#နတ်သခင်ဟောင်တျန်း၊ ငါဒါကိုမြင်နိုင်စွမ်းမရှိဘူး#
Vol. 61 Ch. 863
ထာ၀ရဗုဒ္ဓေနည်းစနစ်!
ဒါက ရှေးခေတ်တုန်းက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ နတ်သခင်နယ်ပယ် ကျွမ်းကျင်သူ တီထွင်ဖန်တီးခဲ့သည့် နတ်သခင်အဆင့်ကျင့်ကြံခြင်းကျင့်စဉ်ပေတည်း။
တန်ချူနှင့် ကျန်နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူသုံးဦး၏ ခွန်အားဖြင့် သူတို့က ထာ၀ရဗုဒ္ဓေနည်းစနစ်၏ အစစ်အမှန်စွမ်းအားကို အပြည့်အ၀ မထုတ်လွှတ်န်ုင်ပေ။
သို့စေကာမူ သူတို့လေးယောက် တစ်ချိန်တည်းတွင် တိုက်ခိုက်သောအခါ ဒီထာ၀ရမိုးကြိုးသခင်ပုံရိပ်ယောင်လေးခု၏ အားအပြည့်ရိုက်ချက်က နတ်သခင်နယ်ပယ် တစ်၀က်အဆင့်နှင့်ပင် နီးကပ်နေလေပြီ။
ဟွမ်ချင်း နောက်ကျောက ဧရာမနတ်ဖီးနစ်အတောင်ပံများကို ဖြည်းဖြည်းချင်း ယပ်ခတ်ရင်း လေထဲတွင် ပျံဝဲနေသည်။
သူမအတောင်ပံများကို ယပ်ခတ်တိုင်း နတ်ဖီးနစ်မီးတောက်များက မီးတောက်ဝဲဂယက်တစ်ခုအဖြစ် ပြောင်းသွားပြီး လေဟာနယ်ကို လွှမ်းခြုံပစ်သည်။
ဟွမ်ချင်းခေါင်းမော့ပြီး ကောင်းကင်အား ဖုံးလွှမ်းနေသည့် မိုးကြိုးလက်ဖဝါးလေးခုကို တည်ငြိမ်စွာပင် ကြည့်နေသည်။ သူမတွင် နောက်ဆုတ်ရန်အတွက် လုံး၀ရည်ရွယ်ချက်မရှိပါ။
မည်သို့ပင်ဆိုစေကာမူ ဒီတိုက်ခိုက်မှုအဆင့်က သူမအတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေပါ။
ဟွမ်ချင်း လက်မောင်းကို ခေါင်းအပေါ်ထိ မြှောက်လိုက်၏။
နတ်ဖီးနစ်မီးတောက်များက သူမလက်ထဲတွင် အဆက်မပြတ်သိပ်သည်းနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဖီးနစ်အော်သံက နတ်ဖီးနစ်မီးတောက်လုံးကနေ ထွက်လာခဲ့သည်။
ရွှီး.......!
