← Chapters

#‌သေမင်းဝိဉာဉ်နန်းတော်#

Vol. 62 Ch. 874

#‌သေမင်းဝိဉာဉ်နန်းတော်#

Vol. 62 Ch. 874

တျန်ကျင်းကုန်သည်များအသင်းတွင် ဇီရှန်း သတင်းအချက်အလက်များကို လှန်လှောကြည့်ရှုပြီးပြောသည်။

"တျန်ကျင်းကုန်သည်များအသင်းမှာ ရှင်တို့ရဲ့လုပ်ပိုင်ခွင့်အရ ကျွန်မတို့ သတင်းအချက်အလက်အားလုံးကို ပေးနိုင်ပါတယ်"

"ဒါပေမယ့် ဒီခွန်းလွန်အပျက်အစီးနဲ့ အဆုံးမဲ့ပင်လယ်နက်ဒေသရဲ့အနက်ပိုင်းနဲ့ ပတ်သက်ပြီး တျန်ကျင်းကုန်သည်များအသင်းမှာတောင် သတင်းအချက်အလက် မရှိသလောက်ပဲ"

"ဘာမှမရှိသလောက်လို့ပြောလည်းရတယ်"

ရှီရှန်းသိချင်စိတ်ဖြင့်မေးသည်။

"တျန်ကျင်းကုန်သည်များအသင်းရဲ့ ခွန်းအားနဲ့တောင် မ၀င်နိုင်ဘူးလား"

မည်သို့ပင်ဆိုစေကာမူ တျန်ကျင်းကုန်သည်များအသင်းက အဆင့်မြင့်ကြယ်နယ်မြေက အင်အားစုတစ်ခုပင် မဟုတ်ပေလော။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် သူတို့သွား၍မရနိုင်သည့် နေရာမရှိပေ။

ဇီရှန်းဒါကိုကြားသောအခါ လေးနက်သည့် အမူအရာဖြင့်ပြောသည်။

"ကျွန်မလည်း မသေချာဘူး၊ ဌာနချုပ်က ပြောတာက ကျွန်မတို့တခြားနေရာတွေက သတင်းအချက်အလက်တွေကို ရှာလို့ရပေမယ့် အဆုံးမဲ့ပင်လယ်ဒေသအနက်ပိုင်းတစ်ခုမှာပဲ ကျွန်မတို့ရဲ့လူတွေကို အဲကို ခြေချခွင့်ပေးလို့မရဘူးတဲ့"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဇီရှန်း၏ စကားလုံးများကို ကြားပြီးတစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။

ကြည့်ရသည်မှာ အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းက မရိုးရှင်းပုံပင်။

ရဂ်နာရောခ့်၊ ခွန်းလွတ်အပျက်အစီး!

အဆုံးမဲ့ပင်လယ်ဒေသ၏ ရှေးဟောင်းစစ်မြေပြင်တွင် တျန်ကျင်းကုန်သည်များအသင်းပင် ရှာမတွေ့နိုင်သည့် လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားလိုက်သည်။

ရှီရှန်းပြုံးသည်။

"ကျေးဇူးပါ၊ မမလေးဇီရှန်း၊ ဒါဆို ကျွန်တော်တို့အရင် သွားလိုက်ဦးမယ်နော်"

သူစကားပြောပြီးပြီးချင်း မုဖူရှန်း ရုတ်တရက်ပြောလာသည်။

"ဟေး၊ ဟေး၊ ဟေး၊ ဘာလို့ထွက်သွားနေတာလဲ၊ ထွက်သွားရမယ်ဆိုရင်တောင် ကျွန်တော်တို့ပဲဖြစ်သင့်တာ၊ ကျွန်တော်တို့က ကျင့်ကြံရဦးမယ်၊ စီနီယာအစ်ကိုရှီရှန်းကတော့ ခဏလောက်အနားယူသင့်တယ်၊ အစ်ကိုက အကြာကြီးကျင့်ကြံနေခဲ့တာလေ၊ စိတ်ဖြေလျှော့ထားဖို့လိုတာပေါ့"

ထို့နောက် သူဇီရှန်းအားကြည့်သည်။

"မမလေးဇီရှန်း၊ ခင်ဗျားရောသဘောတူလား"

ဇီရှန်းအနည်းငယ် အံ့ဩသင့်နေပြီးနောက် ပါးစပ်ကိုဖုံးကာ ရယ်မောလေတော့သည်။

"မှန်တယ်၊ သင့်လျော်စွာ အနားယူမယ်ဆိုရင် အဆင့်ချိုးဖျက်ဖို့ ပိုလွယ်ကူတာပေါ့"

မုဖူရှန်းချက်ချင်းတုံ့ပြန်သည်။

"ဟုတ်တယ်မလား၊ ဒီတော့ စီနီယာအစ်ကို၊ အစ်ကိုဒီမှာနားနေလို့ရတယ်၊ ကျွန်တော်တို့ အရင်သွားလိုက်မယ်နော်"

ထို့နောက် သူယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများနှင့်အတူ ထွက်သွားလေတော့သည်။

ရှီရှန်း ဆွံအနေသည့်အမူအရာဖြင့် ကျန်နေခဲ့သည်။

အကြာကြီးကျင့်ကြံပြီးနောက်မှာ ငါဘာလို့ အနားယူဖို့လိုရတာလဲ!

