← Chapters

#‌လျိုကျိယု၏ သတ်ဖြတ်ခြင်းတိုက်ကွက်၊ အမှောင်ထုဝိဉာဉ်ဖလှယ်ခြင်း#

Vol. 61 Ch. 856

#‌လျိုကျိယု၏ သတ်ဖြတ်ခြင်းတိုက်ကွက်၊ အမှောင်ထုဝိဉာဉ်ဖလှယ်ခြင်း#

Vol. 61 Ch. 856

သူလုချန်ရှန်းနောက်ကလိုက်နေတာ ကြာပြီဖြစ်သဖြင့် နယ်ပယ်တိုးတက်မှုနှင့် တာအိုနိယာမစွမ်းအားအပြင် လုချန်ရှန်း၏ လုပ်ပုံလုပ်နည်းများကလည်း သူ့ကို သက်ရောက်စေခဲ့သည်။

ပုံမှန်အားဖြင့် လုချန်ရှန်း သူ့တပည့်များကကို အရာများကိုကိုင်တွယ်နည်းအား သင်ပေးသည်။

များသောအားဖြင့် သူတို့ကို ပြဿာနာရှာရန် ပဏာမခြေလှမ်းမလှမ်းကြသော်လည်း အာဃာတရန်ငြိုးတစ်ခု ပေါ်လာတာနှင့် ဒီအချိန်တွင် သူတို့လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့် တိုက်ခိုက်ရပေမည်။ တစ်ဘက်လူကို သတ်ရင်း ဝှက်ဖဲတစ်ချို့ကို ဝှက်ထားနိုင်ပါက အကောင်းဆုံးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဘက်လူတွင် အရံအစီအစဉ်များရှိသလားဆိုတာ ဘယ်သူမှမသိပေ။

အစက လျိုကျိယု လုချန်ရှန်း၏ လုပ်ဆောင်ချက်များကို အရမ်းကြီးမတွေးခဲ့ပေ။

သို့စေကာမူ အချိန်အတော်ကြာသွားပြီးနောက် လုချန်ရှန်း၏ချဉ်းကပ်မှုနှင့် လက်တွေ့ဆောင်ရွက်မှုကို လျိုကျိယု တဖြည်းဖြည်းနားလည်လာခဲ့ပြီး သဘောတူလာခဲ့သည်။

....

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမက အကြီးအကဲမှာ လျိုကျိယု၏ စကားလုံးများကြောင့် ဇဝေဇဝါဖြစ်သွားရသည်။

‌ဒါကဘာကိုဆိုလိုနေမှန်းသူမသိ။

သို့စေကာမူ နောက်အခိုက်အတန့်၌ လျိုကျိယု၏ စကားလုံးများနောက်ကွယ်က အဓိပ္ပာယ်ကို အကြီးအကဲ နားလည်လာသည်။

မူလက မိုးကြိုးလှောင်အိမ်ထဲတွင် ပိတ်မိနေသည့် လျိုကျိယုမှာ အမှောင်လုံးတစ်လုံးအဖြစ် ပြောင်းသွားပြီးနောက် ပျောက်ကွယ်သွား၏။

အကြီးအကဲ၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့နှလုံးသားက အေးစက်မှုဖြင့် ပြည့်နှက်သွားရသည်။

ဒီအေးစက်မှုဆင်းသက်လာတာနှင့် တောက်ပသည့်အလင်းတစ်ခုက အကြီးအကဲ၏ ခေါင်းပေါ်ကနေ လင်း၀င်းသွား၏။

လျိုကျိယုက ပုံရိပ်က ရုတ်တရက် အကြီးအကဲအထက်တွင် ပေါ်လာခဲ့သည်။

လက်ထဲတွင် တောက်ပြောင်သည့် ငွေဓားမြှောင်ကိုကိုင်ရင်း အတော်လေးထူးဆန်းသည့် ပုံစံတစ်ခုဖြင့် သူအောက်သို့ ထိုးစိုက်ပစ်သည်။

ကံဆိုးစွာပင် အကြီးအကဲ၏ခေါင်းနှင့် ဓားမြှောင်က လက်ချောင်းနှစ်ချောင်းစာမျှသာ ဝေးနေစဉ် လေထဲကနေ မိုးကြိုးဒိုင်းတစ်ခုပေါ်လာပြီး လျိုကျိယု၏ ဓားမြှောင်ကို ပိတ်ဆို့ပစ်သည်။

ရွှီး......!

