← Chapters

#‌မင်းမိန်းမကလေးမွေးတော့မှာမို့လား#

Vol. 61 Ch. 860

#‌မင်းမိန်းမကလေးမွေးတော့မှာမို့လား#

Vol. 61 Ch. 860

လုချန်ရှန်း ဟောင်တျန်းစားသောက်ပွဲတစ်ခုလုံး၌ သူဒုက္ခတွင်းကြီးထဲ ကျရောက်နေသည့်ပမာ ခံစားနေရသည်။

သူ့ရှေ့က အချိုရဿာများပင် မချိုတော့သည့်အလား။

အဓိကအကြောင်းရင်းက ကျိချန်ယောင် လုချန်ရှန်းအား ဖော်လံဖားနေသည့် စကားလုံးမျိုးစုံကို ပြောနေသည့်အတွက်ကြောင့်ပင်။

လုချန်ရှန်း တစ်ချိန်လုံးမဖြေသော်လည်း ကျိချန်းယောင်၏ အကြောင်းအရာက တစ်ချိန်လုံးထပ်ကျော့နေသည်။

သူမက ဘယ်တော့မှ စိတ်မချမ်းမသာ မဖြစ်တော့သည့်အသွင်။

မဟုတ်ဘူး၊ မဟုတ်ဘူး!

ငါ့တာအိုနှလုံးသားကို တည်ငြိမ်အောင် လုပ်ရမယ်!

အမျိုးသမီးတွေက ငါ့ဓားက်ု ဆွဲထုတ်မယ့် တိုးတက်မှုကိုပဲ သက်ရောက်စေတာ၊ အာ...မဟုတ်ဘူး...ငါလည်းပျင်းရိတယ်!

ဘေးက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ အကြီးအကဲများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။

ငါတို့ရဲ့သူတော်စင်မိန်းမပျိုက အဆိပ်မပြင်းလွန်းနေဘူးလား!

လုချန်ရှန်းသူ့ကို စိတ်မ၀င်စားတာ ရှင်းနေတာပဲလေ၊ ဒါတောင် သူတော်စင်မိန်းမပျိုကို သူ့ဆီ သူမကိုယ်သူမပစ်ပေးဖို့အတွက် ပဏာမခြေလှမ်းကို လှမ်းခဲ့တာလား!

ဒီသတင်းသာ ထွက်လာမည်ဆိုပါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး တုန်ခါသွားနိုင်သည်။

မည်သည့်အမျိုးသားနဲ့မှ အဆက်အသွယ်မရှိသလို တခြားသူတွေအပေါ် ယှဉ်၍မရနိုင်လောက်အောင် အေးစက်တတ်တဲ့ ကျောက်စိမ်းရေကန် သူတော်စင်မိန်းမပျိုက ယောက်ျားတစ်ယောက်အတွက် ကိုယ့်အဆင့်အတန်းကို တကယ်နိမ့်ချပစ်ခဲ့တာလား!

ထိုအချိန်တွင် လုချန်ရှန်းတစ်စုံတစ်ရာကို နားလည်သဘောပေါက်လာခဲ့သည်။

တစ်ယောက်ယောက်ကို သဘောကျပါက ပန်းများပွင့်လန်းလာတဲ့အထိ နှိမ့်ချစွာ ပြုမူရမည်။

ထိုအခိုက်အတန့်မှာပင် တင်းဝေ ရုတ်တရက် ဟောင်တျန်းခန်းမထဲတွင် ပေါ်လာခဲ့သည်။ လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက် သူပြုံးသည်။

"အားလုံးပဲ၊ ဟောင်တျန်းနတ်ပိုင်နက်ကို ၀င်ပြီးတဲ့အခါ ဘာကိုအာရုံစိုက်ရမလဲဆိုတာ ကျုပ်ပြောပါရစေ"

