့်ခြင်းအားဖြင့် သူမ ခွန်အားအပြည့်ကို သုံးခဲ့ပုံမပေါ်ပေ။
ဟောင်တျန်းခန်းမ၌ရပ်နေသည့် တင်းဝေ၏ မျက်လုံးများ၌ပင် လေးနက်သည့် အရိပ်အယောင်တစ်ခုရှိနေသည်။
သူ့၏နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းဖြင့် ဟွမ်ချင်း၏ နတ်ဖီးနစ်မီးတောက်ကို ခုခံနိုင်မလားဆိုတာ သူတွေးနေသည်။
သို့သော် အဖြေက မဟုတ်ပါ။
အတိုင်းအတာတစ်ခုအထိ သူက ဟွမ်ချင်းထက် ပိုအားကောင်းနိုင်သော်လည်း သူ့ခွန်အားက အကန့်အသတ်ရှိသည်။ ဒါ့အပြင် တစ်ဘက်လူက ခွန်အားအပြည့် မသုံးထားတာ ရှင်းပါသည်။
"သူက နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းက ပါရမီရှင်တစ်ယောက်များလား" တင်းဝေ ဟွမ်ချင်းကို သံသယဖြင့် စိုက်ကြည့်နေသည်။
"ဒါပေမယ့် ဖီးနစ်မီးတောက်ကို သုံးနိုင်ဖို့ဆိုတာက ငါသိရသလောက်ဆိုရင် တခြားနတ်သခင်အဆင့်ဂိုဏ်းတွေမှာ ဒီလိုလူမျိုးမရှိဘူးလေ....."
အကယ်၍ သူကသာ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းက တစ်ယောက်ယောက်ဆိုပါက ဒီအဆင့်က စွမ်းအားရှင်ကို သူမှတ်မိတယ်ဆိုတာ တင်းဝေယုံကြည်သည်။
တခြားတစ်ဘက်တွင် ပထမပြိုင်ကွင်းငါးခု၌ ရပ်နေသည့် ဟဲလျန်မှာ နယ်ပယ်တူက လူတစ်ယောက်က ကွင်းထဲက ပစ်ချလိုက်ရုံသာရှိသေးသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အကြည့်က လေးနက်သွား၏။
မူလက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ အကြံအစည်က သူနှင့်မဟာအကြီးအကဲတန်ချူတို့ ကွင်းပြင်ထဲက နှစ်နေရာကို အရင်ဆုံးရယူရန်ဖြစ်သည်။
ကျန်သည့်နေရာများအတွက်မူ သူတို့ နောက်ဆုံးအချိန်အထိ ပြိုင်ဘက်များကို ရွေးချယ်ပြီး နေရာအများစုကို တတ်နိုင်သမျှ သိမ်းပိုက်ရယူမည်ဖြစ်သည်။
ဒီနည်းလမ်းဖြင့် သူတို့ပြိုင်ဘက်များစွာကို ကန်ထုတ်ပစ်နိုင်မည်သာမက ဟောင်တျန်းစားသောက်ပွဲ၌ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ ဂုဏ်သတင်းကိုပါ တိုးမြှင့်နိုင်မည်သာ။
အစီအစဉ်ကလှပသော်လည်း လက်တွေ့ဘ၀က ရက်စက်သည်။
သို့စေကာမူ ပထမအဆင့်ကပင် အညှာတာကင်းမဲ့စွာ ရိုက်ချိုးခံလိုက်ရလေပြီ။
ပြိုင်ကွင်းအောက်တွင် လျိုကျိယု နတ်ဖီးနစ်မီးတောက်များဖြင့် ဖုံးထားသည့် ဟွမ်ချင်း၏ပုံရိပ်ကို ကြည့်ပြီး သက်ပြင်းချသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ နတ်ဖီးနစ်သွေးကြောကို ပိုင်ဆိုင်ခြင်းက တကယ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်"
"စီနီယာဖီးနစ်က ဒါကိုကိုယ်တိုင်သွားပြီးတော့တောင် ရယူနိုင်ခဲ့တယ်...."
