← Chapters

#‌နတ်မိုးကြိုးအနှစ်သာရ၊ နတ်သခင်အစည်းအဝေး#

Vol. 62 Ch. 871

#‌နတ်မိုးကြိုးအနှစ်သာရ၊ နတ်သခင်အစည်းအဝေး#

Vol. 62 Ch. 871

ငါ့တပည့်တွေက ဘုရင်တွေ‌

ကျောက်စိမ်းသေတ္တာက သာမန်ပုံပေါ်သော်လည်း ပုန်းထားသည့်နေရာကတော့ သာမန်မဟုတ်ခဲ့ပါ။

ဒီအဆုံးမဲ့လျှပ်စီးပင်လယ်ထဲတွက် ဘာကို ဝှက်ထားလေသနည်း။

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ ခေါင်းတလားအောက်တွင် ဘာကို ဝှက်ထားလေသနည်း။

ဒါက ဘယ်လောက်ထိ အဖိုးတန်၊ ရှားပါးသလဲဆိုတာ သိသာထင်ရှားသည်။

လုချန်ရှန်း တခြားမည်သည့်ထောင်ချောက်မှ မရှိစေရန် သေချာအောင်လုပ်သည်။ ထို့နောက် သူပုံစံကိုယ်ပွားတစ်ခုဖော်ဆောင်ကာ ကျောက်စိမ်းသေတ္တာကို ဂရုတစိုက် ကောက်ယူလိုက်၏။

၎င်းနောက် လုချန်ရှန်း သီးခြားအခင်းအကျင်း၊ အဆုံးမဲ့အခင်းအကျင်းနှင့် ကာကွယ်ရေးအခင်းအကျင်းတစ်ခု ဖန်တီးပြီး ဘာအမှားမှ မရှိစေရန် သေချာအောင် လုပ်ပြီးနောက် ပေ‌တစ်ထောင်အကွာသို့ ဆုတ်သွားသည်။

ထို့နောက်တွင်သာ သူ့ကိုယ်ပွားကို ကျောက်စိမ်းသေတ္တာကို ဖွင့်ရန်အတွက် လုချန်ရှန်း ထိန်းချုပ်လိုက်၏။

သို့သော် သူမျှော်လင့်ထားခဲ့သည့် အကျပ်အတည်းက မပေါ်လာခဲ့ပေ။

သေတ္တာထဲတွင် တိတ်တဆိတ် လဲလျောင်းနေသည့် ကျောက်တုံးလေးတစ်တုံးသာရှိပြီး ကျောက်တုံးအပြင်ဘက်အခွံ၌ အက်ကြောင်းများရှိသည်။

ထိုအက်ကြောင်းများမှတဆင့် လျှပ်စီးအရည်များစီးဆင်းနေသည်။

ဒါကို လျှပ်စီးအရည်ဟုပင် မခေါ်နိုင်လောက်ပေ။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးအရည်နှင့်ယှဉ်ပါက ဒါက အလွန်အကျွံ ဖိနှိပ်ခံထားရသည့်အလား ပိုထူထဲကာ ကြီးမားသည်။

လုချန်ရှန်းမျက်မှောင်ကြုတ်သည်။

ဒီကျောက်တုံးလေးထဲတွင် မယုံနိုင်စရာကောင်းသည့် မိုးကြိုးစွမ်းအားပါ၀င်နေတာကို သူရှင်းလင်းစွာ ခံစားမိသဖြင့် ကျောက်စိမ်းသေတ္တာကို ယူပြီး ထွက်သွားသည်။

ကိုယ်ပွားကမူ ထိုနေရာ၌ပင် ကျန်ရစ်နေခဲ့သည်။

လုချန်ရှန်းထွက်သွားပြီးနောက် သူ့ကိုယ်ပွားက လျင်မြန်စွာပြန့်လာပြီး နေ့အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဒီနေရာက လုံး၀တိတ်ဆိတ်နေသည့်အလား မည်သည့်ပေါက်ကွဲသံမှုမရှိခဲ့ပေ။

