← Chapters

#‌မင်းသီချင်းဆိုပြီးရင် ငါပေါ်လာမယ်#

Vol. 61 Ch. 857

#‌မင်းသီချင်းဆိုပြီးရင် ငါပေါ်လာမယ်#

Vol. 61 Ch. 857

လျိုကျိယုက အမှောင်ပိုင်နက်သမိုင်းတွင် အသက်အငယ်ဆုံး ကြယ်ငါးလုံးကွပ်မျက်သူဖြစ်သည်။

ဒီထဲတွင် လောကီရေးရာ၏ဉာဏ်ပညာဟူ၍ အနည်းငယ်မျှပင်မပါရှိ။ ဒါကလျိုကျိယု၏ ထူးခြားသည့် ပါရမီကြောင့်ဖြစ်သည်။

ဒါ့အပြင် လျိုကျိယုက မူလက လျိုမိသားစု၏ အံ့ဖွယ်ပါရမီရှင်ဖြစ်ပြီး အမှောင်ပိုင်နက်ကို မ၀င်လာခင်က လျိုမိသားစု၏ ဆက်ခံသူပင်။

သူလုချန်ရှန်းနောက်က လိုက်ခဲ့ပြီးမှသာ သူ့ခွန်အားကို ပြသရန်အတွက်ပင် အခွင့်အရေးမရှိတော့သဖြင့် လျိုကျိယုက ထူးချွန်ပုံပေါ်မနေခြင်းသာ။

အမှောင်ထုဝိဉာဉ်ဖလှယ်ခြင်း!

လျိုကျိယု ဒီလှုပ်ရှားမှုကိုသုံးလာသောအခါ တခြားကွင်းထဲက ဟွမ်ချင်းပင်လျှင် ထိတ်လန့်သွားရသည်။

တစ်ဦးတည်းသော နတ်ဖီးနစ်ဖြစ်နေသည့်တိုင် ဒီလိုဆန်းကြယ်သည့်လှုပ်ရှားမှုကို သူမတခါမှ မကြားခဲ့ဖူးပါ။

အောက်က တခြားသူများကမူ ပို၍ပင် ကြောက်လန့်သွားကြ၏။

အမှောင်ထုဝိဉာဉ်ဖလှယ်ခြင်းက မည်သို့မည်ပုံ ဒီအဆင့်ထိ ရောက်နိုင်ရသလဲဆိုတာ သူတို့မသိသော်လည်း မည်မျှပင် ညံ့ဖျင်းသူဖြစ်နေပါစေ အမှောင်ထုဝိဉာဉ်ဖလှယ်ခြင်း၏ သက်ရောက်မှုကို သူတို့မြင်နိုင်ဆဲပင်။

ရိုးရှင်းစွာပြောရပါက ဒါက တစ်ဘက်လူ၏ စွမ်းအားကို စုပ်ယူပြီး သူ့၏ တိုက်ချက်ကို အတော်လေးမျှော်လင့်မထားသောနည်းဖြင့် ပြန်လည်ပို့ပေးခြင်းဖြစ်သည်။

ဒီလိုလှုပ်ရှားမှုကို သူတို့အရင်က တခါမှ မကြားခဲ့ဖူးပါ။

ထိုအချိန်တွင် လျိုကျိယုကလည်း စိတ်ပျက်နေသည်။ သွေးအလိမ်းလိမ်းကိုယ်နှင့် ကွင်းပြင်၌ ထရပ်ရန် သူ့ကိုယ်သူ အတင်းတွန်းအားပေးရင်း အောက်သို့ ကျသွားပြီး ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ တခြားသူများသယ်သွားသည့် အကြီးအကဲကို ကြည့်လိုက်၏။

ထို့နောက် သူနှာခေါင်းရှုံ့ကာ ကျန်သောအကြီးအကဲများအား ကြည့်လိုက်သည်။

"ထပ်ချမယ်၊ လာကြစမ်း"

မောက်မာခြင်း!

အရမ်းမိုက်တယ်ဟ!

