← Chapters

#‌မြွေကို ဂူထဲက မျှားခေါ်ခြင်း#

Vol. 61 Ch. 861

#‌မြွေကို ဂူထဲက မျှားခေါ်ခြင်း#

Vol. 61 Ch. 861

ထိုအချိန်တွင် ဟောင်တျန်းနတ်ပိုင်နက်၏ အဓိကမြို့ဖြစ်သည့် ဟောင်တျန်းမြို့က ဟောင်တျန်းနတ်ဂိုဏ်းနှင့် အနီးဆုံးဖြစ်သည်။

တစ်နေရာ၌ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က လူတိုင်း စုစည်းနေကြ၏။

မဟာအကြီးအကဲတန်ချူ၏မျက်နှာက အနည်းငယ်ဖြူရော်နေသည်။

ဟွမ်ချင်း၏ နတ်ဖီးနစ်တိုက်ခိုက်မှုအောက်တွင် မီးအဆိပ်က အရှင်းကြီး မပျောက်ကွယ်သွားသေးတာ သိသာထင်ရှားနေသည်။

တန်ချူ မည်းမှောင်စွာပြောသည်။

"မူလက ငါတို့ပန်းတိုင်က အာကာသနှလုံးသားနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရှာဖို့ပဲ၊ အခုတော့ ငါတို့နောက်တစ်ခု ထပ်ပေါင်းထည့်ရတော့မယ်"

ကျန်သောအကြီးအကဲသုံးဦးနှင့် ဟဲလျန်တို့က တန်ချူ၏စကားလုံးများနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ကြသည်။

ဟောင်တျန်းစားသောက်ပွဲ၌ သူတို့ခံစားခဲ့ရသည့် အရှက်တကွဲဖြစ်မှုအတွက် သူတို့ ဖြေရှင်းရပေမည်။

ဟဲလျန်၏အမူအရာက အတော်လေး မည်းမှောင်နေသည်။

"ကျွန်တော်တို့သူ့ကို သုံးရက်အတွင်း ရှင်းထုတ်ပစ်ရမယ်"

တန်ချူခေါင်းညိတ်သည်။

"တည်နေရာနဲ့ပတ်သက်ပြီးတော့ ငါတို့တမင်တကာရှာနေစရာလိုမယ်လို့ မထင်ဘူး၊ နောက်ထပ် အာကာသအတက်အကျတွေ ပေါ်ပေါက်လာတာကို ငါတို့စောင့်နေရုံပဲ၊ သူတို့အဲကိုသွားကြလိမ့်မယ်ဆိုတာ ငါယုံတယ်"

ထို့နောက် သူသုံးမြှောင့်ကျောက်တစ်တုံးကို ထုတ်ယူသည်။ ၎င်း၏ ပုံသဏ္ဍာန်ကလွဲ၍ တခြားဘာထူးခြားချက်မှ မရှိသော်လည်း ဒါကိုခံစားကြည့်မည်ဆိုပါက အထဲက အာကာသစွမ်းအားပမာဏအများအပြားကို တွေ့ရှိနိုင်ပေသည်။

.....

အာကာသဆိုင်ရာမူမမှန်မှုများ၌ ပုံစံအတိအကျဟူ၍ မရှိပါ။

သို့စေကာမူ လူတစ်ယောက်က အာကာသတာအိုနိယာမကို ကျွမ်းကျင်နေပါက ဥပမာအားဖြင့် သူလုချန်ရှန်းအဆင့်ကို ရောက်နေမည်ဆိုပါက အာကာသအတက်အကျအပြီးတွင် စည်းချက်ကို နားလည်နိုင်ပေလိမ့်မည်။

ထို့နောက် နောက်ထပ်အာကာသအတက်အကျအတွက် ဘယ်နေရာတွင် ဖြစ်ပျက်လာမလဲဆိုတာကို အာရုံခံနိုင်မည်သာ။

အာကာသမူမမှန်မှုမဖြစ်ပျက်ခဲ့သောအခါ လုချန်ရှန်းနှင့် ကျန်နှစ်ယောက်က ဒါကို ရည်ရွယ်ချက်ရှိရှိရှာမနေပါ။

အာကာသတာအိုနိယာမအပေါ် လုချန်ရှန်း၏ ကျွမ်းကျင်မှုအရ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို သူချက်ချင်းရှာတွေ့နိုင်မည်ဖြစ်သည်။

ဟောင်တျန်းနတ်ပိုင်နက်က ဝေးလံခေါင်ပါးသည့် မြို့တစ်မြို့တွင် လုချန်ရှန်း အိပ်စက်ရန် နေရာတစ်နေရာ ရှာချင်သော်လည်း ဟွမ်ချင်းသူ့ကို ဆွဲခေါ်လာသည်။

ရိုးရှင်းစွာပြောရပါက အဆင့်မြင့်ကြယ်နယ်မြေ၏ ထိပ်တန်းဒေသများက ဘယ်လောက်ထိ ခိုင်မာအားကောင်းသလဲဆိုတာ သူတို့မြင်တွေ့ချင်ကြသည်။

လျိုကျိယုဘယ်မှာလဲ!

