#နတ်သခင်ဟောင်တျန်း၊ ကျေးဇူးပြုပြီး ငါ့သံသယတွေကို ဖြေပေးပါ#
Vol. 61 Ch. 865
အာကာသအတက်အကျများအလယ်တွင် လုချန်ရှန်း၏ စုံစမ်းစစ်ဆေးမှုရလဒ်အရ အာကာသနှလုံးသားနှင့် ပတ်သက်သည့် သဲလွန်စဟူ၍မရှိပါ။
ပုံမှန်မဟုတ်သည့် အာကာသထဲတွင် ဒါက အတော်လေးပုန်းလျှိုးနေပုံပေါ်သော်လည်း ဉာဏ်ကြီးရှင်က ခြေရာများကို သတိရှိရှိ ဖျက်ပစ်ခဲ့ပုံရသည်။
သို့စေကာမူ ဒါကလူလုပ်ဖြစ်နေသရွေ့ သူတို့တဖြည်းဖြည်းနှင့် ခြေရာတစ်ချို့တော့ ရှာတွေ့မည်သာ။
လိုအပ်ချက်က တစ်ဘက်လူထက် ပိုမိုအားကောင်းရပေမည်။
အာကာသမူမမှန်မှုဖြစ်ပျက်ခဲ့သည့်နေရာတွင် တိုက်ဆိုင်စွာပင် တစ်ယောက်ယောက် စောင့်နေသည်။
အာကာသမပြောင်းသွားသေးခင် အနီးအနားတွင် တစ်ယောက်မှ မရှိတာကို လုချန်ရှန်းအာရုံခံမိသည်။
ဒါက ဟောင်တျန်းနတ်ပိုင်နက်၏ အလယ်ဗဟိုဖြစ်သည်။ ဘာမှမဖြစ်ခဲ့ပါက ဒါက ဟောင်တျန်းနတ်ဂိုဏ်းနှင့် သက်ဆိာင်သည်။
သို့စေကာမူ ဟောင်တျန်းနတ်ဂိုဏ်းအနီးတွင် တခြားမည်သူမှမရှိပါ။
လုချန်ရှန်း အာကာသထဲက ထွက်လာပြီးနောက်မှသာ လူတစ်ယောက်ပေါ်လာခဲ့သည်။
ဒါက သံသယမရှိ၊ ဖြစ်ပျက်ရန်အတွက် သူမျှော်လင့်ထားခဲ့သော အရာတစ်ခုသာ။
ထိုလူက ဒီနေရာကို ရှင်းလင်းပြီးနောက် လုချန်ရှန်းကို ရည်ရွယ်ချက်ရှိရှိ စောင့်နေခဲ့ခြင်းပင်။
လုချန်ရှန်းဘေးတွင် ထိုင်လိုက်သည်။
ထိုလူ ဝိုင်ကိုကောက်ကိုင်ပြီး လုချန်ရှန်းအား တစ်ချက်ကြည့်ကာ လှမ်းပေးရင်း မေးသည်။
"မင်းနည်းနည်းလိုချင်လား"
လုချန်ရှန်းခေါင်းခါယမ်းရင်း သူကျိုချက်ထားသည့် ဝိုင်ဖြူကိုသာ ထုတ်လိုက်၏။
ထိုလူက ရယ်မောသည်။
"မင်းကအတော်လေးသတိထားတာပဲ"
ထို့နောက် သူဝိုင်ကိုကောက်ကိုင်ပြီး အိုးအ၀ကို ပါးစပ်ထဲတည့်ကာ သေရည်များကို သူ့ခန္ဓာထဲ သွန်လောင်းပစ်သည်။
ဝိုင်များက သူ့ပါးစပ်ဖျားကနေ အောက်သို့ အရူးအမူးစီးကျနေပြီး ဒါက အင်မတန် သူရဲကောင်းဆန်ပုံပေါ်သည်။
ဒါကိုမြင်သောအခါ လုချန်ရှန်း ချိပ်စည်းကို ချွတ်လိုက်သည်။
