#ကနဦးနတ်ဘုရားနယ်ပယ်#
Vol. 61 Ch. 868
နေထွက်လာသည်နှင့် ဟောင်တျန်းနတ်ပိုင်နက်က လူတိုင်း ကမ္ဘာကြီးက ပုံမှန်မဟုတ်စွာပင် တုန်ခါနေတာကို ခံစားနိုင်ပါသည်။
၎င်းတုန်ခါတိုင်း မြေကြီးနှင့် ကောင်းကင်ကလည်း တုန်လှုပ်လာသည်။
ဒုတ်.....ဒုတ်....ဒုတ်....!
ဒါက နှလုံးခုန်သံအလားပင်။
အားကောင်းသည့် ကျင့်ကြံခြင်းအဆင့်ရှိသူများ သို့မဟုတ် ဟောင်တျန်းနတ်ဂိုဏ်းက လူများက အလယ်ဗဟိုသို့ ကြည့်လိုက်မိကြ၏။
ထိုနေရာက ဟောင်တျန်းနတ်ပိုင်နက်မှ ဆရာသခင်၏ ကျင့်ကြံခြင်းနေရာဆိုတာ သူတို့သိကြသည်။
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ နှလုံးခုန်လျှင်ပင် ကမ္ဘာကြီးကို သက်ရောက်နိုင်သည်။
ဟောင်တျန်းနတ်ဂိုဏ်းအလယ်ဗဟိုနေရာက ဖရိုဖရဲဖြစ်နေပြီး မြေကြီးက အက်၀င်ကာ အပိုင်းပိုင်းအစစပြိုကွဲနေသည်။
ကမ္ဘာ့ဖျက်တိုက်ပွဲတစ်ခု ဒီနေရာတွင် ဖြစ်ပျက်သွားခဲ့သည့်အလားပင် ထင်ရသည်။
ငွေရေကန်ဘေးတွင် ဟွမ်ချင်းနှင့် လျိုကျိယုတို့ ရပ်နေကြပြီး လုချန်ရှန်းနှင့် မျက်လုံးမှိတ်ထားသည့် နတ်သခင်ဟောင်တျန်းတို့ကို ကြည့်နေသည်။
လျိုကျိယု ရေရွတ်လိုက်သည်။
"နတ်သခင်ဟောင်တျန်းက တစ်ခါက အမှောင်အဆင့်မှာ ရှိခဲ့ပေမယ့် သူ့ကို မချည်နှောင်ထားနိုင်ခဲ့ဘူး"
"သူအခုစီနီယာလုရဲ့ လက်အောက်ခံဖြစ်လာလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး"
ဟွမ်ချင်း၏ မျက်လုံးများက လုချန်ရှန်းအပေါ် ကျရောက်နေသည်။
"ဒါကပုံမှန်ပါပဲ၊ သူက နတ်သခင်ဟောင်တျန်းထက် အများကြီးပိုအားကောင်းတယ်လေ"
"ဒါ့အပြင် သူ့မှာ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းရှိနေတယ်လေ၊ ဘာလို့နင်တို့ရဲ့ အမှောင်ပိုင်နက်ကို ၀င်ရမှာလဲ"
လျိုကျိယုအားနည်းစွာပြောသည်။
"နင့်အသံက အမှောင်ပိုင်နက်က နတ်သခင်နယ်ပယ် ကျွမ်းကျင်သူကို မချည်နှောင်နိုင်တာ ကျနေတာပဲ...."