ဒီလိုအရာမျိုးရှိလို့လား!

ဇီရှန်း ဘာလုပ်ရမှန်းမသိဖြစ်နေသည့် ရှီရှန်းအား ကြည့်ပြီး ရယ်မောလိုက်သည်။

"ဒီလိုဆိုရင်ရော၊ ရှင့်လိုချင်တာတစ်ခုခုများ ရှိသလားဆိုတာ ရှာနိုင်ဖို့အတွက် ကျွန်မ ကုန်သည်းများအသင်းပတ်လည်ကို ခေါ်သွားပေးမယ်လေ၊ ရှိရင် ရှင့်ကို ပေးဖို့အတွက် ကျွန်မဆုံးဖြတ်ပေးနိုင်ပါတယ်"

ရှီရှန်း "....."

ဒါအရမ်းမှားနေတယ်လို့ ဘာလို့ ငါခံစားနေရတာလဲ!

......

အဆင့်မြင့်ကြယ်နယ်မြေတွင် နောက်ထပ်ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။

နတ်သခင်အဆင့်ဂိုဏ်းများက အာကာသနှလုံးသားနှင့်ပတ်သက်သည့် သဲလွန်စများကို ရှာဖွေနေသလို နတ်သခင်ဟောင်တျန်း အဆင့်ချိုးဖျက်ရသည့်အကြောင်းကိုလည်း ရှာဖွေနေကြသည်။

သို့စေကာမူ သူတို့ကို သံသယ၀င်စေသည့် တစ်ခုတည်းသောအရာက ဟောင်တျန်းစားသောက်ပွဲဖြစ်သည်။ သို့သော် ဟောင်တျန်းစားသောက်ပွဲတွင် ပါ၀င်ခဲ့သည့် အားအကောင်းဆုံးဂိုဏ်းက ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းသာ။

သူတို့က ဘယ်လိုလုပ် နတ်သခင်ဟောင်တျန်းလို ကျွမ်းကျင်သူတစ်ယောက်ကို ကူညီပေးနိုင်မှာလဲ!

နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းက အဆင့်မြင့်ကြယ်နယ်မြေတွင် အားအကောင်းဆုံးဂိုဏ်းဖြစ်သဖြင့် ဉာဏ်ကောင်းသောသူများလည်းရှိသည်။

မကြာမီ ဟောင်တျန်းစားသောက်ပွဲတွင် အမည်မသိဂိုဏ်းတစ်ဂိုဏ်းက ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်နှင့် ထိပ်တိုက်ဆုံခဲ့ပြီး ဟောင်တျန်းနတ်ပိုင်နက်ကို ဝင်ပြီးနောက် ခေးအောစ့်အနှစ်သာရမိုးကြိုးခန်းမမှ အကြီးအကဲအနည်းငယ်နှင့် ဂိုဏ်းချုပ်၏တပည့်ပင် အသတ်ခံခဲ့ရသည်။

ထို့နောက်တွင် ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော် ဖျက်ဆီးခံလိုက်ရသည်။

ဒီအရာအားလုံးက လုံး၀ဆက်စပ်မှုမရှိခဲ့သည့်အလားပင်။

ဒါကအရမ်းထူးဆန်းလွန်းသည်။

သူတို့ ဟွမ်ချင်း၊ လုချန်ရှန်းနှင့် လျိုကျိယုတို့၏ အော်ရာနောက်မှလိုက်ပြီး ခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနန်းတော်တွင် တူညီသည့် အော်ရာကို ရှာဖွေသောအခါ ဘာတစ်ခုမှ မတွေ့ခဲ့ကြပါ။

သူတို့၏အော်ရာများက ပျောက်ကွယ်သွားသည့်အသွင်။

သူတို့ဘာသဲလွန်စမှ မတွေ့သော်လည်း တစ်ချို့နတ်သခင်အဆင့်အင်အားစုများက လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ပစ်မှတ်ထားနေလေပြီ။

လုချန်ရှန်းနှင့် ဟွမ်ချင်းတို့က ဟောင်တျန်းစားသောက်ပွဲအတွင်း သူတို့၏ခွန်အားကို ပြသခဲ့ကြသည်။

သူတို့အမြင်အရ ကျင့်ကြံခြင်းနယ်ပယ်ကို ဖိနှိပ်ထားတယ်ဆိုတာက ပုံမှန်သည်။

ဒီခန့်မှန်းချက်သာလျှင် အဓိပ္ပာယ်ရှိသည်။

.....

