← Chapters

#‌လျိုကျိယုကို ပစ်မှတ်ထားနေတာလား#

Vol. 61 Ch. 855

#‌လျိုကျိယုကို ပစ်မှတ်ထားနေတာလား#

Vol. 61 Ch. 855

လျိုကျိယု၏တိုက်ခိုက်မှုက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ပြိုင်ကွင်းက အမှောင်အော်ရာတစ်ခုဖြင့် ဖုံးလွှမ်းသွားလေရာ နတ်အင်ပါယာနယ်ပယ်အောက်က ကျွမ်းကျင်သူများကို လုံး၀အာရုံမခံနိုင်တော့ပါ။

တစ်ချိန်တည်းမှာပင် သူတို့၀န်းကျင်က အရာတိုင်းက မည်းနက်နေသည်။

သူတို့အာရုံခံရန်အတွက် ဝိဉာဉ်စွမ်းအားကို သုံးမည်ဆိုလျှင်ပင် မြင်နိုင်သည့် အကွာအဝေးက အင်မတန် အကန့်အသတ်ရှိသည်။

ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမက အကြီးအကဲရှေ့၌ နဂါး‌ဟိန်းသံတစ်သံက သူ့နားထဲ ပဲ့တင်ထပ်လာသည်။

သူထိတ်လန့်တုန်လှုပ်သွား၏။ အသံအရင်းအမြစ်က သူ့နောက်တွင်ရှိသည်။

ထို့ကြောင့် သူအလျင်အမြန်လှည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။ ဝိဉာဉ်ချီအတားအဆီးတစ်ခုက နံရံမြင့်တစ်ခုပမာ ရပ်တည်နေသည်။

သို့စေကာမူ သူကျောကို ကာကွယ်လိုက်သည့် အခိုက်အတန့်မှာပင် အရိပ်နက်တစ်ခုက သူ့၏တခြားတစ်ဘက်တွင် တိတ်တိတ်လေးပေါ်လာသည်။

ထို့နောက် ငွေရောင်အလင်းတစ်ချက် တောက်ပစွာ လင်း၀င်းသွားပြီး ငွေဓားမြှောင်တစ်လက်က ထိုလူ၏ ကျောကို ထိုးဖောက်ပစ်သည်။

အကြီးအကဲ၏အမူအရာက အေးခဲသွားပြီး သူ့အော်ရာက အလျင်အမြန်ပင် အားနည်းသွားခဲ့သည်။

ထို့နောက်တွင် ပြိုင်ကွင်းအား ၀န်းရံနေသည့်အမှောင်ထုက တိတ်တဆိတ် ပျောက်ကွယ်သွား၏။

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ အမူအရာများက လေးနက်သွားကြသည်။

ဒါက နောက်ထပ်နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်သည့် တိုက်ပွဲတစ်ခုပေတည်း။

လျိုကျိယုက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ပြိုင်ဘက်ကို ယခုလိုအချိန်တိုအတွင်းမှာပင် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ခွန်အားဖြင့် အနိုင်ယူပစ်ခဲ့သည်။

သို့သော် ဒါက လျိုကျိယု၏ စံအိမ်တော်၌ ကျင့်ကြံမှုများကြောင့်လည်း ဖြစ်ပါသည်။

ကြွယ်၀သည့်ဝိဉာဉ်ချီ၊ နေရာတိုင်းတွင်ရှိသည့် တာအိုနိယာမစွမ်းအားနှင့် မိုးနှင့်မြေနိယာမစွမ်းအားက လျိုကျိယု၏ အမှောင်စွမ်းအားကို အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားသွားစေသည်။

မဟုတ်ပါက သူ့ပြိုင်ဘက်ကို ဒီလောက်အလွယ်တကူ အနိုင်ရမည်မဟုတ်ပေ။

တစ်ဘက်လူကသာ နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်ဆိုပါက လျိုကျိယု၏ အမှောင်စွမ်းအား၏ သက်ရောက်မှုက အနည်းဆုံးဖြစ်သွားပေလိမ့်မည်။

နတ်အင်ပါယာနယ်ပယ်မှာ နယ်ပယ်နှစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်တာလား!

