#ဟောင်တျန်းနတ်ဂိုဏ်း#
Vol. 60 Ch. 851
ဟောင်တျန်းနတ်ပိုင်နက်!
အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးမှ ပထမတန်းစားနှင့် ဒုတိယတန်းစားအင်အားစုတစ်၀က်ကျော်က ဒီနေရာ၌ စုစည်းနေကြ၏။
သူတို့က ဒီနေရာက ထူးဆန်းသည့် အာကာသအတက်အကျကြောင့် ရှိနေကြခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ အာကာသနှလုံးသားက ထိုဂိုဏ်းများအတွက် အရမ်းဆွဲဆောင်မှုရှိနေဆဲပင်။
နတ်သခင်အဆင့်ဂိုဏ်းများပင်လျှင် ဒါကို လျစ်လျူမရှုရဲပေ။
နတ်သခင်အဆင့်ဂိုဏ်းများ၏ မပါ၀င်မှုကြောင့်သာ မဟုတ်ပါက ဒါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၏ တည်ဆောက်ပုံ၌ အပြောင်းအလဲတစ်ခုဖြစ်လာစေလိမ့်မည်။
ဒီနတ်သခင်အဆင့်ဂိုဏ်းများကလည်း ပြိုင်ကွင်းထဲသို့ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ၀င်လာကြပေလိမ့်မည်။
တကယ်တမ်းတွင် ဒါကအပေါ်ယံသာဖြစ်သည်။ အမှောင်ထုထဲတွင် ဒီနတ်သခင်အဆင့်ဂိုဏ်းများက ၀င်စွက်ဖက်ကြမည်သာ။
ဟောင်တျန်းစားသောက်ပွဲက ဂိုဏ်းတစ်ဂိုဏ်း၏အဆင့်ကို ကန့်သတ်ထားခြင်းမရှိချေ။
သူတို့လာနေသရွေ့ ဟောင်တျန်းစားသောက်ပွဲကို ၀င်နိုင်သည်။
အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ဟောင်တျန်းနတ်ဂိုဏ်းက ခွန်အားကို အလေးထားဆုံးနေရာပေတည်း။
ဟောင်တျန်းနတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တဖြစ်လဲ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် နတ်သခင်ဟောင်တျန်းမှာ တစ်ယောက်ယောက်သူ့ကို အနိုင်ယူနိုင်ပါက ဘယ်လိုအစီအစဉ်၊ အကြံအစည်မျိုးနှင့်ဖြစ်ပါစေ ဟောင်တျန်းနတ်ဂိုဏ်းကို လက်နှစ်ဖက်နှင့် လွှဲပြောင်းပေးမည်ဟု ပြောခဲ့သည်။
ဟောင်တျန်းနတ်ဂိုဏ်း၏အမြင်တွင် အားနည်းသူများက ဖယ်ရှားခံရသင့်သည်။
ဒါက သူ့ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်မှုရှိသည်သာမက သူ့ကိုယ်သူတိုက်တွန်းလှုံ့ဆော်ခြင်းလည်းဖြစ်သည်။
ဒါကလည်း နတ်သခင်ဟောင်တျန်းက သူမတူးထူးကဲစွာ အစွမ်းထက်သောကြောင့်ပင်။
သူ့ကို နတ်သခင်များအကြား အစွမ်းထက်ဆုံးဟု မသတ်မှတ်နိုင်သော်လည်း နတ်သခင်အားလုံးက သူတို့တခြားနတ်သခင်များကိုသာ ရင်ဆိုင်နိုင်သည်၊ သို့သော် နတ်သခင်ဟောင်တျန်းကို မရင်ဆိုင်ချင်ကြဟု ဆိုကြသည်။
ဟောင်တျန်းနတ်ပိုင်နက်က အမြင့်ဆုံးခွန်အားကို အသင့်တော်ဆုံး သံမဏိရှင်သန်ရေးနိယာမကို အမြင့်ဆုံးအဆင့်အထိ ယူဆောင်လာပေးနိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။
ဟောင်တျန်းနတ်ဂိုဏ်းတစ်ဂိုဏ်းလုံးက ဟောင်တျန်းနတ်ပိုင်နက်အလယ်ဗဟိုတွင် တည်ရှိသည်။
အပြင်ဘက်တောင်ကိုးလုံးက ဟောင်တျန်းနတ်ဂိုဏ်း၏ ပြင်ပဂိုဏ်းပင်။
တောင်ကိုးလုံးက အလယ်၌ လွင့်မြောနေသည့် ဧရာမမြို့ကြီးကို ၀န်းရံထားသည်။
ဒါက ဟောင်တျန်းနတ်ဂိုဏ်း၏ အတွင်းဂိုဏ်းပေတည်း။
ဟောင်တျန်းစားသောက်ပွဲကို ဒီဧရာမမြို့ကြီးထဲက ဟောင်တျန်းခန်းမတွင် ကျင်းပခဲ့သည်။
လုချန်ရှန်းနှင့် ဟွမ်ချင်းတို့ ဒီနေရာကို ရောက်လာခဲ့ကြသည်။
လုချန်ရှန်း၏အဆိုအရ လျုကျိယုက အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူဖြစ်သဖြင့် သူ့အဖို့ ဖော်ပြရန်ဟူသည် မသင့်တော်ပေ။
ဟွမ်ချင်းက ဒီကမ္ဘာကြီးထဲတွင် နတ်ဖီးနစ်သွေးကြောမျိုးနွယ်၏ ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသောပိုင်ရှင်ပင်။ သူမကို ထုတ်ဖော်ပြသပါက တခြားဂိုဏ်းများအဖို့ သူမအား သူလျှိုလုပ်ရန် ပိုလွယ်ကူသွားပေလိမ့်မည်။
လုချန်ရှန်းကရော!
