← Chapters

#‌နှလုံးပေါက်ကို ပြုပြင်မွမ်းမံခြင်း၊ ဟောင်တျန်းသည်းခံနေရသည်#

Vol. 61 Ch. 866

#‌နှလုံးပေါက်ကို ပြုပြင်မွမ်းမံခြင်း၊ ဟောင်တျန်းသည်းခံနေရသည်#

Vol. 61 Ch. 866

လုချန်ရှန်း၏လုပ်ရပ်ကို မြင်ပြီးနောက် နတ်သခင်ဟောင်တျန်း ပျော်သွားသည်။

ဒါက လုချန်ရှန်း သူ့သံယယများကို ဖြေရှင်းရာ၌ ကူညီရန် သဘောတူလိုက်ပြီဟု ဆိုလိုနေခြင်းပင်။

အကယ်၍ အပြင်လူများသာ ဒီမြင်ကွင်းကို မြင်မည်ဆိုပါက ထိတ်လန့်သွားကြပေလိမ့်မည်။

နတ်သခင်နယ်ပယ်စွမ်းအားရှင်များ အကြားတွင်ပင် အဆင့်မြင့်ကြယ်နယ်မြေ၏ ထိပ်ပိုင်းတွင် ရပ်တည်နေသောသူက နတ်သခင်ဟောင်တျန်းဖြစ်သည်။

သူ့ပင်ကိုယ်စရိုက်က ကြမ်းတမ်းပြီး လွှမ်းမိုးတတ်သူတစ်ယောက်ဟု လူသိများသည်။

ဒီလိုလူတစ်ယောက်က လူတစ်ယောက်ရှေ့တွင် ခေါင်းငုံ့ပြီး အကူအညီကို တောင်းခံနေသည်လား!

သို့စေကာမူ ဒါက နတ်သခင်ဟောင်တျန်းအတွက်တော့ ပုံမှန်သာ။

အကယ်၍ သူကလုံလောက်အောင် အားမကောင်းပြီး တစ်ဘက်လူက သူ့ကို အမှန်တကယ် သင်ကြားပေးနိုင်ပါက ဘာကြောင့် နှိမ့်ချစွာ လမ်းညွှန်မှုမတောင်းခံဘဲ နေရမည်နည်း။

ဒါကရှက်စရာမဟုတ်ပါ။

လုချန်ရှန်းပြောသည်။

"ခင်ဗျားရဲ့နှလုံးပေါက်ကို ဖွင့်လို့မရတာမို့ လက်ရှိအခြေအနေမှာ ပိတ်မိနေတာပဲ"

"ဟောင်တျန်းနတ်ဂိုဏ်းကို အုပ်ချုပ်ပြီးတဲ့နောက်မှာ တခြားနတ်သခင်အဆင့်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် ခင်ဗျားပိုပြီး ဂရုစိုက်ရမယ်၊ အရင်ကလို အနိုင်မခံ အရှုံးမပေးစိတ် မွေးလို့မရတော့ဘူး"

နတ်သခင်ဟောင်တျန်းခေါင်းညိတ်သည်။

လုချန်ရှန်းပြောတာမှန်သည်။

ယခုလိုအခြေအနေတွင် သူပို၍ ဂရုစိုက်ရပေမည်။

နတ်သခင်အဆင့်ဂိုဏ်းတိုင်းက ဒီကြယ်နယ်မြေ၏ အကြွင်းမဲ့အရှင်သခင်ဖြစ်လာစေရန်အတွက် တခြားဂိုဏ်းများကို ဝါးမြိုကာ အရင်းအမြစ်အားလုံးကို သိမ်းပိုက်ချင်ကြသည်။

ဒါက နတ်သခင်နယ်ပယ်၏ အချုပ်အတည်းများကို ချိုးဖျက်ပြီး အမြင့်ဆုံးနှင့် ဒဏ္ဍာရီဆန်သည့် နယ်ပယ်ကို ရောက်ရန်ဖြစ်သည်။

