#လုချန်ရှန်းစတင်သည်#
Vol. 62 Ch. 876
ဘိုးဘေးအင်ပါယာနယ်မြေ!
လုချန်ရှန်းနှင့်ကျန်နှစ်ယောက်က အရင်ဆုံးရောက်လာကြသည်။
ရောက်လာသောအခါ ဟွမ်ချင်းပြောသည်။
"အနီးမှာ ကင်းထောက်တွေ အများကြီးပဲ"
ဒီအကြောင်းကို တွေးနေစရာပင်မလို။
ဒါက တခြားနတ်သခင်အဆင့်ဂိုဏ်းများက စေလွှတ်ထားသည့် ရှေ့တန်းတပ်များ ဖြစ်ရပေမည်။
လုချန်ရှန်း လျိုကျိယုကို လှမ်းကြည့်သည်။
"အမှောင်ပိုင်နက်က အရင်ဆုံးသိတာလို့ မင်းပြောခဲ့တာမလား"
လျိုကျိယု မျက်လုံးလိမ့်ကာ အကူအညီမဲ့စွာပြောသည်။
"ဘောစ့်၊ ကျွန်တော်ပထမအသုတ်ကို ပြောတာပါ၊ အမှောင်ပိုင်နက်က အာကာသနှလုံးသားကို မျက်စိကျနေကြတဲ့ အဲဒီနတ်သခင်အဆင့်ဂိုဏ်းတွေနဲ့ သဘောတူညီချက်လုပ်ဖို့ ဒီသတင်းအချက်အလက်ကို သုံးမှာပဲလေ"
"အမှောင်ပိုင်နက်က ဒီလိုစီးပွားရေးကောင်းတစ်ခုကို ဘာလို့မလုပ်နိုင်ရမှာလဲ"
ယခုအဆင့်မြင့်ကြယ်နယ်မြေတွင် မျက်စိကျစရာအကောင်းဆုံးက ဘာနည်း။
ဒါက အာကာသနှလုံးသားပေတည်း။
ထို့နောက်တွင် အမှောင်ပိုင်နက်က ဒီသတင်းအချက်အလက်ကို ရခဲ့သည်။
သူတို့နတ်သခင်အဆင့်ဂိုဏ်းများနှင့် သဘောတူညီမှုရယူသည်မှာ အသေအချာပင်။
ဒီလိုဆိုပါက ထူးခြားသည့်အကျိုးအမြတ်များကို ရနိုင်မည်မဟုတ်ပေလော။
နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းစီက ရနိုင်သည့်အကျိုးအမြတ်က ပေါ့ပေါ့းပါးပါးမဟုတ်တာ သေချာသည်။
"ဒါ့အပြင် စီနီယာလုကို ဒီသတင်းကို အခမဲ့ပေးခဲ့တာပဲလေ၊ ခင်ဗျားမကျေနပ်သေးတာလား"
လုချန်ရှန်း ထူးဆန်းသည့်လေသံဖြင့် ပြောသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ဒေါင်ရီ မင်းကိုပြောတာမလား၊ အပေါ်ယံမှာ သူဆုလာဘ်တစ်ခု မတောင်းခဲ့ပေမယ့် တကယ်က ငါ့အတွက် အမှောင်ပိုင်နက်ကို ကျေးဇူးကြွေးတစ်ခုတင်နေတာနဲ့ အတူတူပဲမလား"
"ဒါက အပေါ်ယံက ဆုလာဘ်တွေထက် ပြန်ပေးဆပ်ဖို့ ပိုခက်ခဲတယ်မလား"
လျိုကျိယု ရှက်ရှက်နှင့် ခေါင်းကုတ်သည်။
"ဘာပဲဆိုဆို အာကာသနှလုံးသားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်က အရမ်းအဖိုးတန်လွန်းတယ်လေ၊ အမှောင်သခင်ရဲ့ လုပ်ရပ်တွေကို ကျွန်တော်ဘာလုပ်နိုင်မှာ မို့လို့လဲ၊ ကျွန်တော်က အမှောင်သခင်လက်အောက်က စစ်သားတစ်ယောက်ပဲလေ"
"ကျွန်တော် အာကာသနှလုံးကို စုံစမ်းစစ်ဆေးဖို့အတွက် အမှောင်နယ်မြေ(ပိုင်နက်)ရံ့ ထောက်လှမ်းရေးကွန်ရက်ကို သုံးနေတာကို အမှောင်သခင် ဘယ်လိုလုပ် မသိဘဲနေမှာလဲ"
လုချန်ရှန်း စိတ်မရှည်စွာနှင့် လက်ဝှေ့ယမ်းသည်။