သူ့၏ ယိုယွင်းပျက်စီးနေသည့်ခန္ဓာကို သူကိုင်တွယ်ထားရလျှင်ပင် ဘယ်လောက်ပဲ ကုန်ကျပါစေ တစ်ဘက်လူကို သူဆက်လက် တိုက်ခိုက်ရပေမည်။

လျိုကျိယု ဒေါသထွက်နေသည်။

နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်က တစ်ယောက် ဒါကိုမြင်သောအခါ ကြောက်စိတ်ကနေ နိုးထလာပြီးနောက် ကြမ်းတမ်းသည့် အမူအရာဖြင့်ပြောသည်။

"မင်းဒီလို ကိုယ့်ကိုကိုယ်ဖျက်ဆီးတဲ့ လှုပ်ရှားမှုကို သုံးနိုင်သေးလား"

အမှောင်ထုဝိဉာဉ်ဖလှယ်ခြင်းက သူ့အဖို့ တစ်ဘက်လူ၏တိုက်ချက်အား ကိုယ်ခန္ဓာနှင့် ခုခံရန်လိုအပ်ပြီး ထို့နောက်တွင်သာ တိုက်ခိုက်မှုကို တစ်ဘက်လူထံ ပြန်ပို့နိုင်ပေလိမ့်မည်။

ဒါက မိမိကိုယ်ကိုထိခိုက်စေပြီး ရန်သူကို ဒဏ်ရာရစေသည့် ရက်စက်သည့်လှုပ်ရှားမှုတစ်ခုဟုဆို၍ရသည်။

တစ်ဘက်လူ၏ခွန်အားကသာ လျိုကျိယုထက် အများကြီးသာလွန်နေပါက သူအမှောင်ထုဝိဉာဉ်ဖလှယ်ခြင်းကို မသုံးနိုင်ခင်မှာပင် သေဆုံးသွားရပေလိမ့်မည်။

ဒီထဲတွင် ဒီနတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်က အကြီးအကဲများမပါဝ်ုပါ။

သို့သော် အကြီးအကဲဖန်းက အမှန်တရားကို ပြောနေခြင်းပင်။

လျိုကျိယု၏ လက်ရှိအခြေအနေအရ သူအမှောင်ထုဝိဉာဉ်ဖလှယ်ခြင်းကို ထပ်သုံးနိုင်မည်မဟုတ်တော့ပါ။

ဒါကိုမြင်သောအခါ ကျန်သောသူများ ခေါင်းခါယမ်းလိုက်ကြသည်။

"သူရှင်ကျန်နိုင်မှာမဟုတ်တော့ဘူး"

"အင်း၊ ဖီးနစ်မီးတောက်ကိုသုံးခဲ့တဲ့ အမျိုးသမီး သူ့ကိုမကူညီပေးနိုင်တာ တကယ်၀မ်းနည်းစရာပဲ"

"ဒီဂိုဏ်းမှာ လူနှစ်ယောက်ပဲရှိတာလား"

ထိုစဉ် နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်တစ်ဦး ကွင်းပြင်ပေါ် တက်လာသောအခါ လျိုကျိယု ဆိုးယုတ်စွာပြုံးလိုက်သည်။

ရုတ်တရက် အဖြူ၀တ်လူတစ်ယောက်က လျိုကျိယုဘေးတွင် ပေါ်လာပြီး သူ့အား ဒေါသတကြီးပြောလေသည်။

"ငါမင်းကို အောက်ဆင်းသွားဖို့အတွက် အသံပို့ခဲ့တာကို မင်းကနားမထောင်ဘူး၊ ဒီလိုကိစ္စလေးတွေအတွက် သေစရာမလိုဘူး"

အဖြူ၀တ်လူကို မြင်သောအခါ ကျန်သောသူများ ကြက်သေသေသွားကြသည်။

ကြည့်ရတာ တခြားတစ်ယောက်ရှိသေးပုံပဲ!

ဒါပေမယ့် ဒီလူရဲ့ခွန်အားက နတ်အင်ပါယာနယ်ပယ်နောက်ဆုံးအဆင့်ပဲလေ၊ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က လက်ကျန် နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်သုံးဦးနဲ့ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်တစ်ယောက်ကို ဘယ်လိုခုခံရင်ဆိုင်မှာလဲ!

သူလည်းပဲ ဒီအုပ်စုလိုက်တိုက်ပွဲကနေ ဖယ်ရှားခံရမှာပါပဲ!

အောက်ပိုင်းက ကွင်းပြင်များ၌ ကျင်းဝူကျင်း ဒီအဖြူ၀တ်လူကို မြင်ရသောအခါ ထိတ်လန့်နေသည့် အမူအရာတစ်ခုကို ပြသပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိသည်။

သူဘာလို့ဒီမှာရှိနေရတာလဲ.....!

