#ဟွမ်ချင်း၊ ဒီမိန်းကလေးက ရှင့်ကို တကယ်ကြိုက်တာလား!
Vol. 61 Ch. 859
လုချန်ရှန်းဒါကို ကိုယ်တိုင်ပင် သတိမထားမိကောင်း မထားမိခဲ့လောက်ပေ။ လျိုကျိယုက တခြားဂိုဏ်းတစ်ဂိုဏ်းက ဖြစ်သော်လည်း ဒီကာလအတောအတွင်း လုချန်ရှန်း အပြင်လူတစ်ယောက်ပမာ မဆက်ဆံခဲ့ပေ။
လျိုကျိယု ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ ဝိုင်းရံခြင်းကို ခံရသောအခါ လုချန်ရှန်း မသိစိတ်က ဒေါသထွက်လာသလို ခံစားလာရသည်။
ငါ့ရှေ့မှာ ငါ့ရဲ့ကိရိယာလေးကို အနိုင်ကျင့်တာလား!
ထို့ကြောင့်လည်း လုချန်ရှန်း ထိန်ချန်မထားခဲ့ခြင်းပင်။
သန်းချီသောဓားများ၏ တစ်ချိန်တည်းတွင် ပိုင်းဖြတ်မှုကြောင့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ အကြီးအကဲ၏ ကိုယ်ခန္ဓာနှင့် ဝိဉာဉ်တို့၏ တည်ရှိမှုအရိပ်အယောင်လေးကိုပင် မတွေ့ရတော့ဘဲ လေဟာနယ်ထဲတွင် လုံး၀ပျက်သုဉ်းသွားရသည်။
ဒါက ဟောင်တျန်းစားသောက်ပွဲ၌ သေဆုံးခဲ့သည့် ပထမဆုံးလူလည်းဖြစ်သည်။
လုချန်ရှန်း၏လုပ်ရပ်ကြောင့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမှ အကြီးအကဲများ၏ အမူအရာများက မည်းမှောင်သွားကြပြီး ဒေါသထွက်သွားကြ၏။
သို့စေကာမူ လုချန်ရှန်း၏ စိန်ခေါ်မှုကို ကြားသောအခါ မည်သူမှ ပြိုင်ကွင်းထဲသို့ မ၀င်ခဲ့ပါ။
သူတို့ထဲကမည်သူမှ လုချန်ရှန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်ဆိုတာ ယုံကြည်မှုမရှိပေ။
သူတို့ကိုယ်သူတို့ သတ္တိမွေးပြီး သွားလျှင်ပင် ဒါက ကိုယ့်ကိုကိုယ် သေရန်အတွက် ပို့လွှတ်နေသည်နှင့်သာ တူနေပေလိမ့်မည်။
မဟာအကြီးအကဲတန်ချူ၏ မျက်နှာက အလွန်အမင်း မည်းမှောင်နေသည်။ သူလုချန်ရှန်းအား ကြည့်ပြီး ဒေါသတကြီးပြောသည်။
"ငါတို့တစ်ယောက်ချင်းစီက သူ့အတွက် ပြိုင်ဘင်မဟုတ်ဘူး၊ ဟောင်တျန်းနတ်ပိုင်နက်ကို ၀င်ပြီးမှ သူ့ကို တိုက်ခိုက်ကြရအောင်"
ကျန်သောအကြီးအကဲများက လေးနက်စွာခေါင်းညိတ်ကြသည်။
သူတို့နှစ်ဖက်စလုံးက နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်များဖြစ်ကြသည်။
တစ်ဦးချင်းစီကမလုံလောက်ပါက အနည်းဆုံးတော့ သူတို့အုပ်စုဖွဲ့တိုက်ခိုက်နိုင်သည်။
......