နတ်သခင်အထွတ်အထိပ်အဆင့်များသည် အဆင့်မြင့်ကြယ်နယ်မြေ၏ အမြင့်ဆုံးအဆင့်တွင် ရပ်တည်နေကြခြင်းပင်။
သူမတွင် နတ်ဖီးနစ်သွေးကြောပင်ရှိသည်။
သူမလက်တစ်ချက်ယမ်းလိုက်ရုံနှင့် ကျွမ်းကျင်သူများစွာက လက်ရှိအခြေအနေကို ချိုးဖျက်ရန် သူမနှင့်ပူးပေါင်းပြီး နတ်သခင်ဂိုဏ်းသစ်တစ်ဂိုဏ်း ထူထောင်ရန်ပင် ၀န်လေးကြမည်မဟုတ်။
ရုတ်တရက် လျိုကျိယု ကျောကနေ အေးစိမ့်မှုကို ခံစားလိုက်ရပြီး သူ့နှလုံးသားက တုန်ယင်သွားရသည်။
သူမသိစိတ်ကနေ ဘေးသို့ လှမ်းကြည့်လိုက်မိစဉ် လုချန်ရှန်းသူ့ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။
အာ၊ မဟုတ်တော့ဘူး၊ ငါမှားပြောမိပြန်ပြီ!
လုချန်ရှန်း ကြင်နာသည့်အပြုံးဖြင့်ပြောသည်။
"မင်းအရမ်းစကားများတာပဲ၊ မင်းကို ကြည့်ရတာ အရမ်းလွတ်လပ်နေပုံပဲ၊ ဘာလို့သွားပြီး တစ်ယောက်ယောက်ကို စိန်မခေါ်ရတာလဲ"
ဘယ်လိုဟာသလဲ!
ဟွမ်ချင်းက သူ့ကိုယ်တိုင် တစ်ယောက်တည်း ပျိုးထောင်ခဲ့သည့် ငှက်ကလေးပင်။ သူမကို တိုက်ခိုက်သူတစ်ဦး ဖြစ်လာစေရန်အတွက် သူအများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။ မဟုတ်ဘူး၊ ကိရိယာတစ်ခုဆိုရင်ရော.... ဒါလည်း မမှနါသေးဘူး!
ထားလိုက်တော့၊ ဒါကအရေးမကြီးဘူး!
လျိုကျိယုရဲ့စကားလုံးတွေက ဟွမ်ချင်းကို ကိုယ်ပိုင်ဂိုဏ်းတစ်ဂိုဏ်း ထူထောင်ဖို့ အတွေး၀င်သွားစေရင် ဘယ်လိုလုပ်မလဲ!
ဒါဆိုကိရိယာတစ်ခု လျော့ကျသွားမှာမလား၊ ဒီလိုဖြစ်လို့မရဘူး!
လုချန်ရှန်း၏စကားလုံးများကို ကြားပြီးနောက် သူ့၏ကြင်နာသည့်အမူအရာကို မြင်ရသောအခါ လျိုကျိယုခေါင်းငုံ့ကာ နောက်ဆုတ်သွားပြီး အင်မတန်နာကျင်နေသည့် အသံဖြင့်ပြောသည်။
"ကျွန်တော်မှားသွားပါတယ်၊ တောင်းပန်ပါတယ်...."
.....
ထိုအချိန်တွင် ဟောင်တျန်းနတ်ပိုင်နက်က ညတာယုံကိုပင် ရောက်နေလေပြီ။
သို့စေကာမူ ပြိုင်ကွင်းဆယ်ခုမှ စိန်ခေါ်မှုများက အရှိန်အဟုန်ဖြင့် သွားလာနေဆဲပင်။
အချိန်တွေကြာလာသောအခါ နေထွက်ဖို့ လေးနာရီသာလိုတော့သည်။
စင်မြင့်ပေါ်၌ လူအများစုက ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ဘဲ ပြိုင်ကွင်းထဲက လူများအား စတင်တိုက်ခိုက်သည်။
အောက်ပိုင်းတွင် ပြိုင်ကွင်းငါးခုရှိသည်။
ဘက်လေးဘက်က ပထမတန်းစားအင်အားစုများ၏ ပါရမီရှင်များနှင့် အံ့ဖွယ်တပည့်များက သူတို့၏ ဂုဏ်သတင်းနှင့် ကိုက်ညီသည်။
ဟဲလျန်ဖြစ်စေ၊ ကုကျင်း၊ သို့မဟုတ် ကျင်းဝူကျင်းဖြစ်စေ သူတို့အားလုံးစင်ပေါ်၌ ရပ်နေကြဆဲပင်။
သူတို့ထဲတွင် ထိတ်လန့်စရာအကောင်းဆုံးက ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျို ကျိချန်းယောင်ဖြစ်သည်။
ကျန်သုံးယောက်က ဒဏ်ရာရနေပြီဖြစ်ကာ သူတို့အော်ရာများကလည်း တုန်ခါနေကြ၏။
ကျိချန်းယောင်ကရော!
