#ဆက်လုပ်ကြပါ၊ လေးစားကြည်ညိုစရာကောင်းလိုက်တာ#
Vol. 61 Ch. 858
ယခုအခိုက်အတန့်၌ ဟောင်တျန်းခန်းမအပြင်ဘက်က ပထမပြိုင်ကွင်းတွင် သန်းနှင့်ချီသည့် သုံးပေရှည်ဓားများက ကောင်းကင်ပေါ် ထိုးထွက်နေသည့် နံရံမြင့်တစ်ခုပမာ မြေကြီးကနေ ကောင်းကင်ပေါ် ပြေးတက်သွားကြပြီး လုချန်ရှန်းနောက်တွင် ရောက်လာခဲ့သည်။
ယခုအချိန်တွင် လုချန်ရှန်က ဓားဘုရင်တစ်ပါးနှင့်တူနေသည်။
အဆင့်နိမ့်ကျင့်ကြံသူများဖြစ်စေ၊ အဆင့်မြင့်ဓားသမားများဖြစ်စေ ရှိနေသောသူတိုင်း၏ ဓားများက ခါးကနေတဆင့် မှိန်ဖျော့သည့် ဓားအသံများကို ထုတ်လွှတ်သည်။
ဓားအိမ်ထဲတွင် ရှိနေသည့်ဓားသွားများကမူ အဆက်မပြတ် တုန်ယင်နေကြ၏။
၎င်းတို့က လုချန်ရှန်းအား ကိုးကွယ်ဆည်းကပ်ချင်ကြသည့်အသွင်။
ဒါကဓားသမားများကို တုန်လှုက်သွားစေသည်။ သူတို့ဓားလက်ကိုင်များကို ဓားအိမ်ကနေ ထွက်ပြေးသွားခြင်းမှ ကာကွယ်တားဆီးရန်အတွက် ဖိနှိပ်ထားရသည်။
ဓားသမားများကသာ ဓားသမားများကို ကောင်းစွာနားလည်သည်။
ဒါကဘာကိုဆိုလိုသလဲဆိုတာ သူတို့ကောင်းကောင်းသိကြသည်။
ထို့ကြောင့်သူတို့၏တုံ့ပြန်မှုများက တခြားကျင့်ကြံသူများထက် ပို၍ပင် ထိတ်လန့်စရာကောင်းနေသည်။
ဒါက ဓားတာအို၏ အလုံးစုံဖိနှိပ်ခြင်းပေတည်း။
လူတစ်ယောက်တည်းအတွက်မဟုတ်ဘဲ ရှိနေသည့်ဓားသမားတိုင်းနှင့် သူတို့၏ ဓားတာအိုအားလုံးကို ချေဖျက်ရန်ပင်။
တစ်ချိန်တည်းမှာပင် ဒီလိုအရာမျိုးကို လုပ်နိုင်သောသူက မဟာဓားတာအိုကိုလည်း ကျွမ်းကျင်ထားခြင်းဖြစ်ရပေမည်။
သို့စေကာမူ ဒါက နတ်အင်ပါယာနယ်ပယ် နောက်ဆုံးအဆင့် ဓားနတ်ဘုရားတစ်ပါး လုပ်နိုင်သည့်အရာလား!
ဒီလိုသာဆိုပါက တစ်ဘက်လူ၏ ဓားတာအိုပါရမီက သေချာပေါက်မကြုံစဖူးပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်ပေသည်။
လုချန်ရှန်း၏စကားလုံးများကို ကြားပြီး သူ့နောက်က သန်းချီသော သုံးပေရှည်ဓားများကို ကြည့်ပြီးနောက်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမမှ အကြီးအကဲ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။
"ဒီအဆင့်ကိုတောင် ရောက်နိုင်တဲ့ဓားသမား၊ မင်းခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းကလား"
ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက ဒီကမ္ဘာကြီးထဲတွင် နံပါတ်တစ်ဓားဂိုဏ်းဖြစ်သည်။
ဒီဓားဂိုဏ်းချုပ်က ကမ္ဘာကြီး၏ နံပါတ်တစ်ဓားသမားပင်။
ခေးအောစ့်အနှစ်သာရဓားသခင်!