အကြီးအကဲနှာခေါင်းရှုံ့ကာ လှောင်ပြောင်ရန် ပြင်လိုက်စဉ် အကြီးအကဲ၏ နောက်ကနေ သွေးတန်းတစ်တန်းပွင့်ထွက်လာသည်။

အကြီးအကဲ၏မျက်လုံးများက ကျဉ်းမြောင်းသွားရပြီး ချက်ချင်းဆိုသလို မိုးကြိုးအဖြစ်ပြောင်းကာ ထွက်ပြေးသွား၏။

သူတခြားတစ်ဘက်သို့ ပြန်ပေါ်လာသောအခါ သူ့မျက်နှာကဖြူဖျော့နေပြီး မျက်လုံးများက အလွန်အမင်း ကြည့်ရဆိုးနေသည်။

သူယခုလေးတင်ရပ်ခဲ့သည့်နေရာ၌ ရပ်နေသော လျိုကျိယုကို ကြည့်ရင်း အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။

"အရမ်းကောင်းတယ်.... မင်းငါ့‌ဒေါသကို ‌အောင်မြင်စွာဆွနိုင်ခဲ့ပြီ"

အကြီးအကဲ၏နောက်ကျော၌ ခရမ်းရောင်၀တ်ရုံက ဖြတ်ခံထားရပြီး ပွင့်နေသည်။

အလယ်တွင် အရိုးများကိုပင် မြင်နိုင်လောက်အောင် နက်ရှိုင်းသည့် ဒဏ်ရာတစ်ခုရှိနေသည်။

ဒါကိုမြင်သောအခါ အောက်ကလူများကလည်း ကြက်သေသေသွားသည်။

ယခုလေးတင် လျိုကျိယု၏လှုပ်ရှားမှုက နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူများကိုပင် ထိတ်လန့်သွားစေသည်။

ပထမဆုံး သူခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမက အကြီးအကဲအထက်တွင် ပေါ်လာရန်အတွက် နည်းလမ်းတစ်ချို့သုံးခဲ့ပြီး အလစ်သုတ်တိုက်ခိုက်မှုကို စတင်ခဲ့သည်။

သို့စေကာမူ လျိုကျိယု၏ ပထမဆုံးအလစ်သုတ်တိုက်ခိုက်မှုက အာရုံလွှဲမှုတစ်ခုသာဖြစ်သည်။

ဒါက တစ်ဘက်လူက သတိရှိနေမယ်ဆိုတာကို သူသိနေသည့်အလားပင်။

အကြီးအကဲ လျိုကျိယု၏ ပထမဆုံးအလစ်တိုက်မှုကို ကာကွယ်နေစဉ် သူတစ်ဘက်လူ၏ အာရုံလွှဲပြောင်းသည့်ကာလကို ဖမ်းဆုပ်ပစ်သည်။

လျိုကျိယုတွင် နောက်ခံအစီအစဉ်မရှိတော့ဘူးဟု တွေးနေသည့်အခြေအနေအောက်တွင် တောက်ပြောင်းသည့် ငွေဓားပေါ်လာပြီး တစ္ဆေတကောင်ပမာ ပျောက်ကွယ်ကာ အကြီးအကဲနောက်ကျော၌ ငွေရောင်အလင်းတစ်ခု ရေးဆွဲပစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် တယ်လီပို့လိုက်သည့်အလား လျိုကျိယု အကြီးအကဲနောက်တွင် ပေါ်လာပြီး သူ့ကိုဒဏ်ရာရစေခဲ့သည်။

အလစ်သုတ်တိုက်ခိုက်မှုနှစ်ခုကို ဆန့်ကျင်ကာကွယ်ရန်ဟူသည် မဖြစ်နိုင်ဟု ဆို၍ရသည်။

သူနယ်ပယ်နှစ်ဆင့်ဖြတ်ကျော်ထားလျှင်ပင် လျိုကျိယုကြောင့် ဒဏ်ရာရဦးမည်သာ။

ဒီမြင်ကွင်းကိုမြင်ပြီးနောက် ဟွမ်ချင်း၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး နူးညံ့စွာပြောသည်။

"သူဒါကိုတောင် မလုပ်နိုင်ဘူးဆိုရင် သူ့ဘေးမှာ အလဟာဿအချိန်ဖြုန်းခဲ့တာပဲ"

တင်းဝေကလည်း မေးစေ့ကိုပွတ်ရင်း ပြုံးသည်။

"အလစ်သုတ်တိုက်ခိုက်မှုမှာ သံသယဖြစ်စရာကောင်းပေမယ့် ဒီလိုနိမ့်ကျတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဒဏ်ရာရအောင် လုပ်နိုင်တာက စိတ်၀င်စားစရာပဲ"

တခြားတစ်ဘက်တွင် လုချန်ရှန်း အနည်းငယ်စိတ်ဓာတ်ကျနေသလို ခံစားနေရသည်။

ဒီကောင် ငါ့ဆီက ဘာလို့တိတ်တဆိတ် သင်ယူခဲ့ရတာလဲ!

