#ထာ၀ရမိုးကြိုးအစီအရင်#
Vol. 62 Ch. 869
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က တောင်ကြီးများနှင့် ၀န်းရံထားသည့် တောင်ကြားတစ်ခုတွင်ရှိသည်။
မူလက ဒီတောင်ကြား၏အမြင့်က တိမ်များနှင့် ၀န်းရံပစ်ရန်ပင် လုံလောက်နေလေပြီ။
သို့စေကာမူ အနီး၀န်းကျင်၌ တိမ်များဟူ၍မရှိဘဲ တောင်ကြောကို လျှပ်စီးပင်လယ်တစ်ခုပမာ ဖုံးလွှမ်းထားသည့် အဆုံးမဲ့လျှပ်စီးအရည်များသာ ရှိသည်။
အလွန်အမင်းထူထဲသည့် မိုးကြိုးစွမ်းအားနှင့်အတူ အဖျက်အော်ရာကို ထုတ်လွှတ်စဉ် တခြစ်ခြစ်မြည်သံများကိုပင် ကြားရသည်။
ဒါ့အပြင် ဒီနေရာက အသက်အတွက် တားမြစ်ထားသည့် ဇုန်တစ်ခုပမာ။
သို့စေကာမူ လျှပ်စီအရည်များ၏ အထက်တွင် ဧရာမနန်းတော်ကြီးတစ်ခု လွင့်မြောနေသည်။
ဒီနေရာက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တည်ရှိရာ နေရာပေတည်း။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ အထူးကာကွယ်ရေးပစ္စည်းများသာ မရှိပါက နတ်ဘုရင်နယ်ပယ်အောက်က မည်သူမဆို ဒီနေရာကို ၀င်ရောက်ရန်အတွက် အရည်အချင်းမမှီပါ။
ဒီထဲကို ခြေချ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် အဖျက်အော်ရာဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့လျှပ်စီးရည်များက ချက်ချင်းသေစေမည်ဖြစ်သလို သူ့တို့၏ ကိုယ်ခန္ဓာများပင်လည်း ဖျက်ဆီးခံရပေလိမ့်မည်။
ဒီအတွက်ကြောင့်ပင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်အနီး၀န်းကျင်၌ အစောင့်သိပ်မရှိချေ။
ထိုအချိန်တွင် လျှပ်စီးပင်လယ်ထဲက ဧရာမနန်းတော်ကြီးထဲ၌ အင်မတန်ကိုကြမ်းတမ်းပြီး မုတ်ဆိတ်ဗရပွနှင့် လူတစ်ယောက် ရပ်နေပြီး သူ့ရှေ့က အကြီးအကဲအား မည်းမှောင်သည့် အမူအရာဖြင့်ကြည့်နေသည်။
"တန်ချူနဲ့ ဟဲလျန်တို့ရဲ့ဝိဉာဉ်တုံကင်တွေက ပြိုကွဲသွားပြီ၊ ဘယ်သူလုပ်ခဲ့တာလဲဆိုတာ အခုထိမသိရသေးဘူးလား"
လက်ရှိခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကို မြူခိုးလွှာတစ်ခုထဲတွင် ဖုံးကွယ်ထားသည်။
ဒါက လျှပ်စီးပင်လယ်၌ အိပ်ပျော်နေသည့် ကြမ်းတမ်းသောမိုးကြိုးသားရဲတစ်ကောင်အလား။
သူတို့ပစ်မှတ်ကို ရှာသေးသရွေ့ လှောင်အိမ်ကနေ လွတ်မြောက်ရန် ကြိုးစားသည့်ပမာ ဖြစ်နေမည်ဖြစ်ကာ သူတို့ သွေးသံတရဲရဲ ပါးစပ်များကိုဟပြီး ပစ်မှတ်ကို အပိုင်းပိုင်းအစစ ကိုက်ဖြတ်ပစ်ပေလိမ့်မည်။
ထိုအကြီးအကဲ၏ အမူအရာကလည်း ကြောက်မက်ဖွယ်ရာ မည်းမှောင်နေသည်။ ဂိုဏ်းချုပ်ဟဲလိန်၏ စကားလုံးများကို ကြားပြီးနောက်တွင် သူခေါင်းခါယမ်းသည်။
"ဝိဉာဉ်တုံကင်ပျက်စီးသွားပြီးနောက်မှာ ပျံ့သွားတဲ့ အော်ရာအရိပ်အယောင်လေးတောင် မရှိခဲ့ပါဘူး၊ ဒါက လေထဲမှာတင် ပျောက်ကွယ်သွားသလိုပါပဲ"
"သေဆုံးမှုရဲ့တည်နေနဲ့ပတ်သက်ပြီးတောင် ဘာသဲလွန်စမှ ခြေရာခံလို့မရပါဘူး"
အကြီးအကဲ၏ စကားလုံးများကို ကြားသောအခါ ဟဲလိန်အံကြိတ်သည်။ သူ့မုတ်ဆိတ်များက ထောင်မတ်နေပြီး ခရမ်းရောင်လျှပ်စီးက မုတ်ဆိတ်မျှင်တိုင်းကို ၀န်းရံနေသည်။
ထို့နောက် သူရုတ်တရက် ကြမ်းပြင်ကို တက်ဆောင့်ပစ်သည်။
ဂျုန်း......!
