#လျိုကျိယုဘယ်မှာလဲ၊ လာပြီးအရိုက်ခံစမ်း#
Vol. 62 Ch. 873
ခြံ၀င်းထဲတွင် မစ္စတာ ကျေးရွာထဲက ကလေးများအား သင်ခန်းစာပို့ချနေသည်။
လျိုကျိယု သေမျိုးကျေးရွာကနေ ထွက်ခွာသွားပြီး အာကာသနှလုံးသားနှင့် ပတ်သက်သည့် သဲလွန်စများ စုစည်းရန်အတွက် အမှောင်ပိုင်နက်၏ ထောက်လှမ်းရေးကွန်ရက်ကို သုံးခဲ့သည်။
တခြားတစ်ဘက်တွင် ဟွမ်ချင်း လုချန်ရှန်းဘေးတွင် ရပ်နေသည်။ သူမ ဝါးကုလားထိုင်တွင် မျက်စိမှိတ်ကာ နေပူစာခံနေသည့် လုချန်ရှန်းကို စိုက်ကြည့်နေသည်။
"အာကာသနှလုံးသားကို ရပြီးရင် ဘာလုပ်ကြမလဲ"
လုချန်ရှန်း တစ်ခဏမျှတွေးလိုက်သည်။
"အဲဒီအချိန်ကျရင် ဟိုကောင်စုတ်လေးတွေရဲ့ တိုက်တက်နှုန်းအရဆိုရင် သူတို့မြေအင်မော်တယ်နယ်ပယ်ကို ရောက်နိုင်ကြမှာပါ"
"တစ်ယောက်ယောက် မြေအင်မော်တယ်နယ်ပယ်ကို မရောက်သေးဘူးဆိုရင်လည်း ငါဆေးလုံးတွေသုံးရုံပဲပေါ့"
ထိုနေရာတွင် လုချန်ရှန်း မျက်လုံးအစုံကို ဖြည်းဖြည်းချင်းဖွင့်ပြီး အဆုံးမဲ့ကောင်းကင်အား ကြည့်ကာ သက်ပြင်းချသည်။
"ဒီအရာတွေက မကြာသေးခင်က ခဏခဏဆိုသလို ဖြစ်ပျက်ခဲ့တယ်၊ ငါတို့မှာ အချိန်အများကြီး မကျန်တော့မှာကို ငါစိုးရိမ်မိတယ်"
"အရင်ဆုံး အင်မော်တယ်နယ်မြေကို တတ်နိုင်သမျှ မြန်မြန်သွားရမယ်၊ ပထမဆုံးအနေနဲ့ ယဲ့ချိုးပိုင်၊ ဟုန်ရင်နဲ့ ကျန်တဲ့သူတွေကို အင်မော်တယ်စွမ်းအင်အဖြစ် ပြောင်းအောင် ကူညီပေးရမယ်၊ ဒုတိယအနေနဲ့ အင်မော်တယ်နယ်မြေ၀င်ပေါက်က ချိပ်စည်းကို ငါပြုပြင်မွမ်းမံနိုင်မလားဆိုတာ ကြည့်ကြည့်ရမယ်"
သေမျိုးနယ်မြေက အင်မော်တယ်နယ်မြေ၏ ပြိုင်ဘက်မဟုတ်သလို အင်မော်တယ်နယ်မြေက နတ်ဆိုးနယ်မြေကို ပိုကြောက်သဖြင့် ဒါက နတ်ဆိုးနယ်မြေက အင်မော်တယ်နယ်မြေထက် ပိုအားကောင်းသည်ဟု ဆိုလိုနေခြင်းပင်။
သူနိုင်မလားဆိုတာ သူမသိပါ။
လက်ရှိလုချန်ရှန်း၏ ကိုယ်ပိုင်ခွန်အားအပေါ် နားလည်မှုက သေမျိုးနယ်မြေနှင့်သာ ကန့်သတ်ထားသည်။
သေမျိုးနယ်မြေက ဘယ်သူမှ အပေါ်ယံတွင် သူပြိုင်ဘက်မဟုတ်တာကို သူသိသည်။
သို့သော် လျှို့ဝှက်စွာကျင့်ကြံနေကြသည့် မွန်းစတားအိုတစ်ချို့ရှိနိုင်ချေကိုတော့ သူပယ်ချ၍မရပေ။
ဒါက ၀တ္ထုများတွင် အမြဲလိုလို ရေးသားထားသည့်ပုံစံပင်။
လုချန်ရှန်း၏အသံမှ စိုးရိမ်မှုကို ကြားသောအခါ လုချန်ရှန်းဘာကို စိုးရိမ်နေသလဲဆိုတာ ဟွမ်ချင်း မကြာမီသဘောပေါက် နားလည်သွားသဖြင့် နူးညံ့စွာသက်ပြင်းချရင်း အကူအညီမဲ့စွာပြုံးသည်။
"ရှင့်ကဘာမှမဖြစ်ပါဘူး၊ အင်မော်တယ်နယ်မြေနဲ့ နတ်ဆိုးနယ်မြေကတောင် သေချာပေါက် ရှင့်ပြိုင်ဘက်မဟုတ်ဘူး"
ဟွမ်ချင်း၏စကားလုံးများကို ကြားသောအခါ လုချန်ရှန်းပြုံးလိုက်၏။
"မင်းငါ့ကို အတော်လေးအမြင့်တွေးထားတာပဲ"
ဟွမ်ချင်းပြန်ချေပသည်။
"ကျွန်မရဲ့ကိုယ်ပိုင်အမြင်ကို ကျွန်မယုံတယ်"
"အင်း၊ ကိုယ့်ကိုကိုယ်မယုံနဲ့"
ဟွမ်ချင်း "....."
