#နတ်သခင်နယ်ပယ်စွမ်းအား#
Vol. 61 Ch. 867
ဟောင်တျန်းနတ်ပိုင်နက်အပြင်တွင် ဟွမ်ချင်းနှင့် လျိုကျိယုတို့က လုချန်ရှန်း၏ ညွှန်ကြားချက်အရ နတ်ပိုင်နက်အကွာအဝေးကနေ ထွက်ခွာသွားကြပြီဖြစ်သည်။
ပထမက သူတို့တွင် သံသယတစ်ချို့ရှိနေသည်။
သို့သော် လုချန်ရှန်းက အာကာသနှလုံးသားအကြောင်း သဲလွန်စမရှိဟု ဖော်ထုတ်ခဲ့သောအခါမှသာ သူတို့သံသယပျောက်သွားကြပြီး ဟောင်တျန်းနတ်ပိုင်နက်မှ ထွက်ခွာလာစဉ် လူဆယ်ယောက်ကျော်က သူတို့နောက်မှ လိုက်လာကြသည်။
သူတို့နှစ်ယောက် ဒီကိစ္စကို ဖြည်းဖြည်းချင်း ပိုပို၍နားလည်လာရသည်။
ဟွမ်ချင်းက နတ်ဖီးနစ်၏ သားစဉ်မြေးဆက်ဖြစ်သည်။
လျိုကျိယုက အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူဖြစ်သည်။
ကိစ္စရပ်များကို ဆက်နွှယ်ကြည့်ပြီးနောက်တွင် ဟောင်တျန်းနတ်ဂိုဏ်းက ဟောင်တျန်းနတ်ပိုင်နက်အတွင်းမှ တခြားဂိုဏ်းများ၏ သူလျှိုများကို ရှင်းလင်းရန်အတွက် သူတို့ကို သုံးချင်နေတာဖြစ်ကြောင်း သူတို့သိလိုက်ရသည်။
ဒါကိုသိသည့်တိုင် ဘာကြောင့် လုချန်ရှန်းက စစ်တုရင်အပိုင်းအစတစ်ခု ဖြစ်ချင်နေသေးတာကို သူတို့မသိသော်လည်း လုချန်ရှန်း ဒီလိုပြောလာကတည်းက သူ့တွင် အကြောင်းရင်းရှိရပေမည်။
လုချန်ရှန်းက ဘယ်လိုဆုံးရှုံးမှုကိုမှ ဘယ်တော့မှ မကြုံခဲ့ရသူတစ်ယောက်ဆိုတာ သူတို့သိသည်။
တကယ်တမ်းတွင် အကျိုးအမြတ်က သူ့ကို ကျေနပ်စေခြင်းမရှိပါက သူဒီကိစ္စကို ကိုင်တွယ်မည်မဟုတ်ပေ။
ထိုအချိန်တွင် ဟွမ်ချင်းနှင့် လျိုကျိယုတို့ ရပ်လိုက်သောအခါ လူဆယ်ယောက်ကျော်က ထိုနေရာကို ၀န်းရံလိုက်ကြလေပြီ။
ခြွင်းချက်မရှိ ဒီလူများက နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်များဖြစ်ကြသည်။
နတ်သခင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ သူလျှိုလုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးမလား!
ဟွမ်ချင်း၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွားပြီး လျိုကျိယုအား လှမ်းကြည့်လိုက်သည်။
ဟွမ်ချင်းဘာကို ဆိုလိုနေတယ်ဆိုတာကို သိသဖြင့် လျိုကျိယု ပခုံးတွန့်လိုက်သည်။
ထို့နောက် သူစာလိပ်ငါးခုခြောက်ခုနှင့်အတူ အဆောင်တစ်ခုကို ထုတ်ပြီး လေထဲသို့ ပစ်လိုက်သောအခါ ချက်ချင်းဆိုသလို အတားအဆီးလွှာများစွာက ဟွမ်ချင်း၊ လျိုကျိယုနှင့် ကျန်သောသူများကို ၀န်းရံပစ်သည်။
ဒီအစီအရင်အပြင်ဘက်တွင် နတ်သခင်နယ်ပယ်စွမ်းအားရှင်များပင် အာရုံခံနိုင်မည်မဟုတ်သလို သတင်းပို့ရန်ဆိုတာကလည်း မဖြစ်နိုင်တော့ပါ။
လူတစ်ဒါဇင်ကျော်က ဒါကိုမြင်သောအခါ အနည်းငယ်ကြက်သေသေသွားကြ၏။
သီးခြားအစီအရင်လား!
