#ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ပျက်စီးခြင်း#
Vol. 62 Ch. 870
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တည်ရှိရာ တောင်ကြားအတွင်း အဆုံးမဲ့လျှပ်စီးပင်လယ်က မုန်တိုင်းထန်သည့် လှိုင်းများကို အစပျိုးစေပြီး ပတ်၀န်းကျင်က မိုးထိကျောက်နံရံများကို အဆက်မပြတ် ရိုက်ခတ်နေသည်။
ပေါက်ကွဲမှုများစွာလည်းရှိသည်။
တစ်ချိန်တည်းမှာပင် ခန်းမအထက်က ကောင်းကင်၌ ထာ၀ရမိုးကြိုးဘုရင်၏ ပုံရိပ်က ကမ္ဘာကြီးကိုဖျက်ဆီးနေသည့် မိုးကြိုးနတ်ဘုရားတစ်ပါးပမာ။
သူ့တစ်ကိုယ်လုံးကို ယှဉ်၍မရနိုင်လောက်အောင် ထူထဲသည့် လျှပ်စီးတိုင်များနှင့် ၀န်းရံထားသည်။
အဖျက်အော်ရာတစ်ခုထွက်လာပြီး လေဟာနယ်ထဲတွင် ပြည့်နှက်သွား၏။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမမှ ဟဲလိန် လက်တံဆိပ်များကို ဖန်တီးရင်း အော်သံတစ်ချက်နှင့်အတူ ဟွမ်ချင်းထံ ထိုးနှက်ပစ်သည်။
တစ်ချိန်တည်းမှာပင် ထာ၀ရမိုးကြိုးဘုရင်ကလည်း ခရမ်းရောင်လျှပ်စီးဖြင့် ရစ်ပတ်နေသည့် သူ့၏တောင်ပမာလက်သီးကို ဟွမ်ချင်းရှိရာသို့ လွှဲယမ်းလိုက်သည်။
ဒါကိုမြင်သည့်တိုင် ဟွမ်ချင်းနောက်မဆုတ်သွားခဲ့ပေ။
သူမအတွက် နောက်ဆုတ်စရာမလိုပါ။ သူမ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည့် လက်သီးကြီးကို တည်ငြိမ်စွာပင် ကြည့်နေသည်။
လက်သီးမရောက်လာသေးခင်မှာပင် လျှပ်စီးအမျှင်တန်းများက ဟွမ်ချင်း၀န်းကျင်၌ ရစ်ပတ်နေလေပြီ။
ဟွမ်ချင်း အရာရာတိုင်းကို လျစ်လျူရှုထားပုံရပြီး လက်ချောင်းနှင့် ညင်သာစွာသာ ညွှန်လိုက်သည်။
ရုတ်ချည်းဆိုသလို နတ်ဖီးနစ်မီးတောက်များက ဟွမ်ချင်းလက်ချောင်းထိပ်တွင် စုစည်းလာပြီး နတ်မီးလှံတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ နတ်ဖီးနစ်မီးတောက်၏ ခြေရာတစ်စွန်းတစ်စပင် မကျန်ရှိခဲ့ဘဲ လှံထဲ၌ လုံး၀ပါ၀င်ဖြည့်စွက်သွားခဲ့သည်။
လက်သီးချဉ်းကပ်လာသည့်အချိန်မှာပင် ဟွမ်ချင်း လက်ချောင်းများကို တောက်လိုက်၏။
ရွှီး......!
နတ်ဖီးနစ်၏ စူးရှသည့်အော်သံနှင့်အတူ နတ်မီးလှံကို ထာ၀ရမိုးကြိုးဘုရင်၏ လှိုင်းထန်နေသည့်လက်သီးအား တိုက်ရိုက်ပင် ထိုးဖောက်သွားသည်။
ထို့နောက် အာကာသကို ဖြတ်သန်းသွားစဉ် လှံကြောင့်ပင် အာကာသက အဆက်မပြတ်စုတ်ပြဲသွား၏။
ဒီမြင်ကွင်းကိုမြင်သောအခါ ဟဲလိန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။
သူ့တွင်တုံ့ပြန်ရန်ပင် အချိန်မရှိခဲ့ဘဲ ထာ၀ရမိုးကြိုးဘုရင်၏လက်သီးက လှံဖြင့် ရုတ်ချည်း ထိုးစိုက်ခြင်းကို ခံရသည်။
ဟွမ်ချင်း လက်သီးဆုပ်လိုက်သည်။
ထိုစဉ်မှာပင် နတ်မီးလှံက ထာ၀ရမိုးကြိုးဘုရင်၏လက်သီးထဲတွင် ချက်ချင်းပေါက်ကွဲသွားပြီး အဆုံးမဲ့နတ်ဖီးနစ်မီးတောက်များက လက်သီးထဲတွင်ပင် ပွင့်လန်းလာခဲ့သည်။
ဂျုန်း.......!
