#ထိုင်ခုံဆယ်ခုံ#
Vol. 60 Ch. 852
ဟောင်တျန်းစားသောက်ပွဲက နာမည်အတိုင်းပင် စားသောက်ပွဲတစ်ခုသာဖြစ်ပုံရသည်။
သို့စေကာမူ ခွန်အားကအရာရာဖြစ်သည့် ဟောင်တျန်းနတ်ဂိုဏ်းကဲ့သို့ နေရာမျိုးတွင် သူတို့ဘယ်လိုလုပ် စားသောက်ပွဲကို ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုတို့နှင့် သာယာခံစားခွင့်ပေးနိုင်မည်နည်း။
တင်းဝေ ရှေ့တွင်ရပ်ပြီး တောက်ပစွာပြုံးသည်။
"လူတိုင်းက ဟောင်တျန်းနတ်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့အတွက် ဆန္ဒရှိတာမို့ ကိုယ့်ခွန်အားကိုယ် အရမ်းယုံကြည်မှုရှိကြမှာပေါ့"
"ဟောင်တျန်းနတ်ဂိုဏ်းက အာကာသနှလုံးသားကို လုယူရာမှာ ပါ၀င်မှာမဟုတ်ဘူးဆိုတာ အရင်ဆုံးရှင်းရှင်းလင်းလင်း ပြောထားပါရစေ၊ ဒါကြောင့် ဟောင်တျန်းနတ်ဂိုဏ်းက လူတွေက ဒီစားသောက်ပွဲမှာ ပါ၀င်မှာ မဟုတ်ဘူး"
"သေချာတာပေါ့၊ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ဟောင်တျန်းနတ်ဂိုဏ်းကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ငြင်းမှာမဟုတ်ပါဘူး"
လူတိုင်းခေါင်းညိတ်သည်။
ဟောင်တျန်းက ဒီလိုပြောခဲ့သဖြင့် သူတို့ကလည်း လိုက်နာကြမည်သာ။
ဘယ်ဂိုဏ်းက လှည့်ကွက်များကစားရတာကို အမုန်းဆုံးနည်းဟုဆိုပါက ဟောင်တျန်းနတ်ဂိုဏ်းသာဖြစ်ပေသည်။
သူတို့က မျက်နှာချင်းဆိုင်တိုက်ခိုက်တာကို အားပေးသည်။
လျှို့ဝှက်ကြံစည်မှုတွေကိုမူ သူတို့ရွှံရှာစက်ဆုပ်ကြသဖြင့် ဒါကလိုပင်မလိုအပ်ပါ။
"ဟောင်တျန်းစားသောက်ပွဲမှာ ဂိုဏ်းဆယ်ဂိုဏ်းပဲ သာယာခံစားနိုင်မယ်" တင်းဝေ သူ့နောက်သို့ လက်ညိုးထိုးပြသည်။
ထိုနေရာ၌ ထိုင်ခုံဆယ်လုံးချထားပြီး ထိုင်ခုံတစ်ခုံစီရှေ့တွင် အစားအသောက်၊ အရဿာမျိုးစုံရှိသည်။
တင်းဝေဆက်ပြောသည်။
"တချိန်တည်းမှာပဲ မျှတဖို့အတွက် နောက်ငါးနေရာကို နတ်ဘုရင်နယ်ပယ်အောက်က ဂျူနီယာငါးယောက်အတွက် ကန့်သတ်ထားတယ်"
"နတ်အင်ပါယာနယ်ပယ် ဒါမှမဟုတ် အထက်အဆင့်က တာအိုမိတ်ဆွေတွေက ထိပ်ဆုံးက ငါးနေရာမှာ ပါ၀င်နိုင်ပါတယ်"
နတ်သခင်များပါ၀င်မလားဆိုတာနှင့် ပတ်သက်ပြီး နတ်သခင်နယ်ပယ်က မည်သူမှ ဒီလောက်အရှက်မမဲ့လောက်ပေ။
လုချန်ရှန်းကတော့ခြွင်းချက်ဖြစ်သည်။
"ခင်ဗျားတို့ထဲက တစ်ယောက်က ဒီနေရာဆယ်ခုထဲက တစ်နေရာကို ရယူနိုင်သရွေ့ ခင်ဗျားရဲ့ဂိုဏ်းက ဟောင်တျန်းနတ်ပိုင်နက်ကို ဝင်ပြီး အာကာသမူမမှန်မှုတွေကို စုံစမ်းစစ်ဆေးနိုင်မှာပါ"
သို့စေကာမူ သူ့၏စကားလုံးများ၌ လူတိုင်း ဟာကွက်တစ်ခုကို သတိထားမိကြသည်။
သူဒါကိုမှားယွင်းစွာ လုပ်မိသည်လား၊ ဒါမှမဟုတ် တမင်သက်သက်လုပ်ခဲ့တာလားဆိုတာ မသိရပါ။
ဒါက ဒီထိုင်ခုံဆယ်နေရာတွင် ဂိုဏ်းတစ်ဂိုဏ်းတည်းက လူတစ်ယောက်တည်းသာ ထိုင်နိုင်မည်ဟု ကန့်သတ်ချက်မရှိပေ။
ဆိုလိုတာက ဒီထိုင်ခုံဆယ်ခုံစလုံးက ဂိုဏ်းတစ်ဂိုဏ်းတည်းက ကျွမ်းကျင်သူများဆိုလျှင်ပင် ပြဿာနာမရှိ။
ဒါက ပထမတန်းစားအင်အားစုများ၏ နှလုံးသားများကို တဒိန်းဒိန်းခုန်စေသည်။
အာကာသဆိုင်ရာ မူမမှန်မှုများကို လေ့လာစစ်ဆေးခွင့်ရခြင်း!