ဒါပေမယ့် ဒီသီးခြားအစီအရင်ကို ဘာလို့သုံးရတာလဲ!
"သူတို့ထဲက တစ်ယောက်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်ပြီး နောက်တစ်ယောက်က နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ပဲ"
"အများဆုံး သူတို့က ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမက နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူလေးယောက်ကိုပဲ သတ်နိုင်တာ"
တစ်ယောက်က နှာခေါင်းရှုံ့သည်။
"မင်းတို့က ငါတို့ကို ဒီမှာစောင့်နေကြတယ်ဆိုမှတော့ ငါတို့က နတ်သခင်အဆင့်ဂိုဏ်းတွေက ဆိုတာ မင်းတို့လည်းသိမှာပါ၊ အဲဒီသာမန်ဂိုဏ်းတွေက နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတွေက ငါတို့ကို ဘယ်လိုရင်ဆိုင်နိုင်မှာတဲ့လဲ"
"ကောင်းပြီ၊ ဒါကလည်း သတင်းအချက်အလက်တွေ ပို့ပေးနေတာကနေ တားဆီးပေးနေတာဆိုတော့ ပိုအဆင်ပြေတာပေါ့"
"အာကာသအတက်အကျနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လက်လွှဲပေးလိုက်ပါ၊ ဒါကမင်းတို့ကို မြန်ဆန်တဲ့ သေခြင်းတရားတစ်ခု ပေးကောင်းပေးနိုင်မှာပဲလေ"
ထိုလူများ၏ မဆင်မခြင်အမူအရာများကို ကြည့်ရင်း လျိုကျိယုအားကိုးရာမဲ့စွာ သက်ပြင်းချမိသည်။
သူတို့ရှေ့တွင် ရပ်နေသည့် အမျိုးသမီးက ဘယ်လောက်ထိ အားကောင်းမှန်း သူတို့မသိခဲ့ကြပါ။
ဟွမ်ချင်းပို၍ပင်ပွင့်လင်းသည်။
"ပြီးပြီလား"
လူတိုင်းကြက်သေသေသွားကြ၏။
"ပြီးပြီ"
ဟွမ်ချင်းအနည်းငယ် ခေါင်းညိတ်သည်။
"ဒါဆိုမခုခံတာပိုကောင်းမယ်၊ မဟုတ်ဘူးဆိုရင် နတ်ဖီးနစ်မီးတောက်က နင်တို့ဝိဉာဉ်နဲ့ ခန္ဓာကို လောင်ကျွမ်းနေတဲ့ နာကျင်မှုကို နင်တို့သည်းမခံနိုင်လောက်ဘူး"
ဟွမ်ချင်း၏ မောက်မာသော စကားလုံးများကို ကြားသောအခါ အားလုံးဒေါသထွက်သွားကြသည်။
သူတို့နားမလည်ကြပေ။ နတ်အင်ပါယာနယ်ပယ် အလတ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က နယ်ပယ်ဖြတ်ကျော် တိုက်ခိုက်နိုင်တယ်ဆိုရင်တောင် ငါတို့ဆယ်ယောက်ကျော်ကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ် ဒီလောက်မောက်မာရဲရတာလဲ!
ရွှီး.......!
ဟွမ်ချင်း လက်မောင်းများကို ဖွင့်သောအခလ နတ်ဖီးနစ်မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဧရာမတောင်ပံတစ်စုံက ဖီးနစ်အော်သံနှင့်အတူ ဟွမ်ချင်းနောက်က လေဟာနယ်တစ်ခုလုံးကို ဖြည့်ပစ်သည်။
ထိုအခိုက်အတန့်၌ ဟွမ်ချင်း ကျင့်ကြံခြင်းနယ်ပယ်ကို နောက်ထပ်ဖိနှိပ်မထားတော့ပါ။
ကြောက်စရာကောင်းသည့်အော်ရာတစ်ခုက အခင်းအကျင်းအစီအရင်အတွင်း မျောလွင့်နေသည်။
မူလက ဒေါသထွက်နေကြသည့် လူတစ်ဒါဇင်ကျော်၏ အမူအရာများက ထိုအချိန်တွင် အေးခဲသွားကြ၏။
သူတို့၏မျက်သူငယ်အိမ်များက စတင်ကျုံ့ကာ တုန်ယင်လာကြပြီး နှလုံးသားနှင့် မျက်လုံးများ၌ ကြောက်ရွှံ့မှု၊ ထိတ်လန့်မှု၊ မယုံနိုင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့က စတင်ပျံ့လာသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါတို့လေ့လာချက်အရ တစ်ဘက်လူက နယ်ပယ်ဖြတ်ကျော်တိုက်ခိုင်နိုင်တဲ့ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ပါရမီရှင်ပဲမလား!