သူမအံကြိတ်သည်။ သူမ လက်ဝှေ့အိတ်ဖြစ်သည့် လျိုကျိယုကဲ့သို့ တစ်စုံတစ်ယောက်ကို ရိုက်နှက်ပစ်ချင်သည်။
......
ထိုအချိန်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဒီနယ်မြေတွင် သူတို့ကို ခြိမ်းခြောက်နိုင်သည့် ထိုအင်အားစုများက သူတို့ကို နောက်ထပ်မတိုက်ခိုက်ရဲတော့ဟု ယဲ့ချိုးပိုင်နှင့် စံအိမ်တော်က တပည့်များ ပြောဆိုနိုင်ပါသည်။
ဆန့်ကျင်ဘက်ပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတွင် တောင်းဆိုချက်တစ်ခုရှိလာပါက သူတို့ကောင်းမွန်သည့်အစားအသောက်ကောင်းများနှင့် ဧည့်ခံကျွေးမွေးမည်သာ။
အကြောင်းရင်းက ရှင်းပါသည်။
အဘယ်ကြောင့်ဆိုသော် သူတို့လုချန်ရှန်းနှင့် ပတ်သက်၍ သတင်းမဖြန့်နိုင်သော်လည်း သူတို့လက်အောက်က လူများကိုမူ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား ရန်မစမိစေရန်အတွက် သတိပေးခဲ့ကြသည်။
သူတို့နှင့်တွေ့ဆုံရင် မိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးကြိုးစား၊ မိတ်ဆွေတွေမဖြစ်နိုင်ဘူး ဆိုရင်တောင် သူတို့နဲ့ ရန်သူဖြစ်လာလို့မရဘူး!
ဒီအမိန့်က အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများအကြား အလျင်အမြန်ပင် ပျံ့သွားခဲ့သည်။
ဘာလို့ဒီအမိန့်ကို ထုတ်ပြန်ရသလဲဆိုသည့် အကြောင်းရင်းကို မသိသည့်ကျင့်ကြံသူများအတွက်မူ သူတို့စည်းမျဉ်းများကို ချိုးဖျက်ပါက အထက်လူကြီးများက သတ်ပစ်မည်သာ။
ဒီအချက်တစ်ချက်တည်းကို အခြေခံပြီး ယဲ့ချိုးပိုင်တို့အတွက် အလယ်အလတ်အဆင့်ကြယ်နယ်မြေကို လွှမ်းမိုးရန် လုံလောက်နေလေပြီ။
ထိုအချိန်မှာပင် ရှီရှန်း သေမင်းဝိဉာဉ်မြို့က ကြယ်စွမ်းအားအားလုံးကို စုပ်ယူပြီးဖြစ်သဖြင့် သူ့ကျင့်ကြံခြင်းနယ်ပယ်က မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်သွားခဲ့သည်။
သူတို့ဆရာ၏ တောင်းဆိုချက်အပြီးတွင် မြေအင်မော်တယ်နယ်ပယ် မရောက်သေးသူများက စတင်သီးသန့်ကျင့်ကြံရန် ၀င်သွားကြသည်။
ဥပမာအားဖြင့် မု၀မ်အာဖြစ်သည်။
သို့စေကာမူ မု၀မ်အာ ဆေးလုံးကျမ်းကို ရပြီးကတည်းက သူမ၏ကျင့်ကြံခြင်းနှုန်းက အတော်လေးကြောက်စရာကောင်းသည့် နှုန်းတစ်ခုဖြင့် တိုးတက်လာခဲ့သည်။
တခြားတစ်ဘက်တွင် ရှောင်ဟိုင်ကမူ အဆုံးမဲ့ပင်လယ်ဒေသ၏ ပင်လယ်နက်အစပိုင်းက မှော်သားရဲများနှင့်အတူ သူ့ခန္ဓာကို အဆက်မပြတ်ပြုပြင်မွမ်းမံနေသည်။
ရှောင်ဟိုင် ပင်လယ်နက်အစပိုင်းက မှော်သားရဲများကို ကိုင်တွယ်နိုင်နေလေပြီ။
ဒဏ်ရာရတာက ပုံမှန်ဖြစ်သော်လည်း ရှောင်ဟိုင်မြင်ချင်တာကလည်း ဒါဖြစ်သည်။