"ကောင်းပြီ၊ ဟန်ဆောင်နေတာရပ်တော့၊ ရန်သူရဲ့အဓိကအင်အားစုတွေ မရောက်လာသေးခင် မင်းအော်ရာကိုဖုံးကွယ်ပြီး စစ်ဆေးကြည့်"
လျိုကျိယုခေါင်းညိတ်သည်။
ဘိုးဘေးအင်ပါယာနယ်မြေတွင် သုံးယောက်စလုံး ကောင်းကင်ပေါ်သို့ အလျင်အမြန် ပျံသန်းသွားကြ၏။
ပတ်၀န်းကျင်က အဝါရောင်သဲများနှင့် ဖုံးနေသည်။
သာမန်လူတစ်ယောက်သာ ဆိုပါက သူတို့၏အမြင်အာရုံက နှစ်မီတာထက် မပိုလောက်ပေ။
သူတို့ကြည့်သောနေရာတိုင်းတွင် အဝါရောင်ဖြစ်နေသည်။
သူတို့ခေါင်းငုံ့ကြည့်သောအခါတွင်မူ မစ္စတာပြောခဲ့သည့်အတိုင်းပင် လက်ရှိဘိုးဘေးအင်ပါယာနယ်မြေက ကျက်တီးကုန်းမြေဖြစ်နေသည်။
မြေကြီးကအက်ကွဲကာ ဖုန်များနှင့်ဖုံးထားသည်။ လေပြင်းတိုက်ခတ်မှုအောက်တွင် အဝါရောင်သဲများက လေထဲသို့ လွင့်မြောပျံသန်းနေကြ၏။
ဒါ့အပြင် တခြားအရောင်အဆင်းဟူ၍မရှိပါ။
ဒီလိုဖျက်ဆီးမှုအဆင့်တစ်ခုအထိ ရောက်ရန်အတွက် ဘိုးဘေးအင်ပါယာနယ်မြေက တိုက်ပွဲက ဘယ်လောက်ထိ ကြီးမားခဲ့သလဲဆိုတာ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။
ဝိဉာဉ်ချီပင်လျှင် ဒီဘိုးဘေးအင်ပါယာနယ်မြေ၌ မရှိသလောက်လုနီးပါး အတော်လေးကို ပါးလွှာနေသည်။
ဒီမှာ ပဋိပက္ခတစ်ခုဖြစ်ခဲ့လျှင်ပင် ချက်ချင်းပြောနိုင်သည်။
ကိုယ်ထဲက ဝိဉာဉ်ချီကုန်ခမ်းမှုကိုလည်း အာရုံစိုက်ထားရန် အင်မတန်အရေးကြီးသည်။
လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ကတော့ ဒီအကြောင်းကို တွေးပူနေစရာမလို။
လုချန်ရှန်း၏ ဝိဉာဉ်ချီက မကုန်ခမ်းနိုင်ဘူးဆိုတာ ပြောနေစရာပင်မလိုပေ။
ဟွမ်ချင်းတွင် ဖီးနစ်မီးတောက်၏ အထူးစွမ်းရည်ရှိသည်။
တစ်ချိန်တည်းမှာပင် သူ့တွင် လုချန်ရှန်းပေးထားသည့် ဆေးလုံးများရှိသည်။
ဒါက ဆေးလုံးပေါင်း ရာချီ၊ ထောင်ချီရှိသည့် တောင်ငယ်လေးတစ်ခုပမာပင် ဖြစ်လေရာ နှစ်အနည်းငယ်တိုက်ခိုက်ရန်ပင် လုံလောက်နေလေပြီ။
နေရာတစ်ခုကို ရောက်လာပြီးနောက် လျိုကျိယုပြောသည်။
"အဲဒီအချိန်က အမှောင်နယ်မြေက လူတွေက ဒီမှာတွေ့ခဲ့ကြတာပါ"
လုချန်ရှန်း ခေါင်းညိတ်ကာ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်၏။
ရုတ်ချည်းဆိုသလို လုချန်ရှန်းအနီးက လေဟာနယ်က စတင်ကျုံ့လာသည်။
အာကာသနိယာမစွမ်းအားအမျှင်တန်းများက ပတ်၀န်းကျင်လေဟာနယ်ထဲသို့ မြွေလေးများပမာ ထိုးဖောက်သွား၏။
မကြာမီ လုချန်ရှန်းမျက်လုံးများကို ဖွင့်လိုက်သည်။
"ကြည့်ရတာ ဒီအာကာသနှလုံးသားက အတော်လေးပါးနပ်ပုံပဲ"