သူက ဓားတာအို၌ ယခုလိုအဆင့်မျိုးကို ရောက်နိုင်သည့် နတ်အင်ပါယာနယ်ပယ် စွမ်းအားရှင်ပေတည်း။
သူတို့ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းကိုသာ ခန့်မှန်းနိုင်ခဲ့ကြသည်။
ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းလား!
လုချန်ရှန်း စိတ်ရှုပ်ထွေးသွားသည်။
လုချန်ရှန်း၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုကို မြင်ရသောအခါ လူတိုင်း ဒီဖြစ်နိုင်ချေကို ပယ်ချလိုက်ကြ၏။
သူက ကမ္ဘာကြီးထဲတွင် မပေါ်လာခဲ့ဖူးသည့် ဓားတာအို၌ ကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်ရပေမည်။
အကြီးအကဲဒါကိုမြင်သောအခါ သူစတင်နောက်ဆုတ်သည်။
သို့သော် သူအကျပ်အတည်းထဲတွင် ရှိနေသည်။
သူသာနောက်ဆုတ်ပါက ဒါက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည်။
ဒါကိုတွေးမိသောအခါ အကြီးအကဲ အံကြိတ်ရင်း အရင်ဆုံးရိုက်ချလိုက်၏။
သူလက်ထဲတွင် စည်းတံဆိပ်တစ်ခုဖန်တီးသည်။ ချက်ချင်းဆိုသလို မိုးကြိုးတစ်ချက်လင်း၀င်းသွားပြီး သူ့ရင်ဘတ်ရှေ့တွင် သိပ်သည်းသွားသည်။
မိုးကြိုးနဂါးပုံစံကွက်များနှင့် ရစ်ပတ်ထားသည့် လှံတစ်ချောင်း လေထဲတွင် ပေါ်ပေါက်လာသည်။
အကြီးအကဲလက်တစ်ဖက်နှင့် လှံကိုဖမ်းပိုင်ပြီး ရှေ့တစ်လှမ်းတိုးလိုက်စဉ် မိုးကြိုးက သူ့ခြေဖဝါးအောက်၌ ရစ်ခွေသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲ မိုးကြိုးစင်းတစ်စင်းပမာ လုချန်ရှန်းရှေ့တွင် ပေါ်လာပြီး မျက်မှောင်တစ်ချက်ကြုတ်ရင်း လုချန်ရှန်း ဒန်တျန်ကို လှံနှင့် ထိုးစိုက်ပစ်သည်။
လျိုကျိယု သူတို့ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ အကြီးအကဲတစ်ဦး၏ ဒန်တျန်ကို ဖျက်ဆီးပစ်ပြီး ကျင့်ကြံခြင်းကို ချွတ်ယွင်းစေခဲ့လေရာ ဒီအကြီးအကဲကလည်း လုချန်ရှန်းကို ကျင့်ကြံခြင်း ချွတ်ယွင်းသွားရသည့်ခံစားချက်က ဘယ်လိုလဲဆိုတာကို တွေ့ကြုံစေချင်သည်။
လုချန်ရှန်းလုံး၀မလှုပ်ရှားပေ။
အကြီးအကဲ၏ အလွန်မြန်ဆန်သည့်အမြန်နှုန်းအောက်တွင်ပင် သူမတုံ့ပြန်တော့သည့်အလား။
အကြီးအကဲ ဒါကိုကြည့်ပြီး ဆိုးယုတ်သည့် အပြုံးဖြင့် လုချန်ရှန်းဒန်တျန်ကို ထိုးစိုက်ပစ်လေသည်။
အပြင်ပန်းကကြည့်မည်ဆိုပါက ဒါကအပေါ်ယံသာဖြစ်ပြီး ထိုအချိန်တွင် လုံး၀မလှုပ်ရှားသည့် လုချန်ရှန်း၏ ဒန်တျန်ရှေ့တွင် သူ့နောက်က သန်းချီသည့်ဓားများက ချက်ချင်းပိတ်ဆို့ပစ်ကြ၏။
အကြီးအကဲ၏ မိုးကြိုးလှံကလည်း ဒီဓားများကြောင့် ပိတ်ဆို့ခံလိုက်ရပြီး ရှေ့ကို လုံး၀တိုးနိုင်စွမ်းမရှိတော့ပါ။
သူမတွေးနိုင်ခင်မှာပင် ဒီဓားများက စတင်ဖြတ်တောက်လာခဲ့လေပြီ။
