← Chapters

#‌ဆန်းကြယ်သည့်မစ္စတာ#

Vol. 62 Ch. 872

#‌ဆန်းကြယ်သည့်မစ္စတာ#

Vol. 62 Ch. 872

နတ်သခင်အစည်းအဝေးပြီးသွားသောအခါ ကျန်သောနတ်သခင်များက နတ်သခင်ဟောင်တျန်း ဒီရက်ပိုင်း ဘယ်သူနှင့်တွေ့ခဲ့လဲ သို့မဟုတ် သူမတော်တဆကံကြမ္မာတစ်ခုကို ရရှိရန်အတွက် ဘယ်ကိုသွားခဲ့သလဲဆိုတာ စတင်စုံစမ်းကြသည်။

သူတို့အဆင့်အရ ရှေ့ဆက်တိုးတက်လိုပါက မတော်တဆကံကြမ္မာတစ်ခုခု သို့မဟုတ် ကျွမ်းကျင်သူတစ်ဦး၏ လမ်းညွှန်မှုမပါရှိဘဲ ချိုးဖျက်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒါ့အပြင် နတ်သခင်ဟောင်တျန်း ကိုယ်ခန္ဓာပြုပြင်မွမ်းမံမှုအပေါ် အာရုံစိုက်နေဆဲပင်။

ကိုယ်ခန္ဓာသန့်စင်ခြင်းကို ယခုလိုအဆင့်ထိ ကျင့်ကြံရန်ဟူသည် သာမန်ကျင့်ကြံသူများထက် တိုးတက်ဖို့ ပို၍ပင်ခက်ခဲသည်။

ထို့ကြောင့်လည်း ကျန်သောနတ်သခင်များက နတ်သခင်ဟောင်တျန်း ကိုယ်တိုင် အဆင့်ချိုးဖျက်ရန်ဟူသည် မဖြစ်နိုင်ဘူးဟု တွေးမိကြခြင်းပင်။

တခြားတစ်ဘက်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော် ဖျက်ဆီးခံရခြင်းက အဆင့်မြင့်ကြယ်နယ်မြေအတွင်း အလျင်အမြန်ပင် ပျံ့သွားခဲ့သည်။

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်သည် ပထမတန်းစားအင်အားစုများအကြား ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်သည်။

အတိတ်က သူတို့က နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းပင်ဖြစ်ခဲ့သည်။

တစ်ခဏကြာ မရေမတွက်နိုင်လောက်သည့် ဂိုဏ်းများ အံ့ဩသင့်ခဲ့ရသည်။

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ငို ဖျက်ဆီးနိုင်သောလူသို့မဟုတ် ဂိုဏ်းက နတ်သခင်အဆင့်သာ ဖြစ်ရပေမည်။ သူတို့ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော် နတ်သခင်ကျွမ်းကျင်သူတစ်ယောက်နှင့် ရန်သူဖြစ်လာတာကို တခါမှမကြားဖူးကြပါ။

မြူခိုးတိမ်က လူတိုင်း၏နှလုံးသားထဲ ရစ်ဝဲနေပြီး သူတို့အနည်းငယ် မသက်မသာဖြစ်စလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အာကာသနှလုံးသားပေါ်လာကတည်းက အဆင့်မြင့်ကြယ်နယ်မြေ၏ လေတိုက်နှုန်းကလည်း စတင်ပြောင်းလဲလာတာကို နောက်ကွယ်က စေ့ဆော်သူများ တွေ့ခဲ့ကြသည်။

အမှောင်ဒီရေတစ်စင်းက ဖြည်းဖြည်းချင်း လိမ့်တက်လာနေသည်။

ဒါက အချိန်မရွေး မီးတောင်တစ်လုံးပမာ ပေါက်ကွဲသွားနိုင်သည်။

နတ်သခင်ဟောင်တျန်း၊ ရွှေတောင်ပံဂဠုန်ကလန်နှင့် ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်တို့ကသာ ဒီကိစ္စနောက်ကွယ်က လှုံ့ဆော်သူကို သိကြသည်။

ဒီအတွက်ကြောင့် နတ်သခင်ဟောင်တျန်း အံ့ဩသင့်ခြင်းမရှိပါ။ မည်သို့ပင်ဆိုစေကာမူ စီနီယာလု သူ့ကို ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကို ဖျက်ဆီးတော့မည်ဟု ပြောခဲ့သည် မဟုတ်ပေလော။

သို့သော် အချန်တိုအတွင်း ဒီလောက်အလွယ်တကူ ဖျက်ဆီးပစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကျင်းဝူကျင်း ဒီသတင်းကို ကြားသောအခါ ခါးသီးစွာပြုံးလိုက်၏။

ဘာလို့ဒီမြင်ကွင်းက အရမ်းရင်းနှီးနေရတာလဲ!