သူသိသမျှအရာတိုင်းကို သူနားလည်သည်။
သူတို့ဟောင်တျန်းခန်းမကို ရောက်လာကြသည်။
ပတ်၀န်းကျင်က လူများနှင့် ပြည့်နှက်နေပြီး လူတိုင်း၏အော်ရာက ယှဉ်၍မရနိုင်လောက်အောင် အားကောင်းသည်။
လျိုကျိယုဘေးကနေ အသံပို့သည်။
"ဒီအချိန်ကာလအတွင်းမှာ ပထမတန်းစားအင်အားစုတွေများစွာက လူတွေရောက်လာတာကို ကျွန်တော်မြင်ပြီးပြီ"
"ညာဘက်မှာ ရွှေတောင်ပံဂဠုန်၊ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ"
"ဘယ်ဘက်မှာ သေမင်းဝိဉာဉ်နန်းတော်"
"ရှေ့တည့်တည့်မှု ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်"
"ဒီအင်အားစုတွေက ဒီအချိန်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ပုံရတယ်"
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်!
လုချန်ရှန်းအနည်းငယ် ကြက်သေသေသွားပြီး ရှေ့သို့ကြည့်လိုက်စဉ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
သူမက မျက်နှာဖုံးကို ၀တ်ဆင်ထားသော်လည်း ဒါက သူမ၏ လှပလွန်းသည့် အသွင်အပြင်ကို မဖုံးကွယ်ထားနိုင်ပေ။
သူမက ကျိချန်းယောင်ကလွဲပြီး တခြားမည်သူဖြစ်ဦးမည်နည်း။
လုချန်ရှန်း ခေါင်းကို ဖုံးလိုက်မိသည်။
ကံကောင်းစွာပင် သူကအလွန်မြန်ဆန်ပြီး သူ့ရုပ်ရည်ကို ကြိုတင်ပြောင်းခဲ့သည်။
မဟုတ်ပါက နောက်ပိုင်းတွင် ပြဿာနာဖြစ်လာပေလိမ့်မည်။
သို့သော် သူဒီအကြောင်းကို ပြောနေတာသေူ ကြွက်သားများစွာရှိပြီး ရွှေချပ်၀တ်ကို ၀တ်ဆင်ထားသည့် လူတစ်ယောက်က လူတိုင်းရှေ့ရောက်လာသည်။
သူ သာမန်မှန်တစ်ချပ်ကို ထုတ်ယူပြီး ပြောသည်။
"နတ်သခင်အဆင့်ဂိုဏ်းတွေကို ဟောင်တျန်းစားသောက်ပွဲမှာ ပါ၀င်ဖို့အတွက် သူတို့အော်ရာတွေကို ဖုံးကွယ်ဖို့ ရုပ်ဖျက်နည်းတွေကို သုံးထားတာကနေ တားဆီးကာကွယ်ဖို့အတွက် ဒီအယောင်ဆောင်ထားတဲ့သူတွေကို သူတို့ရဲ့အစစ်အမှန်ခန္ဓာကို ပြန်ရဖို့ ကျုပ်ဒီကောင်းကင်စောင့်ကြည့်ရေးနယ်မြေကို သုံးမယ်"
ဒါကိုကြားသောအခါ လုချန်ရှန်းကြက်သေသေသွားပြီး လျိုကျိယုကို အမြန်မေးလိုက်သည်။
"ဒါဘယ်လို ကောင်းကင်စောင့်ကြည့်ရေးနယ်မြေလဲ၊ ဒါကတကယ်ပဲ ငါ့ရဲ့ရုပ်ဖျက်နည်းစနစ်ကို ချိုးဖျက်နိုင်တာလား"
လျိုကျိယု လက်အစုံကို အကူအညီမဲ့စွာဖြန့်လိုက်သည်။
"ကျွန်တော်လည်းကြောက်မိတယ်၊ စီနီယာရဲ့ရုပ်ဖျက်နည်းစနစ်က နတ်သခင်အဆင့်ကို မရောက်နိုင်သရွေ့တခြားနည်းလမ်းမရှိတော့ဘူး"
ဒါကိုကြားလေရာ လုချန်ရှန်း ကြောက်ရွှံ့မှုကို ခံစားလိုက်ရသည်။
သူတစ်နေ့လုံးအိမ်မှာနေခဲ့သည်။ ဘယ်လိုလုပ် ရုပ်ဖျက်နည်းစနစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ မတွေးနိုင်ခဲ့ရလေသနည်း။
ဒီရုပ်ဖျက်နည်းစနစ်က သူ့လက်ထဲက သာမန်အကျဆုံးနည်းစနစ်တစ်ခုသာ။