ရုတ်ချည်းဆိုသလို ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တစ်ခုလုံး တုန်ခါသွားသည်။
ပတ်ပတ်လည်က အဆုံးမဲ့လျှပ်စီးပင်လယ်က လှိုင်းလုံးကြီးများကို ဖြစ်စေပြီး ၀န်းကျင်က တောင်နံရံများကို ရိုက်ခတ်သည်။
မိုးထိမြင့်မားနေသည့် တောင်များကလည်း တုန်ခါနေကြသည်။
ဒီတောင်များကို အဆုံးမဲ့လျှပ်စီးအရည်ဖြင့် ယှဉ်၍မရနိာင်လောက်အောင် ခိုင်မာသည်အထိ ပြုပြင်ထားခြင်းမရှိပါက အားလုံး ပြိုကျပျက်စီးသွားပေလိမ့်မည်။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်မှ အကြီးအကဲများနှင့် တပည့်များ ဒီမြင်ကွင်းကို အာရုံခံမိသောအခါ သူတို့ ထိတ်လန့်သွားကြ၏။
ဘယ်အရာက ဂိုဏ်းချုပ်ကို ဒီလောက် ဒေါသထွက်စေတာလဲ!
နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ထုတ်ဖော်သောအခါ အထူးသဖြင့် မိုးကြိုးတာအိုစည်းမျဉ်းကို အလွန်မြင့်မားသည့် အဆင့်တစ်ခုအထိ ကျင့်ကြံထားသော ဟဲလိန်ကဲ့သို့ သူမျိုးဆိုပါက သူ့စိတ်ခံစားမှု အတက်အကျများကပင် ကမ္ဘာကြီးထဲတွင် ဧရာမပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။
ဟဲလိန်၏မျက်လုံးများက ခက်ထန်နေသည်။ လျှပ်စီးက သူ့မျက်လုံးများ၌ ကမ္ဘာကြီး၏ အဆုံးသတ်အလား ထိုးထွက်နေသည်။
"စုံစမ်းစစ်ဆေးစမ်း၊ ဟဲလျန်၊ တန်ချူနဲ့ ကျန်တဲ့သူတွေကို သတ်တဲ့သူကို ဘယ်လောက်ပဲ ကုန်ကျပါစေ ရှာကြ"
"မဟုတ်ဘူးဆိုရင် ငါ့ရဲ့ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ဒီအဆင့်မြင့်ကြယ်နယ်မြေမှာ ဘယ်လို ခြေချနိုင်တော့မလဲ၊ ငါတို့ဂုဏ်သတင်းကို ဘယ်လိုရနိုင်တော့မလဲ"
ဒါကိုကြားသောအခါ အကြီးအကဲ၏ အမူအရာက လေးနက်သွားပြီး ခေါင်းညိတ်သည်။
"နားလည်ပါပြီ၊ ကျွန်တော်အခုသွားလိုက်ပါမယ်"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အသံတစ်သံက တောင်ကြားတစ်ခုလုံးအတွင်း ပဲ့တင်ထပ်ကာထွက်လာသည်။
"သွားရှာနေစရာမလိုဘူး၊ ကျွန်မဒီမှာရှိနေပြီ"
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်အပြင်ဘက်တွင် ထိုစကားပြောနေစဉ် မီးတောက်များက အဆုံးမဲ့လျှပ်စီးပင်လယ်ကို ၀န်းရံထားပြီးဖြစ်သည်။
လျှပ်စီးပင်လယ်က ဘယ်လောက်ပင် ပြင်းထန်ပါစေ ဒီမီးလှောင်အိမ်ကို မချိုးဖျက်နိုင်ပါ။
ထိုအသံကို ကြားသောအခါ အကြီးအကဲ၏ အမူအရာက ပြောင်းလဲသွား၏။
သူစကားပြောရန်ပြင်လိုက်စဉ်မှာပင် ဟဲလိန်၏ ပုံရိပ်က ထိုနေရာကနေ ပျောက်ကွယ်သွားလေပြီ။
ကျန်ရစ်ခဲ့တာက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တစ်ခုလုံး၌ ပြန့်သွားသည့် အော်ဟစ်သံတစ်သံပင်။
"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ရဲ့စစ်အင်အား အားလုံး သီးသန့်ကျင့်ကြံတာကို အဆုံးသတ်ပြီး ရန်သူကို လက်ခံဖို့ ပြင်ဆင်ကြ"