သမိုင်းတစ်လျှောက်လုံးတွင်ပင် ဒီလိုအခြေအနေမျိုးက လက်တစ်ဖက်တွင်ရှိသည့် လက်ချောင်းအရေအတွက်ထက်ပင် မပိုပေ။

ထိုအချိန်တွင် ဒီမြင်ကွင်းကိုမြင်သောအခါ တန်ချူ၏မျက်နှာက ဖြူဖျော့သွား၏။ ဟွန်ချင်းနှင့် တိုက်ပွဲကရခဲ့သည့် သူ့ဒဏ်ရာများက အပြည့်အ၀ မသက်သာသေးတာ သိသာထင်ရှားနေသည်။

"ဒီလူက ဟိုမိန်းမနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဖြစ်ပုံပဲ"

တန်ချူ ထူးမခြားနားစွာရှိနေသည့် တခြားကွင်းပြင်တစ်ခုရှိ ဟွမ်ချင်းကိုကြည့်ပြီး မည်းမှောင်သည့် အမူအရာဖြင့်ပြောသည်။

"သူ့ကြောင့်ပဲ ငါ့တို့ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ရဲ့ အစီအစဉ်က ကျရှုံးခဲ့ရတယ်"

"ဒီလိုဆိုမှတော့ သူ့ကိုပြဿာနာရှာလို့ မရရင်တောင် ဒီသိုင်းအင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံသူကို စင်ပေါ်ကနေ ကန်ကျောက်ပစ်ကြတာပေါ့...."

တန်ချူ၏စကားလုံးများကို ကြားသောအခါ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေကြသည့် အကြီးအကဲအနည်းငယ်က ခေါင်းညိတ်ကြသည်။

သူတို့ထဲတွင် အနိမ့်ဆုံးကျင့်ကြံခြင်းက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။ တခြားလေးယောက်ကမူ နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်ကိုပင် ရောက်နေကြလေပြီ။

ပထမတန်းစားဂိုဏ်းများအနက် ထိပ်တန်းဂိုဏ်းတဖြစ်လဲ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ အခြေခံအုတ်မြစ်က အားမနည်းတာ ရှင်းနေသည်။

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က အာကာသနှလုံးသားကို ရယူရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားသည်။

ထိုအချိန်မှာပင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူများက စတင်လှုပ်ရှားသည်။

သူတို့က ပစ်မှတ်အများကြီးကို မရှာဖွေကြဘဲ ယင်းအစား လျိုကျိယုရှိရာ ပြိုင်ကွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ဒီမြင်ကွင်းကိုကြည့်ပြီး တခြားဂိုဏ်းများမှ လူများအားလုံး ကြက်သေသေသွားကြ၏ ထို့နောက် သူတို့ဒါကို စိတ်၀င်တစား ဆွေးနွေးနေကြသည်။

"ကြည့်ရတာ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကလူတွေက ဒါကို အလွှတ်မပေးတော့ဘူးထင်တယ်"

"ဟားဟား၊ မဟာအကြီးအကဲတန်ချူက ဒီလိုပစ်ချခံလိုက်ရတာလေ၊ သူ့မှာ ဘာမျက်နှာရစရာမှ မကျန်ခဲ့ဘူး၊ သူသေချာပေါက် ပြန်မလာနိုင်လောက်တော့ဘူးလေ"

"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ရန်ငြိုးတွေနဲ့ စတင်လိုက်တာပဲ၊ ဒါကလည်း ပုံမှန်ပါပဲ"

ဟောင်တျန်းခန်းမပေါ်၌ရှိသည့် တင်းဝေကလည်း ဒီမြင်ကွင်းကို သတိထားမိသည်။ သို့သော် သူတို့ကို သူမတားပါ။

သူစည်းမျဉ်းများကို ရှင်းပြခဲ့စဉ်က အစနှင့်အဆုံးအချိန်နှင့်အတူ နယ်ပယ်ကိုသာ ပြောဆိုခဲ့သည်။ သူတခြားဘာကိုမှ ကန့်သတ်ထားခဲ့ခြင်းမရှိချေ။

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ လုပ်ဆောင်ချက်များက သူမျှော်လင့်ထားတာထက် ကျော်လွန်မနေခဲ့တာ ရှင်းပါသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ဟွမ်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

သို့စေကာမူ သူမပြိုင်ကွင်းတစ်ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။ သူမသာ ဆင်းသွားပါက ဒါက သူမဖယ်ရှားခံရပြီး နောက်ထပ်စိန်ခေါ်ရန် အခွင့်အရေး မရှိတော့ဘူးဟုဆိုလိုနေခြင်းပင်။

သူမ လျိုကျိယုကို မကူညီနိုင်ခဲ့ပေ။

ဒါကိုမြင်သော် လုချန်ရှန်းကလည်း မျက်မှောင်ကြုတ်လိုက်၏။

သူပစ်မှတ်ထားခံနေရတာလား!