သင်္ချိုင်းမြေက တိတ်တဆိတ်ပင် အဖျက်ဆီးခံလိုက်ရသည်။

လုချန်ရှန်း ဟွမ်ချင်းနှင့် လျိုကျိယုတို့ထံ လျှောက်သွားပြီး ကျောက်စိမ်းသေတ္တာလေးကို ထုတ်ကာမေးသည်။

"ဒါဘာလဲ"

ဒါကိုမြင်သောအခါ ဟွမ်ချင်းနှင့် လျိုကျိယုတို့ အနည်းငယ် ထိတ်လန့်သွားကြ၏။

လျိုကျိယုပါးစပ်အဟောင်းသားဖြစ်နေပြီး အထိတ်တလန့်မေးသည်။

"စီနီယာ ဒါကိုဘယ်မှာတွေ့ခဲ့တာလဲ"

လုချန်ရှန်း ခပ်‌ပေါ့ပေါ့ပင်ပြောသည်။

"အိုး၊ ငါဒါကို ဒီဂိုဏ်းက ဘိုးဘေးရဲ့ ခေါင်းတလားအောက်မှာ တွေ့ခဲ့တာပါ"

ဟွမ်ချင်း "....."

လျိုကျိယု "....."

ခင်ဗျားက အရမ်းရိုးသားတာပဲ၊ ဒါပေမယ့် ဒီအသံက ဘာလို့နည်းနည်း လူ့ကျင့်၀တ်မဆံပုံပေါ်နေရတာလဲ!

ခင်ဗျားတကယ်ပဲ သင်္ချိုင်းဂူကို လုယက်ဖို့ သွားခဲ့တာလား!

ဟွမ်ချင်းဆက်ပြောသည်။

"နတ်မိုးကြိုးအနှစ်သာရက အဆင့်မြင့်ကြယ်နယ်မြေမှာ အတော်လေးရှားပါးတယ်၊ ပုံမှန်အားဖြင့် မိုးကြိုးတာအိုနိယာမကို ကျင့်ကြံတဲ့ စွမ်းအားရှင်တစ်ယောက် သေဆုံးပြီး အခြေအ‌နေတစ်ချို့မှာ မိုးကြိုးအနှစ်သာရကို နှစ်သန်းနဲ့ချီ စုပ်ယူပြီးမှ ဒါကိုဖန်တီးနိုင်တာ"

"မိုးကြိုးတာအိုနိယာမကို ကျင့်ကြံတဲ့ ကျင့်ကြံသူတွေအတွက် နတ်မိုးကြိုးအနှစ်သာရကို စုပ်ယူခြင်းက မိုးကြိုးတာအိုနိယာမနဲ့အတူ သူတို့ကျင့်ကြံခြင်းနဲ့ ဆက်နွှယ်မှုကို အကြီးအမားတိုးစေနိုင်တယ်"

လျိုကျိယုကလည်း ခါးသီးစွာပြုံးသည်။

"စီနီယာလု အရမ်းကံကောင်းနေတုန်းပဲလို့ပဲ ပြောရတော့မယ်၊ ခင်ဗျားဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးဖို့လာတာတောင် ဒီလိုနတ်ပစ္စည်းမျိုးကို ရှာတွေ့နိုင်တယ်"

နတ်မိုးကြိုးအနှစ်သာရက နတ်သခင်အဆင့်ဂိုဏ်းများတွင်ပင် မရှိသည့် အရာတစ်ခုပင်။

အမှောင်ပိုင်နက်တွင်ပင် သတင်းအချက်အလက်သာရှိသော်လည်း ရုပ်၀တ္ထုမရှိချေ။

ဒါကိုကြားသောအခါ လုချန်ရှန်းခေါင်းညိတ်သည်။

"ကောင်းပြီ၊ ငါဒါကို အဲဒီကောင်စုတ်လေး မုဖူရှန်းကို ပေးရမယ်"

