#တစ်ယောက်က လုံလောက်ပြီ#
Vol. 61 Ch. 862
လေဟာနယ်(အာကာသ)ပုံပျက်ရခြင်းက အကြောင်းရင်း ရှိရပေမည်။
ဒီအကြောင်းရင်းကို ရှာနိုင်သရွေ့ အာကာသမူမမှန်မှုက ဖြစ်စေသည့် ဆူပူအုံကြွမှုက အာကာသနှလုံးသားနှင့် ဆက်သွယ်နေသလားဆိုတာ သူရှာဖွေနိုင်မည်ဖြစ်သည်။
ဒါက ရိုးစင်းကြမ်းတမ်းသည့် နည်းလမ်းတစ်ခုပင်။ တကယ်တမ်းတွင် လုချန်ရှန်း၌ ဒီလိုနည်းလမ်းများစွာရှိသည်။
ဥပမာအားဖြင့် သူလေဟာနယ်ကို ဆုတ်ဖြဲပာ အာကာသပုံပျက်မှုဖြစ်ပွားသည့်နေရာသို့ ၀င်သွားနိုင်သည်။ ထို့နောက် ခြေရာခံရင်း အရင်းအမြစ်သို့ တည့်တည့်သွားနိုက်သည်။
နောက်ဥပမာတစ်ခုက အာကာသတာအိုနိယာမစွမ်းအားကို တိုက်ရိုက်ပေါက်ကွဲစေပြီး ဒီနေရာကို သူကိုယ်တိုင်နှင့် ဆက်သွယ်ခြင်းပင်။
တစ်နည်းအားဖြင့် သူအာကာသကို ထိန်းချုပ်နိုင်မည်ဖြစ်ကာ မူလအခြေအနေကို အာရုံခံနိုင်ပေလိမ့်မည်။
သို့သော် ဒီနည်းလမ်းများကို စောင့်ကြည့်နေကြသည့် ထိုနတ်သခင်ဟောင်တျန်း သို့မဟုတ် တခြားနတ်သခင်နယ်ပယ် ကျွမ်းကျင်သူများ သေချာပေါက် ရှာတွေ့သွားကြပေလိမ့်မည်။
ဒီနတ်သခင်များက သူ့အတွက် ပြိုင်ဘက်မဟုတ်တာကို လုချန်ရှန်းယခုနားလည်လာရပြီဖြစ်သည်။
နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်က ဟွမ်ချင်းပင်လျှင် သူ့ပြိုင်ဘက်မဟုတ်ပါ။
တခြားနတ်သခင်များက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ဒါပေမယ့် အဆင့်မြင့်ကြယ်နယ်မြေမှာ ဒီထက်ပိုအားကောင်းတဲ့သူ မရှိတော့ဘူးလား!
၀တ္ထုများ၏ ဇာတ်ကွက်ဖွံ့ဖြိုးမှုအရ အပေါ်ယံ၌ ဒီထိပ်တန်းကျွမ်းကျင်သူများက တကယ်တမ်းတွင် အထင်ကြီးစရာ အကောင်းဆုံးမဟုတ်ပါ။
အထင်ကြီးစရာအကောင်းဆုံးသူများက များသောအားဖြင့် အမှောင်ထုထဲတွင် ပုန်းနေကြသူများဖြစ်သည်။ အချိန်တန်ပါက သူတို့စုဝေးလာကြလိမ့်မည်။
ဒါ့အပြင် သေမျိုးနယ်မြေသာမက အိမ်နီးချင်းအင်မော်တယ်နယ်မြေကလည်း ရှိသေးသည်။
ထို့ကြောင့် သတိထားတာက ပိုကောင်းသည်။
ဟွမ်ချင်း လုချန်ရှန်းကို စိုက်ကြည့်ပြီးနောက် အော်ရာများထွက်ပေါ်လာသည့် နေရာဘက်သို့ လှည့်ကြည့်လိုက်၏။ အလွန်မြင့်မားသည့် အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေသည့် အော်ရာဆယ်ခုကျော်ရှိသည်။
ကြည့်ရသည်မှာ အင်အားစုလေးခုကလည်း ဒီနေရာက အာကာသမူမမှန်မှုများကို ရှာတွေ့သွားပုံပင်။
ဟွမ်ချင်းမေးသည်။
"သူတို့ကိုတားသင့်လား"
သို့စေကာမူ လုချန်ရှန်းခေါင်းခါယမ်းသည်။
"မလိုဘူး၊ အာကာသအတက်အကျက ပျောက်လုနီးပါးဖြစ်နေပြီ"
လုချန်ရှန်း လက်ချောင်းများကို ညှစ်လိုက်စဉ် ပုံပျက်နေသည့်လေဟာနယ်ကနေ အာကာသအော်ရာအမျှင်စတစ်စ ဆွဲယူခံလိုက်ရသည်။