စူးရှသည့်အသံတစ်သံက ကောင်းကင်အား ထိုးဖောက်သွား၏။
ဟွမ်ချင်းလက်ထဲက နတ်ဖီးနစ်မီးလုံး၌ ဧရာမဖီးနစ်တစ်ကောင်က နတ်ဖီးနစ်အတောင်ပံများကို ဖြန့်ကြက်ကာ ဧရာမမိုးကြိုးလက်ဖဝါးချက်လေးခုဆီသို့ တိုး၀င်သွားသည်။
ကျင်းဝူကျင်းနှင့် ကျန်သောသူများ ထိတ်လန့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဟွမ်ချင်း၏ သွေးကြောစွမ်းအား ပေါက်ကွဲသွားသောအခါ သူတို့ကိုယ်ထဲက သွေးကြောများက အမှန်တကယ် အသံမြည်ဟီးကာ တုန်ယင်နေကြပြီး သူတို့ ဟွမ်ချင်းအား မထိန်းချုပ်နိုင်စွာ အညံ့ခံချင်လာကြသည်။
ဒါကသွေးကြောများအကြား အကြွင်းမဲ့ဖိနှိပ်မှုဖြစ်ပြီး ဟွမ်ချင်း၏သွေးကြောက အတော်လေးမြင့်မြတ်သော သွေးကြောဖြစ်သည်။
သို့စေကာမူ ဟွမ်ချင်းတို့ရင်ဆိုင်ရသောအခါ သူတို့တွင် ဘာအသာစီးမှ မရှိပါက အဆင်ပြေသေးသည်။ မည်သည့်အတွက်ကြောင့် အကြွင်းမဲ့သွေးကြောဖိနှိပ်ခြင်းကို တွေ့ရလေသနည်း။
ကျင်းဝူကျင်းဘေးက အကြီးအကဲတစ်ဦး ဖြူရော်နေသည့်မျက်နှာဖြင့်ပြောသည်။
"သခင်လေး....ဒီအမျိုးသမီးကဘယ်သူလဲ"
ကျင်းဝူကျင်း လေးနက်သည့်အမူအရာဖြင့် ခေါင်းခါယမ်းသည်။
သူလည်းမသိပါ။
သို့သော် ကျင်းဝူကျင်း ဟွမ်ချင်းအသုံးပြုခဲ့သည့် ဖီးနစ်မီးတောက်ကို တွေးမိသောအခါ ရုတ်တရက် လက်တွေ့မကျသည့် အတွေးတစ်ခု ရှိလာခဲ့သည်။
သူကတကယ်ပဲ ဖီးနစ်ကလန်ရဲ့ သားစဉ်မြေးဆက်တစ်ယောက်များလား!
ပထမက ဟွမ်ချင်း၏ ဖီးနစ်မီးတောက်က ဖီးနစ်ကလန်အမွေအနှစ်တစ်ခုကနေ ရခဲ့သည်ဟုသာ သူတို့တွေးထင်ခဲ့ကြသည်။
သို့သော် သူမ၏သွေးကြောမှ အကြွင်းမဲ့ ဖိနှိပ်မှုကိုပါ ပေါင်းစပ်လိုက်သောအခါ ဒါက ကျင်းဝူကျင်း၏အတွေးများကို အစပျိုးပေးနေသည်။
"ဒါပေမယ့် ဖီးနစ်ကလန်က ရှေးခေတ်ကတည်းက ဖျက်ဆီးခံလိုက်ရပြီမလား၊ သူတို့ဘယ်လိုလုပ် တည်ရှိနိုင်သေးတာလဲ"
....
တခြားတစ်ဘက်တွင် တန်ချူနှင့် ကျန်သောအကြီးအကဲများ နတ်ဖီးနစ်မီးတောက်များနှင့် လောင်ကျွမ်းနေသည့် နတ်ဖီးနစ်ကို မြင်သောအခါ သူတို့၏အကြည့်များက အေးခဲသွားကြ၏။
သူတို့နှလုံးသားများ တုန်ယင်လာသလိုပင် ခံစားလိုက်ရသဖြင့် သူတို့၏ အမူအရာများက အနည်းငယ် လေးနက်သွားကြသည်။
သို့စေကာမူ သူတို့ခွန်အားအပြည့်ကို အသုံးပြုခဲ့ပြီးဖြစ်လေရာ ရုပ်သိမ်းရန်ဟူသည် အရမ်းနောက်ကျသွားလေပြီ။
နောက်တစ်ခဏတွင် ထာ၀ရမိုးကြိုးသခင်ပုံရိပ်ယောင်များ၏ မိုးကြိုးလက်ဖဝါးချက်လေးခုက ကောင်းကင်ပေါ် ပျံသန်းသွားသည့် နတ်ဖီးနစ်နှင့် တိုက်မိသွားသည်။