လုချန်ရှန်း၏စကားလုံးများကို ကြားရသောအခါ ဟွမ်ချင်းမျက်မှောင်ကြုတ်သည်။
"အာကာသနှလုံးသားမှာ ကိုယ်ပိုင်အသိစိတ်ရှိတယ်လို့ ရှင့်ပြောချင်တာလား"
"ဒီအဆင့်က နတ်ပစ္စည်းတစ်ခုမှာ ဘယ်လိုလုပ် ကိုယ်ပိုင်အသိစိတ်မရှိရမှာလဲ"
လုချန်ရှန်ပြန်ဖြေသည်။
"အာကာသတာအိုနိယာမကို ကျွမ်းကျင်တဲ့ သူတွေ သူ့ကိုရှာဖွေခြင်းကနေ တားဆီးဖို့အတွက် အာကာသနှလုံးသားက သူ့အော်ရာကို ဘိုးဘေးအင်ပါယာနယ်မြေက နေရာတိုင်းမှာ တိုက်ရိုက်ပြန့်ကြဲထားပုံပဲ"
"နေရာတိုင်းက အာကာသနှလုံးသားရဲ့အော်ရာက အတူတူပဲ၊ ငါတောင်မှ အချိန်တိုအတွင်း သူ့ရဲ့အစစ်အမှန်ခန္ဓာကို ရှာတွေ့နိုင်မှာမဟုတ်ဘူး"
"ဒါ့အပြင် ဒီအော်ရာတွေကို အထူးဖုံးကွယ်ထားသေးတယ်၊ အာကာသတာအိုနိယာမကိုသာ မကျွမ်းကျင်ဘူးဆိုရင် ဒါတွေကိုရှာဖို့ အတော်လေးခက်ခဲလိမ့်မယ်၊ ဒါပေမယ့် ငါတို့ တခြားဂိုဏ်းများမှာလည်း ဒီလိုလူတွေရှိမယ်ဆိုတဲ့ အချက်ကို ပယ်ချလို့မရဘူး..."
လျိုကျိယု အလျင်အမြန်မေးသည်။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"နတ်သခင်အဆင့်ဂိုဏ်းက လူတွေ မကြာခင် ရောက်လာကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"
လုချန်ရှန်း တစ်ခဏမျှတွေးပြီးနောက် အပြုံးဖြင့်ပြောသည်။
"ဒီလိုဆိုမှတော့ သူတို့ကို လက်ဆောင်ကြီးတစ်ခုပေးကြတာပေါ့"
လက်ဆောင်ကြီးတစ်ခု!
လုချန်ရှန်း၏မျက်နှာပေါ်က အပြုံးကို မြင်သောအခါ ဟွမ်ချင်းနှင့်လျိုကျိယုတို့ ရုတ်တရက် ထိုအင်အားစုများအတွက် စိတ်မကောင်းဖြစ်သွားကြရသည်။
ပုံမှန်အားဖြင့် လုချန်ရှန်းဒီလိုပြုံးလာပါက သူဆိုးရွားတာတစ်ခုခု လုပ်တော့မည်ဟု ဆိုလိုနေခြင်းပင်။
.....
တကယ်တမ်းတွင် အချိန်မကြာခဲ့ပေ။
လုချန်ရှန်း အာကာသတာအိုနိယာမကို သုံးပြီးနောက် အစွမ်းထက်အာကာသစွမ်းအင်အော်ရာကို ဘိုးဘေးအင်ပါယာနယ်မြေက နေရာဆယ့်ရှစ်နေရာတွင် တပ်ဆင်ထားလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အာကာသနှလုံးသားကို သူတခါမှ မမြင်ဖူးပါ။
အာကာသနှလုံးသားတွင် ဘယ်လိုအော်ရာရှိသည်၊ ဘယ်လိုပုံမျိုးဖြစ်သည်ဆိုတာကို သူသေချာပေါက်မသိပေ။
ဒီနေရာက ဧရာမအာကာသစွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေသရွေ့ အဆင်ပြေမည်ဖြစ်ကာ လွယ်ကူပေလိမ့်မည်။
လုချန်ရှန်း ထိုနေရာဆယ့်ရှစ်နေရာ၌ အာကာသစွမ်းအားပမာဏအများအပြားကို ထည့်သွင်းပေးသည်။
ဒီအာကာသစွမ်းအားတစ်ခုတည်းကပင် ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ထိတ်လန့်သွားစေရန် လုံလောက်နေလေပြီ။