အစပိုင်းက ရှောင်ဟိုင် ပင်လယ်နက်မှော်သားရဲများကို တိုက်ခိုက်ရန်အတွက် အသန့်စင်ဆုံးရုပ်ခွန်အားကိုသာ သုံးခဲ့သည်။
သူအကြိမ်ပေါင်းများစွာ ဒဏ်ရာပြင်းထန်စွာရခဲ့သည်။
သို့စေကာမူ ဒဏ်ရာရပြီးနောက် ရှောင်ဟိုင်၏ နတ်ဆိုးဘုရင်သွေးကြောက ရုပ်ခန္ဓာကို ပြုပြင်မွမ်းမံရင်း ခွန်အားကိုလည်း တိုးလာစေသည်။
အကြိမ်ဒါဇင်နှင့်ချီ လုပ်ဆောင်ပြီးနောက် လက်ရှိရှောင်ဟိုင်၏ ခွန်အားကို ထောက်ဆကြည့်ပါက သူမြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က လူများပင်လျှင် ရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်ပါ။
ဒီကျင့်ကြံခြင်းနှုန်းက ကြောက်စရာကောင်းလွန်းသည်။
ဟုန်ရင် တိမ်ဖီးနစ်အင်ပါယာကို အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ဖြည်းဖြည်းချင်း စတင်ရွေ့ခဲ့သည်။
ဂိုဏ်းများစွာ၏ အကူအညီနှင့်အတူ တိမ်ဖီးနစ်အင်ပါယာက အလယ်အလတ်အဆင့် ကြယ်နယ်မြေတွင် အလျင်အမြန်ပင် ခြေကုပ်ရသွားခဲ့သည်။
နင်းချန်ရှင်းက တိမ်ဖီးနစ်အင်ပါယာမှာပင် ဟောပြောနေခဲ့သည်။
သူတို့နှစ်ယောက်က ခွန်အားကို အလျင်အမြန်တိုးလာစေရန်အတွက် ဒီနည်းလမ်းကို သုံးခဲ့ကြသည်။
ယဲ့ချိုးပိုင်ကရော!
သူက တစ်နေ့လုံး ထိုကောင်းကင်အင်မော်တယ်နယ်ပယ်က ဓားအင်မော်တယ်များနှင့် လေ့ကျင့်ခဲ့သည်။
ဥပမာအားဖြင့် ဟောင်ကျန်းဟန်၊ ကောင်းကင်ဘုံဓားတောင်ထိပ်က ဓားကာကွယ်ရေးအကြီးအကဲများ၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ယဲ့ချိုးပိုင်၏ တိုက်ခိုက်ရေးအဖော်များ ဖြစ်လာကြသည်။
ဒါကလည်း ယဲ့ချိုးပိုင်၏ ဓားတာအိုနယ်ပယ်နှင့် ကျင့်ကြံခြင်းနယ်ပယ်ကို တဖြည်းဖြည်းနှင့် အမြန်မြင့်လာစေသည်။
မုဖူရှန်း မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆောင်မျှော်စင်ထဲသို့ ၀င်သွားခဲ့သည်။
စံအိမ်တော်က လူတိုင်း၏ခွန်အားက အလျင်အမြန် မြှင့်တက်လာနေသည်ဟု ဆို၍ရသည်။
ယနေ့ တိမ်ဖီးနစ်အင်ပါယာတွင် စံအိမိတော်က တပည့်များစုဝေးနေကြ၏။
မု၀မ်အာကလည်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
"အင်း၊ ကြည့်ရတာ အားလုံးဆရာရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသွားပြီပဲ" ယဲ့ချိုးပိုင် လူတိုင်းကိုကြည့်ပြီး အပြုံးဖြင့် ခေါင်းညိတ်သည်။
ဟုန်ရင်ပြုံးသည်။
"ဒါဆို ငါတို့ရဲ့ခွန်အားကို ဒီမှာအရင် တည်ငြိမ်အောင်လုပ်ပြီး ဆရာလာတာကို စောင့်ကြရအောင်"
တခြားတစ်ဘက်တွင် ရှောင်ဟိုင်တိတ်ဆိတ်နေသည်။