သို့စေကာမူ ထိုလူက ဘယ်သူလဲဆိုတာ လျိုကျိယု ဆက်မပြောတော့ပါ။
ဟွမ်ချင်းကလည်း ဒီထက်ပို၍မစုံစမ်းပေ။
ပထမက ဒါက အမှောင်ပိုင်နက်၏ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ သူမသာ အတင်းမေးပါက ဒါက လျိုကျိယုအတွက် အရာများကို ပို၍ခက်ခဲစေလိမ့်မည်။
ဒုတိယအချက်တဖြစ်လဲ အရေးအကြီးဆုံးအချက်က ဟွမ်ချင်းဒီကိစ္စကို လုံး၀စိတ်မ၀င်စားခြင်းပင်။
ဟွမ်ချင်း၏ အမူအရာကင်းမဲ့နေသည့် အသွင်ကို မြင်ရသောအခါ လျိုကျိယု မျက်လုံးလိမ့်လိုက်မိသည်။
သူအများကြီးပြောခဲ့သည့်တိုင် သူမက ဘာတစ်ခါမှ ထုတ်ဖော်မပြသပေ။
ဒါက ထိုးနှက်မှုကြီးတစ်ခုပေတည်း။
ထိုအချိန်မှာပင် ကမ္ဘာကြီးက ရုတ်တရက် တုန်ခါသွားခဲ့သည်။
ဒီတစ်ကြိမ်တုန်ခါမှုက အရင်အကြိမ်ကထက် အများကြီး ပိုကြီးမားသည်။
နှလုံးခုန်သံကြီးတစ်သံက ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်သွားသည်။
တောင်များက ပြိုကျသွားပြီး ပင်လယ်က မြှင့်တက်လာကာ ဒါက ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးကို သက်ရောက်စေသည်။
မရေမတွက်နိုင်လောက်သည့်သူများ ခေါင်းမော့ပြီး တုန်ခါနေသည့် ကောင်းကင်အား အထိတ်တလန့်ကြည့်နေကြ၏။
ဟောင်တျန်းနတ်ဂိုဏ်းကလူများကမူ ပျော်ရွှင်နေသလို အံ့ဩသင့်နေကြသည်။
နတ်သခင်အဆင့်ချိုးဖျက်သွားတာလား!
အကယ်၍ နတ်သခင်၏ခွန်အားကသာ ထပ်တိုးလာပါက ဒါက ဟောင်တျန်းနတ်ဂိုဏ်းတစ်ခုလုံးတင်မဟုတ်ဘဲ ဟောင်တျန်းနတ်ပိုင်နက်တစ်ခုလုံးကိုပါ သက်ရောက်စေလိမ့်မည်။
သူတို့အားလုံးတွင်လည်း တိုင်းတာ၍မရနိုင်သည့် အကျိုးကျေးဇူးများရလာမည်။ နတ်သခင်နယ်ပယ်တွင် အနည်းငယ်မျှ တိုးမြှင့်မှုကပင် ကွာဟချက်ကို ကျယ်သွားစေနိုင်သည်။
ထိုအချိန်တွင် ငွေရေကန်နား၌ နတ်သခင်ဟောင်တျန်း ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့်တွင် ကမ္ဘာကြီးထဲတွင် ကျယ်လောင်သည့် နှလုံးခုန်သံတစ်သံ မြည်ဟီးလာခဲ့သည်။
လုချန်ရှန်းကလည်း လက်ချောင်းကို ရုက်သိမ်းလိုက်သည်။
သူ့နှလုံးပေါက်ကို ပြုပြင်မွမ်းမံပြီးနောက် အချိန်အတော်ကြာပိတ်မိနေခဲ့သည့် နတ်သခင်ဟောင်တျန်း၏ နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်က အဆုံးစွန်အဆင့်ထိပင် တက်ရောက်သွားခဲ့သည်။
(အဆုံးစွန်အဆင့်ဟူသည် နတ်သခင်နယ်ပယ်အပြီး နောက်နယ်ပယ်နှင့် လက်တစ်လုံးမျှသာ ခြားတော့သည့်အဆင့်ဖြစ်သည်)
နတ်သခင်ဟောင်တျန်း သူ့ကိုယ်ထဲက ပြောင်းလဲမှုများကို ခံစားနိုင်သဖြင့် အတော်လေးအံ့ဩသင့်သွားသည်။
ထို့နောက် သူလေးနက်သည့်အမူအရာဖြင့် လုချန်ရှန်းအားကြည့်ပြီး ဒူးတစ်ဖက်ထောက်ကာ ဂုဏ်ယူရသည့်ခေါင်းကို အနည်းငယ်ငုံ့ပြီး လက်အစုံကို ခေါင်းပေါ်မြှောက်ကာ ပြောသည်။
"ဟောင်တျန်း စီနီယာရဲ့ကြင်နာမှုကို မှတ်မိနေပါမယ်"
"တကယ်လို့ အနာဂတ်မှာ အကူအညီတစ်ခုခု လိုလာခဲ့ရင် ဟောင်တျန်းနတ်ဂိုဏ်းက စီနီယာလက်ထဲမှာရှိနေမှာပါ"
တခြားသူများသာ နတ်သခင်ဟောင်တျန်း၏ စကားလုံးများကို ကြားမည်ဆိုပါက သူ့ကတိက လေးလံပြင်းထန်လွန်းသည့်အပေါ် အံ့ဩသင့်သွားကြနိုင်သည်။
သို့စေကာမူ တကယ်တမ်း၌ ဒါကချဲ့ကားခြင်းမဟုတ်ပေ။
နတ်သခင်ဟောင်တျန်း၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က အတော်လေးအစွမ်းထက်သည်။
