← Chapters

#‌ဘိုးဘေးအင်ပါယာနယ်မြေ#

Vol. 62 Ch. 875

#‌ဘိုးဘေးအင်ပါယာနယ်မြေ#

Vol. 62 Ch. 875

နောက်သုံးရက်ကုန်ဆုံးသွားသောအခါ လုချန်ရှန်းစိတ်မရှည်ဖြစ်လာပြီး ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်သွားချင်ချိန်မှာပင် လျိုကျိယု နောက်ဆုံးတော့ သတင်းများကို ယူဆောင်လာခဲ့သည်။

သေမျိုးကျေးရွာ၊ မစ္စတာခြံ၀င်း၌ လုချန်ရှန်း မစ္စတာနှင့်အတူ လက်ဖက်ရည် သောက်နေသည်။

ဟွမ်ချင်း ဘေးတွင်ကျင့်ကြံနေသည်။

လျိုကျိယု လုချန်ရှန်းဘေးသို့ လျှောက်သွားပြီး မစ္စတာအား တုံ့ဆိုင်းနေသည့် အမူအရာဖြင့် ကြည့်နေသည်။

မစ္စတာရယ်မောလိုက်သည်။

"မင်းတို့ကို အာကာသနှလုံးသားအတွက် ဒီကိုလာဖို့ခေါ်လိုက်တာ ငါလေ၊ ငါသာ အာကာသနှလုံးသားကို လိုချင်ရင် ဒီလိုလုပ်မယ်ထင်လား"

လုချန်ရှန်ကလည်း မပျော်သည့်ဟန်ဆောင်ရင်း လျိုကျိယုကို စူးစိုက်ကြည့်လိုက်သည်။

"မင်းကြားလား၊ ဘာလို့ဒီလောက်ကပ်စေးနှဲနေရတာလဲ၊ မင်းဘာလို့ဒါကို ဖုံးကွယ်နေရသေးတာလဲ"

လျိုကျိယုကြက်သေသေသွားသည်။

"?????"

သောက်ကျိုးနည်း!

ဒါက ခင်ဗျားရဲ့ပုံမှန်စတိုင်ပဲမလား!

ဒီလိုအရေးကြီးတဲ့ သတင်း‌အချက်အလက်တွေကိုဆိုရင် တတိယလူကိုမသိစေဖို့ ခင်ဗျားအရမ်းဂရုစိုက်တာမလား!

တခြားအချိန်တွေမှာ ခင်ဗျားတပည့်တွေကိုရော ဒီလိုမျိုးလုပ်ဖို့ပဲ သင်ပေးခဲ့တာမလား!

ကျုပ်နဲ့ပတ်သက်လာတဲ့အခါမှ ဘာလို့ ဒီလောက် မဆီလျော်ဖြစ်လာရတာလဲ!

ဒါကိုပြောပြီးတာနှင့် လျိုကျိယု ချက်ချင်းဆိုသလို ခက်ခဲသည့်အခြေအနေတစ်ရပ်တွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။

"အဟမ်း" လုချန်ရှန်းပါးစပ်ပိတ်ကာ ချောင်းဟန့်ပြီးနောက်မေးသည်။

"ကောင်းပြီ၊ မင်းမှာ အာကာသနှလုံးသားနဲ့ ပတ်သက်တဲ့ သဲလွန်စရှိလား"

လျိုကျိယုခေါင်းညိတ်သည်။

"ကျွန်တော်သတင်းရဖို့အတွက် အမှောင်နယ်မြေရဲ့ထောက်လှမ်းရေးကွန်ရက်ကို သုံးခဲ့တော့ ကျွန်တော်က ဒါကိုသိတဲ့ပထမဆုံးလူဆိုတာ သေချာတယ်"

"အာကာသနှလုံးသားက ဘိုးဘေးအင်ပါယာနယ်မြေမှာ ပေါ်ပေါက်လာခဲ့တယ်"

ဘိုးဘေးအင်ပါယာနယ်မြေ!