သူက ဒဏ်ရာများကနေ မသက်သာသေးပါ။

လမ်းမပေါ်၌ ဒါက ဝေးလံခေါင်ပါးသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့က မကြီးမားသော်လည်း ဆူညံသံများရှိနေဆဲပင်။

ဒီနေရာ၌ သေမျိုးများမရှိပေ။

လူတိုင်းတွင် ကိုယ်ထဲ၌ အနည်းနှင့်အများ ဝိဉာဉ်ချီများရှိကြသည်။

သူတို့ထဲက အများစုတွင် မြင့်မားသည့် ကျင့်ကြံခြင်းမယ်ပယ်ရှိသည်။ တကယ်တမ်းတွင် ဒါက အဆင့်မြင့်ကြယ်နယ်မြေနှင့် ဆက်စပ်နေသည်မဟုတ်ပေလော။

သူတို့နှစ်ယောက် ဈေး၀ယ်ထွက်နေစဉ်မှာပင် လူရှည်ကြီးတစ်ယောက် လုချန်ရှန်းရှေ့တွင် ရုတ်တရက်ပေါ်လာသည်။

သူပြုံးကာပြောသည်။

"မင်းတို့က ဟောင်တျန်းနတ်ပိုင်နက်က မဟုတ်ဘူးမလား"

ဒါကိုကြားသောအခါ ဟွမ်ချင်းဝေခွဲမရဖြစ်သွားသည်။

လုချန်ရှန်း မျက်ခုံးပင့်ကာ အပြုံးဖြင့် ခေါင်းညိတ်သည်။

"ဘယ်လိုသိတာလဲ"

ထိုလူကရယ်မောသည်။

"ဟောင်တျန်းနတ်ပိုင်နက်က လူတိုင်းနီးပါးက ခန္ဓာကျင့်ကြံသူတွေပဲ၊ မင်းတို့နှစ်ယောက်က ခန္ဓာကျင့်ကြံသူတွေနဲ့ မတူဘူး"

ဒါကမှန်ကန်ပုံရသော်လည်း ထိုလူမှားနေသည်။

နတ်ဖီးနစ်တဖြစ်လဲ ဟွမ်ချင်းတွင် သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် လုချန်ရှန်း၏ သွေးအဆီအနှစ်ရှိသည်။ သူမ၏ရုပ်ခန္ဓာကို ထိုသာမန်ခန္ဓာကျင့်ကြံသူများနှင့် ယှဉ်၍မရပေ။

နတ်ဖီးနစ်နှင့် သည်းခြေငါးချောင်းရွှေနဂါးတို့ကို နတ်သားရဲများဟု ခေါ်နိုင်သည်။

သားရဲမျိုးနွယ်များ၏ ရုပ်ခန္ဓာများက အခြေခံအကျဆုံးပင်။

လုချန်ရှန်းကိုမဆိုနဲ့ဦး၊ ကျင့်ကြံခြင်းကို မပြောနဲ့ဦး၊ ခန္ဓာများစွာနှင့်အတူ ရှေးဦးမူလခရမ်းချီ၊ သူတော်စင်ချီ၏ တိုးတက်မှုနှင့်အတူ သူ့ခန္ဓာက ပို၍ပင် အားကောင်းသည်။

သူတို့ခွန်အားအရ ဟောင်တျန်းနတ်ပိုင်နက်တွင်ပင် မည်သူမှ မြင်နိုင်မည်မဟုတ်။

လုချန်ရှန်း၏အော်ရာက ဟွမ်ချင်းကိုလည်း ကာကွယ်ဖုံးအုပ်ပေးထားသည်။

ဒါက နတ်သခင်ဟောင်တျန်း သူတို့ကို အာရုံခံမိခြင်းကနေ ကာကွယ်တားဆီးရန်ဖြစ်သည်။

ထိုအချိန်တွင် ထိုလူဆက်ပြောသည်။

"မင်းတို့က အပြင်လူတွေဆိုတော့ အာကာသမူမမှန်မှုအတွက် ဒီနေရာမှာ ရှိနေတာဖြစ်ရမယ်"