လုချန်ရှန်းဆက်ပြောသည်။

"ခန္ဓာပြုပြင်မွမ်းမံခြင်းက အကြိမ်ထောင်ချီပြုပြင်မွမ်းမံဖို့ လိုတယ်ဆိုတာ ခင်ဗျားသိသင့်တယ်၊ ခင်ဗျားက နှလုံးပေါက်ကို အလွယ်တကူ မကျင့်ကြံရဲဘူး၊ ဒါမှမဟုတ် နှလုံးပေါက်ကို အစွမ်းကုန်မပြုပြင်ရဲဘူးဆိုရင် ပိုမှန်လိမ့်မယ်၊ ဒါကြောင့်ပဲ ခင်ဗျား ဒါကို မကျော်လွှားနိုင်တာ"

နှလုံးပေါက်တည်နေရာက ကျင့်ကြံသူတိုင်းအတွက် အားအနည်းဆုံးနေရာများမှ တစ်ခုဖြစ်သလို တစ်ချိန်တည်းမှာပင် သေစေနိုင်ဆုံးနေရာလည်းဖြစ်သည်။

နတ်သခင်ဟောင်တျန်းက ယခုဟောင်တျန်းနတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဦးဆောင်နေလေရာ သူ့နှလုံးကို သူအလျင်စလို မပြုပြင်ရဲပေ။

တစ်ခုခုဖြစ်ပျက်သွားပါက သူအပြင်းအထန် ဒဏ်ရာရသွားမည် မဟုတ်ပါက သေသွားရပေလိမ့်မည်။

ဒီလိုဆိုပါက ဟောင်တျန်းနတ်ဂိုဏ်းက ကျန်သောနတ်သခင်အဆင့်ဂိုဏ်းများ၏ ချက်ချင်းခွဲခြမ်းပစ်ခြင်းကို ခံရပေလိမ့်မည်။

လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ နတ်သခင်ဟောင်တျန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။

"ဒီလိုဆိုရင် ငါနှလုံးပေါက်ကို ပြုပြင်မွမ်းမံဖို့ လိုသေးတယ်ဆိုပေမယ့် စွန့်စားမှုအန္တရာယ်က အရမ်းကြီးမားတယ်၊ တကယ်လို့ ထိခိုက်သွားရင် အကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး"

"မဟုတ်ဘူး" လုချန်ရှန်းထရပ်ပြီး လက်ကို ဆန့်ထုတ်သည်။

"ကျုပ်သာရှိမယ်ဆိုရင် ဒီလိုအန္တရာယ်မျိုး ရှိလာမှာမဟုတ်ဘူး"

"ကောင်းပြီ၊ အဓိပ္ပာယ်မရှိတာတွေ မပြောတော့ဘူး၊ ခင်ဗျားကျုပ်ကို မယုံဘူးဆိုရင် ငြင်းလို့ရတယ်"

နတ်သခင်ဟောင်တျန်း ဒါကိုကြားပြီးနောက် သူ့အမူအရာက တုံ့ဆိုင်းနေပြီး သူ့မျက်လုံးများက ချီတုံချတုံဖြစ်နေသည်။

သူယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ယုံပြီး မှားယွင်းစွာ လောင်းကြေးထပ်မိပါက ဒါက ပျက်စီးသွားမည်ဖြစ်သလို မယုံပါကလည်း ဒီလိုအခွင့်အရေးတစ်ခုကို လက်လွှတ်သွားလောက်သည်။

ထိုအချိန်တွင် နတ်သခင်ဟောက်တျန်း သူဟောင်တျန်းနတ်ဂိုဏ်းကို မယူခင်က အချိန်ကို တွေးနေမိသည်။

ထိုအချိန်က လမ်းတစ်လျှောက်၌ ဘယ်လိုအန္တရာယ်မျိုးကိုမှ သူမကြောက်ခဲ့ပေ။

သူအခွင့်အရေးတိုင်းအတွက် သူ့အသက်ကိုပင် စွန့်စားပြီး လက်ထဲတွင် တင်းကျပ်ခိုင်ခံ့စွာ ဆုပ်ကိုင်ထားတတ်သည်။

ထို့ကြောင့် သူဒီနေရာအထိ ရောက်လာခဲ့ရခြင်းပင်။

ဒါကိုတွေးမိသောအခါ နတ်သခင်ဟောင်တျန်း၏ အကြည့်က တဖြည်းဖြည်းခိုင်မာလာသည်။

၎င်းနောက် သူဝိုင်အိုးကို ကောက်ကိုင်ပြီး တစ်ငုံအရှည်ကြီးသောက်ပြီးနောက် မြေပေါ်သို့ ရိုက်ခွဲပစ်သည်။

ခရက်ခ်......!