လုချန်ရှန်းစိတ်ရှုပ်ထွေးသွားသည်။

တခြားတစ်ဘက်တွင် ဟွမ်ချင်း၏ အမူအရာက အနည်းငယ်လေးနက်သွားခဲ့သည်။

မစ္စတာရှင်းပြသည်။

"ဘိုးဘေးအင်ပါယာနယ်မြေက ရှေးခေတ်က အဆင့်မြင့်ကြယ်နယ်မြေရဲ့ အားအကောင်းဆုံးနယ်မြေပဲ"

"အဲဒီအချိန်တုန်းက အဆင့်မြင့်ကြယ်နယ်မြေက အားအကောင်းဆုံးဂိုဏ်းတွေနဲ့ အစွမ်းထက်ဆုံးကျွမ်းကျင်သူတွေက ဘိုးဘေးအင်ပါယာနယ်မြေမှာ စုစည်းခဲ့ကြတယ်၊ ဒါပေမယ့် မျိုးသုဉ်းတိုက်ပွဲအပြီးမှာ ကျွမ်းကျင်သူတွေ သေဆုံးခဲ့ပြီး သူတို့ရဲ့ အမွေအနှစ်တွေလည်း ပျောက်ဆုံးသွားကြတယ်"

"တစ်ချိန်တည်းမှာပင် ဘိုးဘေးအင်ပါယာနယ်မြေနဲ့ ဆန်းကြယ်တဲ့နယ်မြေအသီးသီးက ဝိဉာဉ်ချီတွေက အဲဒီတိုက်ပွဲမှာ ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိဘိုးဘေးအင်ပါယာနယ်မြေကို ကျက်တီးမြေတစ်ခု ဖြစ်သွားစေခဲ့တယ်"

"ဒါပေမယ့် ဒါက အရင်ဘိုးဘေးအင်ပါယာနယ်မြေရဲ့ ဂုဏ်ကျက်သရေနဲ့ တောက်ပတဲ့ ကျင့်ကြံခြင်းအမွေအနှစ်တွေကို အမှတ်ရစေတာမို့ ဘိုးဘေးအင်ပါယာနယ်မြေလို့ ခေါ်နေကြတုန်းပဲ"

ထိုနေရာတွင် မစ္စတာ၏နှလုံးသားက အနည်းငယ် လေးလံလာသည်။

အာကာသနှလုံးသား ဘိုးဘေးအင်ပါယာနယ်မြေမှာ ပေါ်လာတာက တိုက်ဆိုင်မှုတစ်ခုကြောင့် မဟုတ်လောက်ဘူး!

ဒါက မဟာခေတ်တစ်ခေတ် ဆိုက်ရောက်လာတော့မည့် အတိတ်နိမိတ်များလား!

ဒါမရိုးရှင်းမှာကို ငါကြောက်နေမိတယ်!

မစ္စတာ လုချန်ရှန်းကို ဒါကိုတော့ မပြောခဲ့ပါ။

မစ္စတာ၏ရှင်းလင်းချက်ကို ကြားပြီးနောက် လုချန်ရှန်းတစ်ခဏမျှတွေးကာမေးသည်။

"မင်းမှာ နေရာအတိအကျရှိလား"

လျိုကျိယုခေါင်းခါယမ်းသည်။

"ဒီလိုဆိုမှတော့ တိုက်ရိုက်သွားပြီး လက်ဦးမှုရယူလိုက်ကြတာပေါ့"

လျိုကျိယုကြက်သေသေသွားသည်။

"စီနီယာ မပြင်ဆင်တော့ဘူးလား"