"ပထမဆုံးအနေနဲ့ ဟောင်တျန်းနတ်ပိုင်နက်က စုံစမ်းစစ်ဆေးဖို့အတွက် အထဲကလူတွေ သေရေးရှင်ရေးအတွက် တိုက်ခိုက်တာကို မတားပါဘူး၊ ဘာပဲဆိုဆို ဟောင်တျန်းနတ်ပိုင်နက်က အားကောင်းသူတွေကို ထောက်ခံပါတယ်၊ အားကောင်းတဲ့သူကပဲ ဒီကမ္ဘာကြီးနဲ့ ထိုက်တန်တယ်"

"အာကာသမူမမှန်မှုကို စုံစမ်းစစ်ဆေးနိုင်ပေမယ့် ဟောင်တျန်းနတ်ဂိုဏ်းကို ၀င်လို့တော့ မရပါဘူး၊ ၀င်ဖို့လိုတယ်ဆိုရင် ဟောင်တျန်းနတ်ဂိုဏ်းကို ကြိုတင်လျှောက်ထားရပါမယ်"

မည်သို့ပင်ဆိုစေကာမူ ဟောင်တျန်းနတ်ဂိုဏ်းက နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပါသေးသည်။

အပြင်လူများက အလိုရှိတိုင်း ၀င်ထွက်နိုင်ပါက ဒါက ဟောင်တျန်းနတ်ဂိုဏ်း၏ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မည်။

"စုံစမ်းစစ်ဆေးမှုကာလက သုံးရက်ကန့်သတ်ထားပါတယ်၊ အချိန်ကုန်သွားရင် ကျုပ်အားလုံးကို ပြန်ခေါ်လာပေးပါမယ်"

"ကောင်းပါပြီ၊ အခုစုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်နိုင်ပါပြီ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှန်းဝူချန်းရှိသည့် မြင့်မြတ်ကောင်းကင်ဆေဘာဂိုဏ်းက အရင်ဆုံးထရပ်ကာ ဟောင်တျန်းခန်းမမှ ထွက်သွားသည်။

သေမင်းဝိဉာဉ်နန်းတော်မှ အုပ်စုကလည်း နောက်ကနေ အနီးကပ်လိုက်ပါလာသည်။

ဟောင်တျန်းစားသောက်ပွဲအစကနေ အဆုံးထိ ဒီဂိုဏ်းနှစ်ဂိုဏ်းက ဘာတစ်ခုမှ မပြောခဲ့ပါ။

ဟဲလျန်လက်မလျှော့ဘဲ ကျိချန်းယောင်ကို ကြည့်ကာ အပြုံးတစ်ပွင့်ကို အတင်းညှစ်ထုတ်ကာ ခန့်ညားသည့်အသွင် ဟန်ဆောင်ရင်း ဖိတ်ခေါ်လိုက်၏။

"ချန်းယောင်၊ အာကာသမူမမှန်မှုကို စုံစမ်းစစ်ဆေးဖို့အတွက် ငါတို့ဂိုဏ်းနှစ်ဂိုဏ်း ပူးပေါင်းကြမလား"

"ဒီလိုနည်းနဲ့ဆိုရင် ငါတို့သတင်းအချက်အလက်တွေကို မျှဝေနိုင်သလို သဲလွန်စတွေရဖို့က ပိုပြီးလွယ်ကူလာလိမ့်မယ်"

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ အကြီးအကဲများ ဟဲလျန်၏ စကားလုံးများကို ကြားသောအခါ အနည်းငယ် ဆွဲဆောင်ခံလိုက်ရသည်။

အကယ်၍ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့သာ ပူးပေါင်းလိုက်ပါက ယခုအင်အားစုများအတွင်း သူတို့ကို ယှဉ်နိုင်သောသူဟူ၍ မရှိတော့သလို သဲလွန်စများရှာဖွေရန်အတွက် ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။

သို့စေကာမူ သူတို့မပြောနိုင်သေးခင်မှာပင် ကျိချန်းယောင်ခေါင်းခါယမ်းသည်။

"အာကာသနှလုံးသားက တစ်ခုပဲရှိတယ်၊ သဲလွန်စတွေ မျှဝေဖို့ဆိုတာက အဓိပ္ပာယ်မရှိဘူး"