ဝိုင်ဖြူရနံ့ထွက်လာသောအခါ ထိုလူ၏ အမူအရာက အေးခဲသွား၏။ သူ့လက်ထဲက ဝိုင်အိုးကို ချပြီးနောက် လုချန်ရှန်းလက်ထဲမှ ဝိုင်ကို လောဘတကြီးကြည့်လိုက်၏။
"ငါလည်းစမ်းကြည့်လို့ရမလား"
လုချန်ရှန်းမငြင်းဆန်ဘဲ အိုးတစ်လုံးပေးလိုက်သည်။
ပထမတစ်ငုံကိုသောက်ပြီးနောက် ထိုလူ၏ အမူအရာက ယစ်မူးသွားသည့်အသွင်။ သူနှုတ်ခမ်းကိုလျက်ကာ ပါးစပ်ထောင့်၌ ပေကျံနေသည့်ဝိုင်များအား ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။
"ဒါက ငါ့ဘ၀သက်တမ်းတစ်လျှောက်မှာ သောက်ဖူးတဲ့ အကောင်းဆုံးသေရည်ပဲ"
လုချန်ရှန်းရယ်မောသည်။
"ခင်ဗျားသောက်ပြီးပြီဆိုတော့ ကျုပ်ကိုပြောပါဦး၊ ခင်ဗျားဘာလို့လူတိုင်းကို ဒီကိုလာဖို့ လှည့်စားခဲ့ရတာလဲ၊ နတ်သခင်ဟောင်တျန်း"
နတ်သခင်ဟောင်တျန်း အံ့ဩသင့်သွားခြင်းမရှိဘဲ တောက်ပစွာပြုံးသည်။
"ကြည့်ရတာ မင်းငါ့ကိုရှာတွေ့သွားပုံပဲ"
"ဒီလိုဆိုမှတော့ ငါမင်းကိုပြောပြရင်လည်း ဘာမှမဖြစ်ပါဘူး"
"ဟောင်တျန်းနတ်ဂိုဏ်းမှာ တခြားနတ်သခင်အဆင့်ဂိုဏ်းတွေက သူလျှိုတွေရှိတယ်လို့ မင်းထင်လား"
လုချန်ရှန်း တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။
နတ်သခင်ဟောင်တျန်း အားကိုးရာမဲ့စွာပြောသည်။
"မှတ်တယ်၊ ဟောင်တျန်းနတ်ဂိုဏ်းက တခြားနေရာတွေမှာ အကြည့်တွေပို့ထားတယ်ဆိုရင်တောင် ငါ့စရိုက်အရ ငါသေချာပေါက် ဒီလိုအရာမျိုးကို လုပ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ငါအဆင့်မြင့်နေရာတစ်ခုမှာ ရှိရင်တောင် ပိုပြီးမြင်ဖို့လိုအပ်တယ်၊ ဒါကြောင့် ငါမုန်းတဲ့အရာတွေကို မတတ်နိုင်ဘဲ လုပ်နေရတာပဲ"
လုချန်ရှန်းပြောသည်။
"ခင်ဗျားရှေ့ဆက်မမြင်နိုင်ဘဲ ကိုယ်တိုင် ထောင်ချောက်ထဲ ပိတ်မိသွားတာများလား"
နတ်သခင်ဟောင်တျန်း အနည်းငယ် ကြက်သေသေသွားသည်။
"ဘာလို့ဒီလိုပြောရတာလဲ"
"ခင်ဗျားရဲ့စိတ်နေသဘောထားအရဆိုရင် ကျင့်ကြံခြင်းကို မလုပ်သင့်ဘူး၊ ဒီလိုလုပ်တာက ခင်ဗျားစိတ်နေစိတ်ထားကို ဆန့်ကျင်နေတာပဲမလား၊ ဒီတော့ ခင်ဗျားခွန်အားက အချိန်အတော်ကြာ မတိုးတက်လာတာက ပုံမှန်ပါပဲ"