သူ့ထက်ပိုအားကောင်းသည့် သူများပင်လျှင် သူ့အား ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒမရှိချေ။
သို့သော်ယခုတွင်မူ နတ်သခင်ဟောင်တျန်းက နှလုံးကိုဖွင့်ပြီး နှလုံးမရီဒျန်များ၏ သန့်စင်မှုကို ပြီးမြောက်ခဲ့သလို နတ်သခင်နယ်ပယ် အဆုံးစွန်အဆင့်ကိုပင် တက်လှမ်းသွားခဲ့လေရာ သူ့ခွန်အားကလည်း အဆင့်အနည်းငယ် တိုးလာခဲ့သည်။
အချိန်ကျလာပါက နတ်သခင်ဟောင်တျန်း၏ ခွန်အားက ထိပ်ဆုံးသုံးယောက်ထဲပင် ၀င်နိုင်ပေသည်။
တစ်ဦးချင်းတိုက်ပွဲတွင် အဆင့်ကြယ်နယ်မြေတွင် မည်သူကမှ နတ်သခင်ဟောင်တျန်းကို ဘာမှလုပ်နိုင်မည်မဟုတ်။
ဒါက နတ်နယ်မြေ၌ ဟောင်တျန်း၏ ပုံရိပ်ကို ပိုတိုးလာစေခဲ့သည်။
ဒါက နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းအတွက် အလွန်အမင်းအရေးပါသည်ဟုလည်း ဆို၍ရသည်။
ခွန်အားအရာ၌ တိုးလာခြင်းက သူ့တွင် အရင်းအမြစ်ပိုများလာတော့မည်ဟု ဆိုလိုခြင်းပင်။
ဤသည်က ဟောင်တျန်းနတ်ဂိုဏ်းသို့ သွေးသစ်များကို ပို၍ဆွဲဆောင်စေပြီး သူတို့၏ အခြေခံနှင့် ယေဘုယျစွမ်းအားကိုပါ အဆက်မပြတ် တိုးလာစေလိမ့်မည်။
နှစ်အနည်းငယ်အကြာတွင် ဟောင်တျန်းနတ်ဂိုဏ်းက ဘယ်လိုလုပ် မတိုးတက်ဘဲ နေတော့မည်နည်း။
ထို့ကြောင့် လုချန်ရှန်း နတ်သခင်ဟောင်တျန်းကို အများကြီးကူညီပေးခဲ့သည်။
နောက်ထပ်အရေးကြီးသည့် အချက်တစ်ချက်ရှိသေးသည်။
နတ်သခင်ဟောင်တျန်း၏ အမြင်အရ သူ့ရှေ့က ဒီစီနီယာလုက သူ့ကို နတ်သခင်နယ်ပယ် အဆုံးစွန်အဆင့်ကို တက်လှမ်းရန်အတွက်ပင် ကူညီနိုင်လေရာ ဒါက တစ်ဘက်လူက အနည်းဆုံးတော့ နတ်သခင်နယ်ပယ် အဆုံးစွန်အဆင့်တွင် ရှိမည်ဟု ဆိုလိုနေခြင်းပင်။
မဟုတ်ပါက သူ့ကိုယ်ပိုင်စွမ်းအားကသာ မလုံလောက်ပါက တခြားသူများကို ဘယ်လိုလုပ် ကူညီနိုင်မည်နည်း။
ဒါ့အပြင် လုချန်ရှန်း ရှင်ခြင်းတာအိုကို ကျွမ်းကျင်ထားသည်။
ဒါက မဟာတာအို၃၀၀၀ထက်ပင် သာလွန်နေသည့် စွမ်းအားတစ်ခုပင်။
ယခုလိုလူမျိုးကို နတ်သခင်ဟောင်တျန်း ကျေးဇူးကြွေးတင်ရန် ဘယ်လိုလုပ် ပဏာမခြေလှမ်းမလှမ်းဘဲ နေမည်နည်း။
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ခင်ဗျားပြောခဲ့တာကိုပဲ သတိရပါ"
နတ်သခင်ဟောင်တျန်း ခေါင်းညိတ်ပြီး တောက်ပသည့်အပြုံးဖြင့်ပြောသည်။
"စီနီယာ၊ ဒီအကြောင်းကို မစိုးရိမ်ပါနဲ့၊ ဘာပဲဆိုဆို ကျုပ် ကောင်းကင်ဘုံတာအိုကျမ်းကျိန်ချက်ကိုလည်း လုပ်ခဲ့တာပဲလေ"
လုချန်ရှန်းခေါင်းညိတ်သည်။
သူချက်ချင်းထွက်သွားချင်သော်လည်း တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား နတ်သခင်ဟောင်တျန်းအား ကြည့်ပြီးမေးသည်။
"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ဘယ်မှာလဲ"
နတ်သခင်ဟောင်တျန်းပြန်မေးသည်။
"စီနီယာ၊ ခင်ဗျားလက်စားသွားချေချင်လို့လား"
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က လုချန်ရှန်းနှင့် ကျန်သောသူများကို ပစ်မှတ်ထားနေတာကို နတ်သခင်ဟောင်တျန်းသိပါသည်။
လုချန်ရှန်းခေါင်းညိတ်သည်။
ထိုအခါနတ်သခင်ဟောင်တျန်း ရယ်မောသည်။
"သူတို့တန်ဖိုးပေးဆပ်ခဲ့ရပြီးပြီလေ၊ စီနီယာသွားနယ်ဆိုရင်တောင် ဘာလျော်ကြေးမှ မရလောက်တော့ဘူး"
လုချန်ရှန်း နတ်သခင်ဟောင်တျန်းအား ကြည့်ပြီးမေးသည်။
"ကျုပ်အဲဒီကို လျော်ကြေးတောင်းဖို့အတွက် သွားမယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ"
"???"