ဒါကသာ အာကာသနှလုံးသားနှင့် တကယ်ဆက်စပ်နေပါက သိသူနည်းလေ၊ ပိုကောင်းလေပင်။
ထို့ကြောင့် ထိုနေရာဆယ်နေရာအနက် နေရာများစွာကို ဂိုဏ်းတစ်ဂိုဏ်းတည်းက သိမ်းပိုက်ခဲ့သည့် အခြေအနေတစ်ခုလည်း သေချာပေါက် ရှိလာမည်သာ။
လူတိုင်း၏ စိတ်အားထက်သန်နေသည့် အမူအရာများကို မြင်ရသောအခါ တင်းဝေပြုံးလိုက်သည်။
"ဟောင်တျန်းနတ်ပိုင်နက်က အားကောင်းသူတွေကို ကြိုဆိုပါတယ်၊ ဟောင်တျန်းနတ်ဂိုဏ်းက အားကောင်းသူတွေကို ထောက်ခံတယ်၊ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် အပြင်ဘက်က ဟောင်တျန်းစင်မြင့်ကို သွားကြရအောင်"
ဟောင်တျန်းခန်းမအပြင်တွင် တင်းဝေ ရေရွတ်ရင်း လက်ကို အနည်းငယ် မြှောက်လိုက်၏။
အလွန်ပြင်းထန်သည့်ရုပ်ခွန်အားက လေဟာနယ်ကို အမှန်တကယ် သက်ရောက်စေပြီး ဒီခွန်အားအောက်တွင် မြေပြင်၌ ဧရာမစင်မြင့်ဆယ်ခုက မြှောက်တက်လာခဲ့သည်။
ထို့နောက် ဟောင်တျန်းနန်းတော်အပြင်ဘက်သို့ ကျဆင်းသွားသည်။
ဒါကလည်း ဂိုဏ်းအသီးသီးကို ဟောင်တျန်းနတ်ဂိုဏ်း၏ အားကောင်းသည့်ရုပ်ခွန်အားကို ချီးမွမ်းစေသည်။
ဟောင်တျန်းနတ်ဂိုဏ်းက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် အားအကောင်းဆုံးအင်အားစုတွေထဲက တစ်ခုဖြစ်လာရခြင်းမှာ အကြောင်းမဲ့တော့မဟုတ်ပါ။
"စင်မြင့်ကိုသိမ်းပိုက်၊ မနက်ဖြန်စေထွက်လာတာနဲ့ စင်မြင့်ထဲမှာ ရပ်နေတဲ့သူတွေက ဟောင်တျန်းစားသောက်ပွဲမှာ ထိုင်နိုင်မယ်"
ထို့နောက် တင်းဝေ ဟောင်တျန်းနန်းတော် အမိုးပေါ်၌ရပ်ပြီး စင်မြင့်ဆယ်ခုကို ငုံ့ကြည့်လိုက်၏။
အစပိုင်းတွင် မည်သူကမှ အလျင်စလိုမလုပ်သလို စင်မြင့်ကိုလည်း မသိမ်းပိုက်ကြသေးပါ။
ဒီစင်မြင့်ကို ပထမဆုံးသိမ်းပိုက်သူက ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို ဖြတ်သန်းရပေလိမ့်မည်။
လုချန်ရှန်း ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ကြည့်လိုက်၏။
"မင်းတို့နှစ်ယောက်အတွက် စင်မြင့်ထဲမှာ နေရာယူဖို့ဆိုတာက ပြဿာနာမရှိဘူးမလား"
ဟွမ်ချင်းတည်ငြိမ်စွာခေါင်းညိတ်သည်။
လျိုကျိယုခါးသီးစွာပြုံးသည်။
"စီနီယာ၊ ကျွန်တော်က နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတွေရဲ့ ပြိုင်ဘက်ဆိုတာကို မပြောနဲ့ဦး၊ ကျွန်တော်က အမှောင်ပိုင်နက်ကို ကိုယ်စားပြုတယ်လေ"
လုချန်ရှန်းလုံး၀ဂရုမစိုက်ပေ။
"အဆင်ပြေပါတယ်၊ ဘာပဲဆိုဆို မင်းသိသမျှအရာတိုင်းကို ငါ့ကိုပြောပြမှာပဲလေ"
လျိုကျိယု "????"