ဒါကိုကြားသောအခါ နတ်သခင်ဟောင်တျန်း ခါးသီးစွာပြုံးသည်။
"မင်းတစ်ချက်တည်းနဲ့ မြင်နိုင်တာပဲ"
"ဒါပေမယ့် ဒါက ယုတ္တိတန်တယ်ဆိုရင်တောင် လုပ်ဖို့က ဘယ်လောက်တောင် ခက်ခဲမလဲ"
လုချန်ရှန်း ဒါကိုမငြင်းနိုင်ပေ။
ကျင့်ကြံခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းက အရေးအကြီးဆုံးအရာများဖြစ်သည်။
အကယ်၍ နှလုံးသားကို မကျင့်ကြံနိုင်ပါက နယ်ပယ်တက်ရန်ဟူသည် ခက်ခဲမည်သာ။
"ကောင်းပါပြီ၊ မင်းကို အကြောင်းရင်းကို ပြောပြတာက ဘာမှမဖြစ်ပါဘူး၊ ဘာပဲဆိုဆို မင်းငါ့ကို ဒီလိုဝိုင်ကောင်းမျိုးနဲ့ ဆက်ဆံပေးခဲ့တာပဲလေ"
ဟောင်တျန်းလွတ်လပ်စွာပြောသည်။
"ဒါက သူလျှိုဖြစ်တဲ့သူတွေနဲ့ တစ်ခုခု သက်ဆိုင်တယ်၊ အာကာသနှလုံးသား ပေါ်လာပြီးနောက်မှာ အဲဒီနတ်သခင်အဆင့်ဂိုဏ်းတွေအပါအ၀င် အဓိကဂိုဏ်းတိုင်းက ဒါရဲ့တည်နေရာကို ရှာနေကြတယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
"ဒီတော့ ခင်ဗျားက ဟောင်တျန်းနတ်ပိုင်နက်မှာ ပုန်းလျှိုနေတဲ့ သူလျှိုကို ရှာဖို့အတွက် ဒီနည်းလမ်းကို တွေးမိသွားတာပေါ့"
"မှန်တယ်" နတ်သခင်ဟောင်တျန်း ဘာတစ်ခုကိုမှ မဖုံးကွယ်ထားဘဲ လုချန်ရှန်းကို ကြည့်လိုက်၏။
"သူတို့က အလျင်စလိုမပြုမူကြပေမယ့် အာကာသမူမမှန်မှုကို မင်းရှာပြီးတဲ့နောက်မှာ အဲဒီသူလျှိုတွေက ဟောင်တျန်းနတ်ပိုင်နက်က ထွက်သွားပြီးတဲ့အခါကျရင် သဲလွန်စတွေအတွက် မင်းဆီကို လာကြလိမ့်မယ်"
ဆိုလိုတာက အာကာသမူမမှန်မှုများအကြောင်း ရှာသူများက တကယ်တမ်းတွင် ငါးစာများသာဖြစ်သည်။
ရုတ်တရင် လုချန်ရှန်း ပထမနေ့က ဝေးလံခေါင်သီသောမြို့တွင် သူတွေ့ခဲ့သည့် လူကို သတိရသွားမိသည်။
နတ်သခင်ဟောင်တျန်းဆက်ပြောသည်။
"ဒါပေမယ့် ငါမင်းကို လျော်ကြေးပေးပြီး ကျေးဇူးကြွေးတစ်ခုလည်း အတင်းခံမယ်၊ ဘယ်လိုသဘောရလဲ"
အကယ်၍ တခြားသူများသာ နတ်သခင်ဟောင်တျန်း၏ စကားလုံးများကို ကြားမည်ဆိုပါက သူတို့အလွန်အမင်း အံ့ဩသင့်သွားကြပေလိမ့်မည်။
နတ်သခင်တစ်ဦးဆီက ကျေးဇူး!