ဟဲလျန် လုချန်ရှန်းအား လက်ညိုးထိုးကု မေးသည်။

"နင်သူနဲ့အတူ တွဲလုပ်မှာလား"

လုချန်ရှန်းဘာမှ မပြောနိုင်သေးခင်မှာပင် ကျိချန်းယောင် ညင်သာစွာပြုံးသည်။

"သူသဘောတူနေသရွေ့ ငါသူ့ကို အာကာသနှလုံးသားတောင် ပေးဖို့ဆန္ဒရှိတယ်"

ဒါကိုကြားသောအခါ ဟဲလျန်ထိတ်လန့်သွား၏။

လုချန်ရှန်းစိတ်လှုပ်ရှားသွားရသည်။

သို့စေကာမူ ဟဲလျန်နှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ အကြီးအကဲများ၏ အကြည့်ကို လုချန်ရှန်းမြင်သောအခါ သူထပ်ပြီးမပျော်မရွှင် ဖြစ်သွားရသည်။

အပြင်ပန်းတွင် သူမက လုချန်ရှန်းကို ကောင်းမွန်စွာ ဆက်ဆံနေသော်လည်း တကယ်တမ်း၌ လုချန်ရှန်းက မတော်တဆ အမုန်းတရားများစွာကို ဆွဲဆောင်မိခဲ့သည်။

သို့သော် ရှေးဦးမူလခရမ်းချီက အာကာသနှလုံးသားနှင့် ယှဉ်ပါက ပို၍ပင် တန်ဖိုးရှိတာကို သူတို့ဘယ်လိုလုပ် သိနိုင်မည်နည်း။

လုချန်ရှန်းသူမကို ခြွင်းချက်မရှိ ရှေးဦးမူလခရမ်းချီကိုပင် ပေးခဲ့သည်။ ထို့ကြောင့် သူမအာကာသနှလုံးသားကို ပေးပါကရော ဘာအရေးနည်း။

ကျိချန်းယောင်၏ စကားလုံးများကိုကြားပြီး သူမအကြည့်ကိုမြင်ရသောအခါ ဟဲလျန်၏နှလုံးသားထဲက မနာလိုမှုက ဆက်လက်မြှင့်တက်လာခဲ့သည်။

သို့စေကာမူ သူအံကြိတ်လိုက်ရုံသာ တတ်နိုင်သည်။

"ဒီလိုဆိုမှတော့ သဲလွန်စတွေကို ဘယ်သူရနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

ထိုသို့ဆိုပြီးနောက် ဟဲလျန် လုချန်ရှန်းအား မုန်းတီးစွာစိုက်ကြည့်ပြီး ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က အကြီးအကဲများနှင့်အတူ ထွက်သွားလေတော့သည်။

ကျင်းဝူကျင်းထရပ်ကာ လုချန်ရှန်းအား လက်နှစ်ဖက်ဆုပ်သည်။

"စီနီယာ၊ ကျုပ်တို့အရင်သွားလိုက်ပါဦးမယ်၊ ကျုပ်တို့လုပ်နိုင်တာ တစ်ခုခုရှိရင် ကျေးဇူးပြုပြီး အသိပေးပါဦး"

လုချန်ရှန်းခေါင်းညိတ်သည်။

ကျင်းဝူကျင်း၏ လုချန်ရှန်းအပေါ် လေးစားမှုကို မြင်ရသောအခါ ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်မှ အကြီးအကဲများ အံ့ဩသင့်သွားကြ၏။

ကျင်းဝူကျင်းက အစကတည်းက အတော်လေးမောက်မာသူဖြစ်သည်။ သူ့ကို ချီးကျူးဂုဏ်ပြုရအောင် လုပ်နိုင်သည့် လူအနည်းငယ်သာရှိသည်။

ဒါ့အပြင် သူ့ကို ဒီလိုခံစားချက်မျိုးပြသစေနိုင်သည့် လူအရေအတွက်ကိုမူ လက်တစ်ဖက်နှင့်ပင် ရေတွက်၍ရသည်။

သို့စေကာမူ လုချန်ရှန်း သေမျိုးကျေးရွာက မစ္စတာ၏ လက်ခံခြင်းကို ရခဲ့တယ်ဆိုတာကိုသာ သူတို့သိပါက ဒီလောက် အံ့ဩသင့်ကြမည်မဟုတ်တော့။

ထိုအချိန်ပင် ကျိချန်းယောင် လက်နှစ်ဖက်ကို မေးပေါ်တင်ပြီး ပန်းတစ်ပွင့်ပမာ ပြုံးသည်။

"ဒါဆိုကျွန်မတို့......"