သူမ၏အ၀တ်ထောင့်စွန်းလေးပင် ပျက်စီးခြင်းမရှိသလို သူမအော်ရာကလည်း တည်ငြိမ်နေဆဲပင်။
သူမကိုယ်ကို ၀န်းရံနေသည့် ခရမ်းရောင်အော်ရာအမျှင်တန်းက တစ်ကမ္ဘာလုံးမှ နိယာမစွမ်းအား ပါ၀င်နေသည့်အလား အတော်လေးနက်ရှိုင်းသည်။
ဒါက ရှေးဦးမူလခရမ်းချီဖြစ်သည်။
သူမ လုချန်ရှန်း သူမကိုပေးခဲ့သည့် ရှေးဦးမူလခရမ်းချီအမျှင်စကို အပြည့်အ၀ မသန့်စင်နိုင်သေးသော်လည်း အနည်းငယ်တော့ စုပ်ယူနိုင်ခဲ့သည်။
ရှေးဦးမူလခရမ်းချီ၏ စွမ်းအားနှင့်အတူ ကျိချန်းယောင် ကွင်းပြင်၌ တောက်ပစွာပင် ထွန်းတောက်နေသည်။
စားပွဲရှေ့က ပြိုင်ကွင်းငါးခုတွင်မူ ဟွမ်ချင်းအပြင် ပြိုင်ကွင်းလေးခုကလူအရေအတွက်က ပြောင်းလဲနေဆဲပင်။
သို့စေကာမူ မည်သူကမှ ဟွမ်ချင်းကို စိန်မခေါ်ရဲပေ။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ မဟာအကြီးအကဲတန်ချူပင်လျှင် သူမပြိုင်ဘက်မဟုတ်ခဲ့ပေ။
ဒါ့အပြင် သာမန်တိုက်ချက်လေးတစ်ချက်ကိုပင် ခံနိုင်ခဲ့ခြင်းမရှိလေရာ တခြားသူများကို ပြောနေစရာပင်မလိုတော့။
လျိုကျိယု အချိန်ကိုကြည့်လိုက်၏။
"စီနီယာလု၊ ကျွန်တော်လည်းသွားတော့မယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
ဒါကနောက်ဆုံးအခိုက်အတန့်လည်း ဖြစ်သဖြင့် လျိုကျိယု နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်က ကျွမ်းကျင်သူတစ်ဦးကို ရွေးချယ်ပြီး ခုန်တက်သွား၏။
လုချန်ရှန်း၏ လေ့ကျင့်ပေးမှုနှင့်အတူ အစပိုင်းက နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့်ဖြစ်သည့် လျိုကျိယုက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားသည်မှာ ကြာမြင့်နေလေပြီ။
လျိုကျိယု၏ လက်ရှိခွန်အားနှင့် အမှောင်ပိုင်နက်၏ နည်းစနစ်များဖြင့် သူ့အဖို့ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ကိုင်တွယ်ရန်ဟူသည် မခက်ခဲပေ။
တစ်ဘက်လူက ခေးအောစ့်အနှစ်သာရ နတ်မိုးကြိုးခန်းမက အကြီးအကဲတစ်ဦးဖြစ်သည်။
သူ လျိုကျိယုကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
"နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်က လူတစ်ယောက်ကလည်း ဒီနေရာမှာ ပျော်စရာ လာရှာတာလား"
လျိုကျိယုသူ့ကိုဘာမှမပြောပေ။
လုချန်ရှန်းနှင့် အချိန်အများကြီး ကုန်ဆုံးပြီးနောက် လျိုကျိယု၏ပင်ကိုယ်စရိုက်က တဖြည်းဖြည်း လုချန်ရှန်းနှင့် ပိုပို၍ပင် တူလာခဲ့သည်။
ဥပမာအားဖြင့် တိုက်ပွဲအတွင်း စကားများလေလေ၊ ပိုမြန်မြန်သေရလေလေဖြစ်သည်။
အကယ်၍ တစ်ဘက်လူကို အစွမ်းကုန်ဖိနှိပ်နိုင်ပါက ထိန်ချန်မထားသင့်ပေ။
တစ်ဘက်လူတွင် ဝှက်ဖဲတစ်ခုရှိနေပါက ဘယ်လိုလုပ်မည်နည်း။
ထို့ကြောင့် လျိုကျိယုက လက်ဖဝါးက တုန်ခါသွားသည်။
ရုတ်ချည်းဆိုသလို အမှောင်လှောင်အိမ်တစ်ခုက နှစ်ယောက်စလုံးကို လွှမ်းခြုံသွားပြီး ပြိုင်ကွင်းတစ်ခုလုံးကို ချက်ချင်းတိုက်စားပစ်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ တစ်ချို့အင်အားစုများ၏ ကျွမ်းကျင်သူများက ထိတ်လန့်သွားကြ၏။
ဒါက အမှောင်ပိုင်နက်၏နည်းစနစ်ပေတည်း။
အပိုင်း(855) coming။