အဆုံးမဲ့မီးတောက်များက လျှပ်စီးကိုယ်ထည်ကို အဆက်မပြတ်တိုက်စားနေပြီး နောက်ဆုံး၌ ပေါက်ကွဲကာ နတ်ဖီးနစ်မီးမုန်တိုင်းတစ်စင်းက လေဟာနယ်အား ဖြတ်သန်းသွား၏။
ထိုအချိန်မှာပင် ထာ၀ရမိုးကြိုးဘုရင်၏ ကိုယ်တစ်၀က်က ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် ထာ၀ရမိုးကြိုးအစီအရင်ထဲက မရေမတွက်နိုင်လောက်သည့် တပည့်များနှင့် အကြီးအကဲများက ပြာအဖြစ် ပြောင်းသွားကြသည်။
ဟဲလိန် ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေမိသည်။ သူမျက်သူငယ်အိမ်များက ကျုံ့သွားပြီး ဟွမ်ချင်းအား စိုက်ကြည့်သည်။
"ငါအဆင့်မြင့်ကြယ်နယ်မြေက နတ်သခင်တွေကို တွေ့ဖူးပေမယ့် ဖီးနစ်မီးတောက်ကို အသုံးပြုတဲ့ မင်းလိုနတ်သခင်ကို တခါမှ မကြားခဲ့ဖူးဘူး၊ မင်းဘယ်သူလဲ"
ဟွမ်ချင်း၏ အမူအရာက တည်ငြိမ်နေသည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောနေစရာမလိုဘူး၊ ရန်ငြိုးက ဖြေရှင်းလို့မရနိုင်တာမို့ တိုက်ခိုက်ကြတာပေါ့"
ထို့နောက် သူမနောက်ထပ်လက်ချောင်းတစ်ချောင်းကို မြှောက်သည်။
ဟဲလိန်ဒီမြင်ကွင်းကို မြင်သောအခါ သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။
သူ ထာ၀ရမိုးကြိုးအစီအရင်ကို သုံးလျှင်ပင် အစစ်အမှန်နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သိသည်။
ဒါကိုတွေးမိသောအခါ ဟဲလိန်တုံကင်တစ်ခုကို ထုတ်ယူပြီး လေပေါ်သို့ ပစ်ကာ အော်ဟစ်သည်။
"ဘိုးဘေး၊ ကျေးဇူးပြုပြီး"
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမဘိုးဘေးက ထာ၀ရဗုဒ္ဓေနည်းစနစ်(ထာ၀ရမိုးကြိုးနည်းစနစ်)ကို တီထွင်ခဲ့သည့် နတ်သခင်နယ်ပယ် စွမ်းအားရှင်ဖြစ်သည်။
ထိုအချိန်က ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က တစ်ခါက နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့ဖူးသည်။
သို့စေကာမူ တုံကင်က လေထဲတွင် အဆုံးမဲ့လျှပ်စီးကို ထုတ်လွှတ်နေသည့်တိုင် မည်သည့်လှုပ်ရှားမှုမှလည်းမရှိသလို မည်သည့်အစွမ်းထက် ဝိဉာဉ်ခန္ဓာမှ မပေါ်လာသဖြင့် ဟဲလိန် ကြက်သေသေသွားသည်။
ဘာလို့ဘိုးဘေးမပေါ်လာရတာလဲ!