ဟောင်တျန်းခန်းမ၌ နေရောင်ခြည်ပထမဆုံး ထွန်းလင်းလာသောအခါ ဒါက ဟောင်တျန်းစားသောက်ပွဲမှ နေရာဆယ်နေရာကို အတည်ပြုပြီးပြီဟု ဆိုလိုနေခြင်းပင်။
သူတို့က ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ စံနမူနာတပည့်ဟဲလျန်၊ သေမင်းဝိဉာဉ်နန်းတော်မှ သေမင်းသားတော်ဟု လူသိများသည့် ကုကျင်း၊ ရွှေတောင်ပံဂဠုန်ကလန်မှ ကျင်းဝူကျင်းနှင့် လူငယ်မျိုးဆက်များအကြား နံပါတ်တစ်အလှမယ်ဖြစ်သည့် ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျို ကျိချန်းယောင်လည်းပါသည်။
အံ့ဩစရာကောင်းစွာပင် ကျန်နေသည့်ပြိုင်ကွင်းက ပထမတန်းစားအင်အားစုများမှ ဂူဏ်ယူစရာပါရမီရှင်များမဟုတ်ဘဲ ယင်းအစား လူအများစု တခါမှမကြားဖူးသည်က ဒုတိယတန်းစားဂိုဏ်းသစ်တစ်ဂိုဏ်းက ဖြစ်သည်။
မြင့်မြတ်ကောင်းကင်ဆေဘာဂိုဏ်းမှ ဒီလူက ပထမတန်းစားအင်အားစုလေးခု၏ လူငယ်မျိုးဆက်များကို အနိုင်ယူပစ်ခဲ့သည်သာမက အုပ်စုလိုက်တိုက်ပွဲတွင်လည်း မရှုံးနိမ့်ခဲ့ပေ။
သူက ရှန်းဝူချန်းဟုခေါ်သည့် ဓားသမားတစ်ယောက်ဖြစ်သည်။
သူက နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေလေပြီ။
စားပွဲထိပ်တွင်မူ သံသယမရှိ လုချန်ရှန်းနှင့် ဟွမ်ချင်းတို့က နေရာတစ်နေရာစီ သိမ်းပိုက်ခဲ့ကြသည်။
ထို့နောက်မည်သူကမှ သူတို့ကို ပြိုင်ကွင်းထဲက စိန်မခေါ်ကြတော့ပါ။
လာနောက်နေတာလား!
သူတို့နှစ်ယောက်က နယ်ပယ်တူ ဒါမှမဟုတ် ပိုမြင့်မားတဲ့နယ်ပယ်က လူတွေကိုတောင် အလွယ်တကူအနိုင်ယူ သတ်ပစ်နိုင်တယ်လေ!
သူတို့ကို စိန်ခေါ်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ!
ကျန်သောသုံးနေရာအတွက်မူ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၊ ရွှေတောင်ပံဂဠုန်ကလန်နှင့် သေမင်းဝိဉာဉ်နန်းတော်တို့က တစ်နေရာစီ သိမ်းပိုက်ခဲ့ကြသည်။
ထိုအချိန်မှာပင် တင်းဝေ၏အသံက ပြိုင်ကွင်းတစ်ခုလုံး၌ ပျံ့နှံ့လာခဲ့သည်။
"ပြိုင်ကွင်းထဲမှာ ရပ်နေနိုင်သေးတဲ့ တာအိုမိတ်ဆွေတို့က ဂိုဏ်းက လူလေးယောက်နဲ့အတူ ဟောင်တျန်းနန်းတော်ကို ၀င်နိုင်ပါတယ်၊ ကျန်တဲ့သူတွေကတော့ ကျေးဇူးပြုပြီး ဟောင်တျန်းနတ်ပိုင်နက်က ထွက်သွားပေးကြပါ"
ကျန်သူများ၏ အမူအရာများက အနည်းငယ်ကြည့်ရဆိုးနေသော်လည်း သူတို့ ဟောင်တျန်းနတ်ဂိုဏ်းက ချမှတ်ထားသည့် စည်းမျဉ်းများကို မချိုးဖျက်နိုင်လေရာ မည်းမှောင်သည့် အမူအရာများဖြင့် ထွက်သွားကြရုံသာ တတ်နိုင်ကြသည်။
"ကောင်းပြီ၊ ကျန်ခဲ့တဲ့လူတိုင်းကတော့ ကျေးဇူးပြုပြီး ဟောင်တျန်းခန်းမကို ၀င်လာကြပါ"
.....