လုချန်ရှန်း ပိုးချည်အိတ်တစ်အိတ်ကို လျိုကျိယုထံ ပစ်ပေးသည်။

လျိုကျိယု ဝေခွဲမရဖြစ်သွားပြီး သူ့အသိကို အထဲသို့ထည့်သွင်းလိုက်စဉ် ချက်ချင်းဆိုသလို ဆွံအသွားရသည်။

အထဲတွင် အစီအရင်စာလိပ်များသာမက အဆောင်များနှင့် ဆေးလုံးများက တောင်တစ်တောင်ပမာ စုပုံနေသည်။

ထို့နောက် လုချန်ရှန်းနောက်နှစ်ခု ထုတ်ယူပြီး တစ်ခုကို ဟွမ်ချင်းအားပစ်ပေးကာ ကျန်တစ်ခုကို သူ့ခါးတွင် ချိတ်လိုက်သည်။

"ငါဘယ်လိုလုပ် မပြင်ဆင်ထားဘဲ နေရမှာလဲ၊ ငါဒီမှာ အပျင်းခိုနေတာကြာပြီလေ၊ ငါမတော်တ အများကြီးလုပ်မိသွားတယ် ဆိုပေမယ့် ဒါကလုံလောက်မှာပါ"

လျိုကျိယု "....."

လျိုကျိယု၏ ထိတ်လန့်နေသည့် အမူအရာကို ကြည့်ရင်း လုချန်းရှန်းမျက်မှောင်ကြုတ်ကာ မေးသည်။

"ဘာလဲ၊ ဒါကမလုံလောက်ဘူးလား၊ ဒါမလုံလောက်ဘူးဆိုရင် ငါထပ်ယူလို့ရသေးတယ်"

ထပ်ယူလို့ရတာလား.....!

တခြားသူများက ဒီလိုအရာများကို ဆယ်နှစ်စု၊ ရာစုနှစ်များစွာ ကြာသည့်တိုင် သန့်စင်နိုင်မည်မဟုတ်။

သို့သော် လုချန်ရှန်းနှင့် ပတ်သက်လာသောအခါတွင်မူ သူက ထပ်ယူလို့ရ‌သေးတယ် ဆိုသောစကားကိုသာ သုံးခဲ့သည်။

ဘာလို့ဒီလောက်ခပ်ပေါ့ပေါ့ဖြစ်နေရတာလဲ!

လျိုကျိယု အလျင်အမြန်လက်ဝှေ့ယမ်းသည်။

"မလိုပါဘူး၊ မလိုပါဘူး၊ ဒါကလုံလောက်ပါပြီ၊ စီနီယာ၊ တကယ်လို့ထပ်ရှိနေသေးရင် ဘိုးဘေးအင်ပါယာနယ်မြေက စီနီယာကြောင့် ပေါက်ကွဲသွားရလိမ့်မယ်"

"တကယ်လား" လုချန်ရှန်းနှုတ်ခမ်းကွေးညွတ်လိုက်သည်။

"ကြည့်ရတာ ဘိုးဘေးအင်ပါယာနယ်မြေက အရမ်းကြီးလည်း မဟုတ်ဘူးဘဲ"

လျိုကျိယု "...."

ဟွမ်ချင်း "....."

ဒီအရာတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ ရှင်တကယ်မသိတာလား!

မစ္စတာ အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။

ယခုလိုအစွမ်းထက်သည့်တိုင် အရမ်းသတိထားတတ်သည့်လူမျိုးကို မစ္စတာကဲ့သို့ အသိပညာကြွယ်၀သည့်သူပင်လျှင် ပထမဆုံးမြင်ဖူးခြင်းပင်။

......