ဒါဆို ငါအမှောင်ပိုင်နက်ကို ပြန်သွားတဲ့အခါကျရင် ငါဆုံးရှုံးမှုကို ခံစားရမှာလေ!

ဒါကိုတွေးမိသောအခါ လုချန်ရှန်း အလျင်အမြန် ခေါင်းခါယမ်းသည်။

"မရဘူး.... ဒီမတိုင်ခင် ငါလျိုကျိယုကို ခြောက်သွေ့သွားတဲ့အထိ ဖျစ်ညှစ်ပစ်ရမယ်၊ သူ့ကို ငါ့ရဲ့ကိရိယာအဖြစ် အကြိမ်ရေအနည်းငယ်လောက် ထပ်ဖြစ်ခွင့်ပေးတာပေါ့...."

အကယ်၍ လျိုကျိယုသာ လုချန်ရှန်းတွေးနေတာကို သိမည်ဆိုပါက ညတွင်းချင်းပင် အမှောင်ပိုင်နက်ကို ထွက်ပြေးသွားလောက်သည်။

ထိုအချိန်တွင် အောက်၌ တန်ချူနှင့် ဘေးကနေ ကြည့်နေသည့် ကျန်သောအကြီးအကဲလေးဦးတို့၏ အမူအရာများက မည်းမှောင်နေကြသည်။

မူလအစီအစဉ်က လျိုကျိယုကို ချေမှုန်းရန်ပင်။

ဒါက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ ခွန်အားကို ပြသရန်ဖြစ်သည်။

မျှော်လင့်မထားစွာပင် တစ်ဘက်လူကို မချေမှုန်းနိုင်တာက အဆင်ပြေသေးသော်လည်း ယင်းအစား တစ်ဘက်လူ၏ ဒဏ်ရာရအောင်လုပ်ခြင်းကိုပင် ခံလိုက်ရသေးသည်။

သူက နယ်ပယ်နှစ်ခုသာလွန်နေတာတောင် ဒဏ်ရာရသွားသေးတာလား!

ဒါက မဟာအရှက်ရမှုတစ်ရပ်ပေတည်း။

တန်ချူ၏ ဒေါသတကြီးအကြည့်ကို အာရုံခံမိသည့်အလား အကြီးအကဲ၏ အမူအရာကလည်း ကြည့်ရဆိုးသွား၏။

"မူလက ငါမင်းကို သတ်ဖို့ဘာသတ်ဖြတ်ခြင်းဆန္ဒမှ မရှိခဲ့ဘူး၊ ဒါပေမယ့် မင်းက မင်းအတွက်ဘာကောင်းလဲဆိုတာ မသိသလို ငါ့ကိုတားဆီးဖို့ ကြိုးစားခဲ့သေးတယ်၊ တခြားနည်းလမ်းမရှိတော့ဘူး...."

ထိုနေရာ၌ အကြီးအကဲ လက်နှစ်ဖက်ကို အတူတကွတီးလိုက်သည်။

မိုးကြိုးစင်းများက အကြီးအကဲကို ၀န်းရံပစ်ပြီး မိုးကြိုးချပ်၀တ်တစ်ခုဖန်တီးသည်။

ဒါက လျိုကျိယု နောက်ထပ် အလစ်သုတ်တိုက်ခိုက်လာမည့် အရေးကနေ ကာကွယ်တားဆီးရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲနောက်တွင် မိုးကြိုးစွမ်းအားက စတင်သိပ်သည်းလာပြီး မိုးကြိုးတာအိုနိယာမက ပြည့်နှက်သွားခဲ့သည်။

တဖြည်းဖြည်းနှင့် မိုးကြိုးဘီလူးတစ်ကောင်က တိမ်များထဲသို့ ပြေး၀င်ပစ်ချင်သည့်အလား ပြိုင်ကွင်းထဲထရပ်လာသည်။

ဒီလှုပ်ရှားမှုကိုအသုံးပြုပြီးနောက် အကြီးအကဲ၏ အမူအရာက ပို၍ အားနည်းသွားသည်မှာ ရှင်းနေသည်။

"မင်းငါ့ကို ထာ၀ရဗုဒ္ဓေနည်းစနစ်ကို သုံးဖို့အထိ တွန်းအားပေးနိုင်ခဲ့တယ်ဆိုမှတော့ မင်းသေခြင်းတရားက ထိုက်တန်သွားပါပြီ"

အကြီးအကဲ မည်းမှောင်သည့်အမူအရာဖြင့်ပြောပြီးနောက် သူ့လက်ဖဝါးကို လျိုကျိယုဆီသို့ အသာလေးတွန်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ့နောက်က ထာ၀ရသခင်ပုံရိပ်ယောင်က အနီးကပ်လိုက်ပါလာပြီး လျိုကျိယုအား လက်ဖဝါးဖြင့် ဖိနှိပ်ပစ်သည်။