"သူတို့က ကျုပ်ကိုအနိုင်ကျင့်ခဲ့တော့ ကျုပ် အကြီးအကဲတစ်ချို့နဲ့ ဂျူနီယာပါရမီရှင်လေးကို သတ်ပစ်ခဲ့တယ်"
"တစ်ဘက်လူက ကျုပ်ကို သေချာပေါက် မုန်းတီးနေမှာပဲ၊ ဒီတော့ သူတို့ကို အဆိပ်ပြင်းမြွေတွေလို အလွတ်ပေးထားရမယ့်အစား အရင်ဆုံးဖျက်ဆီးပစ်တာက ပိုကောင်းတယ်"
နတ်သခင်ဟောင်တျန်း ဆွံအသွား၏။
တစ်ချိန်တည်းမှာပင် ကြောက်စိတ်တစ်စွန်းတစ်စက သူ့နှလုံးသားထဲ ပေါ်လာခဲ့သည်။
ဒီစကားလုံးများက တခြားဘာအတွေးမှ မ၀င်လာစေရန်အတွက် သူ့ကို သတိပေးတာလည်း ဖြစ်လောက်သည်။
နတ်သခင်ဟောင်တျန်း လုချန်ရှန်းကို ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်၏ တည်နေရာကို ပြောပြလိုက်သည်။
လုချန်ရှန်း ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ရှိရာသို့ ဦးတည်ခေါ်ဆောင်သွား၏။
ဟောင်တျန်းနတ်ပိုင်နက်မှ လုချန်ရှန်းထွက်သွားပြီးနောက်မှသာ နတ်သခင်ဟောင်တျန်း တင်းဝေကိုခေါ်ပြီး လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"ဂိုဏ်းတစ်ဂိုဏ်းလုံးကို စီနီယာလုနဲ့ ကျန်နှစ်ယောက်ကို တွေ့ခဲ့ရင်တောင် ရန်မစဖို့ ပြောလိုက်"
ဒါကိုကြားသောအခါ တင်းဝေဘာကြောင့်လဲဆိုတာကို မမေးဘဲ ထိတ်လန့်သွားရသည်။ ဘာလို့နတ်သခင်က လုချန်ရှန်းကို အရမ်းကြောက်နေရတာလဲ!
ထို့နောက် သူခေါင်းညိတ်ကာ နတ်သခင်၏ အမိန့်ကို ကြေညာရန်အတွက် ထွက်သွားသည်။
နတ်သခင်ဟောင်တျန်း လုချန်ရှန်းထွက်သွားရာဘက်သို့ ကြည့်ပြီးနောက် သက်ပြင်းချသည်။
"စီနီယာလု ဘယ်နယ်ပယ်ကို ရောက်နေသလဲဆိုတာ ငါတကယ်သိချင်မိတယ်... သူငါတို့ရှေ့ကနေ လျှောက်လှမ်းနေပြီး ဒဏ္ဍာရီလာနယ်ပယ်ကို ခြေချ၀င်သွားပြီလား"
နတ်သခင်နယ်ပယ်အထက်တွင် ကနဦးနတ်ဘုရားနယ်ပယ်ရှိသည်ဟုလည်း သိကြသည်။
အပိုင်း(869) coming။