အကယ်၍ သူသာတခြားနည်းများကိုသုံးပါက ကောင်းကင်စောင့်ကြည့်ရေးနယ်မြေ၏ ရှာဖွေမှုကို ရပ်တန့်နိုင်လောက်သည်။
သို့စေကာမူ ဒါက တစ်ဘက်လူကို သေချာပေါက် သံသယ၀င်စေလိမ့်မည်။
ဒါကိုတွေးမိသောအခါ အနာဂတ်တွင် ရုပ်ဖျက်ပညာရပ်ကို လေ့လာရမည်ဟု လုချန်ရှန်းသူ့ကိုယ်သူ ကတိပေးလိုက်သည်။
အရေးကြီးအခိုက်အတန့်များတွင် ဒီလိုမထင်မရှားအရာများက ရှိနေဆဲပင်မဟုတ်ပေလော။
လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့မှာ မတတ်နိုင်တော့သဖြင့် ရုပ်ဖျက်ထားတာများကို ဖယ်ရှားလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်စောင့်ကြည့်ရေးနယ်မြေကလည်း တောက်ပသည့်အလင်းတစ်ခုကို ထုတ်လွှတ်ပြီး လူတိုင်းအပေါ် လင်း၀င်းစေခဲ့သည်။
ချက်ချင်းဆိုသလို ကောင်းကင်စောင့်ကြည့်ရေးနယ်မြေအောက်တွင် လူဆယ်ယောက်ကျော်၏ ရုပ်ဖျက်နည်းများက ဖော်ထုတ်ခံရသည်။
လူသန်ကြီး ဒါကိုမြင်သောအခါ မျက်မှောင်ကြုတ်သည်။
"မင်းတို့ကိုယ်တိုင်ထွက်သွားကြမလား ဒါမှမဟုတ် ငါ့ကိုလုပ်စေချင်လား"
ထိုလူများက နတ်သခင်အဆင့်ဂိုဏ်းများက တိတ်တဆိတ်စေလွှတ်ထားသည့် ကျွမ်းကျင်သူများဖြစ်ကြသည်။
လူသန်ကြီး၏စကားလုံးများကို ကြားသောအခါ သူတို့၏အမူအရာများက အတော်လေး ကြည့်ရဆိုးသွားကြသည်။
သို့စေကာမူ သူတို့ဟောင်တျန်းနတ်ဂိုဏ်းက ဒီအရူးအုပ်စုကို ရန်မစရဲသဖြင့် အလျင်အမြန် ထွက်သွားရုံသာ တတ်နိုင်တော့သည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၌ ကျိချန်းယောင်ဘယ်ညာကြည့်နေသည်။
ဒါက အသင်းကိုဦးဆောင်လာသည့် အကြီးအကဲ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဒါကိုမြင်သောအခါ အကြီးအကဲမေးသည်။
"သူတော်စင်မိန်းမပျို၊ တစ်ယောက်ယောက်ကို ရှာနေတာလား"
ကျိချန်းယောင် ဘာမှဖုံးကွယ်မထားဘဲ ခေါင်းညိတ်သည်။
သူမက ဒီနေရာကို လုချန်ရှန်းရှိမလားဆိုတာ သိချင်သဖြင့် လာရခြင်းပင်။
ကံဆိုးစွာပင် လုချန်ရှန်း ရုပ်ဖျက်ထားတာကို ချွတ်ပြီးနောက်တွင် ဒီကျွမ်းကျင်သူများ သူ့ကိုမရှာတွေ့နိုင်စေရန်အတွက် လူအုပ်စုထဲတွင် သူ့အော်ရာကို ဖုံးကွယ်ထားလိုက်၏။
အကြီးအကဲ အားကိုးရာမဲ့စွာပြောသည်။
"သူတော်စင်မိန်းမပျို၊ ဒီကိုလာဖို့အတွက် ပဏာမခြေလှမ်းလှမ်းလိုက်တယ်ဆိုတော့ မင်းရဲ့ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာ အာရုံစိုက်ထားရမယ်"
သို့စေကာမူ ကျိချန်းယောင်၏ မသက်မသာဖြစ်နေသည့် အမူအရာကို မြင်ရသောအခါ အကြီးအကဲမှာ ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူအတော်လေး သိချင်သွားသည်။
မည်သူကများ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် အတော်လေးကျော်ကြားသည့် သူတော်စင်မိန်းမပျို ကျိချန်းယောင်ကို ဒီလောက်အာရုံစိုက်အောင် လုပ်နိုင်လေသနည်း။
.....