ကျုပ်သတင်းအချက်အလက်တွေကို မဖုံးကွယ်ထားဘူးဆိုတာ ခင်ဗျား အဲလောက်တောင် ယုံကြည်နေတာလား!
လုချန်ရှန်း သူ့ကို ထူးဆန်းသောအပြုံးဖြင့် ကြည့်သည်။
ဒီအပြုံးက လျိုကျိယု၏ကျောကိုပင် အေးစက်သွားစေသည်။
"ဒီနှစ်တွေအတွင်း ငါမင်းခွန်အားကို အများကြီး တိုးတက်အောင် လုပ်ပေးခဲ့တယ်မလား"
လျိုကျိယုခါးသီးစွာပြုံးရင်း ခေါင်းညိတ်သည်။
"ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းအဲဒီနတ်အင်ပါယာနယ်ပယ်ဆိုတာကို ဒီလောက်မြန်မြန် တက်လှမ်းနိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်နော်"
လျိုကျိယု ချက်ချင်းလက်မြှောက်လိုက်သည်။
"ကောင်းပါပြီ၊ စီနီယာလု၊ ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော် ဒီဟောင်တျန်းစားသောက်ပွဲမှာ စံအိမ်တော်ကို ကိုယ်စားပြုပါမယ်"
လုချန်ရှန်းကျေနပ်စွာ ခေါင်းညိတ်ရင်း လျုကျိယုပခုံးကို ပုတ်သည်။
"ဒါမှငါ့ကောင်ကွ....အာ...မဟုတ်ဘူး... ကောင်းလိုက်တဲ့ကိရိယာလေး....ဟမ်... မဟုတ်သေးဘူး"
"ကောင်းတဲ့....အမ်....ဟမ်...."
လုချန်ရှန်းဒါကို မတွေးနိုင်ဖြစ်နေသည်။
တခြားတစ်ဘက်တွင် လျိုကျိယု နှလုံးသားထဲကနေ ငိုကြွေးနေပြီး တစ်ချိန်တည်းမှာပင်ပြောသည်။
"လုပ်ပါ၊ စီနီယာလု၊ ခင်ဗျားအတွက် တွေးဖို့က အရမ်းမခက်ခဲဘူးမလား"
သူပို၍ပြောလာလေလေ၊ ပိုရယ်စရာကောင်းလာလေလေပင်။ သူပို၍ ဒီအကြောင်းကို တွေးလေလေ၊ သူ့၏နုနယ်သည့် နှလုံးသားက ပို၍နာကျင်လေလေဖြစ်သည်။
သူတို့ပြောနေစဉ် ရွှေတောင်ပံဂဠုန်ကလန်မှ ကျင်းဝူကျင်း ပထမဆုံးခုန်နက်သွားပြီး နောက်ကြိုးဝိုင်း၌ တည်ငြိမ်စွာပင်ရပ်ကာ အောက်ကလူများအား မောက်မာသည့် အမူအရာဖြင့် ကြည့်ရင်း လှောင်ပြောင်လိုက်သည်။
"မင်းတို့တိုက်ခိုက်ဖို့ သတိထားနေကြသေးတာလား၊ မင်းတို့ရဲ့စိတ်နေစိတ်ထားနဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ ဖြစ်ချင်ကြသေးတာလား"
ရွှေတောင်ပံဂဠုန်ကလန်က သူတို့၏ မောက်မာမှုကြောင့် ကျော်ကြားသည်။
တင်းဝေ ဒါကိုမြင်သောအခါ သဘောကျသည့်အသွင် ခေါင်းညိတ်သည်။
သူအရင်ဆုံးသွားပါက သူ့တွင် အသာစီးရမှုမရှိလျှင်ပင် ယခုလိုသတ္တိမျိုးသာမရှိပါက ဘယ်လိုလုပ် ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်မည်နည်း။
လူတိုင်း ကျင်းဝူကျင်းကို ကြည့်လိုက်ကြပြီး သူတို့၏အမူအရာများက လေးနက်သွားကြသည်။