ဟောင်တျန်းခန်းမ၌ ခုံဆယ်လုံးရှိပြီး ပြိုင်ကွင်းက လူဆယ်ယောက်က ထိုင်နေကြသည်။ ကျန်သောသူများကမူ နောက်တွင် ရပ်နေရုံသာ တတ်နိုင်သည်။
ဝါပိုမြင့်မားသည့်သူများပင်လျှင် သူတို့နောက်၌ နောက်လိုက်များပမာ ရပ်နေကြရသည်။
တင်းဝေ ဘေးကနေပြုံးသည်။
"ဒီပြိုင်ပွဲမှာ နိုင်ခဲ့တဲ့အတွက် အားလုံးကို အရင်တိုင်း ဂုဏ်ပြုပါတယ်"
"ဒီစားသောက်ပွဲပြီးတဲ့အခါကျရင် ကျုပ် လူတိုင်းကို အာကာသမူမမှန်မှုအကြောင်းကို ပြောပါမယ်"
ထိုသို့ပြောပြီးနောက် တင်းဝေ ဟောင်တျန်းခန်းမကနေ ထွက်သွားပြီး တစ်နေရာရာသို့ သွားလိုက်သည်။
ထိုအချိန်တွင် စားသောက်ပွဲ၌ ဟဲလျန် ကျိချန်းယောင်ကို ကြည့်ပြီးပြုံးသည်။
"ချန်းယောင်၊ နင့်ခွန်အားက ဒီအကြိမ် ဒီလောက်အများကြီး မြှင့်တက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ လက်ရှိနင်က ဘုရင်အဆင့်သတ်မှတ်ချက်က ထိပ်ဆုံးငါးနေရာကိုတောင် ရောက်ဖို့လုံလောက်နေပြီ"
ဘုရင်အဆင့်သတ်မှတ်ချက်ဟူသည် အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၌ နတ်အင်ပါယာနယ်ပယ်နောက်က ကျွမ်းကျင်သူများ၏ အဆင့်သတ်မှတ်ချက်ဖြစ်သည်။
ခွန်အားပိုမြင့်လေလေ၊ အဆင့်ပိုမြင့်လေလေပင်။
ကျိချန်းယောင်က မူလက ဘုရင်အဆင့်သတ်မှတ်ချက်၏ အဆင့်ကိုးဖြစ်သည်။ ယနေ့တိုက်ပွဲတွင် သူမ၏ အဆင့်သတ်မှတ်ချက်က သေချာပေါက် အဆင့်မြှင့်လာပေလိမ့်မည်။
ကျင်းဝူကျင်းက ဘုရင်အဆင့်၌ အဆင့်ရှစ်တွင်ရှိသည်။
ဟဲလျန်က အဆင့်ခြောက်ဖြစ်သည်။
သို့စေကာမူ ကျိချန်းယောင်သူ့ကို လျစ်လျူရှုကာ တောက်လောင်နေသည့် အကြည့်ဖြင့် နေရာတစ်နေရာတည်းသို့သာ ငေးကြည့်နေသည်။
ဟဲလျန် ကျိချန်းယောင်၏ အကြည့်အတိုင်း လိုက်ပါကြည့်ရှုစဉ် သူ့အမူအရာက မည်းမှောင်သွားသည်။
ထပ်ပြီးသူပဲလား....!