သူ့နှလုံးသားထဲ၌ အကျပ်အတည်း ခံစားချက်တစ်ခုက ထင်ဟပ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲ၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူချက်ချင်းပင် မိုးကြိုးကို ထိန်းချုပ်ရင်း သူ့ကိုယ်ခန္ဓာကို နောက်သို့ မီတာတစ်ရာခန့် တရွတ်တိုက်ဆွဲသွားသည်။
တစ်ချိန်တည်းမှာပင် သူနောက်ဆုတ်သွားစဉ် မရေမတွက်နိုင်လောက်သည့်ဓားများက အကြီးအကဲ မူလကရပ်နေခဲ့သည့် နေရာအား ထိုးဖောက်သွားလေပြီ။
လုချန်ရှန်း တိုက်ခိုက်နေတာကိုမရပ်ခဲ့ပေ။
သူ့အကြည့် အကြီးအကဲထံ ကျရောက်သွားစဉ် သန်းချီသောသူများကလည်း တစ်ချိန်တည်းတွင် ရွေ့လျားကာ ဓားအရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး အကြီးအကဲထံ ကျဆင်းသွားကြ၏။
ရုတ်ချည်းဆိုသလို ကောင်းကင်တစ်ခုလုံးက ဒီသန်းချီသောဓားများနှင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရပုံပေါ်ပြီး နူးညံ့အေးစက်သည့် လရောင်ကလည်း ဖုံးလွှမ်းခံရကာ အတိနက်မှောင်သွားသည်။
သန်းချီသောဓားများက ပြိုင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းရန် လုံလောက်နေပါပြီ။
လက်ရှိအကြီးအကဲတွင် ရှောင်တိမ်းစရာနေရာမရှိတော့သဖြင့် သူသန်းချီသောဓားများ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်တော့သည်။
သူထိပ်တိုင်ရင်ဆိုင်နိုင်မှာလား!
ဟွမ်ချင်းနှင့် လျိုကျိယုတို့ မျက်တောင်ပင် မခတ်ကြပေ။
သူတို့အမြင်အရ ဒီထဲကမည်သူမှ လုချန်ရှန်း၏ ပြိုင်ဘက်မဟုတ်ပါ။
နတ်ခင်ဟောင်တျန်းကိုယ်တိုင်ကိုယ်ကျ ရောက်လာလျှင်ပင် ဒါကခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဟွမ်ချင်းကလည်း နတ်သခင်နယ်ပယ်ဖြစ်သည်။ သူမတွင်လည်း နတ်ဖီးနစ်သွေးကြော၊ သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် လုချန်ရှန်း၏ သွေးအဆီအနှစ်ရှိသည်။
သို့တိုင်အောင် လုချန်ရှန်းကို ရင်ဆိုင်ပါက သူမတွင် နိုင်နိုင်ချေအနည်းငယ်မျှပင် မရှိဟု ဟွမ်ချင်းခံစားနေရသည်။
နတ်သခင်ဟောင်တျန်းကိုမူ ပြောနေစရာပင်မလို။
ထိုအချိန်တွင် အကြီးအကဲဟိန်းလိုက်သည်။ မိုးကြိုးဘီလူးတစ်ကောင်က သူ့ဘေး ပေါ်လာခဲ့သည်။
ဒါကထာ၀ရဗုဒ္ဓေနည်းစနစ်၏ ထာ၀ရသခင်ပေတည်း။
သို့စေကာမူ အကြီးအကဲ ဒီနည်းစနစ်ကို အသက်သွင်းပြီး သန်းချီသောဓားများကို တိုက်ခိုက်စဉ် မိုးကြိုးနဂါး၏ ဧရာမလက်သီးကြီးများက ဓားများကို ရစ်ပတ်သွားသောမလည်း သန်းချီသော ဓားများအောက်၌ တစ်ခုတည်းသော အလင်းအရင်းအမြစ်သာဖြစ်လာရသည်။
ယှဉ်၍မရနိုင်လောက်အောင် ကြောက်စရာကောင်းသည်ဟု ထင်ရသည့် ဧရာမလက်သီးများက ရုတ်ချည်းဆိုသလို ဓားများ၏ ထိုးဖောက်ခြင်းကို ခံရသည်။
အသက်ရှုကြိမ်ရေတစ်ကြိမ်အတွင်းမှာပင် ထာ၀ရသခင်မိုးကြိုးကိုယ်ထည်က အပေါက်များနှင့် ပြည့်နှက်သွားပြီး အကောင်းပကတိရှိသော နေရာဟူ၍ တစ်နေရာပင်မကျန်တော့ပါ။