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က သေရေးရှင်ရေး အကျပ်အတည်းတွင် ရှိသောအခလ သူ အကျပ်အတည်းကို ကျော်လွှားရန်အတွက် ဘိုးဘေးချန်ထားခဲ့သည့် ဝိဉာဉ်အမျှင်စကို နိုးထစေရန် ဒီတုံကင်ကို အသုံးပြုနိုင်သည်။
သို့စေကာမူ ဘာလှုပ်ရှားမှုမှမရှိပါ။
ဟွမ်ချင်း လုံး၀အံ့ဩသင့်ခြင်းမရှိပါ။
သူမလက်ညိုးထိုးလိုက်စဉ် နတ်ဖီးနစ်မီးတောက်တစ်ခုလုံးက ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းကာ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော် တစ်ခုလုံးအား လွှမ်းခြုံပစ်သည်။
နတ်ဖီးနစ်မီးတောက်ထဲကနေ မရေမတွက်နိုင်လောက်သည့် စိတ်မချမ်းမြေ့ဖွယ်ရာ ဟစ်ကြွေးသံများက ဆက်တိုက်မြည်ဟီးနေသည်။ ဒီထဲတွင် ဟဲလိန်လည်းပါသည်။
ဟဲလိန်တစ်ယောက် ဒီနေရာတွင် ပဟေဠိဖြစ်မှုနှင့်အတူ ဆန္ဒမရှိဘဲ သေဆုံးခဲ့ရသည်။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ယခုလိုဖျက်ဆီးခံလိုက်ရသည်။
ဒါကိုမြင်သောအခါ ဟွမ်ချင်း နတ်ဖီးနစ်တောက်ကို သိမ်းဆည်းလိုက်၏။
လျိုကျိယု အရိပ်အဖြစ် ဟွမ်ချင်းဘေးသို့ ရောက်လာပြီး မေးသည်။
"ဟမ်၊ စီနီယာလု မထွက်လာသေးဘူးလား"
ဟွမ်ချင်းခေါင်းခါယမ်းပြီး အောက်က အဆုံးမဲ့လျှပ်စီးပင်လယ်ကို ကြည့်လိုက်သည်။
လျိုကျိယုကလည်း စိတ်ရှုပ်နေသည်။
"ယုတ္တိတန်စွာပြောရရင် စီနီယာလုရဲ့ ခွန်အားနဲ့ဆိုရင် နတ်သခင်နယ်ပယ် အကြွင်းအကျန်ဝိဉာဥ်တစ်ခုကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ပြီးသင့်တာမလား"
.....
ထိုအချိန်တွင် လျှပ်စီးပင်လယ်အောက်၌ ပေငါးထောင်ထိ မငုပ်လျှိုးသေးခင် သူ့ကို လျှပ်စီးအရည်ကဲ့သို့ အရာတစ်ခုက ဖုံးလွှမ်းသွား၏။
သို့သော် ပေ၅၀၀၀အကွာက သင်္ချိုင်းမြေ၌ ခေးအောစ့်အနှစ်သာရမိုးကြိုးသစ်သားဖြင့် ပြုလုပ်ထားသည့် ခေါင်းတလားတစ်ခုတည်းသာ ရှိသည်။
အပိုင်းစလေးတစ်ခုကပင် မိုးကြိုးနိယာမကို ကျင့်ကြံသည့် ကျွမ်းကျင်သူများကို မနုလိုဖြစ်သွားစေနိုင်သည်။
ခေါင်းတလားထဲတွင် အဖိုးအိုတစ်ဦး၏ အကြွင်းအကျန်ဝိဉာဉ်က သူ့ရှေ့က အဖြူ၀တ်လူကို လေးနက်သည့် အမူအရာဖြင့်ကြည့်နေသည်။
"မင်းဘာလို့ ဒီလောက်ထိ လုပ်ချင်ရတာလဲ"
အဖြူ၀တ်လူက လုချန်ရှန်းဖြစ်သည်။
ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကို ရောက်လာပြီးနောက် လုချန်ရှန်းတို့က တိုက်ရိုက်မ၀င်သွားဘဲ နည်းလမ်းဟောင်းများကို သုံးခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က တခါက နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည် မဟုတ်ပေလော။
ဒီလိုဂိုဏ်းမျိုးက သာမန်မဟုတ်ဘဲ အလွန်ပင်အားကောင်းသည့် အခြေခံအုတ်မြစ်များရှိသည်။ ဒါ့အပြင် သူတို့တွင် ဝှက်ဖဲများစွာလည်းရှိနိုင်သည်။