ယခုသူရှိနေပြီဖြစ်လေရာ သူအာကာသနှလုံးသားနှင့်ပတ်သက်၍ သဲလွန်စများကို ရှာရန် ဟောင်တျန်းနတ်ပိုင်နက်ထဲကို ၀င်ခဲ့လျှင်ပင် ငြိမ်းချမ်းမှုရှိတော့မည်မဟုတ်။

တခြားပြိုင်ကွင်းတစ်ခုရှိ ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျို ကျိချန်းယောင်၏ အကြည့်က ချက်ချင်းဆိုသလို အဖြူ၀တ်လူပေါ်သို့ ကျရောက်သွား၏။

သူမ၏မျက်လုံးများက တစ်ချိတ်တည်းမှာပင် ပန်းတစ်ရာပွင့်လန်းလာသည့်အလား ထိတ်လန့်နေသည့် အကြည့်တစ်ခုကို ချက်ချင်းထုတ်လွှတ်ပြီးနောက် အမူအရာကင်းမဲ့နေသည့်မျက်နှာမှ တောက်ပသည့် အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်သည်။

သူတကယ်လာခဲ့တာပဲ!

အောက်မှ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ အကြီးအကဲက ကျိချန်းယောင်၏ အမူအရာကို မြင်သောအခါ သူမအကြည့်အတိုင်း လိုက်ကြည့်လိုက်၏။

ဒီလူက ‌သူတော်စင်မိန်းမပျိုကို ဒီလောက်ပူပန်ပြီး စိတ်လှုပ်ရှားအောင် လုပ်ခဲ့တာလား!

သူ့အသွင်အပြင်ကတော့ မဆိုးပါဘူး!

သို့သော် သူဘယ်လောက်အားကောင်းသလဲဆိုတာ မသိရပေ။

လျိုကျိယု လုချန်ရှန်းအားကြည့်ပြီး တိတ်တခိုးပြုံးလိုက်၏။

"ပြိုင်ဘက်တစ်ယောက်လျှော့တာက ပြိုင်ဘက်တစ်ယောက်လျှော့တာပဲလေ၊ ဒီလိုဆိုမှ စီနီယာအတွက် လူပိုနည်းသွားတာပေါ့"

လုချန်ရှန်း မျက်လုံးလိမ့်လိုက်မိသည်။

အစက သူဒီနေရာတွင် မတိုက်ခိုက်ချင်ပေ။

သို့စေကာမူ လျိုကျိယုဒီနေရာတွင် သေသွားရမှာကို သူကြည့်မနေနိုင်ပေ။

မဟုတ်ပါက ဒီလိုနာခံတဲ့ကိရိယာမျိုးကို သူဘယ်နေရာက ရှာတွေ့နိုင်တော့မည်နည်း။

"ကောင်းပြီ၊ သွားအနားယူတော့၊ ကျန်တာငါ့ကို လက်လွှဲထားလိုက်"

လုချန်ရှန်း၏လေသံက မငြင်းနိုင်စရာပင်။

ထိုအချိန်မှာပင် လျိုကျိယု၏ဒေါသက ချက်ချင်းပျောက်ကွယ်သွားပြီး နာခံစွာပင် အော်ရာကိုရုတ်သိမ်းရင်း ခုန်ဆင်းသွားသည်။

ဒီမြင်ကွင်းကို ဆန့်ကျင်ဘက်ဘေးတွင် ရပ်နေသည့် အကြီးအကဲကလည်း မြင်သည်။ သူနှာခေါင်းရှုံ့လိုက်၏။

"ကြည့်ရတာ မင်းကအတော်လေး ယုံကြည်မှုရှိပုံပဲ"

မင်းကိုလက်လွှဲပေးရမယ်!

မင်းလိုလူတစ်ယောက်က ငါတို့လေးယောက်ကို ကိုင်တွယ်နိုင်မှာလား!

မင်းကလည်း နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့်ပဲလေ!

တကယ်တမ်းတွင် လုချန်ရှန်း သူ့နယ်ပယ်ကို ဒီအဆင့်အထိ တမင်တကာဖိနှိပ်ထားတယ်ဆိုတာကိုသာ သိပါက အကြီးအကဲ ဘယ်လိုတွေးနေမလဲဆိုတာကို မည်သူသိမည်နည်း။

နယ်ပယ်ကိုဖိနှိပ်ထားခြင်းကလည်း ကျွမ်းကျင်မှုတစ်ခုပင်။

အကယ်၍ နယ်ပယ်ကအရမ်းမြင့်နေပါက တခြားသူများ၏အာရုံကို ဆွဲဆောင်မိစေလိမ့်မည်။

ကျင့်ကြံခြင်းနယ်ပယ်ကို ပြိုင်ဘက်ထက် ပိုနိမ့်သည့်အဆင့်တစ်ခုအထိ ဖိနှိပ်ထားပါက ဒါက နယ်ပယ်မြင့်သည့်လူလေးဦးကို နိမ့်ကျသည့် သူကိုယ်တိုင်က အနိုင်ယူရန် ဖြစ်လေရာ ပို၍ပင် ကြောက်စရာကောင်းသည်။