အရင်က သေမျိုးကျေးရွာမှာ ပိုင်မင်နဂါးခန်းမလည်း ဒီလိုအလားတူကံကြမ္မာကို ကြုံခဲ့ရတယ်မလား!

ကံကောင်းစွာပင် သူကထိုစီနီယာနှင့် ရန်သူမဖြစ်လာခဲ့ပေ။ မဟုတ်ပါက ရွှေတောင်ပံဂဠုန်ကလန်ကလည်း အဆုံးသတ် ကောင်းမည်မဟုတ်။

ကျိချန်းယောင်နှင့် ကျန်သောသူများ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ကို ရောက်လာကြသည်။

အကြီးအကဲများက ကျိချန်း‌ယောင် လုချန်ရှန်းကို သဘောကျနေသည့်အကြောင်း ဂိုဏ်းချုပ် ကျိလျိုချီကို ချက်ချင်းပြောပြလိုက်ကြသည်။

အကြီးအကဲများက ကျိချန်းယောင်က ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ သူတော်စင်မိန်းမပျိုဖြစ်သဖြင့် ဒီလိုအပြုအမူက အမှန်တကယ်မဆီလျော်ဟုလည်း ပြောခဲ့ကြသည်။

ကျိလျိုချီ လုချန်ရှန်းခွန်အားကို တစ်စိတ်တစ်ပိုင်းသိသည်။

ထို့နောက် ဒီကိစ္စနှင့်ပတ်သက်ပြီး ကျိလျိုချီအနည်းငယ် ချောင်းဟန့်လိုက်သည်။

"သဘာ၀လမ်းကြောင်းအတိုင်းပဲ ဖြစ်လာပါစေ...."

အကြီးအကဲပြောသည်။

"ဒါပေမယ့် သူတော်စင်မိန်းမပျိုက အနာဂတ်မှာ နတ်သခင်နယ်ပယ်ကို ချိုးဖျက်သွားနိုင်တယ်၊ အဲဒီကလေးက အရမ်းပါရမီရှိပြီး အစွမ်းထက်တယ်ဆိုပေမယ့် ဒါက နှမ်းစေ့ကို ကောက်ပြီး ဖရဲသီးကို ပစ်လိုက်သလိုဖြစ်မနေဘူးလား"

ကျိလျိုချီနှလုံးသားထဲက ခါးသီးစွာပြုံးလိုက်သည်။

အဲလိုသာဆိုရင် ဒါက တကယ်ပဲ နှမ်းစေ့တစ်စေ့ကို ကောက်ယူပြီး ဖရဲသီးကို ပစ်လိုက်သလို ဖြစ်နေမှာပေါ့!

ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်အဖျက်ဆီးခံရသည့် သတင်းကို ပို့လာသည်။

ဒီသတင်းကို ကြားသောအခါ လူတိုင်း ကြက်သေသေသွားကြ၏။

ထို့နောက်ချက်ချင်းဆိုသလို ကျိချန်းယောင် ရယ်မောလေတော့သည်။

အကြီးအကဲ ဒါကိုမြင်သောအခါ သိချင်စိတ်ဖြင့်မေးလိုက်သည်။

"သူတော်စင်မိန်းမပျို၊ ဘာလို့ ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဒီလောက်ပျော်နေရတာလဲ၊ မင်း အရင်က ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်နဲ့ ရန်ငြိုးရန်စရှိခဲ့ဖူးလို့လား"

သို့စေကာမူ ကျိချန်းယောင်ပြုံးရင်း ခေါင်းခါယမ်းသည်။

"ဘာမှမဟုတ်ပါဘူး၊ ကျွန်မတခြားအရာတစ်ခုကို တွေးမိသွားလို့ပါ"

အချိန်များစွာ အတူတကွကုန်ဆုံးပြီးနောက် လုချန်ရှန်းစရိုက်ကို ကျိချန်းယောင် တဖြည်းဖြည်း နားလည်လာခဲ့သည်။

အနှစ်ချုပ်ဆိုရမည်ဆိုပါက သူ့ခွန်အားက တွေးမရအောင် နက်ရှိုင်းသော်လည်း သူက အတော်လေးသတိထားတတ်သည်။