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၌ နတ်အင်ပါယာနောက်ဆုံးအဆင့်လေးဦးနှင့် အလယ်အလတ်အဆင့်တစ်ဦးရှိသည်။

လျိုကျိယု၏လက်ရှိခွန်အားအရ သူဒါကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေသည်။

သို့စေကာမု လုချန်ရှန်း လောလောဆယ်၌ ဘာမှလုပ်ရန်အတွက် အစီအစဉ်မရှိပေ။

စည်းမျဉ်းများအောက်တွင် ဟွမ်ချင်း စင်မြင့်တစ်ခုပေါ်၌ ရှိနေသရွေ့ သူမတွင် နေရာတစ်ခုရှိလာမည်သာ။

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ဟောင်တျန်းနတ်ပိုင်နက်ထဲသို့ ၀င်ပြီးနောက် သဲလွန်စများရှာဖွေရာ၌ နှောင့်ယှက်မည်ကိုမူ သူတို့ဝင်မစွက်ဖက်တာက အဆင်ပြေပါသည်။ သူတို့သာ၀င်စွက်ဖက်လာပါက ဟောင်တျန်းနတ်ပိုင်နက်တွင် သူတို့အား ကိုင်တွယ်ရပေတော့မည်။

ဟွမ်ချင်းကိုပင် အနိုင်မယူနိုင်လေရာ လုချန်ရှန်းအတွက် သူတို့ကို သတ်ရန်ဟူသည် ကိတ်မုန့်စတစ်စကို လှီးဖြတ်သည့်ပမာသာ။

သူအာရုံစိုက်ရမည့် တစ်ခုတည်းသောအရာက ဟောင်တျန်းနတ်သခင်၏ ရှာတွေ့ခြင်းကို မခံရစေရန်သာဖြစ်သည်။

ထိုအခိုက်အတန့်မှာပင် ပြိုင်ကွင်းထဲ၌ နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး ၀င်လာခဲ့သည်။

တစ်ဘက်လူက လျိုကျိယုကို ဘာအခွင့်အရေးမှ မပေးချင်တာ သိသာထင်ရှားနေသည်။

နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့် အကြီးအကဲ နှာခေါင်းရှုံ့သည်။

"မင်းဘာလို့ကိုယ်တိုင်မဆင်းသွားရတာလဲ၊ ဒီနည်းနဲ့ဆိုရင် မင်းဒဏ်ရာမရနိုင်သလို မင်းအသက်ကလည်း အန္တရာယ်ထဲ ရှိမနေတော့ဘူးလေ"

အကြီးအကဲ၏ စကားလုံးများကို ကြားသောအခါ လျိုကျိယု ခပ်တိုးတိုးရယ်မောရင်း လက်ထဲက ငွေဓားမြှောင်ကို လက်ဖဝါးနှင့် ညင်သာစွာ သုတ်လိုက်၏။

ထို့နောက် သူခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က အကြီးအကဲကို မော့ကြည့်ပြီး နူးညံ့စွာပြောသည်။

"ကျုပ်က ခင်ဗျားပြိုင်ဘက်မဟုတ်ဘူးဆိုပေမယ့် ကျုပ်ကိုသတ်ချင်တာဆိုရင်တော့ ခင်ဗျားအိပ်မက်မက်နေတာပဲ"

"ဒါ့အပြင် အကြောက်တရားကြောင့်သာ အလိုလိုနောက်ဆုတ်ရမယ်ဆိုရင် ကျုပ်က ခင်ဗျားတို့ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ရဲ့ ထောက်ချောက်ထဲကို ကျသွားမှာပဲလေ"

အကယ်၍ သူသာ အားနည်းချက်ကိုပြသပြီး စင်မြင့်ကနေ ခုန်ဆင်းရန် ပဏာမခြေလှမ်းလှမ်းခဲ့ပါက ဒါက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ စွမ်းအားကို ပြသခြင်းလည်းဖြစ်သည်။

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ဖြစ်လဲ လျိုကျိယု ဒီလိုအကြံအစည်းများကို တွေးနိုင်နေဆဲပင်။

လျိုကျိယု၏ စကားလုံးများကို ကြားပြီးနောက် အကြီးအကဲ မျက်လုံးများကို ကျဉ်းလိုက်ပြီး ကျယ်လောင်စွာ ရယ်မောသည်။