ကျင်းဝူကျင်းအရာအားလုံးကို မြင်လေရာ ပြုံးလိုက်မိသည်။
ဟဲလျန်တစ်ယောက်တော့ ဒေါသကြောင့် သေသွားရလောက်သည်။
သူမကို ဒီလောက်ကြာကြာ ပံ့ပိုးခဲ့သည့်တိုင် ကျိချန်းယောင်က တခြားတစ်ယောက်ကို ချစ်မြတ်နိုးနေလေပြီ။
လုချန်ရှန်းကရော!
ကျိချန်းယောင် သူ့ကို စိုက်ကြည့်နေတာကို သူသိပါသည်။
သို့စေကာမူ ဒီမိန်းကလေး၏ အန္တရာယ်များသည့် အတွေးများကို ဖယ်ရှားရန်အတွက် လုချန်ရှန်း တည်ငြိမ်နေရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။
သူရှေ့တည့်တည့်ကြည့်ပြီး ရှေ့က စားကောင်းသောက်ဖွယ်များကို ကြည့်ရင်း ဆက်စားနေသည်။
ဟဲလျန်၏ အမုန်းတရားအပြည့်အကြည့်ကို ခံစားမိသောအခါ လုချန်ရှန်းသက်ပြင်းချသည်။
တကယ်ပဲ မိန်းကလေးဆိုတာက သေစေလောက်တာပဲ!
ယခုအချိန်တွင် လုချန်ရှန်း ကျိချန်းယောင်ကို တစ်ခုပဲပြောချင်သည်။
မိန်းကလေး၊ မင်းငါ့ကိုဘာလို့ ကြိုက်ရတာတုန်း!
လူပြောင်းလို့မရဘူးလား!
ဟွမ်ချင်း လုချန်ရှန်းဘေးတွင် ထိုင်နေသည်။ သူမဒီမြင်ကွင်းကို မြင်သောအခါ အံ့သြသင့်တကြီးမေးလိုက်၏။
"ရှင့်သူ့ကိုဘယ်တုန်းက ဆွဲဖမ်းလိုက်တာလဲ၊ ရှင့်ကိုသဘောကျတဲ့ မိန်းကလေး တကယ်ရှိသေးတာလား"
ဟမ်!
မင်းဘာပြောနေတာလဲ!
သူဘာကိုပြောချင်တာလဲ!
ဘာကိုဆိုလိုချင်တာလဲ၊ ငါ့ကို တကယ်သဘောကျတဲ့ မိန်းကလေးလား!
လုချန်ရှန်းသူ့ကိုယ်သူ ကာကွယ်ချင်သည်။
ငါ့မှာ လောကီရေးရာဆန္ဒမရှိဘူးကွ!
ငါ့ကိုယ်ငါတောင် အမျိုးသမီး အကာအကွယ်အဖြစ် လုပ်ခဲ့တာလေ!
လျိုကျိယု နောက်တွင်ရပ်ပြီး အောက်ငုံ့ထားသည်။
သူ့မျက်နှာကဖြူရော်နေသော်လည်း ဒီအခိုက်အတန့်၌ ရယ်ချင်စိတ်ကို ချုပ်တည်းထားရလွန်းသည့်အပေါ် သူ့မျက်နှာက နီးမြန်းနေသည်။
ကျိချန်းယောင် ဘေးနှင့်နောက်က အကြီးအကဲများတွင်လည်း အကူအညီမဲ့နေသည့် အမူအရာများရှိနေသည်။
ငါတို့ တစ်ဘက်လူရဲ့ နောက်ခံကိုတောင် အတည်မပြုရသေးဘူးလေ!
ဒါတောင် သူတော်စင်မိန်းမပျိုက ဘာအကန့်အသတ်မှမရှိဘဲ ဒီလိုအမူအရာမျိုးတစ်ခုကို ထုတ်ဖော်ခဲ့တာလား!