အဆုံးသတ်တွင် ၎င်းကမိုးကြိုးအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာကြီးထဲတွင် လွင့်စင်ပပျောက်သွားရတော့သည်။
အကြီးအကဲ ဒီမြင်ကွင်းကို ကြည့်နေပြီး တခြားအမူအရာများ ပြရန်အချိန်ပင် မရလိုက်ဘဲ သန်းချီသောဓားများကြားတွင် နစ်မြှုပ်သွားကာ ဓားပင်လယ်အောက်သို့ ရောက်သွားခဲ့သည်။
ဒီဓားများက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ အကြီးအကဲ၏ သင်္ချိုင်းကျောက်များအလားပင်။
လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ ပတ်၀န်းကျင်က အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်သွား၏။
သူတို့နှစ်ယောက်စလုံးက နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်များဖြစ်ကြသော်လည်း ဇာတ်ညွှန်းကတော့ ဟွမ်ချင်းနှင့် တူနေဆဲပင်။
ဒါက ပို၍ပင်ပြင်းထန်သည့် ဖိနှိပ်မှုတစ်ခုကို ယူဆောင်လာခဲ့ပြီး ခုခံရန်အတွက် အခွင့်အရေးလုံး၀မရှိပေ။
ဟောင်တျန်းခန်းမမှ တင်းဝေ ဒီမြင်ကွင်းကို လေးနပ်သည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။
"ဒီလိုခွန်အားမျိုး....ငါတောင်မှ ခုခံနိုင်မှာမဟုတ်ဘူး"
"သူတကယ်ပဲ နတ်သခင်နယ်ပယ်မဟုတ်ဘူးလား၊ ဒါပေမယ့် သူ့နယ်ပယ်ကို ဖုံးကွယ်ဖိနှိပ်ထားတာဆိုရင် နတ်သခင်နယ်ပယ်ဆိုတာကို ငါဘာလို့မမြင်နိုင်ရတာလဲ"
သို့စေကာမူ တင်းဝေမည်သို့သိနိုင်မည်နည်း။
နတ်သခင်ဟောင်တျန်းပင်လျှင် လုချန်ရှန်းနှင့် ဟွမ်ချင်းတို့၏ ကျင့်ကြံခြင်းနယ်ပယ်ကို အာရုံခံနိုင်မည်မဟုတ်။
တခြားတစ်ဘက်တွင် အောက်ပြိုင်ကွင်း၌ ကျင်းဝူကျင်း ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"ဘာလို့ သေမျိုးကျေးရွာကလိုမျိုး ထပ်ဖြစ်သွားပြီလို့ ငါခံစားနေရတာလဲ"
သေမျိုးကျေးရွာ၌ လုချန်ရှန်းက အနိုင်ရသူဖြစ်သည်။
ကျိချန်းယောင် လုချန်ရှန်းကို ချစ်စိတ်မွှန်နေသည့် အကြည့်ဖြင့်ကြည့်နေသည်။
သူမက လုချန်ရှန်းဘေးသို့ပင် အမြန်ပြေးသွားလုနီးပါးပင် ဖြစ်သွားခဲ့သည်။
ဟဲလျန် လေးလံသည့် အမူအရာဖြင့် အကြီးအကဲ၏ ရှုံးနိမ့်မှုကို ကြည့်နေစဉ် ကျိချန်းယောင်၏ အကြည့်ကို သတိထားမိသဖြင့် သူလုချန်ရှန်းကို ကြည့်လိုက်သောအခါ သူ့အကြည့်က ပို၍ပင် ကြည့်ရဆိုးလာခဲ့သည်။
ကျိချန်းယောင်က တခြားသူများကို ဒီလိုပုံစံဘယ်တုန်းက ကြည့်ဖူးသနည်း။
ထိုလူများထဲတွင် ဟဲလျန်ကလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။
လုချန်ရှန်း ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ လူများအား ကြည့်ပြီး တည်ငြိမ်စွာပြောသည်။
"ခင်ဗျားတို့ အုပ်စုလိုက်တိုက်ပွဲမစကြတော့ဘူးလား၊ ဆက်လုပ်ကြလေ"
အပိုင်း(859) coming။