လုချန်ရှန်းပြောသည်။

"ခင်ဗျားအတော်လေးသိထားတာပဲ"

ထိုလူပြုံးသည်။

"ဟောင်တျန်းနတ်ဂိုဏ်းထဲမှာ ငါ့လူတွေရှိတယ်လေ၊ ဒီတော့ ငါပိုသိတာပေါ့"

ထိုနေရာတွင် ထိုလူအကြောင်းအရာကို ပြောင်းပစ်ကာ မျက်လုံးများကို ကျဉ်းရင်း ပြုံးလိုက်သည်။

"မင်းတို့နှစ်ယောက်က သာမန်လူတွေလို့ ငါမထင်ဘူး၊ အာကာသဆိုင်ရာမူမမှန်မှုကို ရှာဖွေဖို့အတွက် မင်းတို့ငါ့ကို ခေါ်သွားစေချင်လား၊ ဘာပဲဆိုဆို မင်းတို့ထက် ငါပိုသိကောင်းသိနိုင်တာပဲလေ"

သူတို့ ဟောင်တျန်းစားသောက်ပွဲက လာတယ်ဆိုတာကို ထိုလူသိလေရာ ဟောင်တျန်းစားသောက်ပွဲ၌ ဘယ်သူတွေပါ၀င်ခဲ့သလဲဆိုတာကိုပါ သူသိမည်သာ။

သူ့အတွက် လုချန်ရှန်းတို့၏ အဆင့်ကို သိမည်မှာ ပုံမှန်သာဖြစ်သည်။

သို့စေကာမူ လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

"မလိုပါဘူး"

ထို့နောက် နှစ်ယောက်သား ထိုလူကို ကွေ့ဝိုက်ကာ ရှေ့သို့ဆက်သွားကြသည်။

ဒါကိုကြားသောအခါ ထိုလူအနည်းငယ် ကြက်သေသေနေပြီးနောက် နှစ်ယောက်စလုံး၏ နောက်ကျောကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်၏။

"သတိကြီးလိုက်တာ"

ထို့နောက် သူလမ်းထောင့်တစ်ခုသို့ ကွေ့လိုက်စဉ် မီးခိုးနက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ထွက်သွားလေတော့သည်။

ရှေ့တွင် ဟွမ်ချင်းတည်ငြိမ်စွာပြောသည်။

"နတ်သခင်နယ်ပယ်တစ်၀က်အဆင့်၊ ကြည့်ရတာ တခြားနတ်သခင်အင်အားစုတွေလည်း ထိုးဖောက်၀င်ရောက်လာပုံပဲ"

လုချန်ရှန်းပခုံးတွန့်ရင်း ထူးမခြားနားစွာပြောသည်။

"နတ်သခင်တွေက အဆင့်မြင့်ကြယ်နယ်မြေမှာ အားအကောင်းဆုံးအင်အားစုတွေဆိုတော့ သူတို့ရဲ့အင်္ကျီလက်ထဲမှာ လှည့်ကွက်တစ်ချို့ရှိတာက ပုံမှန်ပါပဲ"

ဒါကသူ့အရင်ဘ၀နှင့်တူသည်။ နိုင်ငံနှစ်နိုင်ငံတိုက်ခိုက်သောအခါ နှစ်ဘက်စလုံးက အ‌င်အားကြီးသော်လည်း နှစ်ဘက်စလုံးမှ သူလျှိုများသေချာပေါက် ရှိမည်သာ။

ဒါကပုံမှန်သာဖြစ်ပြီး ရှောင်လွှဲ၍မရပေ။

"ဒါ့အပြင် သေမျိုးကျေးရွာက ဟိုအဖိုးကြီးရဲ့ပြောစကားအရဆိုရင် အာကာသနှလုံးသားက ဒီဂိုဏ်းတွေအတွက် အရမ်းဆွဲဆောင်နိုင်စွမ်းရှိတယ်၊ သူတို့အတွက် ဘာတစ်ခုမှ မလုပ်ဘူးဆိုတာ မဖြစ်နိုင်ဘူး"

ဟွမ်ချင်းခေါင်းညိတ်သည်။

သူတို့နှစ်ယောက် တည်းခိုခန်းကို ပြန်လာသောအခါ လုချန်ရှန်း၏ ကုသမှုနှင့် ဆေးလုံးများ၏ သက်ရောက်မှုအောက်တွင် လျိုကျိယု၏ဒဏ်ရာများက လုံး၀သက်သာသွားသည်။

လုချန်ရှန်း ရုတ်တရက် အနောက်ဘက်သို့ ကြည့်လိုက်ပြီးပြောသည်။

"ငါနဲ့အတူလာခဲ့ကြ၊ မဟုတ်ဘူး၊ မင်းတို့နှစ်ယောက်က အရမ်းနှေးလွန်းတယ်"

.....

