← Chapters

#‌ငွေရေကန်အနီးက မျှော်လင့်မထားသည့် ဧည့်သည်#

Vol. 61 Ch. 864

#‌ငွေရေကန်အနီးက မျှော်လင့်မထားသည့် ဧည့်သည်#

Vol. 61 Ch. 864

ဟောင်တျန်းနတ်ပိုင်နက်၊ အနောက်ဘက်စွန်း၌ အဆက်မပြတ်သွယ်တန်းနေသည့် တောင်တန်းများက လောင်ကျွမ်းခံထားရသည်။

နှစ်သိန်းချီသက်တမ်းရှိသည့် သစ်ပင်များဖြစ်စေ၊ ဆေးပင်များနှင့် သားရဲများဖြစ်စေ အားလုံး ပျောက်ကွယ်သွားကြ၏။

အပျက်အစီးများပမာ မြေကြီးကပြိုကျပြီး တောင်များက ကွဲအက်နေကြသည်။

နတ်ဖီးနစ်မီးတောက် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မီးစေ့လေးတစ်ခုတော့ ဒီနေရာတွင် ကျန်နေခဲ့ပါသေးသည်။

အကယ်၍ ဟွမ်ချင်းသာ နတ်ဖီးနစ်မီးတောက်ကို တမင်တကာမရုပ်သိမ်းခဲ့ပါက နတ်ဖီးနစ်မီးတောက်၏ ဆက်တိုက်လောင်နိုင်စွမ်းနှင့် ဖီးနစ်ပြန်လည်မွေးဖွားခြင်း၏ ဝိသေသလက္ခဏာများအရ ‌ဒါက စိမ်းလန်းနေသည့် သစ်ပင်များနှင့် ဖုံးအုပ်နေသည့် ဒီတောင်တန်းကို မီးပင်လယ်အဖြစ် ပြောင်းလဲပစ်နိုင်လောက်သည်။

ဟဲလျန်၏ မျက်နှာက ဖြူရော်နေပြီး သူ့ရှေ့ကမြင်ကွင်းကို အထိတ်တလန့်ကြည့်နေမိသည်။

သူ့အတွက် ဒါကယုံရန်ခက်ခဲနေသည်။

သူ့ထင်မြင်ချက်အရ ဟွမ်ချင်းက နတ်အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့်သာ။

သို့စေကာမူ သူမက နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်က အကြီးအကဲသုံးဦးနှင့် မဟာအကြီးအကဲတို့ကို တစ်ဦးတည်း သတ်ပစ်ခဲ့သည်။

ဒါ့အပြင် သူတို့တွင် ခုခံရန်အတွက် နေရာပင် ရှိပုံမပေါ်ခဲ့။

ဖြစ်စဉ်တစ်ရပ်လုံးတွင် ဟွမ်ချင်း၏ အမူအရာက အတော်လေးတည်ငြိမ်နေပြီး သူမ၏အသက်ရှူသံကလည်း အလွန်အမင်း တည်ငြိမ်သည်။

သူမက ခွန်အားအပြည့်ကို မသုံးခဲ့ပုံပင်။

ဒါက တကယ်ပဲ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်က လူတစ်ယောက် လုပ်နိုင်တဲ့အရာလား!

ထိုအချိန်မှာ ဟွမ်ချင်းပြောလာသည်။

"သူတို့ဒီလောက် အားနည်းမယ်လို့ ကျွန်မမထင်ထားခဲ့ဘူး"

လုချန်ရှန်း‌ပြန်ဖြေသည်။

"ဘာမှမဖြစ်ပါဘူး၊ ငါလည်း ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကို သွားရဦးမယ်လေ"

‌ဒါကို ကြားသောအခါ ဟဲလျန်ထိတ်လန့်သွားပြီးနောက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

"ခင်ဗျားတို့ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှာ လက်စားချေချင်ကြသေးတာလား"

ဟွမ်ချင်း ဟဲလျန်ကို ထူးဆန်းစွာကြည့်သည်။

"နင်တို့က ငါတို့ကို ရန်စတာမို့ ငါတို့က နင်တို့ကို ဖျက်ဆီးဖို့သွားတယ်၊ ပြဿာနာရှိလို့လား"

ဟဲလျန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။ သူနှာခေါင်းရှုံ့ရင်း မထိန်းချုပ်နိုင်တော့သည့်အလား ကျယ်လောင်စွာ ရယ်မောပြန်သည်။