ဟွမ်ချင်းနှင့် လျိုကျိယုတို့ ညင်သာစွာ ပြုံးလိုက်ကြသည်။

အပေါ်ယံ၌ လုချန်ရှန်း သူ့တပည့်များနှင့် အရမ်းခင်မင်ရင်းနှီးခြင်း မရှိသော်လည်း တကယ်တမ်းတွင် သူက သူတို့အတွက် နည်းလမ်းစုံကနေ တွေးနေခဲ့သည်။

ကောင်းတာတစ်ခုခုရှိလာပါက သူ သူတို့ကိုချက်ချင်းတွေးမိသွားပြီး ထိုပစ္စည်းကောင်းကို သူတို့အားလက်လွှဲပေးသည်။

လုချန်ရှန်းကျင့်ကြံခြင်းအဓိပ္ပာယ်ဖွင့်ဆိုချက်က သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်လောက်သည်။

သို့စေကာမူ သူတို့၏ဆရာအဖြစ်ဆိုပါက လုချန်ရှန်းအပြင် တခြားမည်သူမှ အရည်အချင်းမမီပါ။

"ကောင်းပြီ၊ ဒါကပြီးသွားပြီဆိုတော့ သေမျိုးကျေးရွာကို ပြန်သွားကြရအောင်၊ ပြီးတော့ ရှောင်လျိုက အာကာသနှလုံးသားနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်ပြီးစုဆောင်း"

လျိုကျိယုခေါင်းညိတ်သည်။

ထို့‌နောက် သူတို့သုံးယောက် သေမျိုးကျေးရွာရှိရာဘက်သို့ ဦးတည်လိုက်ကြလေတော့သည်။

......

တခြားတစ်ဘက်တွင် နတ်သခင်အဆင့်ဂိုဏ်းများစွာက ဟောင်တျန်းနတ်ပိုင်နက်တွင် သူတို့နေရာချထားသည့် သူလျှို့များ သေဆုံးသွားတာကို အာရုံခံလိုက်မိကြသည်။

ဒါ့အပြင် သူတို့ဘာသဲလွန်စကိုမှ မရှာနိုင်ခဲ့ကြသဖြင့် ဘာမှ မတတ်နိုင်ခဲ့ကြပါ။

ဒီငြိမ်သက်နေပုံရသည့် အဆင့်မြင့်ကြယ်နယ်မြေတွင် နတ်သခင်အဆင့်ဂိုဏ်းများ၏ ခေါင်းဆောင်များက သူတို့၏ စီမံချက်များနှင့်အတူ အစည်းအဝေးတစ်ခု စတင်ခဲ့ကြသည်။

အမည်မသိခေါင်သီသော လွင်ပြင်နယ်မြေတစ်ခု၌ ဧရာမစားပွဲဝိုင်းကြီးတစ်လုံးရှိပြီး အရိပ်ခုနှစ်ခုရှိသည်။

ဒီအရပ်ခုနှစ်ခုက အဆင့်မြင့်ကြယ်နယ်မြေ၌ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုသည်။

တစ်ချိန်တည်းမှာပင် သူတို့က အဆင့်မြင့်ကြယ်နယ်မြေ၏ အရင်းအမြစ် ၈၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြသည်။

သူတို့အကြားတွင် နတ်သခင်ဟောင်တျန်း၏ အရိပ်လည်းပါ၀င်သည်။

ထိုအချိန်တွင် ခါး၌ဓားတစ်လက်ရှိသည့် လူတစ်ယောက်က တည်ငြိမ်စွာပြောသည်။

"နတ်သခင်ဟောင်တျန်း၊ မင်းမှာပြောစရာတစ်ခုခုရှိလား"

ကျန်သောသူများကလည်း နတ်သခင်ဟောင်တျန်းကို လှည့်ကြည့်လိုက်ကြ၏။

သို့စေကာမူ နတ်သခင်ဟောင်တျန်း လက်နှစ်ဖက်ပိုက်ပြီး နှာခေါင်းရှုံ့သည်။

"ပြောရမယ်၊ မင်းငါ့ကိုဘာပြောစေချင်တာလဲ၊ ငါ့ရဲ့ဟောင်တျန်းနတ်ပိုင်နက်မှာ သူလျှိုတွေအများကြီး စီစဉ်ထားတာကိုလား၊ ငါတိုက်ခိုက်မှာမဟုတ်ဘူးလို့ မင်းတို့ထင်နေကြတာလား"