တခြားတစ်ဘက်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၊ ရွှေတောင်ပံဂဠုန်ကလန်၊ သေမင်းဝိဉာဉ်နန်းတော်နှင့် ကျောက်စိန်းရေကန် အင်မော်တယ်နန်းတော်တို့က အာကာသအတက်အကျများ၏ တည်နေရာကို ချက်ချင်းရှာတွေ့နိုင်ရန် လုချန်ရှန်းကဲ့သို့ ကိုယ်ပိုင်ခွန်အားကို မသုံးနိုင်သဖြင့် ပထမတန်းစားဂိုဏ်းများအဖြစ် သူတို့ကလည်း ပြင်ဆင်ထားကြသည်။

ဒါကို ပြင်ပအကူအညီများနှင့်လည်း ရှာတွေ့နိုင်ပေသည်။

ထိုစဉ် သူတို့အားလုံး အနောက်ဖက်သို့ ပြေးလွှားသွားကြ၏။

ထိုအခိုက်အတန့်၌ ဟောင်တျန်းနတ်ဂိုဏ်းတွင် နတ်သခင်ဟောင်တျန်းကလည်း အနောက်ဖက်သို့ လှမ်းကြည့်ကာ ‌တွေးခေါ်မှုကို နှိုးဆွသည့်အပြုံးတစ်ပွင့်ကို ထုတ်ဖော်ရင်း ပြောလိုက်သည်။

"သူတို့ အဲဒီလူတွေကို မျှားခေါ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်...."

.....

ဟောင်တျန်းနတ်ပိုင်နက် အနောက်ဖက်ဝေးလံသည့်နေရာ၌ အဆုံးမဲ့တောင်တန်းတစ်ခုရှိပြီး တောင်နှင့် တောင်ထွတ်အလွှာများစွာရှိသည်။

ထိုနေရာတွင်သာ ရှိနေမည်ဆိုပါက ကောင်းကင်ဖြင့် ဖုံးအုပ်ခံထားရသည့် ခံစားချက်ကို သေချာပေါက် တွေ့ကြုံခံစားနိုင်ပေလိမ့်မည်။

အာကာသမူမမှန်မှုက ဒီတောင်တန်းဆုံချက်အထက်တွင် ရှိနေခဲ့သည်။

လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ အရင်ဆုံးရောက်လာကြသည်။

မျက်စိနှင့်မြင်နိုင်သလောက်ဆိုရပါက အာကာသက ဧရာမနေရာကြီးတစ်ခုထဲတွင် ပုံပျက်နေသည်။

ဒါက ရေထဲကရောင်ပြန်ဟပ်မှုတစ်ခုနှင့်တူပြီး ၎င်းကထုတ်လွှတ်သည့် အာကာသတာအိုနိယာမစွမ်းအားနှင့်အတူ ဒီလိုပုံပျက်မှုအဆင့်တစ်ခုအား ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။

ဒါက လေဟာနယ်ကို လုံး၀မပြိုကွဲသွားစေပါ။

ဤသည်က ဟောင်တျန်းနတ်ပိုင်နက်အတွင်းက လေဟာနယ်က တည်ငြိမ်နေသောကြောင့် ဖြစ်စေခြင်းမဟုတ်ပေ။

အကယ်၍ တည်ငြိမ်နေမည်ဆိုပါက ယခုလိုပုံပျက်ပန်းပျက်အဆင့်အထိ မည်သို့မည်ပုံ ဖြစ်စေမည်နည်း။

လျိုကျိယု လုချန်ရှန်းအားကြည့်ပြီး လေးနက်စွာမေးသည်။

"စီနီယာ၊ တစ်ခုခုရှာတွေ့လား"

လုချန်ရှန်းမည်သည့်စကားမှမဆိုဘဲ ပုံပျက်မှုကိုသာ စိုက်ကြည့်နေသည်။

ဒါက အာကာသနှလုံးသားနှင့် ပတ်သက်နေသလားဆိုတာ သူသိချင်သည်။

သူ အာကာသပုံပျက်မှု၏ အကြောင်းရင်းကို အရင်ဆုံးရှာဖွေရပေမည်။

ထိုအချိန်တွင် အဝေးတစ်နေရာမှ အော်ရာဆယ်ခုကျော်က ပြေးလာနေသည်။

အပိုင်း(862) coming။

All Chapters