တစ်ချိန်တည်းမှာပင် ကြီးကြပ်ရေးဗိမာန်တွင်.....!

ကြီးကြပ်ရေးဗိမာန်က အဆင့်မြင့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေကိုပင် စောင့်ကြည့်နေသည့် တည်ရှိမှုတစ်ခုဖြစ်သဖြင့် ကြီးကြပ်ရေးဗိမာန်၏ ခွန်အားက နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းထက် အားမနည်းပေ။ တကယ်တမ်းတွင် အတိုင်းအတာတစ်ခုအထိ ပို၍ပင် အားကောင်းသည်။

သို့စေကာမူ ကြီးကြပ်ရေးဗိမာန်က တိုက်ပွဲများတွင် မပါ၀င်ပေ။

"ငါတို့အာကာသနှလုံးသားကို အာရုံစိုက်ထားသင့်လား"

ထိုအချိန်တွင် ခန်းမထဲက အဖိုးအိုတစ်ဦးမေးသည်။

ကျန်အဖိုးအိုတစ်ဦးက ခေါင်းခါယမ်းသည်။

"မလိုဘူး၊ အာကာသနှလုံးသားက ငါတို့အပေါ် သက်ရောက်မှုသိပ်မရှိဘူး"

"ဒါ့အပြင် ငါတို့ပါ၀င်လိုက်မယ်ဆိုရင် ကြီးကြပ်ရေးဗိမာန်က အပေါ်ယံက ကြားနေရပ်တည်မှုကို ချိုးဖျက်မိလိမ့်မယ်"

နောက်တစ်ယောက်ကလည်း သဘောတူသည်။

"မှန်တယ်၊ ဒါ့အပြင် ငါတို့အခုအဆုံးမဲ့ပင်လယ်ဒေသကိုပဲ ဂရုစိုက်ရမယ်၊ မြန်မြန်လူတွေထပ်ပို့တော့"

"နားလည်ပါပြီ"

......

သေမင်းဝိဉာဉ်နန်းတော်၊ ဧရာမအမှောင်ခန်းကြီးတစ်ခုတွင် ဝိဉာဉ်စွမ်းအင်အရမ်းကြီးမရှိဘဲ ဆန့်ကျင်စွာပင် ဝိဉာဉ်စွမ်းအားပမာဏက အရမ်းမြင့်မားနေသည်။

ဒါကိုပကတိမျက်စိနှင့်ပင်မြင်နိုင်သည်။

ဒီအခန်းကြီးထဲတွင် ဝိဉာဉ်အမျှင်တန်းများက လေထဲတွင် လွင့်မြောနေကြပြီး တစ်ခါတစ်ရံ စူးရှသည့်အသံများ ထုတ်လွှတ်ကြသည်။

အခန်းရှေ့တွင် အရိုးနက်ခုံတစ်ခုံရှိပြီး ခုံပေါ်၌ ရှည်လျားသည့်ပုံရိပ်တစ်ခု၏ တစ်၀က်က အမှောင်ထဲတွင် ပုန်းကွယ်နေသည်။

မည်းမှောင်သည့်အသံတစ်သံက အထဲကနေ ထွက်လာသည်။

"မင်းတစ်ခုခုတွေ့ခဲ့လား"

လုချန်ရှန်းသာ ဒီနေရာတွင်ရှိနည်ဆိုပါက ဒီအသံကို မှတ်မိပေလိမ့်မည်။

ဒီလူက အဆုံးမဲ့ပင်လယ်ဒေသ၌ မြင်ကွင်းများနောက်ကွယ်က သေမင်းဝိဉာဉ်မြို့၏ ဉာဏ်ကြီးရှင်ပေတည်း။

အောက်တွင် ကြမ်းပြင်၌ ဒူးထောက်နေသည့် အဖိုးအိုတစ်ဦး တုန်ယင်နေသည့်အသံဖြင့်ပြောသည်။

"ဝိဉာဉ်အရှင်သခင်ကိုတင်ပြပါတယ်၊ ဒီကာလအတောအတွင်း ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်က ဘယ်ဂိုဏ်းနဲ့ တုံ့ပြန့်ဆက်သွယ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ ရှာမတွေ့ခဲ့ပါဘူး"