သူဘယ်လိုလုပ် နတ်သခင်နယ်ပယ် စွမ်းအားရှင်ဖြစ်နေရတာလဲ!
ဒါ့အပြင် တစ်ဘက်လူ၏အော်ရာက သူတို့၏ နတ်သခင်များထက် အားမနည်းသလို ဆန့်ကျင်ဘက်ပင် ပို၍အားကောင်းနိုင်လောက်သည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ဟွမ်ချင်း သူတို့၏ကြောက်စိတ်များကို လျစ်လျုရှုထားသည်။
သူမကျောမှ အတောင်ပံများက အဆက်မပြတ် ယပ်ခတ်နေပြီး လက်ကို အနည်းငယ်မြှောက်ကာ သေးသွယ်သည့် လက်ချောင်းများနှင့် တစ်ယောက်ကို လက်ညိုးထိုးသည်။
ရုတ်ချည်းဆိုသလို လက်ညိုးထိုးခံလိုက်ရသည့်လူအား နတ်ဖီးနစ်မီးလုံးတစ်လုံး လွှမ်းခြုံသွားကြပြီး သူ့တွင် အော်ဟစ်ရန် အချိန်ပင်မရခဲ့။
နတ်ဖီးနစ်မီးတောက် ငြိမ်းပြီးပျောက်ကွယ်သွားသောအခါ ထိုလူ၏ခန္ဓာနှင့် ဝိဉာဉ်တို့၏ အရိပ်အယောင်ပင် မကျန်တော့။
ဒါက ခြေရာများနှင့် သဲလွန်စများကို ဖယ်ရှားပစ်သည်ဟူသော အဆင့်ထက်ပင် သာလွန်နေပြီ။
ကျန်သောသူများ ဒီမြင်ကွင်းကို မြင်သော်လည်း သူတို့လုံး၀မလှုပ်ရှားနိုင်ပေ။
ဟွမ်ချင်း၏ နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်အော်ရာ၏ ဖိနှိပ်မှုအောက်၌ သူတို့လက်ချောင်းလေးတစ်ချောင်းပင် မြှောက်နိုင်စွမ်းမရှိ။
ကွာဟချက်က မိုးနှင့်မြေပမာ။
မဟုတ်ပါက အဆင့်မြင့်ကြယ်နယ်မြေ၌ နတ်အင်ပါယာနယ်ပယ်သောင်းချီရှိပြီး ထိုသူများအကြားမှ နှစ်သိန်းချီ သို့မဟုတ် သန်းချီအတွင်းမှာပင် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်မျှသာ ရှိနိုင်မည်နည်း။
နတ်သခင်နယ်ပယ်အောက်က ဘယ်သူမဆို ပုရွက်ဆိတ်များပမာသာ။
ဒီစကား၌ ဘာအမှားမှ မပါရှိပါ။ အဘယ်ကြောင့်ဆိုသော် နတ်သခင်နယ်ပယ်တွင်သာ သူတို့ကိုယ်ထဲက ဝိဉာဉ်ချီများက အင်မော်တယ်ချီအဖြစ် အပြည့်အ၀ ပြောင်းလဲသွားသောကြောင့်ပင်။
.....