ထို့ကြောင့် နယ်ပယ်တူအတွင်း ဖိနှိပ်ထားတာက ပို၍ပင် ယုတ္တိတန်သည်။

ဒီအုပ်စုလိုက်ပြိုင်ပွဲတွင် အနိုင်ရခြင်းကလည်း အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်သော်လည်း အနည်းဆုံးတော့ အပျက်သဘောဆောင်သည့်သက်ရောက်မှုတစ်ချို့ကို လျှော့ချစေနိုင်သည်။

လုချန်ရှန်း အကြီးအကဲကိုကြည့်ရင်း အပြုံးဖြင့်ပြောသည်။

"ကျုပ် အုပ်စုလိုက်တိုက်ပွဲမှာ အသက်ရှင်ကောင်း မရှင်ကျန်နိုင်ပေမယ့် ခင်ဗျားကရော၊ ဒါ့အပြင် ကျုပ်ယုံကြည်ချက်ရှိနေတုန်းပဲ"

လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ အကြီးအကဲ၏မျက်နှာက မည်းမှောင်သွား၏။

"ငါတို့နယ်ပယ်ကအတူတူပဲ၊ မင်းငါ့ကို အနိုင်ယူနိုင်မယ်ဆိုတာကို အရမ်းယုံကြည်လွန်းနေတာလား"

လုချန်ရှန်း တကယ်ကိုတခုခုပြောချင်သည်။

နယ်ပယ်တူကြားမှာတောင် ကွာဟချက်တစ်ခုရှိတယ်ကွာ၊ သို့သော် ဒီစကားက အရမ်းဟန်ဆောင်လွန်းရာကျသွားသဖြင့် သူမေ့ရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် လုချန်ရှန်းတခြားမည်သည့်စကားမှ မဆိုတော့ဘဲ ယင်းအစား လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုစဉ်သူ့နောက်တွင် ကောင်းကင်တစ်ခုလုံး၌ ဓားတာနိယာမများက သုံးပေရှည်ဓားများအဖြစ် သိပ်သည်းသွားကြပြီး ဦးရေပြားကို တွန့်စေသည်အထိ သိပ်သည်းစွာ ပြည့်လျှံနေသည်။

ဒါကအတော်လေးကို ထူထဲသည်။ ဓားသောင်းချီလား၊ ဒါမှမဟုတ် သန်းချီလား!

ဓားအားလုံးက အကြီးအကဲကို ညွှန်နေသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ကြည့်ရှုသူပရိသတ်အားလုံး ထိတ်လန့်သွားကြ၏။

အကယ်၍ ဒါက ဓားချီကသာ သီးသန့်သန့်စင်ထားခြင်းဆိုပါက တခြားနတ်အင်ပါယာနယ်ပယ်ဓားသမားများကလည်း အလားတူလုပ်နိုင်ပါသည်။

သို့စေကာမူ သုံးပေရှည်ဓားတစ်လက်စီတိုင်းက ဓားတာအိုနိယာမများကနေ သိပ်သည်းထားခြင်းဖြစ်သည်။

ဒါ့အပြင် ဓားတစ်လက်စီတိုင်းက အထည်ဒြပ်စင်ရှိသည့်အလား အလွန်အမင်း သိပ်သည်းနေသည်။

ဒီအဆင့်ကိုရောက်ဖို့အတွက် ဓားတာအိုက ဘယ်အဆင့်ကိုတောင် ရောက်ဖို့လိုလဲ!

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အကြီးအကဲကလည်း ထိတ်လန့်သွား၏။

ကျိချန်းယောင် တောက်ပစွာပြုံးသည်။

သူကအရမ်းအစွမ်းထက်နေဆဲပင်။ သူက တွေးတော၍မရနိုင်လောက်အောင် နက်ရှိုင်းနေဆဲ။

ကျင်းဝူကျင်း ငိုကြွေးကာရယ်မောနေမိသည်။

ထိုအချိန်တွင် လုချန်ရှန်း သန်းချီသောဓားရှေ့တွင်ရပ်ကာ အပြုံးနှင့်အတူ အေးခဲနေသည့်အကြီးအကဲအား ကြည့်လိုက်၏။

"ကောင်းပါပြီ၊ ခင်ဗျားဒီလိုစကားမျိုး ဆက်ပြောနေနိုင်ဖို့ ကျုပ်မျှော်လင့်ပါတယ်"

အပိုင်း(858) coming။

All Chapters