"ဟားဟားဟား၊ ခင်ဗျားတို့က အရမ်းအားကောင်းတာ ကျုပ်၀န်ခံပါတယ်၊ ဒါပေမယ့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမမှာ လက်စားချေဖို့အတွက် ခင်ဗျားတို့ကို ဘာကများ ယုံကြည်ချက်ပေးလိုက်တာလဲ"

ဒါ့အပြင် သူတို့ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်နန်းတော် သူတို့သုံးယောက်ကို ရှာပြီး သတ်ရန်က ဖြစ်နိုင်သေးသည်။

"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမရဲ့ ခွန်အားက ခင်ဗျားတို့စိတ်ကူးလို့ရနိုင်မယ့် အရာတစ်ခုခုများ ထင်နေလား"

သေမင်းဝိဉာဉ်နန်းတော်ဘက်တွင် သေမင်းသားတော်ဟု လူသိများသည့် ကုကျင်းမှာ နှုတ်ဆိတ်နေခဲ့သော်လည်း ယခုတွင်မူ တီးတိုးပြောလာသည်။

"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမကို ပထမတန်းစားဂိုဏ်းတွေအကြား ထိပ်တန်းလို့ ယူဆလို့ရတယ်၊ ဘာပဲဆိုဆို အရင်က နတ်သခင်နယ်ပယ် စွမ်းအားရှင်တစ်ယောက် ပေါ်လာခဲ့ဖူးတယ်လေ"

သို့စေကာမူ ကျင်းဝူကျင်းနှင့် ကျိချန်းယောင်တို့က ဘာမှမပြောချင်တော့ပါ။

အရင်ကသေမျိုးကျေးရွာ၌ ပိုင်မင်နဂါးခန်းမက ဘယ်လိုဖြစ်သွားခဲ့လေသနည်း။

သူတို့က လုချန်ရှန်းကို ရန်စပြီးနောက် ရှေ့ဆင့်နောက်ဆင့်ပင် ပိုင်မင်နဂါးခန်းမက နဂါးငွေ့တန်းကြယ်စင်စုကနေ လုံး၀ပျောက်ကွယ်သွားခဲ့သည်။

ပိုင်မင်နဂါးခန်းမနှင့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမတို့ကြားက ကွာဟချက်က အရမ်းကြီးမကြီးမားပါ။

ထို့ကြောင့် လုချန်ရှန်း ယုံကြည်မှုပြည့်၀နေခြင်းပင်။

ပိုင်မင်နဂါးခန်းမကိုပင် ပုရွက်ဆိတ်များပမာ အလွယ်တကူဖျက်ဆီးပစ်နိုင်သည့် တည်ရှိမှုမျိုးဖြစ်လေရာ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က လုချန်ရှန်းကို ဘယ်လိုလုပ် အခက်တွေ့အောင် လုပ်နိုင်မည်နည်း။

သို့သော် ကျင်းဝူကျင်း ဘေးကနေ ဆူညံသံများကိုသာ စောင့်ကြည့်နေပြီး သတိပေးရန်အတွက် ရည်ရွယ်ချက်မရှိပါ။

သူတို့ပျောက်ကွယ်သွားလျှင်ပင် သူ့၏ မောက်မာသည့်ဂိုဏ်းအား အရမ်းကြီး မထိခိုက်စေပါ။

ကျိချန်းယောင် ခြွင်းချက်မရှိ လုချန်ရှန်းဘက်တွင် ရပ်ပြီးနောက် မည်သည့်စကားမှ မဆိုပေ။

သို့စေကာမူ သူမဟွမ်ချင်းကို ကြည့်သောအခါ အနည်းငယ်မနာလိုဖြစ်မိသည်။

သူကဘယ်သူလဲ!

ဘာလို့ သူက လုချန်ရှန်းနဲ့ ဒီလောက် ရင်းနှီးပုံရတာလဲ!

ဒါ့အပြင် တစ်ဘက်လူက အရမ်းအားကောင်းသေးသည်။

ဒါကိုတွေးမိသောအခါ ကျိချန်းယောင် သူမခွန်အားကို တိုးတက်အောင်လုပ်ရန် ပို၍ပင် စိတ်အားထက်သန်လာသည်။ သို့မှသာ သူမ လုချန်ရှန်းကို ဟွမ်ချင်းကဲ့သို့ ကူညီနိုင်မည်ဖြစ်သည်။

ဟဲလျန်တစ်ခုခုပြောချင်နေသော်လည်း ဘေးတွင် ရှိနေသည့် လျုကျိယု သူ့ကို ရိုက်လိုက်၏။

ရုတ်ချည်းဆိုသလို အမှောင်ထုက ဟဲလျန်အား လွှမ်းခြုံသွားသည်။

သူဘာတစ်ခုမှပင် မပြောနိုင်ဘဲ အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