ထိုအခိုက်အတန့်၌ တခြားတစ်ဘက်တွင် နတ်သခင်ဟောင်တျန်း၏ အစွမ်းထက်ပြန်လည်ကုသရေးစွမ်းရည်အောက်တွင် သူနှလုံးပေါက်ကို ဒုတိယအကြိမ် စတင်ပြုပြင်မွမ်းမံသည်။
ဒီတစ်ကြိမ်တွင် အရင်တစ်ကြိမ်ကထက် ပို၍ပင် ကြာမြင့်ခဲ့သည်။
သူ့နှလုံးက ပို၍ပြင်းထန်စွာပင် ခုန်ပေါက်နေတာကို နတ်သခင်ဟောင်တျန်း ရှင်းလင်းစွာ ခံစားနိုင်ပါသည်။
နှလုံးခုန်နှုန်းနှင့်အတူ သွေးချီကလည်း အဆက်မပြတ်စိမ့်ထွက်လာသည်။
နတ်သခင်ဟောင်တျန်း လုချန်ရှန်းအား ကြည့်ပြီး သိချင်စိတ်ဖြင့်မေးသည်။
"စီနီယာ၊ အဲဒီနှစ်ယောက်မှာ သူလျှိုတွေအားလုံးကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ ခွန်အားရှိမယ်လို့ ကျုပ်မထင်ဘူး"
"ဘာပဲဆိုဆို တစ်ဘက်လူက နတ်သခင်အဆင့်ဂိုဏ်းကလေ၊ သူတို့ခွန်အားက သေချာပေါက် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမက လူတွေထက်ပိုမြင့်တယ်"
လုချန်ရှန်း ဟွမ်ချင်းနှင့်တခြားသူများ ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။ ဒါက သူအကြည့်တစ်ချက်တည်းဖြင့် လေဟာနယ်ကို ဖြတ်သန်းမြင်နိုင်သည့်အလားပင်။
ထို့နောက် သူခပ်ရေးရေးပြုံးရင်း အကြည့်လွှဲလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒါပေမယ့် ကျုပ်တို့လုပ်ခဲ့တာကို ခင်ဗျားဘယ်သူ့ကိုမှ ပြောပြလို့မရဘူး၊ နားလည်လား"
နတ်သခင်ဟောင်တျန်း လေးနက်သည့် အမူအရာဖြင့် ချက်ချင်းပြောသည်။
"စီနီယာ၊ မစိုးရိမ်ပါနဲ့၊ ကျုပ် ဟောင်တျန်းက ကျုပ်စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး"
ထို့နောက် သူကောင်းကင်ဘုံတာအိုကိုပင် ကျမ်းသစ္စာကျိန်ဆိုလိုက်သည်။
နတ်သခင်နယ်ပယ်စွမ်းအားရှင်တစ်ယောက် ပြုလုပ်ခဲ့သည့် ကောင်းကင်ဘုံတာအိုကျိန်ဆိုချက်က ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးကိုပင် ပရမ်းပတာဖြစ်စေခဲ့သည်။
မရေမတွက်နိုင်လောက်သည့်လူများက ဟောင်တျန်းနတ်ဂိုဏ်းရှိရာဘပ်သို့ ထိတ်လန့်သည့် အမူအရာများဖြင့် ကြည့်နေကြသည်။
ဘာကြောင့် နတ်သခင်ဟောင်တျန်းက ကောင်းကင်ဘုံတာအိုကျမ်းကျိန်ချက်ကို လုပ်ရသလဲဆိုတာ သူတို့သိချင်ကြသည်။
"ဘာတွေဖြစ်နေတာလဲ"
ဒါကိုမြင်သောအခါ လုချန်ရှန်း ကျေနပ်စွာ ခေါင်းညိတ်ပြီး နတ်သခင်ဟောင်တျန်း၏ ပြောင်နေသည့်ခေါင်းကို ပုတ်လိုက်သည်။
"ခင်ဗျားဘယ်လိုပြုမူရမလဲဆိုတာ သိသားပဲ"
နတ်သခင်ဟောင်တျန်း မျက်ခုံးပင့်လိုက်မိသော်လည်း ဒေါသမထွက်ခဲ့ပေ။
အကယ်၍ တခြားတစ်ယောက်သာ ဆိုပါက နတ်သခင်ဟောင်တျန်း၏ တစ်ချက်တည်းဖြင့် ရိုက်သတ်ခြင်းကို ခံရပေလိမ့်မည်။
ထိုအချိန်မှာပင် ဟွမ်ချင်းနှင့် လျိုကျိယုတို့ လုချန်ရှန်းနေရာသို့ ရောက်လာသည်။
နတ်သခင်ဟောင်တျန်း သူတို့ကို အံ့ဩသင့်တကြီး ကြည့်လိုက်မိသည်။
ဒါကိုတကယ်ပဲဖြေရှင်းပြီးသွားပြီလား!
ဒါပေမယ့် သူ့ကျင့်ကြံခြင်းနယ်ပယ်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ပဲလေ!
တစ်ခုတည်းသောရှင်းလင်းချက်က သူမကလည်း ခွန်အားကို ဖုံးကွယ်ထားခြင်းပင်။
ထိုစဉ် လုချန်ရှန်းပြောလာသည်။
"ကောင်းပြီ၊ ဒီတကြိမ်တော့ ဒီပြုပြင်မွမ်းမံမှုကို အပြီးသတ်လို့ရလောက်တယ်"
အပိုင်း(868) coming။