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က အမျိုးသားတပည့်များကို လက်မခံပေ။

ထို့ကြောင့် ဝိဉာဉ်အရှင်သခင်က လုချန်ရှန်းကို ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တွင် ရှာရန် မည်သူ့ကိုမှ မပြောခဲ့ကြပေ။

အဖိုးအို၏စကားလုံးများကို ကြားသောအခါ ဝိဉာဉ်အရှင်သခင် မျက်မှောင်ကြုတ်လိုက်သည်။

ဝိဉာဉ်အရှင်သခင်၏ စိတ်ခံစားချက် အတက်အကျများကို ခံစားမိသည့်အလား ပတ်ပတ်လည်က ဝိဉာဉ်များက နားကွဲလုနီးပါး အော်သံများကို စတင်ထုတ်လွှတ်သည်။

အဖိုးအို နာကျင်နေသည့်အမူအရာဖြင့် နားများကို ဖုံးထားရသည်။

သို့စေကာမူ နားများကို ဖုံးထားသည့်တိုင် သူ့ဝိဉာဉ်အနက်ရှိုင်းဆုံးနေရာထိပင် စိမ့်၀င်လာသည့် စူးရှသည့်အသံက သူ့ဝိဉာဉ်ကို တိုက်စားပစ်သည်။

ဝိဉာဉ်အရှင်သခင်ရှေ့ကိုင်းပြီးနောက် အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒကို ဖိနှိပ်ထားသည့်အသွင် ပြောလာသည်။

"ငါမင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်၊ မြန်မြန်သွားပြီး အဲဒီလူရဲ့တည်နေရာနဲ့ သတင်းအချက်အလက်တွေကို ရှာတော့၊ မင်းဘာတစ်ခုမှ မတွေ့သေးဘူးဆိုရင်တော့ မင်းဝိဉာဉ်ကို ဒီအခန်းထဲမှာ ထာ၀ရမျောလွင့်ခွင့်ပေးလိုက်တော့...."

ဝိဉာဉ်အရှင်သခင်၏ စကားလုံးများကို ကြားသောအခါ အဖိုးအို၏ကိုယ်က တုန်ယင်သွားပြီး မျက်သူငယ်အိမ်များက အကြောက်တရားကြောင့် ကျုံ့သွားခဲ့သည်။

သူချက်ချင်းခေါင်းနှင့် ကြမ်းပြင်ကိုဆောင့်ကာ ကျယ်လောင်စွာကတိပေးသည်။

"ကျွန်တော် တစ်ဘက်လူရဲ့တည်နေရာကို သေချာပေါက်ရှာပါမယ်၊ ဝိဉာဉ်အရှင်သခင် သတင်းကောင်းအတွက် စောင့်နေဖို့ မျှော်လင့်ပါတယ်"

ထို့နောက်တွင်သာ ဝိဉာဉ်အရှင်သခင် လက်ဝှေ့ယမ်းသည်။

"မင်းသွားနိုင်ပြီ၊ ဒုတိယအကြီးအကဲကို ၀င်လာခွင့်ပေးလိုက်"

သို့မှသာ အဖိုးအိုမှာ ပခုံးပေါ်က ၀န်ထုပ်၀န်ပိုးကြီးကျသွားသည့်အလား အခန်းထဲမှ ထွက်သွားလေတော့သည်။

ဒုတိယအကြီးအကဲ၀င်လာသောအခါ ဝိဉာဉ်အရှင်သခင်မေးသည်။

"အာကာသနှလုံးသားနဲ့ပတ်သက်တဲ့ သဲလွန်စတွေရှိလား"

ဒုတိယအကြီးအကဲခေါင်းခါယမ်းသည်။

ဝိဉာဉ်အရှင်သခင်မျက်မှောင်ကြုတ်သည်။

"ဒီအာကာသနှလုံးသားက ငါတို့သေမင်းဝိဉာဉ်နန်းတော်အတွက် အရမ်းအသုံး၀င်တယ်၊ ငါတို့ဒါကိုအရယူရမယ်၊ နတ်သခင်အဆင့်ဂိုဏ်တစ်ဂိုဏ်း ဒီအတွက် တိတ်တဆိတ် တိုက်ခိုက်လာမယ်ဆိုရင်တောင် ငါတို့လုံး၀လက်လျှော့လို့မရဘူး"

"ဒီတော့ ဘယ်လောက်ပဲကုန်ကျပါစေ အချက်အလက်တွေကို ကြိုတင်ရယူထားရမယ်၊ နားလည်လား"

ဒုတိယအကြီးအကဲခေါင်းညိတ်သည်။

အပိုင်း(875) coming။

All Chapters