"ရပ်လိုက်" လုချန်ရှန်း လက်ကိုဆန့်ထုတ်ကာ အားကိုးရာမဲ့စွာပြောသည်။

"ကျုပ်ကတစ်ယောက်တည်းသွားမှာ"

လုချန်ရှန်း၏စကားလုံးများကို ကြားပြီးနောက် လူတိုင်းထိတ်လန့်သွားကြ၏။

ကျိချန်းယောင်၏ မျက်လုံးများက မကျေချမ်းမှုများဖြင့် ပြည့်နှက်နေပြီး နှုတ်ခမ်းစူလိုက်သည်။

"ဒီလိုဆိုလည်း ကောင်းပြီလေ....."

ဂိုဏ်းအားလုံး ထွက်သွားပြီးနောက် ဟွမ်ချင်း မှိန်ဖျော့စွာပြုံးပြီး လုချန်ရှန်းကို ကြည့်သည်။

"ကြည့်ရတာ ဒီမိန်းကလေးက ရှင့်ကို နက်နက်သည်းသည်း ချစ်မြတ်နိုးနေပုံပဲ"

လုချန်ရှန်းမျက်လုံးလိမ့်ကာ ဒီအကြောင်းကို မပြောချင်ကြောင်း ပြသလိုက်သည်။

"ဒါပေမယ့် ရှင့်လို နှစ်တစ်သန်းသက်တမ်းရှိတဲ့ ပင်လယ်နက်ထဲကသံရိုင်းထက်တောင် ပိုမာကျောတဲ့ လူမျိုးကို ခံစားချက်ရှိနေတာဆိုတော့ ဒီမိန်းကလေးက တကယ်တုံးအလိုက်တာ"

လုချန်ရှန်း "....."

"ဘာလို့ဒီအယူအဆကို လက်မလျှော့လိုက်ရတာလဲ၊ မဟုတ်ဘူးဆိုရင် အနာဂတ်မှာ ရှင့်မှာ အမျိုးသမီးတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်တော့တာကို ကျွန်မစိုးရိမ်မိတယ်"

လုချန်းရှန်း "....."

ဘာလို့ အရင်က ဟွမ်ချင်း ဒီလောက်ထိ ရန်လိုမနေဖူးသလို ငါရုတ်တရက် ခံစားမိရတာလဲ!

ဘာလို့ဒီတကြိမ် စားသောက်ပွဲကာလမှာ သူ့ပါးစပ်က ဒီလောက်ဆိုးနေရတာလဲ!

သူ့နောက်တွင် လျိုကျိယု ရုတ်တရက် ရယ်မောလိုက်၏။

ဒါကပင် အတွင်းဒဏ်ရာများအား ထိခိုက်စေမိသဖြင့် နာကျင်စွာ ညည်းတွားလိုက်မိသည်။

လုချန်ရှန်း လှည့်ကာမေးသည်။

"မင်းဒဏ်ရာတွေကို ပိုဆိုးအောင်လုပ်ဖို့ ကြိုးစားနေတာလား"

ဒါကိုကြားသောအခါ လျိုကျိယု ချက်ချင်းခေါင်းခါယမ်းသည်။

"မဟုတ်ပါဘူး၊ ကျွန်တော်ပျော်စရာတစ်ခုခုတွေးမိသွားလို့ပါ"

လုချန်ရှန်းမေးသည်။

"မင်းမိန်းမကလေးမွေးတော့မှာမို့လား"

လျိုကျိယု "???"

ငါ့မှာဘယ်တုန်းက မိန်းမရှိသွားတာလဲ!