"မင်းတို့ကောင်တွေက တကယ်အရှက်မဲ့တာပဲ၊ မင်းတို့ စားပွဲကို ငါ့ဆီလှည့်ချင်ကြတာလား"

ကိုယ်လုံးပေါက် အတော်လေးသေးသွယ်သည့် ခန္ဓာနှင့် အမျိုးသမီးတစ်ဦး အလွန်အမင်း အေးစက်သည့်အသံဖြင့် ပြောသည်။

"ဟောင်တျန်း၊ နင်ဘာလို့ ဒီလောက်ဒေါသထွက်နေရတာလဲ၊ နင်လည်း ငါ့တို့ဆီမှာ သူလျှိုတွေ မစိုက်ပျိုးထားဘူးလို့တော့ ငါ့ကိုမပြောနဲ့နော်"

နတ်သခင်ဟောင်တျန်းပွင့်လင်းစွာ ပြောသည်။

"အိုမင်းရင့်ရော်နေတဲ့ကောင်တွေ၊ မင်းတို့ ဟောင်တျန်းနတ်ပိုင်နက်မှာ သူလျှိုဘယ်နှစ်ယောက်‌ထားထားလဲ၊ ပြီးတော့ အတိုင်းအတာထက် သာလွန်တဲ့ အရာတွေ ဘယ်လောက်တောင် လုပ်ထားလဲ"

'‌အိုမင်းရင့်ရော် 'ဟူသော စကားကို ကြားသောအခါ လူတိုင်းအနည်းငယ် ကြက်သေသေသွားကြ၏။

သို့သော် သေးသွယ်သည့်အမျိုးသမီး၏ မျက်နှာက ချက်ချင်းမည်းမှောင်သွားပြီး ရက်စက်စွာပြောလာသည်။

"ဟောင်တျန်း၊ နင်စစ်ပွဲစချင်နေတာလား"

နတ်သခင်ဟောင်တျန်း အမျိုးသမီးကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့သည်။

"ဘာလဲ၊ မင်းလိုအဖွားအိုကြီးကို ငါကြောက်မယ်လို့ ထင်နေတာလား"

နတ်သခင်ဟောင်တျန်းက အရူးတစ်ယောက်ဆိုတာ လူတိုင်းသိကြသည်။

သို့စေကာမူ နတ်သခင်ဟောင်တျန်း ဒီနေ့ဒီမျှထိ ရူးသွပ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

နတ်သခင်အဆင့်အင်အားစုများအကြား စစ်ပွဲတစ်ခုက အဆင့်မြင့်ကြယ်နယ်မြေ၏ အခြေအနေကို ပြောင်းလဲပစ်ရန်ပင် လုံလောက်သည်။

တစ်ချိန်တည်းမှာပင် ဒါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးအတွက် သေစေလောက်သည့် ရိုက်ချက်တစ်ခုလည်းဖြစ်သည်။

အမျိုးသမီးပင်လျှင် တစ်ခဏမျှ ကြက်သေသေသွားရသည်။

သူမရက်စက်သည့်အရာတစ်ခုခု ပြောရန်ပြင်နေစဉ်မှာပင် ဓားလွယ်ထားသည်လူက အေးစက်စွာပြောသည်။

"အိုး၊ မင်းက အရမ်းယုံကြည်မှုရှိနေတာပဲ၊ ကြည့်ရတာ နတ်သခင်ဟောင်တျန်း အဆင့်ချိုးဖျက်သွားတယ်ထင်တယ်"

ဒါကိုကြားသောအခါ လူတိုင်း၏ အကြည့်များက နတ်သခင်ဟောင်တျန်းထံသို့ ကျဆင်းလာကြ၏။

နတ်သခင်ဟောင်တျန်းပြုံးလိုက်သည်။

နှလုံးခုန်သံက ချက်ချင်းဆိုသလို ကမ္ဘာတစ်ခွင်၌ ပဲ့တင်ထပ်လာပြီး အဆုံးမဲ့သွေးချီက ထိုအချိန်မှာပင် ထိုးတက်လာခဲ့သည်။