ချက်ချင်းဆိုသလို ဟဲလိန် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်အပြင်ဘက်သို့ ရောက်သွားလေပြီ။
ထိုအချိန်မှာပင် ပါရမီရှင်တပည့်များ၊ အကြီးအကဲများနှင့် အဆင့်မြင့်မဟာအကြီးအကဲများကလည်း ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
သူတို့၏ဂိုဏ်းချုပ်ဟဲလိန်က နတ်မိုးကြိုးခန်းမအထက်တွင်ရပ်နေပြီး သူ့ရှေ့က အနီရောင်၀တ်ထားသည့် အမျိုးသမီးကို လေးလေးနက်နက် စိုက်ကြည့်နေသည်။
အမျိုးသမီး၏ကိုယ်ကို မီးလျှံများက ဝန်းရံထားလေရာ မီးနတ်ဘုရားမတစ်ပါး သေမျိုးကမ္ဘာက အပြစ်သားအားလုံးကို အပြစ်ပေးရန်အတွက် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့်အသွင်။
မည်သည့်အတွက်ကြောင့် ဟဲလိန်၏ ဒေါသထွက်နေသည့် အမူအရာက ချက်ချင်းဆိုသလို လေးနက်သည့် အမူအရာတစ်ခုအဖြစ် ပြောင်းလဲသွားရသနည်း။
အဖြေကရိုးရှင်းပါသည်။ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမ၏ ဂိုဏ်းချုပ်နေရာတွင် ထိုင်နိုင်သည့်အပေါ် ဟဲလိန်က ဦးနှောက်မရှိသူတော့မဟုတ်ပါ။
တစ်ဘက်လူက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမကို တစ်ယောက်တည်း လာရဲသဖြင့် သူ့တွင်ယုံကြည်မှုရှိရပေမည်။
ဒါ့အပြင် သူ့၏နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကျင့်ကြံခြင်းဖြင့် သူ့ရှေ့က ဒီအမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်ကို သူပင်လျှင် ထိုးဖောက်မြင်နိုင်စွမ်းမရှိသလို သူမဆီက ထုတ်လွှတ်သည့် မီးတောက်က သူ့ကို အကြီးအကျယ်ထိတ်လန့်စေသည်။
"ဖီးနစ်မီးတောက်.... မဟုတ်ဘူး၊ ဒါက ဖီးနစ်မီးတောက်ထက် အများကြီး အားကောင်းတယ်...မင်းကဘယ်သူလဲ"
သူမကဟွမ်ချင်းပေတည်း။
ဟွမ်ချင်း၏ အမူအရာကတည်ငြိမ်နေပြီး ဟဲလိန်ကို ကြည့်လိုက်သည်။
"ရှင့်ရဲ့ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က လူတွေကို သတ်ခဲ့တဲ့လူလို့ ကျွန်မမပြောခဲ့လို့လား"
နားထောင်ပြီးနောက် ဟဲလိန်၏ အမူအရာက ပို၍ပင် ကြည့်ရဆိုးလာသည်။
သူမက သူ့ရှေ့တွင်ပင် ဒီလိုစကားမျိုးပြောရဲသည်။
တစ်ဘက်လူက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တစ်ခုလုံးကို ဘယ်လောက်ပင် လျစ်လျူရှုထားလေသနည်း။
ဒါကိုတွေးမိသောအခါ ဟဲလိန်ဘာတစ်ခုမှ ဆက်မပြောတော့ပါ။
"ဒီလိုဆိုမှတော့ မင်းဒီနေရာမှာ ထာ၀ရနေပြီး အဆုံးမဲ့လျှပ်စီးပင်လယ်မှာ ပိတ်မိနေပေတော့၊ ငါမင်းကို လျှပ်စီးပင်လယ်ရဲ့ နှိပ်စက်မှုကို ထာ၀ရခံစားရအောင် လုပ်ပစ်မယ်"
ထိုနေရာတွင် ဟဲလိန် အကြောင်းအရာပြောင်းပစ်သည်။
"အကြီးအကဲတို့၊ နားထောင်ကြ"
"ထာ၀ရမိုးကြိုးအစီအရင်ကို ဖွဲ့စည်းဖို့ တပည့်အားလုံးကို ဦးဆောင်ပါ"