အမှောင်ထုပျောက်ကွယ်သွားသောအခါ ဟဲလျန်၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားလေပြီ။

လျိုကျိယု လုချန်ရှန်းအား ဂုဏ်ယူ၀င့်ကြားစွာပင် ကြည့်နေသည်။

ကျွန်တော့်ကိုချီးမွမ်းပါ၊ ကျွန်တော့်ကို ချီးမွမ်းပါဆိုသော စကားကို သူ့မျက်နှာတခွင်၌ ရေးသားထားသည့်အသွင်။

သို့စေကာမူ လုချန်ရှန်း သူ့ခေါင်းကို ရိုက်လိုက်သည်။

လျိုကျိယု၏ မျက်လုံးများက မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုနှင့်အတူ ပြူးကျယ်သွားပြီး ခေါင်းမော့ကာ လုချန်ရှန်းအား စိုက်ကြည့်သည်။

"ဘာလို့လဲ"

စီနီယာလုရဲ့စရိုက်အရဆိုရင် သူ့ကို အဓိပ္ပာယ်မရှိတာတွေ ပြောခွင့်မပေးဘဲ နှုတ်ပိတ်ပစ်ရမှာမလား!

ငါတစ်ခုခုမှားတာ လုပ်မိတာလား!

လုချန်ရှန်းပြောသည်။

"မင်းကအရူးလား၊ မင်းသူ့ကို အရင်စစ်မေးကြည့်ပြီး သူတို့မှာ လျှို့ဝှက်ဘိုးဘေး ဒါမှမဟုတ် လျှို့ဝှက်သတ်ဖြတ်ခြင်းအစီအရင် တစ်ခုခုရှိသလားဆိုတာ သိရဖို့အတွက် ဝိဉာဉ်ကို အရင်မရှာနိုင်ဘူးလား၊ မင်းသွားတဲ့အခါ ဒါတွေကို သတိမထားရဘူးလား"

လျိုကျိယု မကျေမနပ်ဖြစ်သွားရသည်။

"စီနီယာ ကျွန်တော့်ကို ကြိုမပြောခဲ့ဘူးလေ"

ဘုတ်....!

နောက်တစ်ကြိမ်ရိုက်သံနှင့်အတူ လုချန်ရှန်း ကျိန်ဆဲသည်။

"မင်းငါ့ကိုပြောဖို့ အချိန်ရောပေးခဲ့လား"

လျိုကျိယု "အိုး...."

သူဘေးသို့သာ ရွေ့လိုက်ပြီး မကျေမချမ်းဖြစ်နေသည့်ဇနီးတစ်ဦးပမာ ဘာတစ်ခုမှ မပြောရဲတော့။

လုချန်ရှန်း သူ့ကို ထပ်ရိုက်လာမှာကို သူကြောက်နေမိသည်။

အကယ်၍ သူ့ဦးနှောက်သာ ထိခိုက်ပျက်စီးသွားပါက အမှောင်အဆင့်က ပါရမီရှင်များကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်တော့မည်နည်း။

အာ၊ ဟုတ်သားပဲ၊ ငါ့မှာ ဒီတာ၀န်ရှိနေသေးတယ်ဟ!

.....

ထို့နောက်တွင် လုချန်ရှန်း ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်သို့ အချိန်မီမသွားခဲ့ဘဲ ယင်းအစား နောက်ထပ်အာကာသမူမမှန်မှုကိုသာ စောင့်နေသည်။

ယခုအချိန်အရေးကြီးဆုံးအရာက အာကာသနှလုံးသားနှင့် ပတ်သက်ပြီး သဲလွန်စများရရန်ဖြစ်သည်။

ထို့နောက်တွင် ကျောက်တုံးလေး အင်မော်တယ်နယ်မြေ၀င်ပေါက်က ကပ်ဘေးကို ကိုင်တွယ်နိုင်သည်အထိ မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်ပေလိမ့်မည်။

သုံးရက်အတွင်း တစ်ရက်ခွဲသာကျန်တော့သည်။

ညလယ်ခေါင်၌ ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးတွင် ငွေရောင်အလင်းတစ်ခု ထွန်းလင်းတောက်ပနေသည်။

ထိုအချိန်တွင် တည်းခိုခန်း၌ လုချန်ရှန်း ရုတ်တရက် မျက်လုံးများကိုဖွင့်လိုက်၏။

သူ ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို မနှောင့်ယှက်ဘဲ ထိုနေရာကနေ ချက်ချင်းပျောက်ကွယ်သွား၏။