ထိုအချိန်မှာပင် ကျောများ၌ ဧရာမရွှေတောင်ပံများရှိသည့် လူငါးယောက် ရောက်လာကြလေပြီ။
သူတို့က ရွှေတောင်ပံဂဠုန်ကလန်ကဖြစ်ဟည်။
ရွှေတောင်ပံဂဠုန်များက အမြန်နှုန်း၌ အသာစီးရလေ့ရှိသည်။
လုချန်ရှန်းကိုမြင်သောအခါ ကျင်းဝူကျင်း၏ မျက်လုံးများပြူးကျယ်သွားသော်လည်း ဒါကသူမျှော်လင့်ထားသည့် အတိုင်းဖြစ်လေရာ အရမ်းကြီးအံ့ဩသင့်ခြင်းမရှိပါ။
ထို့နောက် သေမင်းဝိဉာဉ်နန်းတော်နှင့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တို့ကလည်း ရောက်လာကြသည်။
ကုကျင်းနှင့် ကျန်သောသူများက လုချန်ရှန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာတစ်ခုမှ မပြောကြပေ။
ဟဲလျန်နှင့် တန်ချူတို့ကမူ သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြင့် လုချန်ရှန်းကို မည်းမှောင်စွာကြည့်နေကြသည်။
နောက်ဆုံးတွင် ကျိချန်းယောင်ရှိသည့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော် ရောက်လာသည်။
လုချန်ရှန်းကို မြင်သောအခါ ကျိချန်းယောင် ပြုံးပြသည်။
ဒီမြင်ကွင်းကို ဟဲလျန်မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလေရာ သူပို၍ပင် ဒေါသထွက်လာပြီး သူ့နှလုံးသားထဲက မနာလိုမှုကို နောက်ထပ်မဖိနှိပ်ထားနိုင်တော့ချေ။
ထိုအချိန်မှာပင် အာကာသပုံပျက်မှုက ဖြည်းဖြည်းချင်းပျက်ပြယ်သွားပြီး အာကာသအတက်အကျများကလည်း ပျောက်ကွယ်သွား၏။
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်းမျက်မှောင်ကြုတ်လိုက်ကြပြီးနောက် သူတို့၏အကြည့်များက လုချန်ရှန်းထံ ကျရောက်လာကြသည်။
ရွှေတောင်ပံဂဠုန်ကလန်နှင့် သေမင်းဝိဉာဉ်နန်းတော်တို့က ဘာတစ်ခုမှမပြောကြပါ။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ မဟာအကြီးအကဲတန်ချူကမူ ဒီအချက်ကို ဆုပ်ကိုင်ပြီး ပြဿာနာရှာရန်အတွက် အခွင့်အရေးအဖြစ် အသုံးချလိုက်၏။ သူမည်းမှောင်စွာပြောသည်။
"မင်းသဲလွန်စတွေကိုရခဲ့လား"
သို့စေကာမူ လုချန်ရှန်း ဒါကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။
တန်ချူ တခြားမည်သည့်စကားမှ မပြောနိုင်ခင်မှာပင် လုချန်ရှန်းကြားဖြတ်သည်။
"ကောင်းပြီ၊ ခင်ဗျားတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ကြရအောင်၊ ဘာလို့ ဒီလောက် ဆင်ခြေတွေအများကြီး ရှာနေရတာလဲ"
"ကျုပ် ဘာသဲလွန်စမှ မတွေ့ခဲ့ဘူးလို့ ပြောရင်တောင် ခင်ဗျားသေချာပေါက် ယုံမှာမှ မဟုတ်တာလေ"
ကျိချန်းယောင်အားနည်းစွာပြောသည်။
"ကျွန်မရှင့်ကို ယုံတယ်"
လုချန်ရှန်း "...."
အိုး၊ ဘုရားရေ၊ ဖော်လံဖားတွေက ကြောက်စရာကောင်းလိုက်တာ!