ထို့ကြောင့် လုချန်ရှန်း တခြားသူများကို သူ့နာမည်ကို မသိစေချင်ဘူးဆိုတာ ကျိချန်းယောင်သိသည်။

သူက တခြားသူများ သူ့ကို ကြည့်လာမှာက်ုလည်း မလိုလားပေ။

ဒီအတွက်ကြောင့်လည်း ကျိချန်းယောင် လုချန်ရှန်းအကြောင်းကို တခြားမည်သူကိုမှ မပြောပြပေ။

ကျိလျိုချီက သူမ၏တပည့်မကို အားကိုးရာမဲ့စွာ ကြည့်နေမိသည်။

ကျိချန်းယောင် ဘာတွေးနေသလဲဆိုတာ သူမဘယ်လိုလုပ် မသိဘဲနေမည်နည်း။

ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ဖျက်ဆီးခံရခြင်းက ထိုစီနီယာလုနှင့် ဆက်စပ်နေလောက်တယ်ဆိုတာ ပြောစရာပင်မလို။

ထို့နောက် သူမ အကြီးအကဲအုပ်စုကို ကြည့်လိုက်၏။

"ကောင်းပါပြီ၊ သူတော်စင်မိန်းမပျိုကို စိုးရိမ်နေစရာမလိုပါဘူး၊ ငါသူ့ကို အနီးကပ် စောင့်ကြည့်ထားမှာပါ၊ အာကာသနှလုံးသားနဲ့ပတ်သက်ပြီး သဲလွန်စတွေကို ဆက်လက်စုံစမ်းကြ"

အကြီးအကဲများ တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ခေါင်းညိတ်ကာ ထွက်သွားကြလေတော့သည်။

အကြီးအကဲများ ထွက်သွားပြီးနောက် ကျိချန်းယောင်ရုတ်တရက် ကျိလျိုချီကို လေးနက်သည့် အမူအရာဖြင့် ကြည့်လာသည်။

"ဆရာ၊ စကြရအောင်"

သူမအသံက စိတ်ရှုပ်နေသေးသည့်ပုံပေါ်လေရာ ဒါက ကျိလျိုချီ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။

"ဒါကနင့်အတွက် အရမ်းစောလွန်းသေးတယ်...."

သို့စေကာမူ ကျိချန်းယောင်၏ ပြတ်သားသည့်အကြည့်ကို တွေ့ရသောအခါ ကျိလျိုချီ နှလုံးသားထဲကနေ သက်ပြင်းချမိသည်။

တကယ်တမ်းတွင် လူတစ်ယောက်ကို အမြန်ကြီးထွားစေနိုင်တာက စစ်ပွဲနှင့် သတ်ဖြတ်ခြင်းတင်မဟုတ်ဘဲ အချစ်ဖြစ်နေသည်။

ဒါကကောင်းလား၊ ဆိုးလားဆိုတာကိုပင် သူတို့မသိကြတော့။

သို့စေကာမူ ဒါကဖြစ်ပျက်လာပြီးဖြစ်လေရာ ကြိုတင်‌စီရင်ထားပြီးဖြစ်သည့် ရလဒ်တစ်ခုတော့ရှိမည်သာ။

ဒါကိုတွေးမိသောအခါ ကျိလျုချီမေးသည်။

"နင်ဒါကို သေချာစဉ်းစားပြီးပြီလား"

ကျိချန်းယောင် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။

"ဟုတ်ကဲ့"

"ဒီလိုဆိုရင် ငါနဲ့အတူ ကျောက်စိမ်းရေကန်ဘိုးဘေးမြေကို လိုက်ခဲ့...."

.....

တခြားတစ်ဘက်တွင် လုချန်ရှန်း သေမျိုးကျေးရွာက မစ္စတာနေအိမ်သို့ ပြန်လာခဲ့သည်။

လုချန်ရှန်းနှင့် ကျန်နှစ်ယောက် ပြန်လာမည်ကို သိထားသည့်အလား သူတို့သုံးယောက် ခြံ၀င်းထဲ ၀င်လာသောအခါ မစ္စတာ ဖျော်ထားသည့် လက်ဖက်ရည်မှ မွှေးကြိုသည့် အနံ့အသက်က စားပွဲပေါ်၌ ပြည့်နေလေပြီ။

မစ္စတာ လုချန်ရှန်းကို ထိုင်ရန် အချက်ပြပြီးနောက် မေးသည်။

"မင်း ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်ကို ဖျက်ဆီးပစ်ခဲ့တာလား"