လူတိုင်း ရှောင်ဟိုင်၏ စိတ်ခံစားချက်များကို မြင်နိုင်လေရာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။
ယဲ့ချိုးပိုင်မေးသည်။
"ရှောင်ဟိုင်၊ ဘာဖြစ်လို့လဲ"
ရှောင်ဟိုင်ဒါကို ကြားသောအခါ ခေါင်းခါယမ်းသည်။
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ခွန်းလွန်အပျက်အစီး ဘယ်မှာလဲဆိုတာကို စဉ်းစားနေတာပါ"
ခွန်းလွန်အပျက်အစီးသတင်းကို တျန်ကျင်းကုန်သည်များအသင်း၏ သတင်းလေလံပွဲက ရလာခဲ့ခြင်းဖြစ်သည်။
အင်မော်တယ်နယ်ပယ်၏ အချုပ်အတည်းများကို ချိုးဖျက်ပြီး နတ်ဘုရားနယ်ပယ်သို့ ရောက်နိုင်သည့် နည်းလမ်းတစ်ခုရှိသည်ဟု ဆိုကြသော်လည်း ရှောင်ဟိုင်ဂရုမစိုက်ပေ။
သို့စေကာမူ ခွန်းလွန်အပျက်အစီးတွင် ဝိဉာဉ်အပိုင်းအစတစ်ခုရှိသည်။
သူ ကိစ္စရပ်တွေကိုပိုသိနိုင်ပြီး ခွန်အားကို တိုးမြှင့်ရန်အတွက် ဒီဝိဉာဉ်အပိုင်းအစကို ရရန်လိုအပ်သည်။
နတ်ဆိုးဘုရင်ပိုင်နက်က သူ့တည်ရှိမှုကို ရှာတွေ့သွားပြီဖြစ်သည်။
ယခုသူတို့က အလယ်အလတ်အဆင့် ကြယ်နယ်မြေတွင် ဖြစ်သဖြင့် တစ်ဘက်က ပွင့်ပွင်းလင်းလင်း တိုက်ခိုက်မည်မဟုတ်။ သို့သော် အဆင့်မြင့်ကြယ်နယ်မြေကို ၀င်မည်ဆိုပါကရော!
သူတို့ထိုနေရာကို ရောက်သောအခါ သူ့တွင် ခွန်အားကို ငြိမ်းအေးစွာနှင့် တိုးအောင်လုပ်ရန် အချိန်အများကြီး ရှိမည်မဟုတ်။
ရှောင်ဟိုင် သူ့ဆရာဆီက အကူအညီ တောင်းခံမည့်အချက်ကိုမူ ပယ်ချခဲ့သည်။
အကယ်၍ သူသာ အရာရာတိုင်းအတွက် သူ့ဆရာကို ရှာနေမည်ဆိုပါက ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်ကဘာများနည်း။
ဆရာတစ်ဦးက လမ်းကြောင်းကို ဦးဆောင်ပေးသော်လည်း ကျင့်ကြံခြင်းက ကိုယ့်ကိုကိုယ်အားကိုးရမည်သာ။
ဒါ့အပြင် ထိုအချိန်တွင် နတ်ဆိုးဘုရင်ပိုင်နက်ကြောင့် သူ့စီနီယာအစ်ကိုနှင့် အစ်မများကိုပါ ဆွဲချသလို ဖြစ်သွားပေလိမ့်မည်။
ဘေးက ရှီရှန်းရုတ်တရက်ပြောသည်။
"မမလေးဇီရှန်းကို မေးပြီး သူဘယ်လိုသိလာသလဲဆိုတာ သိနိုင်တာပဲလေ"
ရှီရှန်း၏စကားလုံးများကို ကြားသောအခါ ဟုန်ရင်စနောက်လိုက်၏။
"ကြည့်ရတာ နင်တိုးတက်လာတော့ တွေ့ဆုံဖို့အတွက် အခြေအနေတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာကိုပါ သိသွားပုံပဲ"
ရှီရှန်း၏မျက်နှာက ချက်ချင်းပင် နီမြန်းသွားသည်။
တခြားတစ်ဘက်က မုဖူရှန်းသူ့ကို သတိပေးသည်။
"ခွန်းလွန်အပျက်အစီးက အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းမှာဖြစ်နိုင်ချေများတယ်၊ ကျွန်တော်တို့ခွန်အားနဲ့ဆိုရင် အထဲကို ၀င်နိုင်မှာမဟုတ်လောက်ဘူး....."
အပိုင်း(874) coming။