ဝိုင်အိုးကြေမွသွား၏။

ဒါက နတ်သခင်ဟောင်တျန်း၏ လက်ရှိစိတ်နေသဘောထားပမာဖြစ်ပြီး သူရယ်မောသည်။

"မင်းပြောတာမှန်တယ်၊ ငါ့ရဲ့ မယိမ်းယိုင်တဲ့နှလုံးသားတာအိုကို ငါမေ့လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ပိတ်မိအောင် လုပ်ထားမိတော့ အခုအရမ်းအားနည်းလာခဲ့တယ်"

"ငါမင်းကိုယုံတယ်၊ စကြရအောင်"

နတ်သခင်ဟောင်တျန်း မြေပေါ်သို့ ချက်ချင်းတင်ပလ္လင်ခွေထိုင်လိုက်၏။

လုချန်ရှန်းခေါင်းညိတ်သည်။ ထို့နောက် နတ်သခင်ဟောင်တျန်း၏ နှလုံးကို လက်ညိုးထိုးပြီးပြောသည်။

"နှလုံးကို သန့်စင်ဖို့အတွက် ခင်ဗျားရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်လိုက်"

နတ်သခင်ဟောင်တျန်း လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။

ချက်ချင်းဆိုသလို ပတ်ပတ်လည်က လေဟာနယ်က စတင်ဖိသိပ်လာပြီး အရူးအမူးကွေးကောက်ရင်း အက်ကြောင်းများအဖြစ် ပြိုကွဲသွားသည်။

မြေကြီးပင်လျှင် စတင်ပြိုကွဲကာ အဆက်မပြတ် ပျက်စီးနေသည်။

ဂျုန်း.......!

ပေါက်ကွဲမှုတိုင်းက မြေကြီးကို အနည်းငယ်စီ နစ်၀င်သွားစေသည်။

နတ်သခင်ဟောင်တျန်းနှင့် လုချန်ရှန်းတို့သာလျှင် သက်ရောက်ခြင်းမခံရပေ။

မှန်ပေသည်။ နတ်သခင်ဟောင်တျန်း၏ ခန္ဓာပြုပြင်ခြင်းနည်းစနစ်က ဆွဲငင်အားစက်ကွင်းကိုသာ အာရုံစိုက်ထားသည်။

သူကိုယ်ခန္ဓာကို ဖိနှိပ်ရန်အတွက် ဆွဲငင်အားကိုသုံးပြီး ပြုပြင်မွမ်းမံခြင်းသက်ရောက်မှုကို ရယူခြင်းပင်။

နတ်သခင်ဟောင်တျန်း၏နှလုံးက ကမ္ဘာကြီးကိုပင် ချေမွပစ်နိုင်ပုံရသည့် ဆွဲငင်အားကြောင့် စတင်ဖိသိပ်ခံနေရတာကို လုချန်ရှန်း ရှင်းလင်းစွာ ခံစားနိုင်ပေသည်။

ထိုအချိန်တွင် နတ်သခင်ဟောင်တျန်း၏ အမူအရာကလည်း ပိုပို၍ပင် နာကျင်လာသည်။

ထိုအခိုက်အတန့်မှာပင် လုချန်ရှန်း၏ လက်ချောင်းများက အနည်းငယ် တုန်ယင်သွား၏။

ချက်ချင်းဆိုသလို အဆုံးမဲ့ရှင်ခြင်းစွမ်းအားက သူ့လက်ချောင်းကနေ စိမ့်ထွက်လာပြီး နတ်သခင်ဟောင်တျန်း၏ နှလုံးကို ၀န်းရံပစ်သည်။