"ဒီတော့ဘာဖြစ်လဲ၊ မင်းကို ချေမှုန်းအနိုင်ယူပြီးတဲ့အခါကျရင်လည်း ငါတို့ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ရဲ့ ဂုဏ်ကျက်သရေကို ပြသနိုင်သေးတာပဲလေ"

ထို့နောက် အကြီးအကဲ လက်ချောင်းကို အနည်းငယ်မြှောက်လိုက်၏။

ရုတ်ချည်းဆိုသလို လျှပ်စီးလက်သွားပြီး မိုးနှင့်မြေကြားတွင် မိုးကြိုးပစ်ချလာသည်။

လက်မောင်းလုံးကဲ့သို့ ထူထဲသည့် မိုးကြိုးစင်းများက ပြိုင်ကွင်းကို ဆက်တိုက် ရိုက်ခတ်နေသည်။

ဒါကိုမြင်သောအခါ လျိုကျိယု၏ မျက်လုံးများက အနည်းငယ်လှုပ်ရှားသွား၏။ သူ့၏ ခန့်ညားထည်ဝါသည့် လှုပ်ရှားမှုနည်းစနစ်နှင့်အတူ လျိုကျိယုတက်လှမ်းကာ ရိုက်ခတ်လာသည့် မိုးကြိုးစွမ်းအားကို ရှောင်တိမ်းနေသည်။

အကြီးအကဲ ဒီလိုသေးငယ်သည့် လှုပ်ရှားမှုက လျိုကျိယုကို အနိုင်ယူနိုင်လိမ့်မည်ဟု မတွေးတောထားသည်မှာ ရှင်းနေသည်။

ရုတ်တရင် သူလက်ဖဝါးကိုမြှောက်ကာ လျိုကျိယုရှိရာဘက်သို့ ဦးတည်ပြီး လက်သီးဆုပ်လိုက်၏။

တစ်ခဏအကြာတွင် ဆက်တိုက်ကျဆင်းနေသည့် မိုးကြိုးစင်းများက လှောင်အိမ်တစ်ခုပမာဖြစ်သွားပြီး လျိုကျိယု၏ ပုံရိပ်ကို အထဲတွင် ပိတ်လှောင်ပစ်သည်။

"ဒီလိုဆိုရင် မင်းဘာလုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်ကိုမှ သုံးလို့မရတော့ဘူးမလား"

အရင်တိုက်ပွဲတွင် လျိုကျိယု၏ တိုက်ခိုက်မှုပုံစံက လုပ်ကြံသတ်ဖြတ်ခြင်းဆိုတာ သိသာထင်ရှားနေသည်။

သူ့၏ လုပ်ကြံသတ်ဖြတ်သည့်တိုက်ခိုက်မှုနှင့် အမြန်နှုန်းက နယ်ပယ်တူက လူများထက်ပင် အများကြီးသာလွန်နေသည်။

သို့စေကာမူ သေစေလောက်သည့် အားနည်းချက်တစ်ခုလည်းရှိသည်။

ထောင်ချောက်ထဲကျသွားပါက ဒါက မြွေတစ်ကောင်အား ၎င်း၏ အားနည်းသည့်နေရာကို ရိုက်လိုက်သည်နှင့်တူသည်။

လုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်များကလည်း ၈၀ရာခိုင်နှုန်းအထိ ကန့်သတ်ခံရပေလိမ့်မည်။

သို့စေကာမူ လျိုကျိယု၏မျက်နှာ၌ ထိတ်လန့်မှုဟူ၍မရှိဘဲ ယင်းအစား မရှင်းပြနိုင်သည့် အမူအရာတစ်ခုသာရှိသည်။

"စီနီယာဘေးမှာရှိနေရတာက ခွန်အားမှာ အရည်အသွေးတိုးတက်မှုတစ်ခုရှိခဲ့ပေမယ့် ဒီနေကာက ကျုပ်အတွက် အသုံးအ၀င်ဆုံးနေရာမဟုတ်ဘူး"

လျိုကျိယု၏ စကားလုံးများကို ကြားသောအခါ အကြီးအကဲမျက်မှောင်ကြုတ်လိုက်၏။

"မင်းဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ"

"ကျုပ်ဆိုလိုတာက တစ်ခါတစ်ရံ ခင်ဗျားအင်္ကျီလက်ထဲမှာ ဝှက်ဖဲတစ်ချပ်တော့ ရှိဖို့လိုတယ်လေ"

အပိုင်း(856) coming။

All Chapters