ရုတ်ချည်းဆိုသလို မိုးကြိုးက မုန်တိုင်းထဲက မက်မွန်ပွင့်မလားအလား ရိုက်ခတ်လာခဲ့သည်။

မိုးကြိုးအကျဉ်းထောင်က ဆင်းသက်လာသည်။

လျိုကျိယု လက်ဖဝါးကြီးကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။

"ထာ၀ရဗုဒ္ဓေနည်းစနစ်....ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ရဲ့ အားအကောင်းဆုံးနတ်ကျင့်စဉ်"

၎င်း၏အထွတ်အထိပ်ကာ၌ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တွင် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိသည်ဟု ကောလဟာလရှိသည်။

ထာ၀ရဗဒ္ဓေနည်းစနစ်ကို ထိုအချိန်က နတ်သခင်နယ်ပယ်ကျွမ်းကျင်သူ တည်‌ထွင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး နတ်သခင်အဆင့်နတ်ကျင့်စဉ်ဖြစ်သည်။

ထို့ကြောင့်လည်း နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအဖို့ ဒါကိုအသုံးပြုရန် အရမ်းခက်ခဲနေရခြင်းပင်။

သို့စေကာမူ ၎င်း၏စွမ်းအားကပို၍ပင် ကြောက်စရာကောင်းသည်။

လျိုကျိယု နောက်မဆုတ်ပေ။

သူ့လက်ထဲက ငွေဓားကပျောက်ကွယ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒီလိုဆိုရင်တောင် ငါတစ်ချက်ကြိုးစားကြည့်ချင်တယ်"

ထို့နောက် အမှောင်တာအိုနိယာမက သူ့ကိုယ်ထဲကနေ ပေါက်ကွဲလာခဲ့သည်။

လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် လျိုကျိယု ထာ၀ရဗုဒ္ဓေနည်းစနစ်မှ ဖိနှိပ်လာသည့် လက်ဖဝါးကြီးဆီသို့ ပြေး၀င်သွား၏။

အမှောင်ထုက သူ့နောက်ကနေ အနီးကပ်လိုက်လာပါသည်။

အကြီးအကဲဒီမြင်ကွင်းကို မြင်သောအခါ အေးစက်စွာ ရယ်မောလိုက်သည်။

"မီးလျံထဲပျံသန်းလာတဲ့ပိုးဖလံလေးပဲ၊ သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်လေးပေါ့"

ဂျုန်း.....!

ဒီလက်ဖဝါးကြီးအောက်တွင် လျိုကျိယု တိုက်မိသောအခါ အံ့ဩစရာမရှိစွာပင် လျိုကျိယု၏မျက်နှာက ဖြူရော်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးတစ်လုပ် အန်လိုက်ရသည်။

သို့စေကာမူ သူသတ်ခြင်းလည်း မခံရသလို လွင့်စင်သွားခြင်းလည်းမရှိချေ။

ယင်းအစား သူ့ခန္ဓာကို ထိုအချိန်မှာပင် အမှောင်ထုက ဝါးမြိုသွားပြီး အမှောင်ထုထဲကနေ ညည်းညူးသံတစ်သံထွက်လာသည်။

"အမှောင်ထုဝိဉာဉ် ဖလှယ်ခြင်း"

လျိုကျိယုစကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် အမှောင်ထုဖြင့် ရစ်ပတ်ထားသည့် အေးစက်သည့်ဓားမြှောင်တစ်လက်က ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။

သူမလှုပ်ရှားတာကို အကြီးအကဲသတိထားမိသဖြင့် နှာခေါင်းရှုံ့သည်။

"ငါ့ချပ်၀တ်ကို မင်းဘယ်လိုချိုးဖျက်မလဲ"

သို့စေကာမူ သူစကားပြောပြီးသည်နှင့် ပြင်းထန်သည့်အားတစ်ခုက အကြီးအကဲရင်ဘတ်သို့ ထိုးဖောက်သွားပြီး အေးစက်သည့်အလင်းတန်းတစ်စင်းက အကြီးအကဲ၏ ဒန်တျန်ကို ထိုးဖောက်သွား၏။

အမှောင်ထုစွမ်းအားအပြင် ဓားမြှောင်တွင်လည်း ထာ၀ရဗုဒ္ဓေနည်းစနစ်ကဲ့သို့ တူညီသည့် မိုးကြိုးစွမ်းအားရှိသည်။

အကြီးအကဲ သူ့ဒန်တျန်ကို မယုံနိုင်စွာ ငုံ့ကြည့်လိုက်မိသည်။

ငါ့ရဲ့ကျင့်ကြံခြင်းက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်က လူတစ်ယောက်ရဲ့ ဒီလိုဖျက်ဆီးခြင်းကို ခံလိုက်ရတာလား!

အား........!

အပိုင်း(857) coming။

All Chapters