တကယ်တမ်းတွင် အမှောင်ပိုင်နက်က သတင်းအချက်အလက်ကို ပထမဆုံး လက်ခံရရှိသူမဟုတ်ပေ။

နတ်သခင်အဆင့်ဂိုဏ်းအသီးသီးကလည်း တစ်ချိန်တည်းမှာပင် သတင်းကို ရခဲ့ကြသည်။

ရက်တစ်၀က်ခန့်ကြာပြီးနောက် ထိုပထမတန်းစားဂိုဏ်းများကလည်း သတင်းလမ်းကြောင်းများကနေ အာကာသနှလုံးသားနှင့် ပတ်သက်သည့် သတင်းများကို ကြားခဲ့ရသည်။

ဒီရက်များအတွင်း ဂိုဏ်းကြီးအသီးသီးက အာကာသနှလုံးသားနှင့် ပတ်သက်သည့် သဲလွန်စများကို အသည်းအသန်ရှာဖွေနေခဲ့ကြခြင်းပင်။

ယခု အာကာသနှလုံးသားက နောက်ဆုံးတော့ ပေါ်ပေါက်လာပြီဖြစ်လေရာ ဂိုဏ်းအသီးသီးက အသင်းများကို စတင်စုစည်းကာ ဘိုးဘေးအင်ပါယာနယ်မြေသို့ စတင်ဦးတည်ကြသည်။

အဆင့်မြင့်ကြယ်နယ်မြေ၏ ဂိုဏ်းအသီးသီးအောက်၌ ပုန်းကွယ်နေသည့် လျှို့ဝှက်စီးကြောင်းများက ယခုအချိန်တွင် ပေါက်ကွဲရန်အတွက် အချိန်တန်လေပြီ။

ဟောင်တျန်းနတ်ဂိုဏ်း!

နတ်သခင်ဟောင်တျန်း သူ့ရှေ့က ဂိုဏ်း၏ လက်ရွေးစင်များကိုကြည့်ပြီး ပြောသည်။

"နတ်သခင်နယ်ပယ်တွေက ဒါကို လုယက်ဖို့အတွက် တိုက်ရိုက်၀င်လို့ မရပေမယ့် ဂိုဏ်းကလူတွေ ယှဉ်ပြိုင်လို့မရဘူးလို့ မပြောထားကြဘူး"

"မင်းတို့ အာကာသနှလုံးသားကို ရဖို့ကို ငါမမျှော်လင့်ထားဘူးဆိုပေမယ့် တခြားနတ်သခင်အဆင့်ဂိုဏ်းက လူတွေ ဒါကို ရယူခြင်းကနေ တားဆီးရမယ်"

တခြားနတ်သခင်အဆင့်ဂိုဏ်းများကသာ အာကာသနှလုံးသားကို ရသွားမည်ဆိုပါက ဂိုဏ်းတစ်ဂိုဏ်းလုံးက ခွန်အားအရာ၌ အံ့မခန်းတိုးတက်လာစေလိမ့်မည်။

ဒါက နတ်သခင်ဟောင်တျန်း မြင်ချင်သည့်အရာမဟုတ်ပေ။

ကျန်သောနတ်သထင်များတွင်လည်း အလားတူအတွေးမျိုးရှိမည်သာ။

"မင်းတို့အဲဒီလူကို တွေ့ခဲ့ကြရင် အာကာသနှလုံးသားကို သူ့အတွက် ရယူပေးဖို့ အကောင်းဆုံး ကြိုးစားရမယ်၊ နားလည်လား"

ထိုနေရာတွင် နတ်သခင်ဟောင်တျန်း လုချန်ရှန်း၏မျက်နှာကို သူတို့စိတ်ထဲသို့ ရိုက်သွင်းလိုက်သည်။

ဒါကိုကြားသောအခါ လူတိုင်းလေးနက်စွာ ခေါင်းညိတ်သည်။

သို့စေကာမူ သူတို့လုချန်ရှန်း၏ အထောက်အထားများကို မှန်းဆရန် ကြိုးစားနေကြ၏။

အကြောင်းရင်းတစ်ချို့ကြောင့် ဟောင်တျန်းက အပြင်လူတစ်ယောက်ကို ကူညီရန်အတွက် ဒီလောက်ထိလုံးလုံးလျားလျား မလုပ်ခဲ့ဖူးပေ။

တင်းဝေသာလျှင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ဝိုးတဝါးသိနေသည်။

.....