ထို့နောက် ဟဲလိန် အရင်ဆုံး မြင့်မားသည့် နေရာတစ်ခုသို့ ခုန်တက်သွားပြီး လက်နှစ်ဖက်နှင့် ရုတ်တရက်စည်းတံဆိပ်တစ်ခု ဖန်တီးသည်။
မိုးကြိုးစွမ်းအားအမျှင်တန်းများက ကောင်းကင်မှတဆင့် ကြယ်စင်စုတစ်ခု ကြွေကျလာသည့်အလား စီးဆင်းလာသည်။
ရုတ်ချည်းဆိုသလို ထာ၀ရမိုးကြိုးဘုရင်၏ ကြီးမားသည့်ပုံရိပ်ကလည်း ကမ္ဘာကြီးထဲသို့ ဆင်းသက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် တပည့်များက ထာ၀ရမိုးကြိုးဘုရင်အောက်တွင် ရပ်နေကြသည်။
အကြီးအကဲများနှင့် အဆင့်မြင့်မဟာအကြီးအကဲများက ထာ၀ရမိုးကြိုးဘုရင်၏ ရင်ဘတ်သို့ ရောက်လာကြပြီး စည်းတံဆိပ်များ ဖန်တီးကြသည်။
ထိုအချိန်မှာပင် အောက်က အဆုံးမဲ့လျှပ်စီးပင်လယ်က ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွား၏။
လျှပ်စီးအရည်အပိုင်းကြီးများက လေထဲတွင် တောက်ပသည့် စက်ဝိုင်းတစ်ခုကို ရေးဆွဲကာ ထာ၀ရမိုးကြိုးဘုရင်ပုံရိပ်ထဲသို့ အဆက်မပြတ် တိုး၀င်သွားကြ၏။
ဒါက ကွန်တိန်နာတစ်ခုနှင့်တူသည်။
လျှပ်စီးအရည်များက ထာ၀ရမိုးကြိုးဘုရင်၏ကိုယ်ထည်သို့ အဆက်မပြတ် ဖြည့်စွက်ပေးနေသည်။
တဖြည်းဖြည်းနှင့် အဖျက်စွမ်းအားတစ်ခုဖြင့် ပြည့်နှက်သွားလေရာ လက်ကို မြှောက်လိုက်စဉ် မိုးကြိုးဆင်းသက်လာပြီး မိုးကြိုးနတ်ဘုရားပုံရိပ်ကလည်း ဆင်းသက်လာခဲ့သည်။
ထာ၀ရမိုးကြိုးဘုရင် အဆုံးမဲ့လျှပ်စီးပင်လယ်ထဲသို့ တက်နင်းပြီး အောက်က တောင်ပေါ်သို့ ဆင်းသက်သွားသည်။
ဒီအဖျက်အော်ရာကို ခံစားမိသည့်အပေါ် ဟွမ်ချင်းအနည်းငယ်ခေါင်းညိတ်သည်။
"ရှင့်တို့မှာ အတော်လေးစွမ်းဆောင်ရည် ရှိသားပဲ"
ဒီထာ၀ရမိုးကြိုးအစီအရင်က နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ခွန်အားအဆင့်ကိုပင် ရောက်နေလေပြီ။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က တကယ်တမ်းတွင် ပထမတန်းစားအင်အားစုများအကြား ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်သည်။
ဟဲလိန် ဟွမ်ချင်း၏အသံကို ကြားသောအခါ အေးစက်စွာရယ်မောသည်။
"မင်းအခုလေးတင် မောက်မာနေတာမလား"
ထို့နောက် ဟဲလိန် ထာ၀ရမိုးကြိုးဘုရင်၏ မျက်ခုံးကြား၌ရပ်ပြီး ဟွမ်ချင်းထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
တစ်ချိန်တည်းမှာပင် ဧရာမထာ၀ရမိုးကြိုးဘုရင်ကလည်း အဆုံးမဲ့အဖျက်မိုးကြိုးကို သယ်ဆောင်ထားသည့် တောင်ကဲ့သို့ လက်သီးကိုဆုပ်ကာ ဟွမ်ချင်းထံသို့ ထိုးနှက်ပစ်သည်။
ပတ်၀န်းကျင်၌ မိုးကြိုးစွမ်းအားက ဖြတ်သန်းသွားပြီး လေဟာနယ်ကို ထက်ရှသည့်ဓားများပမာ ဖြတ်တောက်သွားသည်။
ဟွမ်ချင်း၏အမူအရာက မပြောင်းလဲဘဲ ရှိနေပြီး သူမလက်ညိုးထိုးလိုက်၏။
အပိုင်း(870) coming။