ဒါ့အပြင် ဒါက နတ်သခင်ဟောင်တျန်းဆီက ကျေးဇူးကြွေးလည်းဖြစ်သည်။
လူဘယ်နှစ်ယောက်မျှ ဒါကို အိပ်မက်မက်ခဲ့ရလေသနည်း။
သို့စေကာမူ နတ်သခင်ဟောင်တျန်း လုချန်ရှန်းမျက်နှာ၌ မည်သည့်ပျော်ရွှင်မှုကိုမှ မမြင်ရဘဲ ယင်းအစား သူနှာခေါင်းရှုံ့နေသည့်အလား ထူးခြားစွာပင် တည်ငြိမ်နေသည်။
ကျုပ်က တခြားသူတွေကို ရန်စဖို့ ဘယ်တော့မှ ပဏာမခြေလှမ်းမလှမ်းဘူး၊ ခင်ဗျားရဲ့ သောက်ကျိုးနည်းကျေးဇူးကို ကျုပ်က ဘာလို့လိုနေရတာလဲ၊ ဒါ့အပြင် ဒီကျေးဇူးကြောင့် ကျုပ်ဒီဟောင်တျန်းနတ်ပိုင်နက်ရဲ့ ကပ်ဘေးမှာတောင် ပါ၀င်နေရလောက်တယ်!
လုချန်ရှန်းအတွက် ဒါက ဆုံးရှုံးမှုတစ်ခုထက် ပိုသည်။
ဒါကိုမြင်သောအခါ နတ်သခင်ဟောင်တျန်း ခေါင်းခါယမ်းကာ ရယ်မောသည်။
"မင်းဒါကို စိတ်မ၀င်စားဘူးလား"
လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"ကျုပ်ဘာလို့ခင်ဗျားကို ကူညီရမှာလဲ"
"ခင်ဗျားရဲ့ ဟောင်တျန်းနတ်ဂိုဏ်းက အဲဒီလျှို့ဝှက်လှည့်ကွက်တွေ ဆော့ကစားရတာ မကြိုက်ဘူးလို့ သူတို့ပြောကြမယ်၊ ဒါပေမယ့် အဆုံးသတ်မှာတော့ ခင်ဗျားက ကျုပ်အပေါ် လှည့်ကွက်တွေ ဖန်တီးနေတယ်"
"ခင်ဗျားရဲ့ဒီလိုပုံစံနဲ့ ဒီနှစ်တွေအတွင်း ခင်ဗျားနှလုံးသား အလုပ်မလုပ်တာ အံ့ဩသင့်စရာမရှိတော့ပါဘူး"
လုချန်ရှန်းက သူ့ကဲ့သို့ တတ်စွမ်းနိုင်သူတစ်ယောက်ဆိုတာ နတ်သခင်ဟောင်တျန်းသိသည်။
သူအာကာသက ထွက်လာသည့်အခိုက်အတန့်ကြောင့်သာ မဟုတ်ပါက နတ်သခင်ဟောင်တျန်းပင်လျှင် ဒါကို လုံး၀ရှာတွေ့နိုင်မည်မဟုတ်ပါ။
ဒါ့အပြင် နတ်သခင်ဟောင်တျန်း လုချန်ရှန်းနယ်ပယ်ကို မြင်နိုင်စွမ်းမရှိပေ။
ဒါက လုချန်ရှန်း သူ့ထက်ပိုအားကောင်းသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။
သူလုချန်ရှန်းကို ကျေးဇူးကြွေးတစ်ခုတင်ရန် ကမ်းလှမ်းခဲ့သော်လည်း တကယ်တမ်းတွင် သူနှင့် လုချန်ရှန်းကြားက အကွာအဝေးကို နီးစပ်ချင်သောကြောင့်သာ။
လုချန်ရှန်း ဒီလိုပြောလာသောအခါ နတ်သခင်ဟောင်တျန်း စိတ်မသက်မသာဖြစ်သလို ခံစားရန်ပင် အချိန်မရှိဘဲ ယင်းအစား သူထိတ်လန့်သွား၏။
ဒီနှစ်များအတွင်း သူ့နှလုံးသားထဲတွင် သူဘာတစ်ခုမှ ရှာမတွေ့နိုင်ခဲ့ပေ။