သို့သော် သူအချိန်မီ မပြုပြင်ခဲ့ပေ။

အကယ်၍ သူသာ နတ်သခင်ဟောင်တျန်း၏ နှလုံးပေါက်ကို တိုက်ရိုက်ပြုပြင်ကာ ကာကွယ်ပေးမည်ဆိုပါက ပြုပြင်မွမ်းမံခြင်း သက်ရောက်မှုကို ရနိုင်မည်မဟုတ်တော့။

သူအကန့်အသတ်ကိုရောက်ပြီး တခြားရွေးချယ်စရာမရှိတော့ဘူးဟု ခံစားမိသောအခါမှသာ လုချန်ရှန်း နတ်သခင်ဟောင်တျန်း၏ နှလုံးကို ကာကွယ်ပေးမည်ဖြစ်သည်။

ဒါက အပြင်းအထန်ဒဏ်ရာခြင်း သို့မဟုတ် သံလိုက်ဆွဲငင်အားစက်ကွင်းမှ တန်ပြန်သက်ရောက်မှုကြောင့် သေဆုံးခြင်းကနေ ကာကွယ်တားဆီးခြင်းသာ။

သူ့နှလုံးတစ်ဝိုက်က အဆုံးမဲ့ရှင်ခြင်းစွမ်းအားကို ခံစားမိသဖြင့် နတ်သခင်ဟောင်တျန်း ထိတ်လန့်သွားသည်။

ဒီလူက အမှန်တကယ်ရှင်ခြင်းစွမ်းအားကို ထိန်းချုပ်နိုင်သည်။

သေခြင်းရှင်ခြင်းစွမ်းအားက မဟာတာအို၃၀၀၀ကိုပင် ကျော်လွန်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။

သေခြင်းရှင်ခြင်း၊ ယင်နှင့်ယန်!

ဒါက မဟာတာအို၃၀၀၀၏ ရင်းမြစ်ဖြစ်ပြီး မဟာတာအို၃၀၀၀အဝေး၌ ရပ်တည်သည်။

ဒါကိုတွေးမိသောအခါ နတ်သခင်ဟောင်တျန်း နောက်ထပ်တုံ့ဆိုင်းမနေတော့ပါ။

သူကျင့်ကြံခြင်းနည်းစနစ်ကို အစွမ်းကုန်အသက်သွင်းပြီး နှလုံးပေါက်ကို ပြုပြင်မွမ်းမံရန်အတွက် ဆွဲငင်အားသံလိုက်စက်ကွင်းကို အသုံးပြုလိုက်သည်။

......

နတ်သခင်ဟောင်တျန်းဆီက အမိန့်တစ်ခုရထားသည့်အလား ဒီလေးနာရီအတွင်း ယခုလိုကြီးမားသည့် ဆူညံသံတစ်ခု ဖြစ်ပျက်ခဲ့သည့်တိုင် ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးမှ မည်သူမှ ဒီနေရာကို စုံစမ်းစစ်ဆေးရန်အတွက် မလာခဲ့ကြပေ။

ဒီလေးနာရီတစ်လျှောက်လုံး လုချန်ရှန်း နတ်သခင်ဟောင်တျန်း၏နှလုံးကို ကာကွယ်ပေးခဲ့သည်သာမက ဒါက နတ်သခင်ဟောင်တျန်း၏ သည်းခံမှုနယ်ပယ်အတွင်း ရှိနေသဖြင့် လုချန်ရှန်း နောက်ထပ်ထိတ်လန့်ဖွယ်ရာ အချက်အလက်အနည်းငယ်ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဒါက အရမ်းနှေးလွန်းသည်။

သို့သော် မူလက နတ်သခင်ဟောင်တျန်း ဒါကိုသည်းခံနိုင်သော်လည်း လုချန်ရှန်း နောက်ထပ်အချက်အလက်များ ထပ်ဖြည့်ပေးလာသောအခါ သူနာကျင်စွာပင် အော်ဟစ်နေရတော့သည်။

သူ့မျက်နှာက ဖြူရော်နေပြီး ပုလဲလုံးပမာ ချွေးစက်များက နတ်သခင်ဟောင်တျန်း၏ ချီတုံချတုံဖြစ်နေသည့် မျက်နှာပေါ်သို့ ကျဆင်းလာသည်။

ထိုအချိန်တွင် လုချန်ရှန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။

"ဒါက အကန့်အသတ်ပဲလား...."