ဒီအဖိုးကြီးဆီကနေ ဒါကို ဖုံးကွယ်ထား၍ မရတာကိုသိသဖြင့် လုချန်ရှန်းရိုးရှင်းစွာပင ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်"

"တစ်ချို့အရာတွေမှာ ဒီလောက်ထိ သတိထားဖို့လိုလို့လား"

"တစ်ခါတစ်ရံ မင်းအရမ်းဝေးဝေးသွားမိတဲ့အခါကျရင် အန္တရာယ်များတဲ့ အခြေအနေထဲ ကျရောက်သွားကောင်း ကျရောက်သွားနိုင်တာပဲလေ"

လုချန်ရှန်း လက်ဖက်ရည်တစ်ငုံသောက်ပြီး ခပ်ပေါ့ပေါ့ပင်ပြောသည်။

"ဒီဖြစ်နိုင်ချေကို လုံး၀ပယ်ဖျက်ပစ်ရုံပဲ"

"ဒါက အန္တရာယ်ကင်းပြီး ဘေးအကင်းဆုံးနည်းလမ်းပဲ"

ဒါကိုကြားသောအခါ မစ္စတာပြုံးရင်း ခေါင်းခါယမ်းသည်။

"မင်းမှာ မင်းကိုယ်ပိုင်အတွေးရှိပါတယ်၊ ငါ၀င်စွက်ဖက်လို့မရပါဘူး"

"မင်းမှာ တပည့်တစ်ချို့ရှိသေးတယ်လို့ ငါကြားခဲ့တယ်၊ မင်းနောက်ထပ် ဘာဆက်လုပ်မလဲ"

"အိုး"

လုချန်ရှန်း လက်ဖက်ရည်ခွက်ကိုချပြီး ဟွမ်ချင်းကို ကြည့်လိုက်သည်။

ဟွမ်ချင်းခေါင်းခါယမ်းပြသည်။

ထို့နောက် သူလျိုကျိယုကို စိုက်ကြည့်သည်။

လျိုကျိယုလည်း အလျင်စလိုပင် ခေါင်းခါယမ်းသည်။

လုချန်ရှန်း မစ္စတာကိုကြည့်ပြီးမေးသည်။

"ဘယ်သူမှ ခင်ဗျားကိုမပြောဘူးဆိုရင် မစ္စတာဒါကို ဘယ်လိုသိတာလဲ"

"ဒါမှမဟုတ် ခင်ဗျားကျုပ်ကို စုံစမ်းစစ်ဆေးနေတာလား"

မစ္စတာပြုံးသည်။

"မင်းက သဲလွန်စတွေကို ကောင်းကောင်း ဖုံးကွယ်ထားတော့ ငါဘယ်ကစရမှန်းတောင် မသိတော့ဘူး"

"မင်းမျက်နှာကို အပြင်မှာပြနေသရွေ့တော့ ခြေရာတစ်ချို့ဆိုတာ အမြဲရှိမှာပဲ"

လုချန်ရှန်း ငေါ့တော့တော့ပြုံးသည်။

"ကြည့်ကတာ မစ္စတာက ကိုယ်ပိုင်အကြံဉာဏ်၊ စိတ်ကူးတွေကို မလိုက်နာသလို သေမျိုးကျေးရွာမှာလည်း တွယ်ကပ်မနေဘူးဘဲ၊ ဒီအစား ခင်ဗျားမှာ သူလျှိုတွေ အများကြီးရှိတာပဲ"

"မင်းဒီလိုလုပ်စရာမလိုပါဘူး၊ ငါ့မှာ ခင်ဗျားအပေါ် ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိဘူး"

မစ္စတာခေါင်းခါယမ်းသည်။

"ငါမင်းကို သတိပေးချင်တာ နတ်ဆိုးစည်းတံဆိပ်ကပ်ဘေးဆိုတာက ကြားကာလတစ်ခုသာသာပဲ၊ အဲဒီနောက်မှာ မင်းရင်ဆိုင်ရမှာက ဒါနဲ့ယှဉ်ရင် အရမ်းအလှမ်းဝေးနေသေးတယ်"

"ငါ့ကိုမမေးနဲ့၊ ငါမင်းကို မပြောပြရသေးတဲ့ အရာတွေအများကြီးရှိတယ်"

လုချန်ရှန်း မျက်လုံးလိမ့်လိုက်မိသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ ခင်ဗျားက သဘောကျဖို့ကောင်းတဲ့သူတစ်ယောက် မဟုတ်သေးဘူးဘဲ"

အပိုင်း(873) coming။

ငါ့တပည့်တွေက ဘုရင်တွေ‌

All Chapters