ဒါက နတ်သခင်ဟောင်တျန်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို ဒုက္ခပေးပြီး နှစ်သိန်းချီကြာ အဟန့်အတားဖြစ်စေခဲ့သည့် နေရာဖြစ်သည်။
နတ်သခင်ဟောင်တျန်း၏ ကျင့်ကြံခြင်းကျင့်စဉ်က ဝိဉာဉ်ချီနှင့် ပြုပြင်မွမ်းမံသည့် အရာမျိုးစုံကို အသား၊ သွေးကြော၊ အရိုးနှင့် သူ့ကိုယ်ထဲက အင်္ဂါတိုင်းကို ပြုပြင်မွမ်းမံရန်အတွက် အသုံးပြုရန်ပင်။
နောက်ဆုံးအဆင့်ဖြစ်သည့် နှလုံးသွေးကြောနှင့် ပတ်သက်လာသောအခါ ဒါက နှစ်သောင်းချီကြာအောင် သူ့အား ဒုက္ခပေးခဲ့သည်။
ထို့နောက်မှသာ နတ်သခင်ဟောင်တျန်း ဒီအကြောင်းကို ကိုယ်တိုင်သိလာခဲ့သည်။
သို့စေကာမူ လုချန်ရှန်း တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။
နတ်သခင်ဟောင်တျန်း လေးစားသည့် အမူအရာဖြင့် ချက်ချင်းထရပ်ပြီး ဝိုင်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ လုချန်ရှန်းအား တိုးတိုးလေးပြောသည်။
"ကျေးဇူးပြုပြီး ငါ့ကို ဉာဏ်အမြင်ပွင့်အောင် လုပ်ပေးပါ"
လုချန်ရှန်း နတ်သခင်ဟောင်တျန်းကို စိုက်ကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"ကျုပ်ဘာလို့ ခင်ဗျားကို ကူညီရမှာလဲ"
တစ်နည်းပြောရရင် ခင်ဗျားကျုပ်ကို ဘာအကျိုးကျေးဇူးတွေပေးနိုင်လဲ!
နတ်သခင်ဟောင်တျန်း တစ်ခဏမျှ တွေးလိုက်သည်။
"အနာဂတ်မှာ ငါ့ရဲ့တာအိုနှလုံးသားကို မချိုးဖောက်သရွေ့ ဟောင်တျန်းနတ်ပိုင်နက်က အရင်းအမြစ်အားလုံးကို မင်းသုံးလို့ရတယ်"
အရင်းအမြစ်အားလုံး!
ဒီကတိက တိုင်တောင်တန်းကဲ့သို့ပင် လေးလံသည်။
လုချန်ရှန်းတစ်ခဏမျှ တွေးလိုက်မိသည်။
ဒီလိုသာဆိုပါက အဆုံးသတ်တွင် ယဲ့ချိုးပိုင်နှင့် တခြားကောင်စုတ်လေးများက အဆင့်မြင့်ကြယ်နယ်မြေကို လာကြမည်သာ။
ရှောင်ဟိုင်တွင်လည်း ဒီနေရာ၌ အာဃာတရန်ငြိုးတစ်ခုရှိနေသည် မဟုတ်ပေလော။
သူတို့ကိုထောက်ခံကူညီပေးသည့် ဂိုဏ်းတစ်ဂိုဏ်းရှိနေပြီး သူပေါ်လာရန် မလိုတာကလည်း မဆိုးပါ။
ဒါကိုတွေးမိသောအခါ လုချန်ရှန်း နတ်သခင်ဟောင်တျန်းဆီက ဝိုင်ကိုယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။
အပိုင်း(866) coming။