သူ့လက်ချောင်းထိပ်က အဆုံးမဲ့ဆန္ဒများက ဆက်လက်ထိုးထွက်နေသည်။

ဒါက ကွဲအက်နေပြီဖြစ်ကာ ပျက်စီးလုနီးပါးဖြစ်နေသည့် နတ်သခင်ဟောင်တျန်း၏ နှလုံးကို ကာကွယ်ပေးနေသည်။ ထို့နောက် နောက်ထပ်ပျက်စီးမှုများ မဖြစ်စေရန်အတွက် စတင်ပြုပြင်ပေးလာသည်။

ဒါကို မြင်သောအခါ နတ်သခင်ဟောင်တျန်းကလည်း သူ့၏ကျင့်ကြံခြင်းနည်းစနစ်ကို ဖယ်ရှားလိုက်၏။

အမွေးတိုင်တစ်တိုင်စာခန့် ကုန်ဆုံးသွားပြီးနောက်တွင်သာ လုချန်ရှန်း လက်ချောင်းကို ရုပ်သိမ်းလိုက်သည်။

နတ်သခင်ဟောင်တျန်းကလည်း ပြိုလဲကျသွားပုံရပြီး လက်နှစ်ဖက်ကို မြေပေါ်၌ ထောက်ထားသည်။

ဒီလေးနာရီက နှစ်သိန်းပေါင်းများစွာအတွင်း အနာကျင်ရဆုံးကိုယ်ခန္ဓာ ပြုပြင်မွမ်းမံခြင်းဟု ဆို၍ရသည်။

သိုဘစေကာမူ သူတခြားမည်သည့်အမူအရာမှ မပြသဘဲ ယင်းအစား အပြုံးကိုသာ ပြသနေသည်။

ထို့နောက် သူရုန်းကန်ထရပ်ပြီး လုချန်ရှန်းအား လက်သီးနှစ်ဖက်ဆုပ်ပြသည်။

"ကျေးဇူးပါ စီနီယာ"

လုချန်ရှန်း၏ အဆုံးမဲ့ဆန္ဒကိုမြင်ပြီးနောက် နတ်သခင်ဟောင်တျန်း သူ့ကို စီနီယာဟု ‌ခေါ်ဆိုသည်အထိ ပြောင်းလဲပစ်သည်။

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

"မြန်မြန်ခင်ဗျားဒဏ်ရာတွေကို ကုစားလိုက်၊ နောက်ထပ်နှစ်ကြိမ်လောက် လုပ်ရင်ရပြီ"

တစ်ချိန်တည်းမှာပင် လုချန်ရှန်း ဟွမ်ချင်းနှင့် လျိုကျိယုတို့ထံ အသံပို့လိုက်သည်။

"ဟောင်တျန်းနတ်ပိုင်နက်က အရင်ထွက်သွားကြ၊ မင်းတို့ထွက်သွားပြီးတဲ့နောက်မှာ မင်းတို့ကို တားတဲ့သူတွေကို ကိုင်တွယ်ပြီးမှ ငါ့ကိုလာရှာကြ"

လုချန်ရှန်းဘာတစ်ခုမှ ဖုံးကွယ်မထားခဲ့ပေ။

နတ်သခင်ဟောင်တျန်း ကျေးဇူးတင်စွာပြောသည်။

"အနာဂတ်မှာ စီနီယာ ကျုပ်ကို လိုအပ်လာခဲ့ရင် စိတ်ချလက်ချပြောလို့ရပါတယ်"

အပိုင်း(867) coming။

All Chapters