ကြည့်ရသည်မှာ ပြန်သွားသောအခါ ဒါကို ဂိုဏ်းချုပ်အား အစီရင်ခံတင်ပြရပေတော့မည်။
သူတော်စင်မိန်းမပျိုက ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်၏ ဆက်ခံသူဖြစ်သည်။ သူမ၏ရုပ်ခန္ဓာနှင့် ပါရမီ၌ နတ်သခင်နယ်ပယ်သို့ ချိုးဖျက်ရန်အတွက် အခွင့်အလမ်းရှိသည်။
ဒါ့အပြင် ရှေးဦးမူလခရမ်းချီနှင့်အတူ သူမ၏အနာဂတ်က ပို၍ပင် အကန့်အသတ်မဲ့သည်။
သူတော်စင်မိန်းမပျိုကို တာအိုလက်တွဲဖော်အား အလွယ်တကူဆုံးဖြတ်ခွင့်ပေး၍မရပေ။
သို့သော်သူတို့မသိတာက ရှေးဦးမူလခရမ်းချီကို သူတော်စင်မိန်းမပျိုအား အကြီးအကဲများ အထင်သေးနေသောသူက ပေးခဲ့ခြင်းပင်။
ထိုအချိန်တွင် ကျိချန်းယောင်စကားပြောလာသည်။
သူမ၏အသံက သိမ်မွေ့သော်လည်း မကျေမနပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူမက သူ့သခင်ကိုအကြာကြီး မတွေ့ခဲ့ရသည့် ကြောင်ပေါက်စလေးတစ်ကောင်ပမာ။
"ဒီရက်ပိုင်းရှင့်ဘယ်ကို ရောက်နေတာလဲ၊ ကျွန်မရှင့်အကြောင်းကို ဘယ်မှာမှ မကြားခဲ့ရဘူး"
လူတိုင်း လုချန်ရှန်းအား မတူညီသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
လုချန်ရှန်းကလည်း အတော်လေး အကူအညီမဲ့နေသည်။ သို့သော် သူ့တွင် ပြန်ဖြေရန်က လွဲ၍ တခြားရွေးချယ်စရာမရှိပါ။
"ကျုပ်တို့က အမှတ်မထင်ဆုံခဲ့ကြရုံပါပဲ၊ ကျုပ်ကို စိတ်ပူနေစရာမလိုပါဘူး၊ သူတော်စင်မိန်းမပျို၊ ကျင့်ကြံခြင်းက ပိုပြီးအရေးကြီးပါတယ်"
သို့စေကာမူ ကျိချန်းယောင် လုချန်ရှန်းစကားကို မကြားသည့်ပမာပြုမူကာ ရယ်မောသည်။
"ကျွန်မ ရှင့်ပေးခဲ့တဲ့အရာကို စုပ်ယူဖို့အတွက် အကောင်းဆုံးကြိုးစားနေတယ်၊ ကျွန်မရှင့်ကို အမှီလိုက်ချင်ရုံပဲ၊ ဒီလိုဆိုမှ ကျွန်မရှင့်နဲ့အတူ လက်တွဲနိုင်မှာလေ"
လုချန်ရှန်း "....."
"ဒါပေမယ့် ရှင့်ဆီက ဘာသတင်းမှ မကြားခဲ့ရတော့ ဒါက ကျွန်မကို အတော်လေး မငြိမ်မသက်ဖြစ်စေတယ်၊ ကျွန်မကျင့်ကြံခြင်းအမြန်နှုန်းကလည်း ကျဆင်းသွားခဲ့တယ်"
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ အကြီးအကဲများ၏ မျက်လုံးများမှ အမုန်းတရားများနှင့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ဟဲလျန်၏ အမုန်းတရားအကြည့်ကို မြင်ရသောအခါ လုချန်ရှန်း ကောင်းကင်သို့ မော့ကြည့်ကာ နှလုံးသားထဲမှ အော်ဟစ်လိုက်မိသည်။
အား......!
အမျိုးသမီးတွေက သေစေလောက်တာပဲ!
အမျိုးသမီးတွေက သေစေနိုင်တယ်....!
အပိုင်း(860) coming။