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်!

ကျိလျိုချီ ကျိချန်းယောင်အား ကြည့်သည်။

"အင်း၊ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ကျောက်စိမ်းရေကန်နှလုံးသားကျင့်စဉ်ရဲ့ အသိအမှတ်ပြုမူကို ရပြီး သွေးကြောကို အသက်သွင်းနိုင်ခဲ့တယ်၊ နင်က ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ရဲ့ သမိုင်းတစ်လျှောက် နံပါတ်တစ်လို့ ပြောရင်တောင် ဒါကချဲ့ကားလွန်းရာ မကျပါဘူး"

တစ်ချက်တည်းကြည့်ရုံနှင့် လက်ရှိကျိချန်းယောင်က ထူးခြားနေတာ မရှိသော်လည်း အလေးအနက်ခံစားကြည့်မည်ဆိုပါက ကျိချန်းယောင်၏ အော်ရာက ပို၍ တည်ငြိမ်နေတာကို ခံစားရနိုင်သည်။

ဒီတည်ငြိမ်နေသည့်အော်ရာက ကျယ်ပြန့်သည့်သမုဒ္ဒရာတစ်စင်းနှင့် နက်ရှိုင်းသည့် သစ်တောတစ်ခုပမာ ထူထဲကျစ်လျစ်သည်။ မြင့်မြတ်ပြီး ဆန်းကြယ်သည်။

သူမ၏ကျင့်ကြံခြင်းနယ်ပယ်ကလည်း နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ‌ရောက်သွားခဲ့သည်။

ကျိချန်းယောင်ခေါင်းညိတ်သည်။

"ကျေးဇူးပါ၊ ဆရာမ"

ကျိလျိုချီပြောသည်။

"အာကာသနှလုံးသားက ဘိုးဘေးအင်ပါယာနယ်မြေမှာ ပေါ်လာပြီ၊ နင်သွားချင်လား"

သို့စေကာမူ ထိုနေရာတွင် ကျိလျိုချီ ထပ်မံ ခေါင်းခါယမ်းရင်း ရယ်မောသည်။

"သူလည်းအဲဒီကို ရောက်လာမှာ ကျိန်းသေးတယ်"

အဘယ်ကြောင့်ဆိုသော် အာကာသနှလုံးသားက လုချန်ရှန်း၏ ပစ်မှတ်ဖြစ်နေလေရာ သူသေချာပေါက်သွားမည်သာ။

ကျိချန်းယောင်ပြုံးသည်။

"သေချာတာပေါ့၊ ဒါပေမယ့် တကယ်လို့ အာကာသနှလုံးသားကို စီနီယာလု လိုလာခဲ့တယ်ဆိုရင်တော့....."

ကျိလျိုချီကြားဖြတ်ပြောသည်။

"နင်တွေးနေတာကို ငါသိတယ်၊ သူ့ကို ကူညီပေးလိုက်ပါ၊ ဘာပဲဆိုဆို သူနင့်ကို ရှေးဦးမူလခရမ်းချီလိုမျိုး အဖိုးတန်တဲ့အရာတစ်ခုကိုတောင် ပေးခဲ့တာ‌ပဲလေ"

"အဲဒါကို ပြန်ပေးတဲ့လက်ဆောင်အဖြစ် သဘောထားလိုက်ပေါ့"

သို့စေကာမူ သူမနှလုံးသားထဲကနေ သက်ပြင်းချနေမိသည်။

ဟူး.......!

သူဘယ်လိုလုပ် ဒီလောက်မြန်မြန် သူစိမ်းတစ်ယောက်ဘက်မှာ ရှိနိုင်သွားရတာလဲ!

အပိုင်း(876) coming။

All Chapters