ကောင်းကင်တစ်ခုလုံးက အနီရောင် ဆိုးထားသည့်ပမာ အတိနီရဲသွား၏။

ဒါက မီးမောင်းထိုးပြချက်တစ်ခုသာဖြစ်သည်။

ကျန်သော နတ်သခင်ခြောက်ဦး ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။

ဒီအော်ရာအရ နတ်သခင်ဟောင်တျန်း နတ်သခင်နယ်ပယ် အဆုံးစွန်အဆင့်ကို ရောက်သွားသည်မှာ သိသာထင်ရှားနေသည်။

သူက ကိုင်တွယ်ဖြေရှင်းရန် အတော်လေး ခက်ခဲသည့်လူတစ်ယောက်ပင်။

ယခုသူ့ခွန်အားက နောက်တစ်ဆင့်ကို တိုးလာခဲ့လေရာ ဟောင်တျန်းနတ်ဂိုဏ်း၏ တိုးတက်နှုန်းက ရပ်တန့်၍မရတော့ပါ။

အမျိုးသမီး၏ အမူအရာက လေးနက်သွား၏။ သူမပင်လျှင် နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်သာဖြစ်သည်။

တိုက်ပွဲက ချိုးဖျက်တော့မည်ဖြစ်ကာ သူမက အမှန်တကယ်ပင် နတ်သခင်ဟောင်တျန်း ပြိုင်ဘက်မဟုတ်ပါ။

နတ်သခင်ဟောင်တျန်းနှာခေါင်းရှုံ့သည်။

"ဘာလဲ၊ မင်းတိုက်ခိုက်ချင်သေးလား"

အမျိုးသမီးနှာခေါင်းရှုံ့လိုက်ပြီး သူမ၏ အရိပ်က ပျောက်ကွယ်သွား၏။

ကျန်သောနတ်သခင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။

ဓားလွယ်ထားသောသူက နတ်သခင်ဟောင်တျန်းအား နက်ရှိုင်းစွာ စိုက်ကြည့်သည်။

"ကြည့်ရတာ မကြာသေးခင်က နတ်သခင်ဟောင်တိန်း မတော်တဆမှုတစ်ခုကို ကံအားလျော်စွာ တွေ့ကြုံခဲ့ပုံပဲ...."

နတ်သခင်ဟောင်တျန်းရယ်မောသည်။

"အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ"

သူ သူ့စီနီယာအကြောင်း ဘာမှ ထုတ်ဖော်၍မရပေ။ မည်သို့ပင်ဆိုစေကာမူ သူကျမ်းသစ္စာကျိန်ဆိုခဲ့သည် မဟုတ်ပေလော။

သို့သော် ဒီဖြစ်ရပ်အပြီးတွင် နတ်သခင်ဟောင်တျန်း လုချန်ရှန်းကို ပို၍ပင် သစ္စာရှိလာသည်။

(တကယ်တမ်း နယ်ပယ်တစ်ခုမှာ ကနဦးအဆင့်(အစောပိုင်းအဆင့်)၊ အလယ်အလတ်အဆင့်၊ နောက်ပိုင်းအဆင့်နဲ့ အထွတ်အထိပ်အဆင့်ပဲရှိတာပါ၊ စာရေးဆရာက မှားသုံးထားတာပါ၊ တကယ်က နတ်သခင်တွေအားလုံးက နောက်ပိုင်းအဆင့်မှာပါ၊ အခုနတ်သခင်ဟောင်တျန်း အဆင့်ချိုးဖျက်တာက အထွတ်အထိပ်အဆင့်ပါ၊ မူရင်းစာရေးဆရာက သိုင်းအဆင့်တွေကို တလွဲစီသုံးထားလို့ပါ၊ နောက်ကျပြန်ပြင်သုံးသွားပါမယ်)

အပိုင်း(872) coming။

All Chapters