လုချန်ရှန်း ချောက်ထဲတွင် ချော်လဲခြင်း သို့မဟုတ် ဆူပူအုံကြွမှုများစွာကို ဖြစ်စေပြီး တစ်ဘက်ဂိုဏ်း၏ ပစ်မှတ်ထားခြင်းကနေ တားဆီးကာကွယ်ရန်အတွက် အရင်ဆုံး စူးစမ်းလေ့လာရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် သူဒီနေရာကို တွေ့ခဲ့သည်။
လုချန်ရှန်းပြုံးသည်။
"ဒါကဖြေရှင်းလို့မရဘူး၊ အာဃာတရန်ငြိုးကို ညှိုနှိုင်းဖို့ နည်းလမ်းမရှိဘူး၊ ဒီတော့ ကျုပ်အရင်ဆုံးလှုပ်ရှားပြီး ခင်ဗျားရဲ့ နတ်မိုးကြိုးနန်းတော်ကို ဖျက်ဆီးရုံပဲ တတ်နိုင်တယ်"
လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ဘိုးဘေးမှာ ကြက်သေသေသွား၏။
ထို့နောက်သူလေးနက်စွာပြောသည်။
"သူတို့သာ မင်းခွန်အားကိုသိမယ်ဆိုရင် အမုန်းတရားရှိရင်တောင် သူတို့နှလုံးသားထဲမှာပဲ မြှုပ်နှံထားလိမ့်မယ်"
လုချန်ရှန်းပြန်ချေပသည်။
"ကျုပ်ကတော့ နှလုံးသားထဲမှာ မမြှုပ်နှံထားနိုင်ဘူး၊ ကျုပ်ဆိုလိုတာက တစ်နေ့မှာ ကျုပ်တို့ စိတ်ပျက်စရာ အခြေအနေတစ်ခုမှာ ရှိနေရင်ရော၊ ဒါဆိုရင် ဒီအမုန်းတရားက ကုလားအုတ်ကျောကို ခွဲခြမ်းပစ်မယ့် နောက်ဆုံးပင့်ကူလေးဖြစ်လာနိုင်တာပဲလေ"
"ဒီတော့ ပြဿာနာရဲ့အရင်းအမြစ်ကို ဖယ်ရှားပစ်တာက ပိုကောင်းတယ်၊ ဒါဆို ကြောက်ရမယ့်အရာတွေ ရှိတော့မှာ မဟုတ်တော့ဘူး"
လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ ဘိုးဘေးအနည်းငယ် သက်ပြင်းချသည်။
"အရင်ကသာ ငါမင်းကို သတိကြီးကြီး ထားခဲ့မယ်ဆိုရင် ဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူး"
"ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးခန်းမကို မင်းဖျက်ဆီးပြီးပြီဆိုတော့ ငါကလည်း တည်ရှိနေဖို့ မလိုတော့ပါဘူး"
"ဒါပေမယ့် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်က ငါ့ဘ၀တစ်သက်တာရဲ့ ဖန်တီးမှုပဲ၊ ငါကမင်းပြိုင်ဘက်မဟုတ်ရင်တောင် ငါ....."
ဘိုးဘေးမတုံ့ပြန်နိုင်ခင်မှာပင် လုချန်ရှန်း လက်ချောင်းကို ဘိုးဘေးဝိဉာဉ်ရှိရာသို့ ထိူးလိုက်စဉ် ရုတ်ချည်းဆိုသလို ဓားချီထိုးထွက်လာပြီး အကြွင်းအကျန်ဝိဉာဉ်က ဖျက်ဆီးခံလိုက်ရသည်။
ထို့နောက် သူလျှပ်စီးပင်လယ်ထဲက အဆုံးမဲ့လျှပ်စီးအရည်များကို လက်တစ်ဖက်နှင့် ထိန်းချုပ်ပြီး ပတ်ပတ်လည်က ဝိဉာဉ်အော်ရာကို တိုက်ရိုက်ပင်ဖျက်ဆီးပစ်သည်။
လုချန်ရှန်း လက်နှစ်ဖက်သပ်ရင်း ကျေနပ်စွာပြောသည်။
"ငါဒီအဖိုးကြီးကို သူမပြင်ဆင်ထားတဲ့အချိန် သတ်ပစ်ခဲ့တာပဲ၊ အရမ်းအံ့ဩစရာကောင်းတယ်၊ ငါဆိုတဲ့အတိုင်းပါပဲ"
မုဖူရှန်း ဒါကိုသုံး၍ရကောင်းရနိုင်သဖြင့် လုချန်ရှန်း ခေါင်းတလားကို ဖယ်ကြည့်ကာ အောက်သို့ငုံ့ကြည့်စဉ် ခေါင်းတလားအောက်၌ ကျောက်စိမ်းသေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။
အပိုင်း(871) coming။