ဒီမြင်ကွင်းကိုမြင်ပြီးနောက် ဟဲလျန်၏ အမူအရာက ထိတ်လန့်ဖွယ်ရာကောင်းစွာပင် မည်းမှောင်သွားခဲ့သည်။
"ဒါဆို အာကာသအတက်အကျတွေက ဘယ်လိုလုပ်ဒီလောက်မြန်မြန် ပျောက်ကွယ်သွားရတာလဲ"
ထိုနေရာတွင် ဟဲလျန် သူ့ဘေးက အကြီးအကဲများအား ကြည့်လိုက်၏။
"အတူတကွတိုက်ကြရအောင်၊ ဟောင်တျန်းနတ်ဂိုဏ်းက ဂရုစိုက်မှာမဟုတ်ဘူး၊ ဒါက အရင်းအမြစ်အတွက် သာမန်ယှဉ်ပြိုင်မှုတစ်ခုပဲလေ"
ထို့နောက်တွင် တန်ချူကလည်း နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့် အကြီးအကဲသုံးဦးကို မျက်လုံးနှင့် အရိပ်အကဲပြလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာ လေးယောက်စလုံးက လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ထံ ရောက်လာကြပြီး ၀န်းရံကာ လေးယောက်စလုံး တစ်ချိန်တည်းတွင် စည်းတံဆိပ်များ ဖန်တီးသည်။
တီးတိုးအော်သံတစ်ချက်နှင့်အတူ ရုတ်ချည်းဆိုသလို မိုးကြိုးက လှိမ့်တက်ကာ ဆက်တိုက်ကျဆင်းလာသည်။
မိုးကြိုး၏တိုက်ခိုက်မှုအောက်တွင် အောက်က အဆုံးမဲ့တောင်တန်းက ပြင်းထန်သည့်မီးတောက်နှင့်အတူ လောင်ကျွမ်းနေပြီး မရေမတွက်နိုင်လောက်သော ရှေးဟောင်းသစ်ပင်များက ပြိုလဲကျသွားကြ၏။
ဒီမိုးကြိုးပင်လယ်ထဲတွင် ထာ၀ရမိုးကြိုးသခင်ပုံရိပ်ယောင်လေးခုက ကောင်းကင်ပေါ် မြှင့်တက်သွားပြီး လုချန်ရှန်းတို့အား ဝိုင်းရံပစ်သည်။
ဒီမြင်ကွင်းကိုမြင်ပြီးနောက် ကြည့်ရှုသူအားလုံး ထိတ်လန့်သွားကြသည်။
ကျိချန်းယောင်အော်ဟစ်သည်။
"ဟဲလျန်၊ နင်ဘာတွေလုပ်နေတာလဲ"
ဒါကိုကြားသောအခါ ဟဲလျန် နက်မှောင်သည့်အမူအရာဖြင့် ပြောသည်။
"ချန်းယောင်၊ နင်မလှုပ်ရှားတာ အကောင်းဆုံးပဲ၊ နင့်ဘေးက အကြီးအကဲတွေက ဒီတကြိမ် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တို့ ရန်သူတွေဖြစ်လာကြမှာကို မြင်ချင်မှာမဟုတ်ဘူးဆိုတာ ငါယုံတယ်"
ကျိချန်းယောင် "နင်!"
ကျိချန်းယောင် ရှေ့တိုးရန်ပြင်လိုက်စဉ် ဘေးက အကြီးအကဲတစ်ဦး သူမကို တားလိုက်၏။
"သူတော်စင်မိန်းမပျို၊ စိတ်လျှော့ပါဦး"
"မင်းဒီလူကို သဘောကျတယ်ဆိုရင် သူ့မှာစွမ်းရည်ရှိလားဆိုတာ ငါတို့သိဖို့လိုတယ်"
"သူဒီအဆင့်ကိုတောင် မကျော်လွှားနိုင်ဘူးဆိုရင်တော့ မထိုက်တန်ဘူး"
သူတို့အတွက် သူတော်စင်မိန်းမပျို၏ ပါရမီက အတော်လေးမြင့်မားပြီး ရှေးဦးမူလခရမ်းချီ၏ တိုးတက်မှုနှင့်အတူ သူမ နတ်သခင်နယ်ပယ်ကို ချိုးဖျက်ရန်ဟူသည် အချိန်တစ်ခုမျှသာ လိုအပ်သည်။
ကျိချန်းယောင် အကြီးအကဲ၏ တားဆီးခြင်းကို ခံနေရပြီး တစ်ခဏကြာ မလွတ်မြောက်နိုင်ပေ။
သို့စေကာမူ တစ်ခဏမျှပူပန်နေပြီးနောက် သူမတည်ငြိမ်သွားသည်။
တစ်ခဏမျှတွေးပြီးနောက်တွင် ထိုသူများက လုချန်ရှန်း၏ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သူမနားလည်သဘောပေါက်သွား၏။
ကျင်းဝူကျင်း ဘေးကနေ ဒါကိုကြားလေရာ ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
အကယ်၍ ကျိချန်းယောင်သာ လုချန်ရှန်းနောက်သို့ အမှန်တကယ်လိုက်သွားမည်ဆိုပါက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ထိပ်ဆုံးကို တက်သွားပေလိမ့်မည်။
......