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ဘက်တွင် တန်ချူ ပတ်၀န်းကျင်ကို စောင့်ကြည့်နေသည်။
"ကြည့်ရတာ ဒီတစ်ကြိမ် ပြိုင်ဘက်တွေ အတော်လေးများပုံပဲ၊ ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်၊ ရွှေတောင်ပံဂဠုန်ကလန်နဲ့ သေမင်းဝိဉာဉ်နန်းတော်တို့ကလည်း ဒီမှာရှိနေကြတယ်"
ထို့နောက် သူ့နောက်က ခရမ်းရောင်၀တ်စုံနှင့် လူငယ်အားကြည့်ပြီး ပြောသည်။
"ဟဲလျန်၊ ဒီတကြိမ် ငါတို့ ဟောင်တျန်းနတ်ပိုင်နက်ကို စုံစမ်းနိုင်မယ့် အခွင့်အရေးအတွက် တိုက်ခိုက်ရုံတင်မဟုတ်ဘဲ ငါတို့ ခေးအောစ့်အနှစ်သာရ နတ်မိုးကြိုးခန်းမရဲ့ ခွန်အားကိုလည်း ပြသဖို့ပဲ၊ မင်းနားလည်လား"
သို့သောါ သူဒီမေးခွန်းကို မေးလာသောအခါ ဟဲလျန်၏အကြည့်က ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်ဘက်သို့ အနည်းငယ်မျှပင် မပြောင်းဘဲ ကျရောက်နေသည်။
သူပြောတာကို ဟဲလျန်ကြားပုံမရပေ။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ မဟာအကြီးအကဲတဖြစ်လဲ တန်ချူက ဟဲလျန်ကဲ့သို့ ပါရီရှင်တပည့်များကို အနည်းငယ်နားလည်သည်။
ထို့ကြောင့် သူဒေါသမထွက်ဘဲ အကူအညီမဲ့စွာသာပြောသည်။
"ဟဲလျန်၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က လူတိုင်းကို ငုံ့ကြည့်နိုင်တဲ့အထိ မြင့်လာတဲ့အခါကျရင် ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျိုဆိုတာ မင်းအတွက် အလွယ်တကူ ရနိုင်မယ့် အသေးအနုတ်အရာတစ်ခုပဲ"
ဟဲလျန်ခေါင်းညိတ်သည်။
လူတိုင်းမောက်မာသည့် အကြည့်များကို ထုတ်လွှတ်ပြီး သူတို့ပတ်၀န်းကျင်များကို အတိုင်းအတာတစ်ခုအထိ စိုက်ကြည့်နေသည်။
"သခင်လေး၊ ခင်ဗျားယုံကြည်မှုရှိလား"
ဘေးက ကျင်းဝူကျင်း ဂုဏ်ယူစွာပြောသည်။
"ထိုင်ခုံရဖို့ဆိုတာက ပြဿာနာမဟုတ်ပါဘူး၊ ဒီထဲမှာ ဟဲလျန်နဲ့ သေမင်းဝိဉာဉ်နန်းတော်က စိတ္တဇကောင်ပဲ နည်းနည်း ပြဿာနာရှိလောက်တယ်"
ထိုအချိန်တွင် ရှေ့ကလူသန်ကြီးပြောသည်။
"လူတိုင်းရှိနေကြပြီဆိုတော့ အခု ဟောင်တျန်းစားသောက်ပွဲရဲ့ စည်းမျဉ်းတွေအကြောင်း ပြောဖို့ အချိန်ကျပါပြီ"
အပိုင်း(852) coming။