"ကောင်းပြီ၊ ကောင်းပြီ" လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

"စုံစမ်းစစ်ဆေးမှုကိုစကြရအောင်၊ အချိန်ထပ်မဖြုန်းနဲ့တော့၊ ငါတို့စုံစမ်းစစ်ဆေးတာကို အမြန်ဆုံးပြီးလေလေ၊ အိမ်အမြန်ဆုံး ပြန်နိုင်လေလေပဲ"

......

ဟောင်တျန်းနတ်ဂိုဏ်း၌ တင်းဝေ တစ်ပေရှည်သည့်လူတစ်ယောက်ရှေ့တွင် ဒူးထောက်နေသည်။

"နတ်သခင်၊ သူတို့ထွက်သွားကြပါပြီ"

နတ်သခင်ဟောင်တျန်းခေါင်းညိတ်သည်။

"အာကာသနှလုံးသားအတွက် ကျွန်တော်တို့ တကယ်ပဲ မတိုက်ခိုက်တော့ဘူးလား"

ဒါကိုကြားသောအခါ နတ်သခင်ဟောင်တျန်းပြုံးသည်။

"အာကာသနှလုံးသားလိုမျိုး နတ်ပစ္စည်းတစ်ခု ပေါ်ပေါက်လာခြင်းက ကြီးမားတဲ့ အတက်အကျတွေကို ဖြစ်စေမှာပဲ၊ တကယ်လို့ အာကာသမူမမှန်မှုတွေက အာကာသနှလုံးသားကြောင့် တကယ်ဖြစ်စေခဲ့တာဆိုရင် သူတို့ကို ငါတို့အတွက် သဲလွန်စတွေရှာခွင့်ပေးကြတာပေါ့"

သူဘာလို့မတိုက်ခိုက်ရသည့် အကြောင်းရင်းကမူ......

"နတ်သခင်တွေက တစ်ယောက်လှုပ်ရှားမှုကို တစ်ယောက်စောင့်ကြည့်နေကြတယ်၊ ငါအလျင်စလိုစုံစမ်းစစ်ဆေးလိုက်မယ်ဆိုရင် တစ်ဘက်လူရဲ့လုပ်ရပ်တွေကိုလည်း နှိုးဆွမိသလို ဖြစ်သွားလိမ့်မယ်"

"ဒီတော့ မင်းသူတို့ကို စောင့်‌ကြည့်နေဖို့ပဲလိုတယ်"

....

အာကာသအတက်အကျများက ပြင်းထန်ပြီး ဟောင်တျန်းနတ်ပိုင်နက်ကို လှည့်လှည်နေသည်။ ၎င်းတို့က စစ်သွေးကြွစစ်ပွဲတစ်ခု ဆင်နွှဲနေသည့်အလားပင်။

တစ်နေရာတွင် တစ်ခဏမျှနေပြီးနောက် တည်နေရာကို ချက်ချင်းပြောင်းပစ်တတ်သည်။

ဒါကလူတိုင်းကို ခေါင်းကိုက်စေသော်လည်း လုချန်ရှန်းအတွက်တော့ ပြဿာနာတစ်ခုမဟုတ်ပါ။

မည်သို့ပင်ဆိုစေကာမူ အာကာသတာအိုအပေါ် လုချန်ရှန်း၌ နက်ရှိုင်းသည့်နားလည်မှုတစ်ခုရှိသည်။

ဟောင်တျန်းခန်းမက ထွက်သွားပြီးနောက် လုချန်ရှန်းချက်ချင်းနတ်အသိကို ဖြန့်ကြက်ကာ ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးကို ရှာဖွေခိုက်၏။

လုချန်ရှန်း သူ့နတ်အသိကို ဖုံးကွယ်၍ ထားခဲ့သေးသည်။

မည်သို့ပင်ဆိုစေကာမူ ဒီနေရာ၌ နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက် ရှိနေသည်မဟုတ်ပေလော။ သူနတ်သခင် တစ်ယောက်၏ အာရုံစိုက်မှုကို မဆွဲဆောင်ချင်ပေ။

အပိုင်း(861) coming။

All Chapters