ချက်ချင်းဆိုသလို မိုးကြိုးစွမ်းအားနှင့် နတ်ဖီးနစ်မီးတောက်များက ကမ္ဘာကြီးထဲက လေဟာနယ်တစ်ခုလုံးကို သိမ်းပိုက်သွားခဲ့သည်။
အောက်က တောင်တန်းရှိ မရေမတွက်နိုင်လောက်သော ရှေးဟောင်းသစ်ပင်များက ဖုန်မှုန့်များအဖြစ် ပြိုကျပြောင်းလဲသွားကြပြီး တောင်တန်းများက အက်ကွဲကာ မြေကြီးက အက်၀င်သွားသည်။
တောင်များပြိုကျပြီး မြေကြီးအက်ကွဲလာသောအခါ ကမ္ဘာပျက်ကိန်းပြန်ဆိုက်ရောက်လာသည့်အလားပင် ထင်ရသည်။
အစက ခရမ်းမိုးကြိုးပင်လယ်နှင့် မီးနီပင်လယ်တို့က ဒီလေဟာနယ်၌ တိုက်မိခဲ့ခြင်းပင်။
သို့စေကာမူ နောက်အခိုက်အတန့်၌ မီးနီပင်လယ်က ခရမ်းမိုးကြိုးပင်လယ်အား အလွန်အမင်း ခြယ်လှယ်နိုင်သည့်ပုံစံဖြင့် ကျူးကျော်ပစ်သည်။
ရွှီး.......!
နတ်ဖီးနစ်က နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။
နတ်ဖီးနစ်မီးတောက်များက ကမ္ဘာကြီးအား ဖြတ်သန်းသွားပြီး ဧရာမထာ၀ရမိုးကြိုးသခင်ပုံရိပ်ယောင်လေးဦးကလည်း နတ်ဖီးနစ်မီးတောက်ထဲ လွင့်မြောသွားခဲ့သည်။
လောင်ကျွမ်းမှုအောက်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ တန်ချူနှင့် ကျန်သောအကြီးအကဲသုံးဦးတို့က ရုတ်တရက် သွေးဆုတ်ဖြူရော်သွားကြပြီး ပါးစပ်အပြည့် သွေးအဆီအနှစ်များ အန်လိုက်ကြရသည်။
သူတို့မျက်နှာ၌ မယုံနိုင်မှုတစ်ခုပေါ်လာသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့် ကျွမ်းကျင်သူလေးဦးက ထာ၀ရမိုးကြိုးပုံရိပ်ယောင်ကို အသက်သွင်းရန် သူတို့၏ ခွန်အားအပြည့်ကို သုံးထားခြင်းဖြစ်လေရာ ၎င်း၏စွမ်းအားက နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကိုပင် ရောက်နေလေပြီ။
ဒီအမျိုးသမီးက နတ်သခင်နယ်ပယ် တစ်၀က်အဆင့်စွမ်းအားကို ဘယ်လိုလုပ် ခုခံနိုင်လေသနည်း။
ဘေးမှကြည့်နေသည့် ဟဲလျန်ပင်လျှင် ကြောက်ရွှံ့နေသည့်အမူအရာတစ်ခုကို ပြသလာသည်။
မူလက သူတို့ လုချန်ရှန်းတို့သုံးယောက်ကို သတ်ရန်အတွက် ဒီလှုပ်ရှားမှုကို အသုံးပြုခဲ့လိုကြခြင်းဖြစ်သည်။
သို့စေကာမူ သူတို့ ဟွမ်ချင်းတစ်ယောက်တည်းကိုပင် မကိုင်တွယ်နိုင်ဘူးဟု မထင်ထားခဲ့ကြပေ။
ထိုအချိန်တွင် ဟွမ်ချင်း မျက်လုံးကျဉ်းကာ ကောင်းကင်ပေါ်က နတ်ဖီးနစ်ကို လက်ညိုးထိုးသည်။
ရုတ်ချည်းဆိုသလို နတ်ဖီးနစ်ပတ်ပတ်လည်က နတ်ဖီးနစ်မီးတောက်များက ထပ်မံမြှင့်တက်လာပြန်သည်။
ဘန်း......!