ရွှေတောင်ပံဂဠုန်ကလန်တွင် ရှေးဟောင်းသားရဲသွေးကြောရှိသည်။
ပထမတန်းစားအင်အားစုများအတွင်း သူတို့က ခွန်အား၏မဏ္ဍိုင်တစ်ခုလည်းဖြစ်သည်။
သခင်လေးကျင်းဝူကျင်းက အလွန်အမင်းပါရမီရှိပြီး နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်နေလေပြီ။
သို့စေကာမူ သူ့၏ ရွှေတောင်ပံဂဠုန်သွေးကြောနှင့်ဆိုပါက နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်က ဘယ်သူမဆို သူ့ကို ခုခံရန်ခက်ခဲသည်။
ကျင်းဝူကျင်း၏စကားလုံးများကို ကြားပြီးနောက် ခေးအောစ့်အနှစ်သာနတ်မိုးကြိုးခန်းမဘက်က ဟဲလျန်လည်း ကျန်းဝူကျင်းဘေး စင်မြင့်ပေါ်သို့ရောက်လာသည်။
သေမင်းဝိဉာဉ်နန်းတော်မှ သေမင်းသားတော်ဟု လူသိများသည့် ကုကျင်းကလည်း စင်မြင့်တစ်ခုတွင် တိတ်တဆိတ် ပေါ်လာသည်။
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ကရော!
ကျိချန်းယောင် နတ်သမီးတစ်ပါးပမာ ပြောင်းလဲသွားပုံရပြီး အဖြူရောင်ပိုးသားများက လေထဲတွင် လွှင့်မြောသွားကာ ပထမဆုံးစင်မြင့်တစ်ခုနှင့် ချိတ်ဆက်သွားသည်။
ကျိချန်းယောင် ပိုးသားမျှင်ပေါ် ခပ်ပေါ့ပေါ့ပင် တက်လှမ်းလိုက်ပြီး တစ်လှမ်းချင်း စင်မြင့်ဆီသို့ ကောင်းကင်ဘုံအင်မော်တယ်တစ်ဦးပမာ လျှောက်လှမ်းသွားသည်။
ကျိချန်းယောင်ကိုမြင်သောအခါ မရေမတွက်နိုင်သောသူများက ချစ်စိတ်မွှန်နေသည့် အမူအရာများပြသကြသည်။
ဟဲလျန်ပင်လျှင် ကျိချန်းယောင်ကို တည့်တာ့်စိုက်ကြည့်နေမိသည်။
သို့သော် ကျိချန်းယောင် သူ့ကိုလျစ်လျူရှုကာ ယင်းအစား ခေါင်းမော့ရင်း ဗလာကျင်းနေသည့် ပထမဆုံးစင်မြင့်ငါးခုကို ကြည့်နေသည်။
သူမတစ်စုံတစ်ယောက် ပေါ်လာမည်ကို စောင့်ဆိုင်းနေသည့်အလား။ သူမဒီကို လုချန်ရှန်းအတွက် ရောက်လာရခြင်းပင်။
ကံဆိုးစွာပင် လုချန်ရှန်း လုံး၀မတိုက်ခိုက်ချင်ခဲ့ပေ။
လုချန်ရှန်းအတော်လေးပါးနပ်သည်။ အမြင့်ဆုံးအဆင့်ကို မတက်လှမ်းကြဘဲ ပထမဆုံးပင် မလှုပ်ရှားကြသည့် ထိုလူများက လုချန်ရှန်းအတွက်မူ သောက်ကျိုးနည်းအရာများသာ။
သူတတ်နိုင်သမျှ အနည်းဆုံးတိုက်ခိုက်ရမည်။
လျိုကျိယုနှင့် ဟွမ်ချင်း ထိုင်ခုံများကို သိမ်းပိုက်ထားနိုင်သရွေ့ သူ့အတွက် မလှုပ်ရှားရပါက ပိုကောင်းသည်။
လုချန်ရှန်း ကျိချန်းယောင်ကို သူ့တည်ရှိမှုအား မရှာတွေ့သွားစေချင်ပေ။
အပိုင်း(853) coming။