ထာ၀ရမိုးကြိုးသခင်ပုံရိပ်ယောင်များ၏ ၀န်းရံခြင်းကို မြင်သောအခါ လုချန်ရှန်း လျိုကျိယုကို စိုက်ကြည့်လိုက်၏။
"နံပါတ်နှစ်ကိရိယာလေးရေ၊ ငါသူတို့ကို မင်းအတွက် ထားခဲ့မယ်နော်၊ ဟမ်... မဟုတ်ဘူး၊ မင်းဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ မင်းကအရမ်းအားနည်းတယ်"
လျိုကျိယု "???"
မူလက နှိမ့်ချတတ်သည့် သခင်လေးတစ်ဦးဖြစ်သည့် လျိုကျိယုပင်လျှင် ဒီအချိန်တွင် ဆဲချင်လာသည်။
သောက်ချီးထဲမှ!
ဒါက အရမ်းစော်ကားလွန်းရာကျတယ်!
သို့စေကာမူ သူဘာတစ်ခုကိုမှ မငြင်းနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူအမှန်တကယ် နိုင်နိုင်မည်မဟုတ်။
"ကောင်းပြီ၊ ဟွမ်ချင်း၊ မင်းသွားတော့"
ဟွမ်ချင်း မျက်လုံးလိမ့်လိုက်မိသည်။
"ကျွန်မက နံပါတ်တစ်ကိရိယာလား"
လုချန်ရှန်းချီးမွမ်းသည်။
"မင်းမှာ ဒီလိုကိုယ့်ကိုယ်ကိုယ်နားလည်မှုရှိနေတာ ဒါကရှားပါးတယ်"
ဟွမ်ချင်း ရုတ်တရက်တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်စိတ် ပေါ်လာသလိုခံစားရသည်။
ဒီသေနေတဲ့သံမဏိတုံးကတော့.....!!!
သို့စေကာမူ ဟွမ်ချင်းရှေ့သို့ ဆက်လှမ်းနေဆဲပင်။
ဟွမ်ချင်းပတ်လည်၌ နတ်ဖီးနစ်မီးတောက်များက စတင်လှည့်ပတ်လာသည်။
တန်ချူ ဒီမြင်ကွင်းကိုမြင်သောအခါ နှာခေါင်းရှုံ့သည်။
"တစ်ယောက်တည်းလား၊ ငါတို့ကို အရမ်းအထင်မသေးစမ်းနဲ့"
ဟွမ်ချင်းတည်ငြိမ်စွာပြောသည်။
"တစ်ယောက်က လုံလောက်ပြီ"
ထို့နောက် ဟွမ်ချင်း၏ နတ်အင်ပါယာနယ်ပယ်နောက်ပိုင်းအဆင့်ခွန်အားက သူမကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။
သူမက ခွန်အားကို ဖိနှိပ်ထားသည့်တိုင် နတ်ဖီးနစ်မီးတောက်များက ဟွမ်ချင်းနောက်တွင် စုဝေးလာကြပြီး ဧရာမမီးလျှံတောင်ပံတစ်စုံက အာကာသကို ဖြတ်သန်းလောင်ကျွမ်းသွား၏။
ထို့နောက် ပြင်းထန်သည့်အနီရောင်အဆင်းက ပတ်ပတ်လည်က ခရမ်းမိုးကြိုးကို အမှန်တကယ် ဖိနှိပ်ပစ်သည်။
နတ်ဖီးနစ်၏ ကြောက်စရာကောင်းသည့် မီးတောက်များကို အာရုံခံမိသောအခါ တန်ချူနှင့် ကျန်သောအကြီးအကဲများ ထိတ်လန့်သွားကြ၏။
ဒီနတ်ဖီးနစ်မီးတောက်က ဟောင်တျန်းစားသောက်ပွဲတွင် သုံးခဲ့သည့် မီးတောက်ထက် ပိုပြင်းထန်သည်။
တကယ်တမ်းမှာ အဲဒီတုန်းက သူခွန်အားအပြည့်ကို မသုံးခဲ့တာပေါ့!
ဒါကိုတွေးမိသောအခါ တန်ချူတင်းမာခက်ထန်စွာပြောသည်။
"ထပ်ပြီးအချိန်မဆိုင်းနဲ့တော့၊ အတူတကွတိုက်ခိုက်ကြရအောင်"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အကြီးအကဲလေးယောက် တိုက်ခိုက်စဉ် ထာ၀ရမိုးကြိုးသခင်ပုံရိပ်ယောင် လေးခုကလည်း သူတို့၏လက်ဖဝါးများဖြင့် တစ်ချိန်တည်းတွင် ရိုက်ခတ်လိုက်ကြသည်။
ဧရာမမိုးကြိုးလက်ဖဝါးလေးခုက ဟွမ်ချင်းထံသို့ ရုတ်တရက်ဖိသိပ်ကျဆင်းလာသည်။
အပိုင်း(863) coming။