ပေါက်ကွဲသံတစ်သံနှင့်အတူ နတ်ဖီးနစ်က မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးလက်ဖဝါးချက်လေးခုအား ထိုးဖောက်သွား၏။
သို့သော် ၎င်းကမရပ်ပေ။
နတ်ဖီးနစ် ကောင်းကင်ပေါ်ပျံသန်းကာ ၎င်း၏ ဧရာမအတောင်ပံများကို ဖြန့်ကြက်သည်။
ဟွမ်ချင်းတီးတိုးရေရွတ်သည်။
"နတ်ဖီးနစ်မီးလျှံ၊ ၀မ်းနည်းမှုကို ဖြိုခွဲခြင်း..."
ဟွမ်ချင်းပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်ဖီးနစ်၏ မီးတောက်များက ဧရာမအတောင်ပံများမှတဆင့် ဘက်ပေါင်းစုံသို့ ပေါက်ကွဲသွားပြီး ရုတ်ချည်းဆိုသလို ပုံရိပ်ယောင်လေးခု၊ တန်ချူနှင့် ကျန်အကြီးအကဲတို့ကို လွှမ်းခြုံသွား၏။
ထိုအခိုက်အတန့်၌ ဟောင်တျန်းနတ်ပိုင်နက်၏ ကောင်းကင်တစ်၀က်နီးပါးက ရဲရဲနီနေပုံရနေသည်။
နတ်အင်ပါယာနယ်ပယ်က ကျွမ်းကျင်သူများစွာက အနောက်ဖက်သို့ အံ့ဩသင့်တကြီး ကြည့်လိုက်ကြသည်။
ထိုနေရာ၌ မီးလှိုင်းများရှိနေပြီး သူတို့ မိုင်ထောင်ချီဝေးသည့်အကွာမှ ကြောက်စရာကောင်းသည့် အပူလှိုင်းကို ခံစားနေရသည့်အသွင်။
ဘယ်သူတွေတိုက်ခိုက်နေကြတာလဲ!
မရေမတွက်နိုင်လောက်သောသူများ အံ့ဩသင့်သွားကြသည်။
ဟောင်တျန်းနတ်ဂိုဏ်းတွင် တင်းဝေက လက်ရှိ၌ တခြားသူများ၏ လှုပ်ရှားမှုများကို နတ်သခင်ဟောင်တျန်းအား တင်ပြနေသည်။
နတ်ဖီးနစ်မီးတောက်က အနောက်ဘက်စွန်း၌ ပေါက်ကွဲသွားသည့်အချိန်တွင် တင်းဝေ ကြက်သေသေသွားပြီး ခေါင်းကိုလှည့်ကာ ထိုနေရာဘက်သို့ ကြည့်လိုက်သည်။
နတ်သခင်ဟောင်တျန်းပြုံးသည်။
"မင်းဒီတိုက်ချက်ကို ခံနိုင်မယ်ထင်လား"
တင်းဝေတစ်ချက် တွေးပြီးနောက် သေချာသည့်အသွင် ခေါင်းခါယမ်းသည်။
သူအစွမ်းကုန်ခုခံမည်ဆိုလျှင်ပင် သူ့အဖို့ ဒီမီးတောက်ကို တားဆီးရန်ဟူသည် လုံး၀မဖြစ်နိုင်ပေ။
နတ်သခင်ဟောင်တျန်းမှာ ခွန်အားကြီးပုံပေါ်သည်သာမက သူ့မျက်လုံးများကလည်း တောက်ပစူးရှသည်။
"စိတ်၀င်စားစရာပဲ၊ ငါဒီနှစ်ယောက်ကို တကယ်မြင်ချင်နေမိပြီ"
တင်းဝေသည်။
"နတ်သခင်က ဖီးနစ်မီးကိုသုံးတဲ့ အမျိုးသမီးအကြောင်း ပြောနေတာမလား၊ ဒါဆိုနောက်တစ်ယောက်ကရော"
နတ်သခင်ဟောင်တျန်း ပွင့်ပွင့်လင်းလင်းပင်ပြောသည်။
"ဓားနဲ့လူလေ"
ဟောင်တျန်းစားသောက်ပွဲတွင် လုချန်ရှန်း သူ့ဓားစွမ်းရည်ကို သုံးခဲ့သည်။
"အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူဖြစ်စေ ဒါမှမဟုတ် ဖီးနစ်မီးတောက်ကို သုံးတဲ့ အဲဒီအမျိုးသမီးဖြစ်စေ သူတို့ထဲမှာ အဓိကအခရာကျတဲ့သူက အဲဒီဓားသမားဆိုတာမင်းယုံလား"
တင်းဝေ၏ အမူအရာက လေးနက်သွား၏။
"သူ့ပုံရိပ်က အရမ်းမြင့်တာလား"
နတ်သခင်ဟောင်တျန်းခေါင်းညိတ်သည်။
"ဒါ့အပြင် သူက ငါမမြင်နိုင်ဆုံးလူပဲ"
နတ်သခင်ဟောင်တျန်း၏ စကားလုံးများကို ကြားသောအခါ တင်းဝေ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကိုပင် ယခုလိုမြင်နိုင်စွမ်းမရှိဟု ပြောအောင် လုပ်နိုင်ရန်အတွက် ထိုနတ်သခင်နယ်ပယ် စွမ်းအားရှင်အနည်းငယ်မှ လွဲ၍ ဒီကမ္ဘာကြီးထဲက တခြားမည်သူများ ဖြစ်နိုင်ဦးမည်နည်း။
တစ်ဘက်လူက နတ်အင်ပါယာနယ်ပယ်တွင်သာရှိသေးသည်။ ဓားတာအို၌ အလွန်အမင်း အားကောင်းသည့် အောင်မြင်မှုများ ရှိသည့်အပြင် သူ့အကြောင်းနှင့်ပတ်သက်၍ တခြားဘာထူးခြားချက်များက နတ်သခင်ဟောင်တျန်းကို ဒီလိုစကားလုံးများကို ပြောစေခဲ့လေသနည်း။
"ဒါဆို ကျွန်တော်သွားပြီး သူတို့ကို နတ်သခင်နဲ့လာတွေ့ဖို့ ပြောလိုက်ပါမယ်"
သို့စေကာမူ နတ်သခင်ဟောင်တျန်း ခေါင်းခါယမ်းသည်။
"ငါသူ့ကိုတွေ့ချင်တယ်ဆိုပေမယ့် တစ်ချို့အရာတွေက ကံတရားပေါ်မူတည်တယ်၊ သဘာ၀တရားရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လုပ်ကြတာပေါ့"
တင်းဝေ "ကောင်းပါပြီ"
....
ထိုအချိန်တွင် အနောက်ဖျားက တောင်တန်းများပေါ်၌ နတ်ဖီးနစ်မီးတောက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
မြင်ကွင်းက တမူထူးခြားစွာပင် ကြောက်စရာကောင်းနေသည်။
တန်ချူအပါအ၀င် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ နတ်အင်ပါယာနယ်ပယ် အကြီးအကဲလေးဦးတို့၏ ဝိဉာဉ်လေးခုကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့ကိုယ်ခန္ဓာများ၏ အရိပ်အယောင်များဟူ၍ပင် မရှိခဲ့ပါ။
ဟွမ်ချင်း လုချန်ရှန်းအားကြည့်လိုက်သည်။
"သူတို့ဒီလောက်ထိ အားနည်းလိမ့်မယ်လို့ ကျွန်မမထင်ထားခဲ့ဘူး"
လုချန်ရှန်းထူးမခြားနားစွာပြောသည်။
"ဘာမှမဖြစ်ပါဘူး၊ ငါလည်း ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကို သွားရဦးမယ်လေ"
အပိုင်း(864) coming။