ဒါ့အပြင် သူ၁၈ခုဆက်တိုက် တပ်ဆင်ခဲ့သည်။
ဒီနေရာဆယ့်ရှစ်ခုကို ဘိုးဘေးအင်ပါယာနယ်မြေအတွင်း ဖြန့်ကြက်ထားပြီး နေရာတိုင်းက အရမ်းဝေးကွာလျှင်ပင် ဒီနည်းနှင့် သူတစ်ဘက်ကို ပို၍နှောင့်နှေးစေနိုင်သည်။
ဒီလိုဆိုပါက လုချန်ရှန်းတွင် အာကာသနှလုံးသားကို ရှာရန်အတွက် လုံလောက်သည့်အချိန်ရှိလာမည်သာ။
လုချန်ရှန်း အာကာသနှလုံးသားကို ရယူနိုင်ပါက အကောင်းဆုံးပေတည်း။
အမွေးတိုင်တစ်တိုင်စာမျှ ကြာသွားပြီးနောက်တွင် လုချန်ရှန်း လက်နှစ်ဖက်ကို သပ်လိုက်သည်။
"ငါအရမ်းပင်ပန်းသွားပြီ"
ဟွမ်ချင်းနှင့် လျိုကျိယုတို့ လုချန်ရှန်း၏ အားအင်ပြည့်၀နေသည့် မျက်နှာကို ကြည့်လိုက်ကြသည်။
သူ့အော်ရာကပင် အတော်လေးတည်ငြိမ်နေပြီး သူကလုံး၀ပင်ပန်းပုံမပေါ်။
သို့သော် သူတို့အာကာသစွမ်းအားများ အရမ်းကာမဲ့ပေါက်ကွဲနေသည့် နေရာ၁၈နေရာကို ခံစားမိသောအခါ ပို၍ပင် ထိတ်လန့်သွားကြသည်။
လုချန်ရှန်းတွင် မထုတ်ဖော်ရသေးသည့် ခွန်အား ဘယ်လောက်ရှိသေးသလဲဆိုတာကို ပြောစရာပင်မလိုတော့။
"ဒါကလုံလောက်ပြီ"
လုချန်ရှန်း ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ကြည့်လိုက်၏။
"အိတ်ထဲက အခင်းအကျင်းအစီအရင်တွေနဲ့ ကာကွယ်ရေးအဆောင်တွေကို ထုတ်ပြီး ငါ့အတွက် ပတ်၀န်းကျင်ကို ကြည့်ဖို့ ကူညီပေးကြ"
ထို့နောက် သူနေရာတစ်နေရာရှာတွေ့သွားပြီး တင်ပလ္လင်ခွေထိုင်လိုက်၏။
အာကာသစွမ်းအားကိုသုံးရင်း လုချန်ရှန်း ထူးခြားတာရှိ၊ မရှိမြင်နိုင်ရန်အတွက် ဘိုးဘေးအင်ပါယာနယ်မြေက အာကာသအော်ရာကို စတင်လေ့လာသည်။
ဟွမ်ချင်းနှင့် လျိုကျိယုတို့ ပြောသည့်အတိုင်းပင် လုပ်လိုက်ကြသည်။
သို့စေကာမူ ဒီအော်ရာသီးခြားအစီအရင်နှင့် ကာကွယ်ရေးအဆောင်များကို မြင်သောအခါ လျိုကျိယု ထပ်မံဆွံအသွားရပြန်သည်။
"မဟုတ်သေးဘူး၊ ဒီလိုအရာမျိုးတွေကို သုံးပြီးတဲ့နောက်မှာတောင် ငါတို့စောင့်ကြည့်နေဖို့ လိုသေးတာလား"
ဟွမ်ချင်း နူးညံ့စွာရယ်မောရင်း စိတ်အသိကို အနီးတစ်ဝိုက်တွင် တိတ်တဆိတ်ဖြန့်လိုက်သည်။
"ကောင်းပြီ၊ ညည်းညူနေတာရပ်တော့၊ သူဒီလိုပြောမှတော့ ဒီအတိုင်းပဲလုပ်ကြတာပေါ့၊ မဟုတ်ရင် သူ့ပင်ကိုယ်စရိုက်အရဆိုရင် ငါတို့လွယ်မှာမဟုတ်ဘူး"
လျိုကျိယုအားကိုးရာမဲ့စွာ သက်ပြင်းချသည်။
ငါ့မှာသာ ဒီလိုအစွမ်းထက်ခွန်အားရှိရင် ကြယ်နယ်မြေအားလုံးကို သိမ်းပိုက်လွှမ်းမိုးပြီးတာကြာပြီ!
စီနီယာလုက သူ့စွမ်းအားတွေကို တကယ်ဖြုန်းတီးနေတာပဲ!
အပိုင်း(877) coming။