ထို့နောက် သူဟောင်တျန်းနတ်ပိုင်နက် အလယ်ဗဟိုက ကောင်းကင်သို့ ရောက်လာသည်။

ထိုနေရာ၌ ပုံမှန်မဟုတ်သည် လှုပ်ရှားမှုဟူ၍ မရှိသော်လည်း လုချန်ရှန်း အာကာသကို တိုက်ရိုက်ဖြတ်သန်းကာ ပျောက်ကွယ်သွားသည်။

အာကာသမူမမှန်မှု၏ အော်ရာကို ရပြီးနောက် ဒီအော်ရာအမျှင်စကနေတဆင့် လုချန်ရှန်း အာကာသအတက်အကျ၏ တည်နေရာကိာ ကြိုတင်သိနိုင်သည်။

ဒါက အာကာသမူမမှန်မှုဖြစ်ပျက်လာတော့မည့် နေရာပေတည်း။

သူဟွမ်ချင်းနှင့် လျိုကျိယုကို မနှောင့်ယှက်ခဲ့ရသည့်အကြောင်းရင်းက အလျင်လိုနေပြီး အာကာသမူမမှန်မှု မဖြစ်ပျက်ခင်မှာပင် အခြေအနေကို စုံစမ်းစစ်ဆေးလိုသောကြောင့်ပင်။

လက်ဖက်ရည်ခွက်တစ်၀က်ခန့် ကြာပြီးနောက် လုချန်ရှန်း ထူးဆန်းသည့် အမူအရာနှင့် ထွက်လာခဲ့သည်။

"ငါဘာလို့ လှည့်စားခံနေရသလို ခံစားနေရတာလဲ၊ ဒီအာကာသမူမမှန်မှုက လူလုပ်ထားတဲ့ပုံပဲ...."

အာကာသအနက်ပိုင်းတွင် ဒီအာကာသတာအိုနိယာမကို သဘာ၀နတ်ပစ္စည်းတစ်ခုက စတင်ခဲ့ခြင်းမဟုတ်ဘူးဆိုတာ လုချန်ရှန်း ခံစားနေရသည်။ ယင်းအစား ဒါက အာကာသတာအိုနိယာမကို ကျွမ်းကျင်သူတစ်ဦးက ဒီနေရာ၌ အာကာသမူမမှန်မှုကို တမင်တကာအစပျိုးပေးနေသည်နှင့် ပိုတူသည်။

ထိုနေရာတွင် လုချန်ရှန်းမျက်မှောင်ကြုတ်သည်။

"သူဘာလို့ဒီလိုလုပ်ရတာလဲ...ဘာအဓိပ္ပာယ်လဲ"

သဲလွန်စအဖြစ လူတစ်ယောက်သာရှိပြီး တခြားနည်သည့်ခြေရာမှမရှိပါ။

လုချန်ရှန်း ဘယ်လောက်ပင် ကြောက်စရာကောင်းနေပါစေ မှန်းဆ၍မရနိုင်ပေ။

ထိုအချိန်တွင် လုချန်ရှန်း သူ့အောက်တည့်တည့်က ငွေရေကန်တစ်ကန်ကို တွေ့လိုက်ရသည်။

လရောင်က ရေကန်ထဲတွင် ပြည့်နှက်နေပြီး မိုးမခန်းပွင့်များအလား ရေကန်ထဲတွင် မျောပါနေသည်။

ရေကန်ဘေးတွင် လူရှည်ကြီးတစ်ယောက်က ကန်နားတွင်လှဲကာ ဝိုင်သောက်ရင်း လမင်းကြီးကို ကြည်နူးခံစားနေသည်။

လုချန်ရှန်း ပခုံးတွန့်ကာ တည့်တည့်ပင် ဆင်းသွားသည်။

ထိုလူက လှည့်မကြည့်ဘဲပြုံးသည်။

"မင်းကတကယ်ပဲ မရိုးရှင်းဘူးဘဲ၊ မင်း အာကာသထဲက ထွက်လာတဲ့အချိန်သာ မဟုတ်ခဲ့ဘူးဆိုရင် ငါမင်းတည်ရှိမှုကို ရှာတွေ့နိုင်မှာတောင် မဟုတ်ဘူး"

"ဒါပေမယ့် မင်းကငါသိတဲ့ နတ်သခင်တွေထဲက မဟုတ်ဘူး၊ မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြောနိုင်မလား"

အပိုင်း(865) coming။

All Chapters